လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… (ဂဠုန်ဦးစောမိသားစု၏ ဘဝဖြတ်သန်းမှု)

စည်သူ အောင်September 23, 20111min73137

ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက  ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။   ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး

-ဒေါ်အောင်ဆန်းစုကြည်

 

လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မ ှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

 

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

 

ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ  ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။

 

ထိုပန်းများကို တစ်မြို့လုံးတွင်  မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

 

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။

 

“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ ဪ ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက် သူကတောင်  ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။

 

ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း  ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန် ရင်ကယူဆလေသည်။

 

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”

 

“ဦးစောမြစ်တဲ့”၊  “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက်  ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။

 

“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

 

ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

 

“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက   အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

 

ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ဝင်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ  ရေပူရေအေး ဆက်ကပ်ထားသည်ကိုုလည်း တွေ့ရသည်။

 

သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား  မိသားစုဝင်များကမူ  ဦးစော ကြိုးစင်မတက်ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုှုသိမ်းဆည်းထားကာ   ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း   သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း  လက်ခံထားကြသည်။

 

“သူမသေခင်ရေးခဲ့တဲ့   စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေ့ါ။ တကယ်တော့အထင်လွဲမှုှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်””ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

 

မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုှုအတွက်   ယနေ့အချိန်ထိ   ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။

 

“လူတွေအမြင်မှာ ဪ.. ဒီမိသားစု  သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင်  သူတို့တွေက  ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။  အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ဝန်ထမ်းဆိုတော ့အန်တီတို့လည်း ဝန်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။

 

ယခုတော့   တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ  သားကြီးက ပြည်သူတွေနဲ့  ထိ တွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။

 

သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင်   လန့်သွားရသည်ဟုဆို သည်။

 

“သရုပ်ဆောင်ပဲ  ဝါသနာပါတယ်။   သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ  သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက   ဝါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁ဝ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။

 

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း  အချို့က   ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

 

ထိုကဲ့သို့    ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီးတိုင်း ပြုလုပ်လေ့ရှိသည့်  ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင်    ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ရ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။

 

ဦးစော၏ မြေးမှန်း   မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။   ထိုအကြောင်းကို  ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ  သူ့ထံလာရောက်၍ အားပေးနှစ်သိမ့်စကား  ပြောခဲ့ဖူးသည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။

 

“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို    ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။

 

 

နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း(စိန်ဖလိုး)သို့  ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁ဝ တန်းအထိ တက်ခဲ့ခြင်းဖြစ်ကာ   ကျောင်းပြောင်းစတွင်  သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ်  လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။

 

“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး ဪ အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ” ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။

 

သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့်   လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန်    ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။  ဦးစောမိသားစုအတွက်  အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း ရှိပါသေးသည်။

 

လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍    ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း   ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။

 

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့်  ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။

 

ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက ်အဖြူရောင်  လီလီပန်းလေးများကပင်  မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။

 

ဒေါ်မွန်မွန်ရင်က    ဗိုလ်ချုပ်အောင်ဆန်း၏သမီး   ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မဝံ့ရဲကြောင်း ဖွင့်ဟသည်။

 

“ကိုယ်က  ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။  ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုှုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင်   ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။

 

ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း  ကရုဏာစကား ဆိုပါသည်။

 

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက    ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက်   ဥပဒေအရခံသွားပြီပဲ။   ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

 

မိသားစုဝင်များနှင့်သာမဟုတ်  ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘောမထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။

 

ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

 

“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။

 

စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ် 7 Days Journal တွင် ဖော်ပြသော စာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

37 comments

  • manawphyulay

    September 23, 2011 at 10:49 am

    ကိုယ်တိုင်ရေးသားတဲ့ပိုစ့်လားလို့ 7 Day မှာ ဖတ်မိထားလို့ လာကြည့်မိတာပါ။ ဒီလိုပိုစ့်ကို တင်ချင်ရင်တော့ ဖိုရမ်ထဲမှာ ဝင်တင်လိုက်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။

