ခင်သာဇာတိ မောင်သာဂိ(၉)

Nan ShinSeptember 23, 20111min72

အခန်း(၉)ကိုရင်သာဂိ

ပြာလဲ့တောက်ပပြီး မိုးတိမ်ကင်းရှင်းနေသော ကောင်းကင်ပြာကြီး၏အောက်တွင် တယောက်တည်း မတ်မတ် ရပ်ရင်း တစုံတရာကိုစူးစိုက်ကြည်ရှုနေမိ၏။လေသည် တခါတရံတွင် ခပ်ကြမ်းကြမ်း တိုက်ခတ် လာပြီး တခါတရံလေနုအေးလေးတိုက်ခတ်၏။သာဂိ၏စိတ်သည်လည်း ၎င်းတိုက်ခတ်နေသော လေ၏ သဏ္ဍာန် နှင့်တူစွာ ငြိမ်သက်လိုက်လှုပ်ရှားလိုက်နှင့် ဖြစ်နေ၏။ကောင်းကင်ပြာကိုနောက်ခံထားလျှက်ရှိသော ရွှေရီ၏အပြုံးလေးများပေါ်လာလျှင် သာဂိ၏နူုးညံ့သောစိတ်အစဉ်သည် လှုပ်ခတ်ရွေလျှားလာပြီး မင်းပေးခဲ့တဲ့ ကတိတွေဟာ အပျော်တမ်းမဟုတ်ဘူး သာဂိ          ဟူသောအသံနဲ့  အတူပေါ်လာသော   အဘချို၏ မျက်နှာ ကိုမြင်လျှင် ငြိမ်သက် အေးဆေးသွားတတ်၏။ သာဂိ၏ ခန္ဓ္ဓာကိုယ် တည်းဟူသော နိုင်ငံတော် တခုတည်းတွင်နှလုံးသားသည်တခါတရံမင်းမူအုပ်စိုး၍တခါတရံတွင်အသိဉာဏ်တည်းဟူသောဦး နှောက်ကမင်းမူအုပ်စိုး၏။အသိဉာဏ်နှင့်နှလုံးသားထိုးစစ်ထိုးနေခြင်းဟုလည်းဆိုနိုင်၏။အသိဥဏ်ကအနိုင်ရ သောအခါတွင်အဘချိုသည်ဦးစားပေးအဆင့်သို့ရောက်လာ၏။နှလုံးသားကအနိုင်ရသောအခါတွင်ရွှေရီသည် ဦးစားပေးအဆင့်သို့ရောက်လာ၏။၎င်း ရွှေရီနှင့် အဘချိုတို့၏မျက်နှာများကိုမြင်ယောင်လာမှုသည် တဖြည်းဖြည်းမြန်လာ၏။ထို့ကြောင့်သာဂိ၏ စိတ်ဖြစ်စဉ်ပြောင်းလဲမှုသည်လည်း လှုပ်ရှားလိုက် ငြိမ်သက်သွားလိုက်နှင့်ဖြစ်လာ၏။ကိုယ့်ခံစားမှုဝေဒနာကို ကိုယ်တိုင်ပြန်သုံးသပ်မိ၏။ ၎င်းဝေဒနာကိုမကြိုက်။ လုံးဝမခံစားလို။ သို့သော် ၎င်းမျက်နှာနှစ်ခုသည် တပြိုင်နက်ပေါ်လာသည်ဟု ထင်ရလောက် အောင် မြန်ဆန် လာခဲ့သည်။မခံစားနိုင်တဲ့အဆုံး သွားကြ သွားကြ ငါ့အနားကိုဘယ်သူမှမလာနဲ့သွားကြ     ဟု ထ အော်ပြစ်လိုက်သည်။
          ဆရာတော်က ရေလာတိုက်သည်။ သာဂိ စိတ်ကိုငြိမ်ငြိမ်ထား။ ဖြစ်ပျက်ခဲ့သမျှတွေ အားလုံးကို ခဏလောက် ကြိုးစားပြီး မေ့ထားလိုက် ဟုပြော၍ ပုတီးတကုံး ပေးပြီး ပြန်ကြွသွားသည်။ အိမ်မက်မက်၍ ထအော်မိကြောင်းကိုသိ၍ အနည်းငယ်လန့်မိသလို ရှက်လည်းရှက်မိသည်။ နဖူးပြင်ပေါ်မှ စီးကျနေသော ဇောချွေးများကို  လက်နဲ့  ပွတ်သပ်လိုက်ရင်း           ဆရာတော်  လာချပေးသွားသည ့်      သောက်ရေကို
သောက်ပြီး  အိပ်မက်ဆိုတာ  မိမိကိုယ်တိုင်ပြုလုပ်ခဲ့တဲ့အရာတွေ၊  ၎င်းအရာတွေနဲ့   ဆက်စပ်ကိရိယာတွေ၊
