နှင်းဆီပန်းများက ပြောသောစကား

manawphyulaySeptember 23, 20112min17512

နှင်းဆီပန်းအရောင်တွေရဲ့ အဓိပ္ပာယ်တွေကို သိရင် အသုံးတည့်စေဖို့ ပြောလိုက်ပါရစေ….
white rose – Purity, worthy, you’re heavenly, hopes for the future, innocene.

အဖြူရောင် နှင်းဆီ
သန့်စင်မှု၊ ထိုက်တန်မှု၊ ကြိုးပြတ်သူ၊ အနာဂတ်အတွက် မျှော်လင့်ချက်၊ အပြစ်ကင်းမဲ့မှုတဲ့။

အဝါရောင်နှင်းဆီပန်းရဲ့ အကြောင်းလေးပါ
yellow rose – joy, friendship, freedom.

အဝါရောင်နှင်းဆီပန်းကတော့ ပျော်ရွှင်မှု၊ မိတ်ဆွေ၊ လွတ်လပ်မှု တဲ့ သိပြီလား။

အနီရောင်နှင်းဆီပန်းလေးရဲ့အကြောင်းပါ
Red Rose – I love you, strong love, passion, desire, sincere love,inner beauty, soul mates, a connection without words.

အနီရောင်နှင်းဆီရဲ့အကြောင်းလေးပေါ့
မင်းကိုချစ်တယ်၊ ပြင်းပြတဲ့အချစ်၊ ခံစားချက်၊ ရမက်၊ ရိုးသားတဲ့အချစ်၊ အရင်းခံအလှ၊ နှလုံးသားထဲက အဖော်၊ စကားလုံးတွေမလိုတဲ့ ဆက်သွယ်ချက်တဲ့

ပန်းရောင်ရင့်နှင်းဆီပန်းလေးရဲ့ အကြောင်းလေးပါ
Dark pink rose – Appreciation, gratitude, thank you.

ပန်းရောင်ရင့်ရင့်လေးရဲ့ အဓိပ္ပာယ်ကတော့ အသိအမှတ်ပြုမှု၊ ကျေးဇူးရှိမှု၊ ကျေးဇူးတင်မှုကို ဖော်ပြဖို့ သုံးပါတယ်ရှင်
အချိန်ရသေးရင် ထပ်ပြီး ပြောပြပါဦးမယ်ရှင်။ သင့်တော်တဲ့နေရာလေးတွေမှာ သုံးတတ်နိုင်ပါစေ။

12 comments

  • yetazar

    September 23, 2011 at 2:25 pm

    ကျေးဇူူးတင်ပါတယ် ။ ဗဟုသုတလည်းရပါတယ် ။ ပန်းလေးတွေမှာအဓိပ္ပါယ်ရှိတယ်ဆိုတာကိုတော့ကြားဖူးပါတယ် ။ ဘယ်ပန်းတွေဘယ်လိုအဓိပ္ပါယ်ဆိုတာကိုတော့ ခုမှနည်းနည်းလေးသိတာပါ ။ ဆက်ပြီးစောင့်မျှော်နေပါ့မယ် ။

  • etone

    September 23, 2011 at 2:47 pm

    အစိမ်းရောင်နှင်းဆီရဲ့ အဓိပါ္ပယ်ကရော အစ်မ မနော :mrgreen:

  • MOEPWINTPHYU

    September 23, 2011 at 2:53 pm

    လှလိုက်တဲပန်းလေးတွေ
    နောက်တပ်ပန်းလေးတွေလဲသိချင်သား
    ဘာ အဓိပါ္ပယ် ရှိလဲဆိုတာ

    • AKKO

      September 23, 2011 at 3:04 pm

      ရှိသေးတယ် … ရွှေပန်း …(ရိုင်းတာမဟုတ်ဘူး) 😀

      သူမျာတွေ ယတြာ အဖြစ်နဲ့ ချေကြတယ် … ။ ရွှေပန်းနဲ့ ဆင်တူ ငွေပန်းလည်း ရှိတယ် … အပွင့်တွေ ကြာကြာမခံပေမယ့် အနံ့ တော့မွှေးသား 😛

      • ရွာစားကျော်

        May 9, 2012 at 9:35 pm

        ဒီ ဒေါက်တိုကြီးက သူ့ကြည့်တော့ ရုပ်တည်ကြီးနဲ့
        ဟွန်း အတည်ပေါက်ကြီးလည်း ခြောက်ချတတ်တယ်
        ဦးမတ်မင်း အသိဆုံး..

  • နွယ်ပင်

    September 23, 2011 at 3:12 pm

    ကြားဖူးတာက အဝါရောင်နှင်းဆီပန်းက သဝန်တိုခြင်းကိုလဲ အဓိပါယ်ဆောင်တယ်ဆို ….

  • TTNU

    September 23, 2011 at 8:01 pm

    မနောဖြူလေးဆိုတဲ့ အမည်နဲ့ ပထမဆုံးပုံက နှင်းဆီပန်းဖြူလေးနဲ့ လိုက်မယ်ထင်တယ်။

  • musicalpunk

    September 24, 2011 at 6:54 pm

    ကျေးဇူးတင်ပါတယ် မမ ၊ဒါပေမယ့် ပန်းအရောင် နှစ်ပွင့်သုံးပွင် ဆက်စပ်မီရင် နောက်ထပ် ပြောင်းလဲသွားနိုင်တယ်တဲ့ (ဥပမာ- နှင်းဆီအဖြူ (၁) ပွင့် ထဲပေးခဲ့ရင် ဖြူဖြူစင်စင်နဲ့ နင့် ကို ငါချစ်တယ်)အဲလိုုမျိုးတွေ ကြားဖူးတယ်. …မျှော်နေပါဦးမယ်….

  • snow white

    May 9, 2012 at 6:56 pm

    ပန်းလေးကလည်းလှပါ့ ပန်းတွေရဲ့ အဓိပ္ပာယ်ကိုလည်းပြောပြပေးလို့ မမမနောကို ကျေးဇူးကျေးဇူးပါ တကယ့်ကိုကျေးဇူးပါ ပန်းလေးတွေလည်းတော်တော်လေးကိုလှတယ် ။

  • metallic

    May 9, 2012 at 9:37 pm

    နှင်းဆီတွေ……..

    အားလုံးကြိုက်တယ်
    အနီရဲရဲအကြိုက်ဆုံး

    နှင်းဆီနက်ရဲ့အဓိပ္ပါယ်ကဘာများလဲ………..

  • kotun winlatt

    May 9, 2012 at 11:51 pm

    ပန်းးးတွေက လှလိုက်တာ…..။

Leave a Reply