    • Handy note

      September 23, 2011 at 7:31 pm

      4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။
      လို့ပဲစည်းကမ်းမှာတွေ့ပါတယ်။
      ပြည်တွင်းမီဒီယာလို့လဲမပြောထားပါ၊ နောက် တင်တဲ့သူကလဲ ကိုးကားရည်ညွန်းကိုဖော်ပြပီးသားပါ၊ပီးတော့ဒီကိတ်စဟာ
      ၁။နိုင်ငံသားတိုင်းသိသင့်တဲ့ကိတ်စဖြစ်တယ်။
      ၂။စိတ်ထားမြင့်မြတ်ခြင်း၊လူပီသခြင်း၊သဘောထားကြီးခြင်းတွေကိုသင်ကြားပေးတဲ့စာတပုဒ်ဖြစ်တယ်။
      ၃။မုန်းတီးခြင်းဟာအကျိုးမရှိ၊စည်းလုံးမှုပျက်ပြားလို့ဘာမှအကျိုးမရှိဆိုတဲ့သင်ခန်းစာတွေလဲပေးတယ်။
      ၄။ဖတ်စေချင်လို့တင်ပေးလာသူရဲ့စေတနာဟာလေးစားစရာကောင်းတယ်။
      ၅။ခုတင်တဲ့သူကတနေ့ကို၂ပုဒ်မရရအောင်တင်ပြီး၊ကော်မန့်တွေဒလဟောလိုက်ပေးနေတတ်သူမျိုးမဟုတ်ဘူး ။
      ၆။သူတင်ထားတာ အရေမရအဖတ်မရစာမဟုတ်ဘူးလေ။
      ***************ကျနော်တို့တဦးနဲ့တဦး၊ခင်မင်ဖေးမရအောင်ဗျာ၊တောင်းပန်တာပါ။*****************
      ကျနော်ဖတ်ပဲဖတ်ပါတယ်။ကော်မန့်တောင်ရေးခဲတဲ့သူပါ။
      မနေနိုင်လို့ဝင်ပြောမိတာအမှားရှိရရင်ခွင့်လွှတ်ပါ။လေးစားပါတယ်အားလုံးကို။

  • Shwe Ei

    September 23, 2011 at 11:03 am

    ဂျာနယ် ဝယ်မဖတ်ဖြစ်လို့ မသိလိုက်ရတဲ့အကြောင်းအရာကောင်းလေးတွေ ဂေဇက်မှာဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ။

  • koyinmaung

    September 23, 2011 at 11:09 am

    ဦးစောကနိုင်ငံတော်လုပ်ကြံမှုကြီးကျူးလွန်ခဲ့ပေမဲ့
    ကျန်ရစ်တဲ့မိသားစုတွေကအသိတရားရှိရှိနေထိုင်နိုင်ခဲ့ကြတယ်
    တိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့ဦးနေဝင်းနဲ့အပေါင်းပါတွေရဲ့သားသမီးတွေကရော
    ဘယ်လိုနေထိုင်းကြတယ်ဆိုတာသိသူရှိယင်ရေးကြပါအုံး…..

  • good

    September 23, 2011 at 12:09 pm

    အားလုံး ဘာပဲ လုပ်လုပ် ဆင်ခြင် နိုင် ဖို့ အတွက် သင်ခန်းစာ တခု ပေါ့။
    ကိုယ် လုပ်ခဲ့ တဲ့ လုပ်ရပ် ကို တစ်ယောက်တည်း ခံ စားဖို့ သာ မက လုပ်ရပ် အတိမ် အနက် ပေါ် မူတည် ပြီး
    ဆိုမွေ ကောင်းမွေ မှန် သမျှ သားစဉ်မြေးဆက် ထိ သက်ရောက် တတ် တယ် ဆို တာ ကို ပါ။

  • ဘဘ

    September 23, 2011 at 12:17 pm

    ဦးစော ကမြန်မာပြည် ကို ချစ် တယ်(ဗိုလ်ချုပ် လို ပဲ မြန်မာပြည် ကို ချစ်တယ်) ဆိုတာတော့ လုံးဝ ဖြစ် နိုင်ပါ။ တကယ်သာ ချစ်ခဲ့ မဆိုလျှင် ခုလိုဘယ်လုပ်ခဲ့မလဲ။ သူမြန်မာပြည် ကိုချစ်တာ သူ့ တကိုယ်ရည် အတွက် ၊ သူအာဏာ ရဖို့ပဲနေမှာပါ။

    ယခင်က ဒီ MG မှာပဲ ဖတ် ဖူး တဲ့ ဦးစော အကြောင်းမှာလဲ သူဟာ တန်ခိုးကြီး ဆင်းတုတော် တဆူကို တောင် အများဖူးမျော် ရအောင်မထားပဲ သူ့တကိုရည် အဆောင် အဖြစ်ထား တယ် ဆိုတာနဲ့ ဗိုလ်ချုပ် လိုပုဂိ္ဂုလ်မျိုး ကို လုပ်ကြံ ခဲ့တယ်ဆို ထဲက သူ ဟာဘယ်လိုလူမျိုးဆိုတာ သိနိုင်နေပါပြီ။

