မြန်မာ့စံနှုန်းတွေအကြောင်း-၂

ကြောင်လေးSeptember 24, 20111min993

ငယ်ငယ်က ကြားဖူးခဲ့တဲ့အချင်အတွယ်လေးက

နှစ်လမယ်တစ်စလယ် လား နှစ်စလယ် တစ်လမယ်လားမမှတ်မိတော့ပါ

နှစ်ခွက်တစ်ပြည်၊လေးပြည်တစ်စိတ်၊နှစ်စိတ်တစ်ခွဲ၊နှစ်ခွဲတစ်တင်း  လို့သိထားပါတယ်။

ကျွန်တော်တို့ခေတ်မှာသင်ရတာက ရှစ်လုံးတစ်ပြည်ကစသင်ရတာပါ။

တစ်စလယ် ဆိုတာဘယ်လောက်ရှိသလဲမသိပါ။

ဖေဖေရယ်  မေမေရယ်  ကြင်စတုန်းက စလယ်ဝင်အိုးလေးကိုသုံးကာ  ထမင်းချက်ပြုတ် စားသောက်လို့နေလာခဲ့တာ……………

ဆိုတဲ့သီချင်းစာသားလေးအရဆိုရရင်  တစ်စလယ်ဟာလင်မယားနှစ်ယောက်စာ   နို့ဆီဗူးနှစ်လုံး  လို့ထင်ပါတယ်၊

ဒါဟာ ရန်ကုန်သူ/သားတွေရဲ့စားနှုန်းနဲ့တွက်တာမဟုတ်ပါ၊ဒီစံနှုန်းဟာ ရှေးယခင်ကျေလက်ရဲ့စံနှုန်းဖြစ်လေတော့

ကျေးလက်နေတောသူတောင်သားတွေရဲ့စားနှုန်းနဲ့တွက်ကြည့်တာပါ။ရှေးယခင် နို့ဆီဗူးတွေမြန်မာနိုင်ငံမှာမပေါ်ခင်က

တစ်စလယ်ဆိုတာဘာနဲ့သတ်မှတ်ခဲ့တာလဲမသိ။၊(ကျွန်တော်မသိတာပါ)နို့ဆီဗူး၊ပြည်၊တင်းဆိုတာတွေဟာ  ထုထည်အခြေခံတဲ့စံနှုန်းတွေပါ။

နို့ဆီတစ်ဗူးရဲ့ထုထည်ကို  ပိုင် အာရ်စကွဲယား အိတ်ချ် နဲ့တွက်ကြည့်ရင်  ရပါတယ်။ဒါဆိုရင် ပြည်နဲ့တင်းတို့ရဲ့ထုထည်ကိုလည်းတွက်ကြည့်လို့ရပါပြီ။

ထားတော့….

၁၆  အောင်စ ၁  ပေါင်…………………………….၂ဝ ဟန်ဒြိတ်  ၁   တန်  ဆိုတာ  အလေးချိန်ရဲ့အချိန်အတွယ် စံနှုန်းပါ။

အဲဒီမှာစပါပြီ

နိုင်ငံခြားကိုဆန်တင်ပို့တဲ့အခါတန်ချိန်နဲ့သတ်မှတ်ပို့ကြပါတယ်။အိတ်တွေနဲ့ထည့်ပြီးတော့ပေါ့။

ဆယ်တန်းအောင်ကာစ  သမမှာလုပ်တုန်းက အစိုးရဆန်စက်တွေကဆန်သွားထုတ်တဲ့အခါမှာ  တစ်အိတ်ကို ၁၀၈  ပေါင်ရှိရပါတယ်။

ပေါင်ပြည့်လား ပေါင်လျော့လားဆိုတာကိုကျွန်တော်တို့ကစစ်ဆေးယူရပါတယ်။တစ်ခါတစ်လေ ၁၀ရ ပေါင်တို့  ၁၀၅ပေါင်တို့ဖြစ်နေတတ်ပါတယ်။

ကျွန်တော်တို့က  အခြင်အတွယ်စံနှုန်းနဲ့  တစ်အိတ်ကိုတစ်တင်းခွဲ   ၂၄ ပြည်  လို့သတ်မှတ်ပြီးပြန်ခြင်ရောင်းရတာပါ။ပေါင်ပြည့်တဲ့အိတ်တွေဆိုရင်

ဆန်အမျိုးအစားအလိုက် ပြည်ပိုစားရပါတယ်။(ပေါင်မပြည့်ရင်လည်း ပြည်တောင်းကိုင်တွယ်တဲ့ကျွမ်းကျင်မှုနဲ့ မပို   ပိုအောင်ပညာခန်းတွေသုံးပြီးခြင်ပါတယ်။ခြင်တာက အရောင်းစာရေးမပါ၊ကျွန်တော်တို့က ခွဲတမ်းပဲယူတာပါ၊)

ပြောချင်တာက   ဆန်အမျိုးအစားမတူညီမှု ၊အမျိုးအစားတူသော်လည်း တန်အရည်အသွေး အဆီအနှစ်ပြည့်ဝမှုအပါ်မူတည်ပြီး ထုထည်နဲ့အလေးချိန်ကွာခြားနေတာကိုပြောချင်တာပါ။

——————–

အခုပြောမှာ မြန်မာ့စံနှုန်းတော့မဟုတ်ပါဘူး၊အများသဘောတူ လက်ခံ ထားတဲ့ သတ်မှတ်ချက်ပါ။

ကုဗ= အလျား×အနံ×အမြင့်(အထူ)

သစ်တွေကိုတန်ဖွဲ့တဲ့အခါ ထုထည်ကိုအခြေခံပြီးဖွဲ့ပါတယ်။ဥပမာ….၃×၂   သစ်    ၁၈   ပေ  ၁၀  လုံးဟာဘယ်နှစ်တန်ရှိသလဲသိချင်ရင်