နေရာဒေသတွေ၊ ပြီးတော့နောက် အနာဂတ်မှာဖြစ်လာမဲ့အရာတွေ၊ အဲ့ဒိသုံးခု ထဲကတခုခုက မိမိရဲ့မသိစိတ်မှာ လာရောက်ကပ်ငြိဖြစ်ပေါ်လာခြင်းပဲဖြစ်တယ် လို့ဆရာတော် မိန့်ကြားခဲ့တဲ့စကား ဟာသိပ်မှန်တာပါလားဟု တွေးရင်း သက်ပြင်းရှည်ကြီး တခုကိုချလိုက်သည်။          အတွေးစများနှင့်ပြန်လည်အိပ်စက်ရန်မဖြစ်နိုင်တော့၍ မျက်နှာထသစ်လိုက်သည်။ဘုရားစင်ရှေ့ရှိ တိုင်ကပ်နာရီကြီးကိုကြည့်လိုက်ပြီး နံက်လေးနာရီထိုးနေပြီဖြစ်၍ သံဃာတော်များအတွက် နံက်အာရုဏ်ဆွမ်းအလို့ငှာ ယာဂုုပြုတ်ခြင်း၊ဘုရားရှိခိုးခြင်းများကို ပြုလုပ်လိုက်သောကြေင့် အတွေးထဲတွင် စိုးမိုးနေသောအရာများ မေ့ပျောက်ခါ လန်းဆန်းလာပြီး ငြမ်းချမ်းသောခံစားချက်တခုုကို ခံစားလိုက်ရသည်။ ၎င်းငြိမ်းချမ်းမှုကြောင်အတော်လေးလဲနေသာထိုင်သာရှိသွားကြောင်း ကိုသတိပြုမိလိုက် သည်။ထို့ကြောင့် တယောက်သောသူကို       ချစ်ခင်တပ်မက်စွဲလမ်းမှုတည်း    ဟူသော တဏှာနှင့်     လူတယောက်၏အလို ဖြည်းဆည်းပေးချင်မှုတည်းဟူသော ကြီးမားသည့်ဆန္ဒ၊ နှစ်ခုစလုံးသည် နှလုံးအိမ်သို့မသိမသာဝင်ရောက်ပြီး ပူလောင်မှု ဆင်းရဲကိုဖြစ်စေပါလား ဟုကောက်ချက်ချသည်။မှိုင်တွေငေးမောနေခြင်းထက်တစုံတရာကို ပြုလုပ်နေခြင်းက လူတယောက်အတွက ်တည်ငြိမ်မှုက  ိုပေးစွမ်းနိုင်ပါလား  ဟူသော   အသိတခု ကိုလည်းရ လိုက်သည်။   လူကြီးသူမများ မကြာခဏပြောကြားလေ့ရှိသော   လူအလုပ်မရှိက  ပွေသည်၊   စိတ်အလုပ်မ ရှိက  လေသည် ဟူသော စကားလေးတခွန်းကိုလဲ နှစ်နှစ်ကာကာ လက္ခံလိုက်သည်။ထို့ကြောင့် ကျောင်း တွင်း ရှိ မိုးတွင်းစာအတွက်လာရောက်လှူဒါန်းထားသော ထင်းချောင်းအရှည်များကို အဆင့်သင့်သုံးနိုင်ရန်  ခုတ်ဖြတ်သည်။   ကြီးမားသော ထင်းတုန်းများကို ပေါက်ဆိန်နှင့်  ပေါက်ခွဲသည်။ ကျောင်းနှင့် ကုဋီခေါ် သံဃာ သုံးအိမ်သာသို့သွားရာလမ်းကိုဂဝံကျောက်များထုခွဲ၍လမ်းခင်းသည်။ကျောင်းပေါက်ဝတွင် ခရီးသွား ခရီးလာများ အမောပြေဝင်သောက်နိုင်ရန်ရေအိုးစင်တည်သည်။ထိုသို့ ကျောင်းနှင်ပတ်သက်၍ လိုအပ်သည် ထင်သမျှကို မနားမနေလုပ်လိုက်သဖြင့် နှလုံးအိမ်ကိုလှုပ်ကိုင်လျှက်ရှိသော ရွှေရီသည်လည်းကောင်း၊ ဉာဏ်
ပညာအသိတရားက်ိုလှုပ်ကိုင်ခါရမ်းနေသောအဘချိုသည်လည်းကောင်း စကြာဝဠာတိုက်တသောင်းအနက် သာဂိနေထိုင်တည်ရှိသောစကြာဝဠာနှင့် အဝေးဆုံးတနေရာသို့လွင်စင်ပပျောက်သွားပါလေတော့သည်။