    သူဘာတွေပဲ လုပ်ခဲ့ လုပ်ခဲ့ ကျန်ရစ်တဲ့ မိသားစု နဲ့တော့မပတ်သတ်ပါဘူး။

  • zombie

    September 23, 2011 at 12:21 pm

    အသွင်တူအိမ်သူဖြစ်ခဲ့တဲ့ ဒေါ်ခင်ကြည်ရဲ့စိတ်ဓာတ်ကိုလဲ လေးစားပါတယ်ဗျာ………

  • thit min

    September 23, 2011 at 2:14 pm

    သမိုင်းကြောင်းဆိုတာသုတစာပေမျိုးဘဲဖြစ်လေ့ရှိပေမဲ့အမေစုကလဲရှိနေလေတော့
    တော်တော်ကိုအရသာရှိတဲ့ရသစာပေတပုဒ်ဖြစ်သွားလေရဲ့ဗျာ။
    ကျနော်ဖွားဖွားရှိစဉ်ကသူ့ရဲ့ကိုယ်တွေ့ကိုပြောခဲ့ဘူးတဲ့ဦးစောသေနတ်ပြစ်ခံရလို့ကားမှန်ကွဲစ
    မျက်လုံးကိုထိသွားလို့ဆေးရုံရောက်လာတဲ့အကြောင်းဟိုးငယ်ငယ်လေးကထဲကအိပ်ရာဝင်ပုံပြင်ပေါ့ဗျာ။
    ဗိုလ်ချုပ်လုပ်ကြံတာပဲလို့ထင်သွားတဲ့အာဃာတကိုလဲဖွားဖွားပြောဘူးပါရဲ့။
    (ကိုယ်အဖွားပြောတာဆိုတော့သိပ်မယုံခဲ့ဘူးဗျ၊နောက်ပိုင်းဗိုလ်ထွန်းလှရေးတာတွေဖတ်ပြီးမှယုံသွားတာ၊အဖြစ်က)
    ဘာဘဲဖြစ်ဖြစ်စာကောင်းတပုဒ်ပါ၊မြန်မာဂျာနယ်တွေနဲ့(အွန်လိုင်းမှာရှိပေမဲ့)အလှမ်းဝေးတဲ့ကျနော်အတွက်အရမ်းအ
    ဖိုးတန်လှတယ်ဗျာ။
    ဖိုရမ်မှာတင်ရင်တော့ဖတ်ဖြစ်မှာမဟုတ်ဘူး၊ကျနော်ကမန်းဂေဇတ်ဝင်တာအခါပေါင်းရာချီးနေပြီထင်ပါရဲ့
    အဲဒီဖိုရ်ရမ်ဆိုတာကိုတခါလားကြည့်မိတယ်။(ယောင်ရမ်းပြီး)
    စိတ်ကိုမဝင်စားတာအဲဒီမှာတင်လို့ကတော့ဖတ်ဖြစ်မှာမဟုတ်လို့၊ဒီမှာတင်လာတဲ့အတွက်အရမ်းကျေးဇူးပါနော်။

  • AKKO

    September 23, 2011 at 3:01 pm

    ဖတ်လို့ ကောင်းလွန်းလို့ …စာရေးသူကို အမှတ်တွေပေးရင်း မျက်စိမလွဲစတမ်းဖတ်လာလိုက်တာ …အောက်ဆုံးစာသားမြင်မှ စိတ်လေသွားတော့တယ် .. ။ ဂျာနယ်တွေ မဖတ်ဖြစ်တော့ ကူးတင်တဲ့ လူကိုကျေးဇူးတင်ပါတယ် ။ 😛

  • etone

    September 23, 2011 at 3:40 pm

    မြင့်မြတ်တဲ့ လူတွေရဲ့ စိတ်နေစိတ်ထား ထင်ဟပ်အောင် ပြထားတဲ့ ပို့စ်လေးမို့ … ကြိုက်ပါတယ် … ။
    သာမန်လူတွေ ထားနိုင်ခဲတဲ့ စိတ်ဓါတ်မျိုးပါပဲ …. ။ ကျွန်မတို့သာဆိုလျှင် မုန်းပြီဆိုကတည်းက တမျိုးလုံးတဆွေလုံး မုန်းမိမှာပါပဲ ။