၃×၂တစ်လုံးရဲ့ထုထည်     ၃×၂×၁၈=၁၀၈  ကုဗပေ ရပါတယ်  ၁ဝလုံးဆိုတော့    ၁၀၈၀  ကုဗပေပါ

သစ် ၁  တန်ဟာ  ၇၂၀၀  ကုဗပေရှိတယ်လို့သတ်မှတ်ပါတယ်၊ဒါကြောင့်  ဝ.၁၅  တန်ရပါတယ်။

ဒါကိုအခြေခံပြီးသစ်သမားတွေက  သစ် ၁ တန်မှာ

၃×၂        ၆၆.၆လုံး (စံနှုန်း    ၁၈  ပေနဲ့ သတ်မှတ်သုံးစွဲကြပါတယ်)

၅×၂      အလုံး ၄၀

၆ ပတ်လည်    ၁၁လုံး

၆ ငါးမုးပျဉ်    ၁၃၃ ချပ်   စသည်ဖြင့် တွက်ထားကြပါတယ်။

တယ်တော့ကျွန်းနဲ့ ပျဉ်းကတိုးက အလေးချိန်ကွာပါတယ်၊

သစ်မတူတဲ့အတွက်အလေးချိန်တူရင် ထုထည်မတူနိုင်ပါဘူး

ဒါကို အာခိမိဒိ ကဖော်ထုတ်ပြထားပြီးပါပြီ။

 

 

 

 

 

3 comments

  • Zaw Wonna

    September 24, 2011 at 9:13 am

    ခုလို အသေးစိတ်ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။ နောက် ဧက နဲ့ ပတ်သက်ပြီး မြန်မာ အတိုင်းအထွာကို လည်း သိလိုပါတယ် ခင်ဗျာ။

  • small cat

    September 24, 2011 at 9:40 am

    ၁ ဧကကိုမြန်လက်လံ ၃၆ လံခွဲပတ်လည်လောက်ရှိတယ်လို့ဆိုပါတယ်။
    မြန်မာတွေရဲ့ တကွက် လို့ခေါ်တဲ့အတိုင်းအတာကတော့ လက်လံ ၄ဝ ပတ်လည်လို့ဆိုပါတယ်။အဲဒါ အကွက်ကြီးပါ ။ အကွက်ကလေးကတော့ ၁ဝ လံပတ်လည်ပါ၊အကွက်ကြီး ၁ ကွက်မှာ ၁ဝ လံပတ်လည်
    အကွက်လေး ၁၆ ကွက်ရှိတယ်လို့ဆိုပါတယ်။
    အဲဒီဆက်စပ်ချက်ကိုကျွန်တော် တော့ သေချာတွက်မကြည့်ရသေပါဘူး၊စိတ်ဝင်စားရင်တွက်ကြည့်ကြပါ။

    မြေ တစ်ကျင်း ရဲ့အတိုင်းအတာက အလျား ၁ဝပေ×အနံ၁ဝပေ×အနက် ၁ ပေဖြစ်ပါတယ်။
    မြန်မာမြေတစ်ကျင်းကတော့ အလျား×အနံ (၈ တောင်ပတ်လည်) × အနက် ၁ တောင်လို့ဆိုပါတယ်။
    နှိုင်းယှဉ်ပြီးတွက်ကြည့်ပါ။

  • small cat

    September 24, 2011 at 9:53 am

    ၁ ဧကကိုမြန်လက်လံ ၃၆ လံခွဲပတ်လည်လောက်ရှိတယ်လို့ဆိုပါတယ်။
    မြန်မာတွေရဲ့ တကွက် လို့ခေါ်တဲ့အတိုင်းအတာကတော့ လက်လံ ၄ဝ ပတ်လည်လို့ဆိုပါတယ်။အဲဒါ အကွက်ကြီးပါ ။ အကွက်ကလေးကတော့ ၁ဝ လံပတ်လည်ပါ၊အကွက်ကြီး ၁ ကွက်မှာ ၁ဝ လံပတ်လည်
    အကွက်လေး ၁၆ ကွက်ရှိတယ်လို့ဆိုပါတယ်။
    အဲဒီဆက်စပ်ချက်ကိုကျွန်တော် တော့ သေချာတွက်မကြည့်ရသေပါဘူး၊စိတ်ဝင်စားရင်တွက်ကြည့်ကြပါ။

    မြေ တစ်ကျင်း ရဲ့အတိုင်းအတာက အလျား ၁ဝပေ×အနံ၁ဝပေ×အနက် ၁ ပေဖြစ်ပါတယ်။
    မြန်မာမြေတစ်ကျင်းကတော့ အလျား×အနံ (၈ တောင်ပတ်လည်) × အနက် ၁ တောင်လို့ဆိုပါတယ်။
    နှိုင်းယှဉ်ပြီးတွက်ကြည့်ပါ။

    ဒီစံနှုန်းတွေဟာ စာအုပ်တွေထဲက အချက်အလက်အတိအကျကို ဖော်ပြထားတာမဟုတ်ပါဘူး၊
    လက်ရှိသုံးစွဲနေကြတဲ့ လယ်သမားမိတ်ဆွေ (သက်ကြီးပိုင်း) တွေကိုမေးမြန်းထားတာပါ၊
    အတိအကျမှတ်တမ်းတင်ထားတဲ့စာအုပ်တွေ ၊အချက်အလက်တွေ တွေ့ရင် တင်ပေးကြပါခင်ဗျာ။
    ကျွန်တော်လည်းသေချာမှတ်ထားချင်လို့ပါ။

Leave a Reply