မမှားသင့်တာ မမှားရအောင် ဂျာနယ်ပါ ဆောင်းပါး

ဆန်နီနေမင်းSeptember 23, 20111min1048

လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တဝါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ မှားနေကြပါတယ်။ တချို့အမှားလေးတွေကျတော့ မိမိဘက်က မှန်တယ်ထင်ရပေမဲ့ အများအမြင်မှာတော့ မှားတဲ့အရာဖြစ်နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊ မမှားသင့်တဲ့အရာလားဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။

ဒါပြင် ယခုခေတ်လူငယ်များ ကျုးလွန်နေကြတဲ့ ကာမမှုများဟာ များသောအားဖြင့် ကာမေသုမိစ္ဆာစာရကံနဲ့ မကင်းဘူးဖြစ်နေပါတယ်။ မိမိတို့ဟာ ဘယ်လိုမိန်းမယောက်ျားနဲ့ ကျုးလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်မလဲဆိုတာ သေချာမသိကြပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ဖြစ်ပါမယ်။ အဲဒီလိုမိုက်နေတာဟာ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများကို မိမိတို့က သေချာမစဉ်းစား မလေ့လာထားလို့ပါ။ တကယ်တမ်း လေ့လာဆင်ခြင် စဉ်းစားမယ်ဆိုရင် ဒီကာမေသုမိစ္ဆာစာရကံရဲ့အကျိုးဟာ မျက်မှောက်တမလွန်နှစ်ဘဝလုံးအတွက် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သိပါလိမ့်မယ်။

ခုတော့ အဲဒီလိုမသိတဲ့အတွက် ယနေ့ခေတ်လူငယ်များဟာ ကာမကိစ္စကို အလွယ်တကူ ဘာမှမဖြစ်ဟုထင်နေပြီး ကျုးလွန်နေကြပါတယ်။ ဒါဟာလည်း တခြားနိုင်ငံက ကံတရား အကျိုးပေးကို မယုံကြည်ကြတဲ့လူတွေရဲ့ လုပ်ရပ်များကို အတုယူလို့လည်း မမှားသင့်တာ မှားနေကြတာပါ။ မိန်းကလေးများကလည်း မိမိတို့ဣန္ဒြေသိက္ခာကိုမထိန်းဘဲ ဒီလိုပြုကျင့်ခံရတာဟာ ထည့်တွက်စရာမလိုပါလို့ထင်ထားသော် လည်း နောက်ပိုင်းမဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါ သူတစ်ပါးအသက်ကို အလွယ်တကူသတ်ဖြတ်ကြပါတယ်။ အဲဒီတော့ တစ်မှုကနေ နှစ်မှုထိ အဆင့်တိုးကာ မကောင်းမှုများ ဖြစ်လာပါတယ်။ အဲဒီလို လူသားတိုင်းမှာ မကောင်းမှုတွေများလာမယ်ဆိုရင် သဘာဝကပ်ဆိုးတွေကလည်း ဖြစ်လာမှာပါ။ အဲဒီတော့ သဘာဝကပ်ဆိုးတွေက လွတ်ကင်းပြီး နောက်နောင်ဘဝတွေမှာလည်း ဆင်းရဲဒုက္ခမရောက်ရအောင် ကာမအမှုအမှားများမှ ရှောင်ကြဉ်ရပါမယ်။

ယနေ့ခေတ်လူငယ်များ ကာမကိစ္စကျုးလွန်တဲ့အခါ မိမိကျုးလွန်တဲ့လူဟာ ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက်ကို သေချာသိရှိနားလည်ဖို့အတွက် ကာမေသုမိစ္ဆာစာရကံ ထိုက်ကြောင်း အင်္ဂါလေးပါးကို ရေးသားတင်ပြပေးပါမယ်။