  • thihayarzar

    September 23, 2011 at 3:49 pm

    ကျွန်တော်လည်း စိတ်ဝင်စားလို့ဖတ်မိတာပါ .. ကျေးဇူးတင်ပါတယ် … စည်သူအောင်သာမတင်ရင် သိမှာမဟုတ်ဘူး … သူလည်းသူများတွေ မဖတ်လိုက်ရတာကို ရွာသားတွေ ဖတ်ရပါစေ ဆိုတဲ့ စိတ်တော့ရှိလို့ပါ … စိတ်ဝင်စားလို့လား ကြိုက်လို့လား …. လူကြီးလူကောင်းပီသစွာ နိုင်ငံကြီးသားပီသစွာ မြန်မာလူမျိုးပီသခဲ့တဲ့ ဒေါ်ခင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ဟာအရမ်းလေးစားဖို့ကောင်းပါတယ် .. စံပြဖြစ်ထိုက်ပြီး အားလုံးလည်း အတုယူသင့်တယ် ..

  • kai

    September 23, 2011 at 3:52 pm

    အဲဒီခေတ်..အင်္ဂလိပ်အစိုးရက..အကွက်ချလုပ်လိုက်တာ… တကွက်ထဲနဲ့..အများကြီးစားသွားတာပဲထင်မိတယ်..။
    ..ဦးစောဟာလည်း.. လူတော်တယောက်လို့..ဖတ်ဖူးတာတွေအခြေခံတွေးမိတယ်..။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ..အဲဒီစကားလေး သမိုင်းကျန်ရစ်မှာပါ…
    တောင်းပန်တတ်တဲ့စိတ်… ခွင့်လွတ်တဲ့စိတ်..တွေဟာ.. အင်မတန်မြင့်မြတ်ပါတယ်..။

    မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘောမထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်”ဟု ဆိုလေသည်။

  • နွယ်ပင်

    September 23, 2011 at 3:56 pm

    ကိုယ်မသိလိုက်တဲ့ အဖြစ်အပျက်လေးမို့ အစအဆုံးဖတ်ဖြစ်လိုက်ပါတယ်
    ကိုယ် မလုပ်ခဲ့လဲဘဲ အဖိုးရဲ့ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုကြောင့် နှစ်ကာလကြာရှည်စွာ
    သားစဉ်မြေးဆက်ထိ သက်ရောက် စေတာပါလားနော် ……

  • Pearl May

    September 23, 2011 at 5:05 pm

    ဂျာနယ်တွေမဖတ်ဖြစ်လို့ အခုလိုတင်ပေးတာကျေးဇူးတင်ပါတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်.

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 23, 2011 at 6:49 pm

    အေးဗျ
    အမှန်းတိုင်းပြောရရင် ကျုပ်အဲ့သည်မိသားစုတွေဖက်ကနေတစ်ခါမှ မတွေးကြည့်မိခဲ့ဖူးဘူး
    အထူးသဖြင့် အဲ့သည်အကြောင်းကို လုံးလုံးမတွေးကြည့်မိဖူးဘူး
    လွန်လေပြီးသော သမိုင်းတွေက ကိုယ်ကိုယ်တိုင်လည်း မတွေ့ဖူးဘူး ခိုင်လုံတဲ့စာပေတွေလည်းမဟုတ်ဘဲနဲ့
    လူမျိုးရေးတစ်ဖက်သတ် အယူဝါဒစွဲပြီး ရေးသွားတဲ့ ရှေးခေတ် အူကြောင်ကြောင်သမိုင်းစာတွေကိုဖတ်ပြီး
    လူမျိုးရေးမုန်းတီးစိတ်တွေဝင်နေတဲ့ မြန်မာ့တိုင်းရင်းသားတွေကို ဒီပို့စ်လေးကို အခြေခံပြီး
    လူမျိုးရေးမုန်းတီးမှု့လျှော့ချရေး တစ်ယောက်နှင့်တစ်ယောက် နားလည်မှု့တွေယူပြီး
    စည်းလုံးစေနိုင်တဲ့ လမ်းစလေးတွေဖန်တီးလို့ရနိုင်မလားမသိဘူးနော
    ကျုပ်အထင်ကိုပြောတာပါ

    • ကြောင်ကြီး

      September 24, 2011 at 9:24 am

      ဟေ့ကောင် ဂျော်လကီအောင်ဘု၊ နင်တို့မွန်တွေ ငါတို့ဗမာတွေကို နှိပ်စက်ကလူ ပြုသွားတာ ဘယ်တော့မှ မမေ့နိုင်ဘူး။ ဒါပေမဲ့ နင်အပြောကောင်းလို့ ပြီးတော့ နင့်မှာလည်း ဗမာသွေး တဝက်ပါတယ်ဆိုလို့ သက်ညှာတဲ့အနေနဲ့ နင်ကို နှစ်ခြမ်းဖြဲ၊ ဒါမှမဟုတ် တဝက်ပိုင်းပြီး ဆုံးမရရင် ကျေနပ်ပြီ။

