မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက ပြင်းပြင်းထန်ထန်
ကန့်ကွက်နေကြပါတယ် ။ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ မြစ်ဆုံဆည်ကြီးဟာ တရုတ်အစိုးရပိုင် ကုမ္ပဏီများ ဆောက်လုပ်နေကြတာပါ ။ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေ၊ မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်သူတွေက ဒီဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ တရုတ်နဲ့မြန်မာ အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုနေကြတာ ၂၀၀၇ ခုနှစ်ကတဲကပါ ။ အခုဆိုမြန်မာပြည်သူတစ်ရပ်လုံးက နည်းမျိုးစုံသုံးလို့ ဧရာဝတီကို ကယ်တင်ပေးဖို့ တောင်းဆိုနေကြပါပြီ ။

ဒေါ်အောင်ဆန်းစုကြည်(မြန်မာ့ဒီမိုကရေစီခေါင်းဆောင်)

” ဧရာဝတီမြစ်ကြီး ရပ်တည်ရေးအတွက်ထိန်းသိမ်းေ၇းအတွက် အားလုံးကနေ စုစုစည်းစည်းလုပ်မယ်ဆိုရင် ဒီိ ကိစ္စဟာကျမတို့ရဲ့ ညီညွတ်ရေးအတွက်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညီညွှတ်ရေးအတွက်ဝိုင်းဝန်း လုပ်ဆောင်ကြပါ။ ကျမတို့အားလုံး ယုံကြည်တဲ့ ကိစ္စတစ်ခုကိုအခြေခံပြီး ညီညွှတ်မှုယုနိုင်ရင် ကျမတို့အနေနဲ့တဖြည်းဖြည်း ညီညွတ်ရေးအခန်းကဏ္ဍဟာ များလာနိုင်ပါတယ် ” လို့ပြောကြားခဲ့ပါတယ် ။

ရဲတိုက်(သရုပ်ဆောင်)

‘ ကျွန်တော်အနေနဲ့ မြစ်ကြီးကို အမြန်ဆုံး ပြန်လည် ကျမ်းမာစေချင်တယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ရှိခဲ့သလို ကျန်းမာတဲ့မြစ်တစင်းပြန်ဖြစ်စေချင်တယ်။ ” လို့လဲပြောခဲ့ပါတယ် ။

ဒီနေ့မှာလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ ပူးပေါင်းစီစဉ်သော “လူငယ်များရဲ့  ဧရာဝတီ” အစီအစဉ်ကို မနက် (၁၀) နာရီကျင်းပပြုလုပ်မှာ ဖြစ်ပါတယ် ။ဒါကြောင့် မြန်မာလူထုရဲ့ တရုတ်အစိုးရအပေါ်မုန်းတီးမှုတွေ၊ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေက တနေ့တခြား ပိုကြီးမားလာနေပါတယ် ။ (၂၀- ၉- ၂၀၁၁)၊ နေ့လည် ၁း ၃၀ နာရီ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ် (၉၄)၊ ခရေပင်လမ်းမှာ ရုံးစိုက်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြန်ကြားရေးရုံးရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့သလို နိုင်ငံရပ်ခြားက မြန်မာပြည်သူလူထုကလည်း မြစ်ဆုံရေကာတာစီမံကိန်း ကန့်ကွက် ဆန္ဒပြပွဲအခမ်းအနားတွေကို ကျင်းပ ပြုလုပ်နေကြပါတယ် ။ ဒါပေမယ့်လဲ အစိုးရခေါင်းဆောင်အချို့ကတော့ လူထုအသံကို အရင်ကလိုပဲ မျက်ကွယ်ပြုပြီး ဘယ်သူတွေက ဘယ်လိုပဲ ကန့်ကွက်ပစေ၊ မြစ်ဆုံဆည်ကြီးကို ပြီးအောင် ဆက်ဆောက်မယ်လို့ ကြုံးဝါးနေသလိုပါပဲ ။

ဒါကြောင့် ဧရာဝတီဟာ မြန်မာပြည်ရဲ့ အသ်ကသွေးကြောဖြစ်လို့ ဧရာဝတီကို ကယ်တင်ကြပါစို့ … ။

ဒါကတော့ ၂၀၁၁ခုနှစ် ဇူလိုင်က မြစ်ဆုံရေကာတာ စီမံကိန်းမှ မြင်ကွင်း ဓာတ်ပုံတွေပါ…


ဓာတ်ပုံ – ဒီမိုဝေယံ

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..