၁။ မသွားလာအပ်တဲ့ အရာဌာနဖြစ်ခြင်း။

၂။ မှီဝဲလိုသော စိတ်ရှိခြင်း။

၃။ မဂ်ခေါ်လိင်ဖြင့် လိင်ထဲသို့ သွင်းခြင်း။

၄။ သာဒိယနံ – သာယာခြင်း။ ဒီအင်္ဂါ (၄)ရပ်လုံးပြည့်စုံရင် ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။ ဒီလေးပါးထဲက အင်္ဂါတစ်ပါးပါး ချို့ယွင်းရင်တော့ ကံမထိုက်ပါ။ ဒါပေမဲ့ တစ်ပါးပါးကျုးလွန်မိရင် အကုသိုလ်အပြစ်လေးတော့ ဖြစ်ပါတယ်။ အထက်ဖော်ပြထားတဲ့ အင်္ဂါလေးချက်မှာ နံပါတ်တစ်အရ

‘‘မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ’’ဆိုတဲ့အတိုင်း အမိစောင့် ရှောက်ရှောက်တဲ့မိန်းမ အဖစောင့်ရှောက်တဲ့မိန်းမစတဲ့ မိန်းမအမျိုအစား(၂၀)နဲ့ကိုပင် ယောက်ျားများဟာ မကျုးလွန်မိအောင် စောင့်ထိန်းရပါမယ်တဲ့။ အဲဒီမိန်းမအမျိုးအစား(၂၀)ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် ကာမပိုင်မရှိသေးတဲ့အပျိုနှင့် စေ့စပ်ကြောင်းလမ်းထားသူ အပါအဝင် ကာမပိုင် လင်ယောက်ျားရှိပြီးဖြစ်တဲ့ မိန်းမဟု နှစ်မျိုးရပါတယ်။

နံပါတ်တစ်ဖြစ်တဲ့ ကာမပိုင်မရှိသေးတဲ့ မိန်းကလေးများနဲ့ကျူးလွန်ရင် ယောက်ျားမှာသာ ကံထိုက်ပြီး မိန်းကလေးမှာ ကံမထိုက်ပါဘူးတဲ့။ မိန်းကလေးများ ဘာ့ကြောင့်ကံမထိုက်သလဲဆိုတော့ သူတို့ကာမကို သူတို့ပိုင်ဆိုင်နေတဲ့အချိန် ဖြစ်လို့ပါ။ ယောက်ျားများအား သွေးဆောင်မာယာများလို့ ယောက်ျားလေးများက ကျုးလွန်မိရင်တော့ မိန်းကလေးများမှာ အကုသိုလ်အပြစ် ဖြစ်ပါတယ်။ ကာမေသုမိစ္ဆာစာရကံကျုးလွန်တဲ့အခါ အလိုတူမဟုတ်ဘဲ အနိုင်အထက်ပြုကျင့်ရင် အပြစ်ကြီးပြီး နှစ်ဦးသဘောတူလို့ ကျူးလွန်ရင်တော့ အပြစ်ငယ်ပါတယ်။ နှစ်ဦးသဘောတူ ကျုးလွန်တဲ့အခါမှာလည်း ကိလေသာအားကြီး,မကြီး၊ လုံ့လအနည်းအများလိုက်ပြီး အပြစ်အကြီး အသေး ကွာခြားပါတယ်။

အမျိုးသားဘက်ကလည်း လွတ်လပ်သူမှန်ကန်မယ် အမျိုးသမီးဘက်ကလည်း စေ့စပ်ထားသူ, ငွေပေးထားသူ စတဲ့ ပိုင်ဆိုင်သူမရှိသေးဘူး။ ဒါပေမဲ့ မိဘသဘောမတူလို့ ခိုးထွက်ပြေးပြီး နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးကာ လွတ်လပ်စွာမယားအမှတ်နဲ့ ပေါင်းသင်းဆက်ဆံရင် ဆန္ဒဝါသီနီ-အလိုတူနေလို့ မယားအရာမြောက်တဲ့အတွက် ကံမထိုက်ပါ။ ဒီနေရာမှာ လက်မှတ်ထိုးတဲ့ရုံးဌာနဟာ နိုင်ငံတော်က လုပ်ပိုင်ခွင့်ပေးထားတဲ့ နေရာဖြစ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အုပ်ချုပ်သူများ ဆိုတာ ပြည်သူများရဲ့အုပ်ထိန်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ရုံးတက်လက်မှတ်ထိုးတာဟာ တရားဝင်ဖြစ်သွားလို့ ကံမထိုက်တာပါ။ တကယ်လို့ မိမိတို့က တရားဝင်လက်ထက်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပြီး နှစ်ဦးသဘောတူ လွတ်လပ်တဲ့ရည်းစားများ ကျုးလွန်မိကြရင် လက်ထက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် အပြစ်သေးပါတယ်။ ဒါပေမဲ့ လက်မထက်ဖြစ်ခဲ့ဘူးဆိုရင်တော့ ကံထိုက်တဲ့အတွက် အပြစ်ကြီးပါလိမ့်မယ်။