  • zaymdy

    September 23, 2011 at 8:52 pm

    သူကြီးခင်ဗျာ မှတ်သားလောက်စရာ ပိုစ်တွေ.ကိုတော. ကူးယူစေချင်ပါတယ် ဆိုဒ်တစ်ခုတည်းနဲ. စုံအောင်ဖတ်စေချင်တည်း ဆန္တာတစ်ခုတည်းပါ ကူးယူလာတည်း ပိုစ်.ကိုလည်း point မပေးဘူးလို. အတည်ပြုချက်ယူလိုက်မယ်ဆိုရင် အဆင်ပြေမယ်လို.ထင်ပါတယ်ဗျာ…

    • kai

      September 23, 2011 at 11:53 pm

      4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။

      စည်းကမ်းထဲ.. ပြည်တွင်းမီဒီယာ မပါပါဘူး..။
      ဆိုတော့.. ဆိုင်ရာခရက်ဒစ်တိတိကျကျပေးပြီး..ကိုယ့်မှတ်ချက်ပါထည့်. ဆွေးနွေးရေးမယ်ဆို ခွင့်ပြုနိုင်ပါတယ်..။(ဆိုင်ရာမီဒီယာက လှမ်းမကန့်ကွက်တဲ့အထိပေါ့..) 🙂
      ပြည်တွင်းမီဒီယာက..ဝက်ဘ်ဆိုက်တင်ထားတာကို.. ဟိုဖက်ကနေဒီဖက်.. တိုက်ရိုက်ကူးတင်နေတာမျိုးကတော့… အဓိပ္ပါယ်မရှိပါဘူး..။
      ပုံနှိပ်ဂျာနယ်..သတင်းစာထဲက.. လူအများစုဖတ်သင့်တယ်ထင်တဲ့စာတွေပုံတွေ..စကန်င်လုပ်..စာပြန်ရိုက်တင်တာမျိုးကတော့.. ပိုလို့ကောင်းပါတယ်ခင်ဗျား…။

  • ဆူး

    September 23, 2011 at 9:09 pm

    ဖတ်လိုက်ရတော့လည်း စိတ်ထဲ မကောင်းဖြစ်မိတယ်။
    အလင်း အခြမ်း နဲ့ အမှောင် အခြမ်း လိုပါပဲ.. လင်မရှိတဲ့ မုဆိုးမချင်းကွာတာတောင် ဘဝ ပေး အခြေအနေ တော်တော်ကွာခြားသွားတယ်။
    မိသားစု သားစဉ် မြေး ဆိုတာကြီးက တော်တော် ကြောက်ဖို့တော့ကောင်းသားပဲ။
    အမှန်တော့ စာရေးဆရာ တော်တယ်လို့ ပြောရမှာပဲ.. သူရေးတဲ့ အကြောင်းအရာကို စာဖတ်သူတွေဆီ ဆွဲခေါ်သွားတာ သူဖြစ်စေချင်တဲ့ အတိုင်း စိတ်မကောင်းဖြစ်ပေးမိတယ်။

  • Nan Shin

    September 24, 2011 at 3:13 am

    ဖတ်ရတာ ရသတွေရော ၊အသိတရားတွေရော ၊သင်္ခန်းစာတွေရော များစွားကိုရပါတယ်။
    ကျေးဇူးလဲ အရမ်းတင်ပါတယ်။ကျနော့်ဘော်ဘော်တွေကိုလည်း ဖတ်စေချင်လို့ ကျနော့်ရဲ့ဖေ့စ်ဘွတ်ကို
    ရှယ်သွားပါရစေ။

  • mozillamedia

    September 24, 2011 at 8:31 am

    ဒေါ်အောင်ဆန်းစုကြည် ရဲ့ခွင့်လွှတ် သဘောထားကြီး မှု ကို အထူးလေးစားမိပါတယ်….
    ဦးစောရဲ့ မြေးအထိ စိတ်ထိခိုက် ရမှုကိုလည်း စိတ်မကောင်း ဖြစ်ရပါတယ်….
    ကျွန်တော် ကတော့ ခုထက်ထိ ဦးစော လုပ်ရက်တာကို မကြေနပ်သေးပါဘူး….
    ဗိုလ်ချုပ်အောင်ဆန်း က ဘယ်လောက် ရိုးသားတယ်ဆိုတာ လုံးဝ သံသယ မဝင်ရအောင်ကို ရှင်းပါတယ်….
    ဘာမှ အထင် လွှဲစရာ မရှိဘူး….. ကိုယ်ကျိုး အရမ်းကြည့်တဲ့ ဦးနေဝင်းတောင် ဒီလိုတော့ မလုပ်ပါဘူး….
    ရူးကြောင်ကြောင် လောဘကြီးရုံမက ရက်စက်လွန်းပါတယ်…