ရှင်ပြုရမည့်နေ့သည်လည်း တနေ့ထက်တနေ့နီးကပ်လာသည်။တနေ့၌ သာဂိအလုပ်လုပ်နေရာသို့ သာဂိ၏အကိုလတ်ဖြစ်သူ ပြည့်စုံဆိုသူရောက်လာ၏။သာဂိကတော့ အတော်အံ့ဩနေသည်။ ၎င်း၏ အကို များသည် အဘချို ဈာပနမတိုင်ခင်ကလည်းလမ်းတွေ့လျှင်တောင်နှုတ်မဆက်ဘဲ အဝေးမှမြင်သည်နှင့် လမ်းကြောင်းပြောင်း၍ရှောင်သွားတတ်သူများဖြစ်သည်။ရှောင်စရာလမ်းမရှိ၍ မျက်နှာချင်းဆိုင်တည့် တည့် တိုးခဲ့လျှင်လည်းဘာရယ်ကြောင့်မသိမျက်နှာလွှဲသွားတတ်ကြသူများဖြစ်သည်။အဘချို၏ကိစ္စအတောအတွင်း မှာတော့တက်ညီလက်ညီဝိုင်းဝန်းလုပ်ကိုင်ပေးကြပြီး အနည်းငယ်ပြောဆိုဆက်ဆံမှုရှိခဲ့သည်။ထို့နောက်တွင် တော့ပြောဆိုရန်ကိစ္စထွေထွေထူးထူးမရှိ၍မပြောဆိုမိခဲ့။  သို့သော်ယနေ့မှတိုက်တိုက်ဆိုင်ဆိုင်ကြီးပေါက်ချ
လာပြီး သာဂိ ငါနင့်ကို ပြောစရာရှိတယ် နင်အချိန်ရလား ဟု အပြုံးအမဲ့ကင်းသော မျက်နှာထားနှင့် ပြောသည်။သာဂိကလည်း အစ်ကိုများနှင့် အေးအေးဆေးဆေး နွေးနွေးထွေးထွေးစကားပြောလိုသော ဆန္ဒရှိခဲ့သည်ဖြစ်သောကြောင့် အေး ငါအချိန်ရပါတယ် နင်ဘာပြောချင်လို့လဲ ပြောလေ ဟု ပြန်ပြောလိုက်သည်။
ဘုန်းကြီးကျောင်းထဲမှာ ငါမပြောချင်ဘူးလယ်တဲကိုလိုက်ခဲ့ပါလား ဟုပြော၍ လိုက်သွား သည်။ လယ်တဲသို့ရောက်သောအခါ  ပြည့်စုံက ……..  ဟိုကောင်စိုးဦးတုန်းက မမြမြအတွက် နင်ကိုယ်တိုင် ကဗျာတပုဒ်ရေးပေးခဲ့တာ နင်မှတ်မိလား ဟုမေးလိုက်သည်။
အင်း မှတ်မိပါတယ်…ဒါပေမဲ့ ငါအဲ့ဒိကဗျာကို မရတော့ဘူး ဘာဖြစ်လို့လဲ ဟုအံ့ဩသောအကြည့်နှင့်ပြန်မေးလိုက်သည်။ နင့်လည်ပင်းက လက်စွပ်ကရော ဟိုကောင်မလေး ရွှေရီ ပေးထားတာမဟုတ်လား ဟု မဆီမဆိုင် မေးခွန်းတစ်ခုကို ပြည့်စုံကထပ်မေးလိုက်ပြန်သည်။မေးခွန်း၏ အဆုံး၌ သာဂိ၏ရင်ဘတ်တစုံမှာ သိသိသာ ချိနဲ့လှုပ်ခတ်သွားရသည်ကို သာဂိမှ တပါးမည်သူ မှသိလိုက် မည်မဟုတ်။ထို့ကြောင့် အနာဟောင်းမှ အနာသစ်ပြန်ဖြစ်လာမည်ကို ကြောက်သော သာဂိ က နင်ဘာတွေ ပြောနေတာလဲ ဟိုမေးဒီမေးရှောက်မမေးနဲ့နင်ပြောချင်တာကို တိုက်ရိုက်ပြော ငါစိတ်မရှည်တော့ဘူး ဟု ဟောက်ပြော ပြောလိုက်သည်။ထိုအခါမှ ပြည့်စုံက အရှက်တဝက် အပြုံးတဝက်မျက်နှာနှင့် ငါ့မှာလဲ ချစ်ရမဲ့သူရှိနေပြီ ဟ ဒါပေမဲ့ ငါ ငါ ဘယ်လိုကနေ ဘယ်လိုစရမှန်းမသိဘူးဖြစ်နေတယ်…
ဘယ်ကကောင်မလေးလဲ……….ဟိုဘက်ရွာက စန္ဒာလေ ကလေး တယောက် အမေ နင်သိတယ် မဟုတ်လား သူ့ကလေးမွေးပြီး သိပ်မကြာခင်ပဲ သူ့ယောက်ျားဆုံးသွားတာလေ…အော် သိပြိ နင်က အဲ့ဒိကလေးတယောက်အမေ မုဆိုးမလေးကို ကြိုက်နေတယ်ဆိုပါတော့…ဟုတ်တယ်…အဲ့ဒါ ငါက ဘာလုပ်ပေးရမှာလဲ ယူသင့် မယူသင့်ဆုံးဖြတ်ပေးရမှာလား…ငါကတော့ အဲ့ဒိကိစ္စနဲ့ပတ်သက်လာရင် မဆုံးဖြတ်တတ်ဘူး နင်ကြိုက်ရင်ယူလိုက်ပေါ့….ဟာ မဟုတ်ဘူး ငါကကြိုက်တယ် သူကပြန် မကြိုက် သေးတာ….ပြန်မကြိုက်သေးတာဆိုေ