ယောက်ျားလေးများပြည့်တန်ဆာမနှင့် ဆက်ဆံတဲ့အခါ ကိုယ့်ထက်အရင် ငွေပေးထားသူ ရှိပါက နောက်ယောက်ျား ကံထိုက်ပါတယ်။ ပြည့်တန်းဆာမလည်း ငွေလက်ခံထားသူနဲ့ မပြီးပြတ်ခင် အခြားယောက်ျားကို လက်ခံမယ်ပါက ကံထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့သူဟာ လူဇာတ်မဟုတ်တဲ့ တိရိစ္ဆာန်တို့နဲ့ကျူးလွန်ရာရင်လည်း ကာမေသုမိစ္ဆာစာရဖြစ်ပါတယ်။ ဘူရိဒတ်နဂါးမင်းကြီးဟာ သီလဆောက်တည်ကြောင်း၊ ယုန်, ဖျံ, မြေခွေး, မျောက်တို့သည်လည်း သီလဆောက်တည်ကြောင်းကို ကျမ်းဂန်တို့၌ လာရှိတဲ့အတွက် တိရစ္ဆာန်များမှာလည်း ငါးပါးရှစ်ပါးစတဲ့ သီလများရှိကြပါတယ်။ ဒါကြောင့် တိရိစ္ဆာန်နဲ့ကျုးလွန်ရင်လည်း ကံထိုက်ပါတယ်။ ကောသလဘုရင်ရဲ့ မိဖုရားကြီးဖြစ်တဲ့ မလ္လိကာဟာ ခွေထီးနဲ့ဖောက်ပြန်မှုကြောင့် ကာမေသုမိစ္ဆာစာရကံ ထိုက်ခဲ့ရတာပါ။ အရူးမကို မိဘစသည်တို့ကလည်းကောင်း၊ တစ်ယောက် ယောက်ကလည်းကောင်း အုပ်ထိန်းသူရှိရင် ကျုးလွန်သူမှာ ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။

ယောက်ျားချင်းချင်းသော်လည်း ဝစ္စမဂ်၊ မုခမဂ်တို့ကိုကျူးလွန်ရင် ကာမေသုမိစ္ဆာစာရ ကံထိုက်တယ်လို့ ဆရာကြီးတော်များ မိန့်ဆိုခဲ့ပါတယ်။ ထုံးစံဓမ္မတာမို့သာ မိန်းမကို ကာမေသုမိစ္ဆာ စာရအရ ယူကြတာပါ။ ယောက်ျားကိုလည်း ကာမေသုမိစ္ဆာစာရအရ ယူရပါမယ်။ ဒါကြောင့် ယောက်ျားချင်းချင်း ကျုးလွန်ရာတွင်လည်း မိန်းကလေးများနည်းတူ အုပ်ထိန်းသူရှိသူမယ် ကာမပိုင်ရှိမယ်ဆိုရင် ကံထိုက်ပါတယ်။