  • htoosan

    September 24, 2011 at 9:48 am

    ကျွန်တော့်ကို Heart ထိစေတာ ဒီစကားပါ။

    လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့သည့်စကား

    “အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။”

    တစ်ချိန်ထဲမှာဘဲ .. တစ်ခါက ဖတ်မိလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် က အစ်ကိုအောင်ဆန်းဦးကို အိမ်အမူနဲ့ တရားရုံးကမဆုံးဖြတ်ခင် ဝင်ရောက်စွက်ဖက်တယ်ဆိုပြီး တရားစွဲမယ် ဆိုတဲ့ သတင်းနဲ့တော့အတော်ကွာခြားနေပါလားလို့။ စွဲဖြစ်မဖြစ်တော့ ဂျာနယ်ပုံမှန်မဖတ်တော့ မသိပါ။

    • ကြောင်ကြီး

      September 24, 2011 at 10:07 am

      ထူးဆန်းကတော့ ဘီလူးကြမ်းမှ ရတော့မယ်။ ကိုယ့်ကို ပါးရိုက်သွားတဲ့သူကို ခွင့်လွှတ်နိုင်တာနဲ့ နောင်ပါးမရိုက်အောင် တားမြစ်ပေးပါလို့ တရားရုံးဦးတိုက် လျောက်ထားတာ နှစ်ခု သက်သက်စီလေကွယ်။ သိပ်လည်း မနာလို မဖြစ်နဲကွဲ့။ ပြောင်လက်နေတဲ့ ပတ္တမြားဂူနံရံကို မနာလိုစိတ်ကြောင့် နွံနဲ့ပွတ်တိုက်မိတဲ့ ဝက်တွေလို အဟားခံနေရအုံးမယ်။

    • Foreign Resident

      September 24, 2011 at 11:36 am

      ” ပြောင်လက်နေတဲ့ ပတ္တမြားဂူနံရံကို မနာလိုစိတ်ကြောင့် နွံနဲ့ပွတ်တိုက်မိတဲ့ ဝက်တွေလို အဟားခံနေရအုံးမယ် ”
      Bravo ကြောင်ကြီး !!!

    • Foreign Resident

      September 24, 2011 at 12:13 pm

      Dear Htoo San,

      I think you don’t know/understand the real situation,
      Recently, Amay Su’s house is very old, severely wear down & damaged.
      It needs urgent repair works.

      But, according to Si Bin Thar Yar Act,
      You cannot repair your house without having permission from YCDC.

      So, during Amay Su asking permission from YCDC to repair her house,
      this bastard ( I mean Aung San Oo ) intentionally claimed that he partially own this property & made a law suit against Amay Su.
      As a result, Amay Su didn’t get permission to repair her house &
      she cannot repair her house, until now.

      In fact,
      this idiot ( I mean Aung San Oo ) is naturalized to American citizen now &
      he is no longer Myanmar citizen ( he is a foreigner now ).

      According to recent Myanmar laws,
      this dumb ass ( I mean Aung San Oo ) has no legal right to own an unmovable property in Myanmar & he knew it.

      He is barely a greedy liar ( I mean Aung San Oo ).

      • parlayar46

        September 24, 2011 at 12:55 pm

        Bravo Foreign Resident !!!!!

        လက်ခုပ်ဆယ်ပြန်တီးပြီးထောက်ခံလိုက်ပါတယ်။

        ကျုပ်တို့မှာ ဟိုဟာထောက်ရ ဒီဟာထောက်ရနဲ့ ထိန်းပြောနေမိတာ

        အခုလို ဗြောင် ဆွဲဖွင့်ပြလိုက်သူရှိမှ ………………………………….

      • Foreign Resident

        September 24, 2011 at 1:20 pm

        Sorry Villagers,

        My usages were harsh,
        “this bastard ( I mean Aung San Oo )”
        “this idiot ( I mean Aung San Oo )”
        “this dumb ass ( I mean Aung San Oo )”
        “a greedy liar ( I mean Aung San Oo )”

        I admitted I should not use it. 😀
        Pardon me. 😛

  • thit min

    September 24, 2011 at 10:15 am

    ကိုထူးဆန်း(ခင်ချောစွိရောနေကောင်းလားဗျ) ရေ
    ဒေါ်ခင်ကြည်ကအာဃာတကိုချေဖျက်နိုင်တဲ့သဘော၊
    အမေစုကမတရားမှုကိုငုံ့မခံတဲ့သဘောလို့နားလည်ရပါတယ်။
    ဦးအောင်ဆန်းဦးရဲ့လုပ်ရပ်ကအမွေရလိုမှုဆိုတာထက်အမေစုကို
    စိတ်အနှောက်အယှက်ပေးချင်တာမျိုးလို့နားလည်ရပါတယ်။

  • htoosan

    September 24, 2011 at 12:59 pm

    ကိုကြောင်ကြီးပြော သလို ဘီလူးကြမ်းခံရမယ်ဆိုတာ မတင်ခင်ကတည်းက သဘောပေါက်ပါတယ်။ ကျွန်တော်တို့တတွေမှာ အထိမခံတာ ဒေါ်အောင်းဆန်းစုကြည်လည်းပါတယ်လေ။
    မနာလိုတာမရှိသလို မလေးစားတာလည်းမဟုတ်ပါဘူး။ မနာလိုလောက်အောင် သူ့ရဲ့ခြေမူန်စာတခုလောက်တောင် စွမ်းဆောင်တာမရှိတဲ့ ကျွန်တော် နွံနဲ့ ပွတ်တာမဟုတ်သလို ကိုယ့်အတွေးကို ရိုးသားစွာ တင်ခြင်းပါ၊

    ဒေါ်အောင်းဆန်းစုကြည် အနေနဲ့ ဥပစ်ခါ( Sorry , I’m trying to type Myanmar font and not expert yet ) ဘဲဖြစ်ဖြစ်ပြုလို့မရဘူးလား ၊ စိတ်သဘောထား၊လုပ်ရပ်ခြင်းများစွာ ကွာပေမဲ့ အစ်ကို က ဒီလိုလုပ်ရက်ပေမဲ့ မောင်နှမစိတ်မထားနိုင်တော့ဘူးလား ဆိုတဲ့ အတွေးပေါ်လို့ပါ။
    ကိုသစ်မင်းပြောသလို “အမေစုကမတရားမှုကိုငုံ့မခံတဲ့သဘောလို့” ဆိုပေမဲ့ တရားပြန်စွဲမယ်ဆိုတဲ့ အဆင့်အထိ သွားသင့်ရဲ့လားဆိုတာပါဘဲ။

    Thanks for the info about the Foreign Resident . I have read that and agree that U Aung San Oo do not have legal right.

    • kai

      September 24, 2011 at 2:52 pm

      ကျုပ်ကတော့.. ဦးအောင်ဆန်းဦးဖက်က.. ဝင်စဉ်းစားပေးမယ်..။
      မျှတသွားအောင်ပါ…။ (ထုံးစံအတိုင်း) မတူတဲ့အမြင်လေးပေါ့..။ 🙂

      ဆိုတော့..
      သူ့မိဘအမွေ သူလိုချင်တာ.. တရားတယ်ထင်မိပါတယ်…။ ဥပဒေအရခွင့်ပြုမပြုကတကြောင်းပေါ့..။
      အဲဒီအိမ်ကြီးနဲ့ခြံ..အခုဆိုသိန်းဘယ်နှသောင်းတန်နေလည်းမှမသိတာ..။
      အခုလည်း.ပုဂံမှာအိမ်ဆောက်ပြီးသွားပြီဆိုတော့.. မြန်မာနိုင်ငံသားများပြန်လျှောက်ထားသလားတောင် မသိတာ.။
      သူ့ပုဂ္ဂလိက..အခွင့်အရေးတွေထင်တာပါပဲ.။

      ဒေါ်စုကို နိုင်ငံရေးအရ နိမ့်ကျအောင်.. အချိန်ကိုက်လုပ်ခဲ့တာတချို့ကိုတော့.. တော်တော်အတွေးရခက်မိတယ်…။
      ယူအက်စ်အစိုးရက.. သူ့ကိုဖိအားမပေးတာလည်း… တော်တော်အတွေးရခက်မိတာတခုပဲ..။
      ဘာပဲပြောပြော.. ဒေါ်စုသားတွေ..(သူ့တူတွေ)ကို.. မိဘမဲ့နေကြချိန်တွေမှာ.. တနည်းတလမ်းတော့..စောင့်ရှောက်ပေးနေမယ်.. ထင်မိနေတာပဲ..။ သွေးအရင်းကိုးလေ..။