စွယ်စုံကျော်ထင်ကျမ်းတွင် `မိစ္ဆာဖြစ်ဖွယ်၊ အိမ်ရှင်ဝယ်၊ လေးသွယ်ရှိ၏ အဘယ်နည်း´ဆိုတဲ့ ကြည့်ကန်ရှင်ကြီးရဲ့အမေးကို ကျီးသဲလေးထပ်ဆရာတော်က အောက်ပါအတိုင်း ဖြေတော်မူခဲ့ပါတယ်။

၁။ ကိုယ်ဝန် အလွန်ရင့်၍ မပြုသင့်တဲ့အခါ။

၂။ မိဘဆရာ သူတကာတို့ မြင်လောက်တဲ့နေရာမှာ ကျင့်တဲ့အခါ။

၃။ ကျင့်ရိုးကျင့်စဉ်မဟုတ်တဲ့ နည်းများဖြင့်ကျင့်တဲ့အခါ။

၄။ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်ပြီးကျင့်တဲ့အခါ မိမိမယားပင်ဖြစ်သော်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်တဲ့။

ဒါကြောင့် မိမိတို့ဟာ သူတစ်ပါးသားသမီးဇနီးလင်များကို ကျုးလွန်ချင်တဲ့စိတ်ပေါ်လာရင် ငါကျုးလွန်မဲ့မိန်းကလေးနေရာမှာ ငါ့ရဲ့ မိခင်၊ အမ၊ နှမကို သူများကကျုးလွန်မယ်ဆိုရင် ငါဘယ်လိုခံစားရမလဲ။ ငါကျုးလွန်မဲ့ ယောက်ျားလေးဟာ သူများလင် သူများချစ်သူဖြစ်နေရင်ရော အဲဒီလူဘယ်လိုခံစားရမလဲ။ အဲဒီလူနေရာမှာ ငါဆိုရင်ရော ဘယ်လိုခံစားရမလဲစတာတွေ တွေးတောကြည့်ရပါမယ်။ အဲဒီလိုတွေးတော တဲ့အခါမှာ မိမိရဲ့မောင်နှမဆွေမျိုးသားချင်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် မိမိစိတ်ရဲ့ခံစားချက်အတိုင်း တစ်ဘက်လူမှာလည်း သူနဲ့ဆက်စပ်သူများ ဘယ်လိုခံစားရမယ်ဆိုတာ တွေးဆကြံဆနိုင်ပါလိမ့်မယ်။ အဲဒီလိုသာ ရှေးနောက်စဉ်းစားတွေးခေါ်မယ်၊ မိမိစိတ်ကို သတိဖြင့်ထိန်းချုပ်မယ်ဆိုရင် ကာမေသုမိစ္ဆာစာရအမှုများမှ ရှောင်ကြဉ်နိုင်မှာပါ။

မိမိတို့ လူသားများဟာ ဒီကာမကိစ္စကို ရှောင်ကြဉ်ဖို့ခဲယဉ်းတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ မိမိစိတ်သာ အဓိကကျပါတယ်။ မိမိစိတ်ကို မိမိထိန်းနိုင်မယ်ဆိုရင် ဒါတွေမဖြစ်အောင် ထိန်းသိမ်းလို့ ရပါတယ်။ ရှေးဆရာတော်ကြီးများက ကာမရောဂါ ကိုယ်တွင်းနာ ကို ဟီရိဩတ္တပ် ပညာညှပ်၍ နှိပ်ကွပ်နိုင်ပါတယ်လို့ မိန့်ဆိုထားတာ ရှိပါတယ်။ အဲဒီလို မိမိတို့က ကာမကိစ္စဟာ ဟီရိဩတ္တပ္ပကင်းမဲ့တဲ့အလုပ်ဖြစ်တဲ့အတွက် မိမိတရားဝင်ယူထားသူမှလွဲ၍ တခြားသူများကို မပြစ်မှားမိအောင် ပညာဉာဏ်ကို သတိဖြင့် ထိန်းချုပ်ထားရပါမယ်။ လူသားများ မှာ မိမိတရားဝင်ယူထားတဲ့ ဇနီးမယားလင်တို့နဲ့ ကျုးလွန်လို့ ရပါတယ်။ ရဟန်းသံဃာများမှာ ဘယ်သူနဲ့မှ ကျုးလွန်လို့မရပါဘူး။ ကိလေသာမကင်းသေးတဲ့ လူအတူတူရဟန်းသံဃာများတောင် ကာမကိစ္စကို ထိန်းနိုင်သေးရင် လူသားများလည်း မိမိတရားဝင်ကျုးလွန်လို့ရတဲ့ဟာမှတစ်ပါး တခြားဟာကို မကျုးလွန်မိအောင် စောင့်ထိန်းနိုင်ရမှာပါ။