      • ကြောင်ကြီး

        September 24, 2011 at 7:46 pm

        ရဲဘော်တို့ နအဖအလိုတော်ရိ သဂျီးကို ဝိုင်းအနုတ်ပေးကြစို့၊ ကျုပ် ဈေးဦးစဖွင့် လိုက်ပါတယ်။ 🙁

      • Foreign Resident

        September 25, 2011 at 4:24 am

        “ဒေါ်စုကို နိုင်ငံရေးအရ နိမ့်ကျအောင်.. အချိန်ကိုက်လုပ်ခဲ့တာတချို့ကိုတော့.. တော်တော်အတွေးရခက်မိတယ်…။”

        Aung San Oo deliberately/intentionally did it,
        so as to damage Amay Su’s image.

        In fact, Aung San Oo’s wife ( Daw Le Le Nwe Thein ) control him,
        ( she is also a traveller’s tale writer ( Myitta Oo ) in one of Myanmar famous magazine, Kalyar or Mahay Thi or —– )

        First thing is jealousy &
        Secondly, she had attachments with military regime &
        Because of that, her relatives in “Bago Division” got a lot of favors & opportunities from military regime.

        I think, this story ( explanation ) was posted in
        one famous Myanmar Political Web Site or Myanmar Cupid,
        not very far from now.

  • ရွှေအိမ်စည်

    September 24, 2011 at 7:37 pm

    ကန် ့လန် ့ကာနောက်ကွယ်ကဇာတ်လမ်းတွေ တော့တကယ်ရှိခဲ ့မှာပါ..။
    ယုံလည်းယုံကြည်ပါတယ်လေ..။
    .ဒီလို ကန် ့လန်ကာနောက်ကွယ်ဇာတ်လမ်းတွေ ပိုသိချင်ပါတယ်..။
    ဒါမှလည်း..တဘက်အတွေ းမဟုတ်ဘဲ..နှစ်ဘက်သောနားပေါ ့…
    နှစ်ဘက်တွေးမှလည်း..ချင့်ချိန်နိုင်မှာပါလေ..။။

    အန်တီစုရဲ ့ဒီစကားဟာလည်း..ဘစစာမျက်နှာ သမိုင်းမှာတန်ဖိုးရှိပါတယ်…
    နှစ်သက်မိတဲ ့စာစုတွေ..ကွင်းထဲ ပြန်ရေးပေးခဲ ့တယ်နော်..ကြိုက်နှစ်သက်မိပါတယ်…

    (“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။)

    (“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” )

    ====

  • nature

    September 25, 2011 at 7:04 am

    အတိတ်ကို သဘောထားကြီးစွာ ပြည်ဖုံးကားချ နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ်။ ဆိုးရွားလှတဲ့ အတိတ်ကိုသဘောထားကြီးစွာ ပြည်ဖုံးကား ချခြင်းဟာ သာယာလှပတဲ့ အနာဂတ်တခုကို ဖန်တီးစေနိုင်မယ်လို့ ယုံကြည်ပါတယ်။

  • htoosan

    September 25, 2011 at 9:45 am

    ဒီမိုကရေစီနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် ပြော ခဲ့တဲ့ မိန့်ခွန်းပါ၊ Hot News ဂျာနယ်မျက်နှာဖုံးပါ ပါ။

    ” အပြောင်းအလဲတွေဟာ ညင်သာရမယ်… ငြိမ်းချမ်းရမယ်….. သိက္ဒာ ရှိရမယ်။
    ပြည်သူကို မထိရဘူး ..နိုင်ငံကို မထိရဘူး …. ဆင်းသွားတဲ့ အစိုးရကိုလည်းမထိရဘူး ..
    တက်လာတဲ့ အစိုးရကိုလည်း မလိုလားအပ်တဲ့အခွင့်အရေးတွေ မပေးရဘူး ..
    အားလုံးမျှတတဲ့ အခြေခံပေါ်မှာ တည်ရှိရမယ်။”

    လုံးဝကြိုဆိုပါတယ်။

  • blackchaw

    February 13, 2012 at 8:50 am

    ဒီပို့စ်လေးအတွက် ကိုစည်သူအောင်ကိုရော
    ရေးသူ ဆရာမ ငြိမ်းငြိမ်းနိုင်ကိုရော ကျေးဇူးတင်ပါတယ်ဗျို့။

Leave a Reply