ငါတို့လူတွေက ဒါတွေမစောင့်ထိန်းနိုင်လို့ ဒီလိုနေတာကွဆိုရင်လည်း တရားဝင်ယူပြီး ကျုးလွန်လို့ရတာနဲ့ မလုံလောက်သေးဘဲ စိတ်တိုင်းကျ ကာမေသုမိစ္ဆာစာရကံ ကျုးလွန်နေမယ် ဆိုရင်တော့ နောက်နောင်ဘဝတွေမှာ ကိုယ့်အလှည့်ကျမှာမို့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားရပါ လိမ့်မယ်။ မိမိက ကံကောင်းလို့မြင့်မြတ်တဲ့ ယောက်ျားဘဝလေးရလာတာကို နောက်ဘဝတွေမှာ ထပ်ကံကောင်းအောင်မလုပ်ဘဲ မြင့်တဲ့ဖိုဓာတ်ဘဝကနေ ယုတ်နိမ့်တဲ့ မဓာတ်ဘဝကိုရောက်အောင် လုပ်နေမယ်ဆိုရင် ကိုယ်အလှည့်လည်း ခံရဦးမယ်ဆိုတာ မမေ့ဖို့လို်ပါတယ်။ ကိုယ်ယောက်ျားဘဝ ရတုန်းကတော့ ထင်တိုင်းကျဲလာခဲ့ပြီး ကိုယ့်အလှည့်ကျမှ ကြောက်ပါပြီမဖြစ်ကြပါစေနဲ့။ အဲဒီလို မဖြစ်အောင် ယခုရရှိနေတဲ့ လူ့ဘဝလေးမှာ မမှားသင့်တာ မမှားရအောင် သတိထားနေထိုင်ဖို့ လို်ပါတယ်။

မိန်းကလေးများကလည်း မိမိတို့ အရင်ဘဝတွေက မကောင်းတာလုပ်ခဲ့လို့ ယခုမျက် မှောက်မှာ ယုတ်နိမ့်တဲ့ဘဝရနေတာကို ကျေနပ်မနေဘဲ နောက်နောင်ဘဝတွေမှာ မြင့်မြတ်တဲ့ ယောက်ျားဘဝရအောင် ကြိုးစားဖို့လိုပါတယ်။ ဘယ်လိုပဲ ယောက်ျားနှင့်မိန်းမတန်းတူ ယှဉ်နိုင်ပါ တယ်ပြောပါစေ ယုတ်နိမ့်တဲ့ဘဝ၊ အနိမ်ခံရတဲ့ဘဝ၊ အနိမ့်ကျင့်ခံရတဲ့ဘဝကတော့ မလွတ်တာ အမှန်ပါ။ အဲဒါကြောင့်မို့ မိန်းမဘဝကနေ ယောက်ျားဘဝရဖို့အတွက် ယခုဘဝမှာ မိန်းကလေး ဣန္ဒြေနှင့်နေပြီး မမှားသင့်တာ မမှားရအောင် သတိထားနေထိုင်ရပါမယ်။

ဒါကြောင့် လူသားအားလုံး ရရှိလာတဲ့လူ့ဘဝလေးမှာ မမှားသင့်တဲ့အမှားများ မပြုလုပ်မိ အောင် သတိထားဆင်ခြင်ကာ နောက်အနာဂတ်ဘဝများ ကောင်းစားရေးကိုသာ အဓိကထား လုပ်ဖို့လိုပါတယ်။ ယခု မိမိတို့ဟာ လူ့ဘဝကိုရနေပြီမို့ ဒီဘဝမှာ ကြုံရမဲ့ဆင်းရဲဒုက္ခဟာ အသေး အဖွဲ့လေးပဲ ဖြစ်ပါ တယ်။ နောက်ဘဝများစွာဟာ မိမိဘယ်လိုဘဝတွေရောက်ပြီး ဘယ်လို ဆင်းရဲတွေကြုံရဦးမလဲဆိုတာ မသိနိုင်ပါ။ ဒါကြောင့် မသိနိုင်သေးတဲ့ဘဝကို ချမ်းသာမှုတွေနဲ့ ရင်ဆိုင်ရအောင် ယခုကတည်းက ပြင်ဆင်ထားဖို့ လိုပါတယ်။ တကယ်လို့ မိမိတို့က အမှားတွေပဲ လုပ်ပြီး လူ့ဘဝကြီးကိုဖြတ်သန်းသွားမယ်ဆိုရင် ဒုသနသော လေးယောက်ကဲ့သို့ နောက်မှနောင်တ တွေရနေပါလိမ့်မယ်။ အဲဒီလိုနောင်တတွေမရဖို့ရန် ယခုကတည်းက မမှားသင့်တာမမှားရအောင် သတိထားကြပါကုန်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

 

အောက်ပါကျမ်းစာအုပ်များကို ဖတ်ရှု့လေ့လာပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။

၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁၊
၂။ အာဂမနီယဝတ္ထု(တည်တောဆရာတော်)

၃။ မဃဒေဝလင်္ကာသစ် အပိုဒ်-၂၃၂
၄။ ပါရာဇိကဏ်အဋ္ဌကထာ

၅။ ဣတိဝုတ်၊ဋ္ဌ၊ ၂၂၀
၆။ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၀၄

၇။ သံခိပ်ဋီကာ
၈။ ဘာသာဋီကာ

၉။ ဆဂတိဒီပနီ
၁၀။ စွယ်စုံကျော်ထင်ကျမ်း

ဂျာနယ်ကိုတော့ ဒီနေရာမှာ Download လုပ်လိုက်ပါ။
http://www.mediafire.com/?o2r41n1w69y5uif

8 comments

  • htoosan

    September 23, 2011 at 6:23 pm

    ၃။ မဂ်ခေါ်လိင်ဖြင့် လိင်ထဲသို့ သွင်းခြင်း။
    ဒီလေးပါးထဲက အင်္ဂါတစ်ပါးပါး ချို့ယွင်းရင်တော့ ကံမထိုက်ပါ။ ဒါပေမဲ့ တစ်ပါးပါးကျုးလွန်မိရင် အကုသိုလ်အပြစ်လေးတော့ ဖြစ်ပါတယ်။

    Sorry to all , too inquisitive..
    if it is “oral sex” ?????? how ???

    • Foreign Resident

      September 24, 2011 at 4:53 am

      Dear Htoo San & villagers,

      these oral sex, anal sex, sadomasochism, lesbian, gay & etc are forbidden.
      Because, those are under “မသွားလာအပ်တဲ့ အရာဌာနဖြစ်ခြင်း” &
      “ကျင့်ရိုးကျင့်စဉ်မဟုတ်တဲ့ နည်းများ” categories.

      General rule is
      (1)
      ” If you get any type of sexual pleasure other than your legally married wife,
      then, you committed sin “ကာမေသုမိစ္ဆာစာရကံ” ”
      ( ၇။ အမျိုးအနွယ် ( Myanmar Nationality ) တို့ အုပ်ထိန်းသောသူ )
      ( ကာမေသုမိစ္ဆာစာရကံ အကျယ်ဖွင့်ဆိုချက် အမေးအဖြေ – ဆန်နီနေမင်း )

      (2)
      In addition, even having affair with your legally married wife,
      ၃။ ကျင့်ရိုးကျင့်စဉ်မဟုတ်တဲ့ နည်းများဖြင့်ကျင့်တဲ့အခါ
      ( oral sex, anal sex, sadomasochism & etc )
      ၄။ ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်ပြီးကျင့်တဲ့အခါ
      ( utilize Viagra, Cialis, Spanish Fly & etc )
      မိမိမယားပင်ဖြစ်သော်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်တဲ့။

      Finally, my personal opinion is,
      It seems, those divine rules are not appropriate to real world/circumstance.
      If our “Buddhism” still follow/go by this path/way,
      then, I fear, our “Buddhism” cannot survive very long.

      I am a strong follower of “Buddha” & I love “Buddhism”.
      So, the worst nightmare of mine is,
      “topple of Buddhism & extinct of Buddhist” happen within my life span.

      I also want to know/learn ” the real talk of Buddha ” only.
      ( not a translation, အဋ္ဌကထာ၊ ဋီကာဆရာ ဖွင့်ဆိုချက်များ )
      ( အဋ္ဌကထာ ဖွင့်ဆိုချက်များအပေါ် ယူနိုင်သည်ကိုယူ မယူနိုင်သည်ကို မယူယုံ ရှိပါသည် )

      kai says:
      ငါးပါးသီလကို.. အဋ္ဌကထာ၊ ဋီကာဆရာပြန်ဖွင့်ချက်တွေမပါ..
      တခြားငယ်ဖြူဆရာတော်ကြီးတွေပြန်ရှင်းပြတာမဟုတ်ပဲ..
      မူရင်းပါဠိတော်ကအတိုင်း… တိုက်ရိုက်မြန်မာလို ပြန်ရေးထားတာများရှိရင် ဖတ်ချင်မိပါတယ်ဘုရား..။

      Sigh.

  • winer

    September 23, 2011 at 7:04 pm

    I’ve no idea. so sorry about that.

  • မှော်ဆရာ

    September 23, 2011 at 9:57 pm

    တင့်ပါ့ဘုရား မှတ်သားသွားပါတယ် ဘုရား…

  • htoosan

    September 24, 2011 at 9:17 am

    Thanks for your answer Foreign Resident.

    As per Sanninaymin post above , “ကာမေသုမိစ္ဆာစာရကံ ထိုက်ရန် ဒီအချက်လေးချက် ပြည့်စုံရမယ်လို့ ဆိုထားပါတယ်၊”

    “ယနေ့ခေတ်လူငယ်များ ကာမကိစ္စကျုးလွန်တဲ့အခါ မိမိကျုးလွန်တဲ့လူဟာ ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက်ကို သေချာသိရှိနားလည်ဖို့အတွက် ကာမေသုမိစ္ဆာစာရကံ ထိုက်ကြောင်း အင်္ဂါလေးပါးကို ရေးသားတင်ပြပေးပါမယ်။
    ၁။ မသွားလာအပ်တဲ့ အရာဌာနဖြစ်ခြင်း။
    ၂။ မှီဝဲလိုသော စိတ်ရှိခြင်း။
    ၃။ မဂ်ခေါ်လိင်ဖြင့် လိင်ထဲသို့ သွင်းခြင်း။
    ၄။ သာဒိယနံ – သာယာခြင်း။ ဒီအင်္ဂါ (၄)ရပ်လုံးပြည့်စုံရင် ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။ ဒီလေးပါးထဲက အင်္ဂါတစ်ပါးပါး ချို့ယွင်းရင်တော့ ကံမထိုက်ပါ။ ဒါပေမဲ့ တစ်ပါးပါးကျုးလွန်မိရင် အကုသိုလ်အပြစ်လေးတော့ ဖြစ်ပါတယ်။ ”

    Again did mention following :-

    “စွယ်စုံကျော်ထင်ကျမ်းတွင် `မိစ္ဆာဖြစ်ဖွယ်၊ အိမ်ရှင်ဝယ်၊ လေးသွယ်ရှိ၏ အဘယ်နည်း´ဆိုတဲ့ ကြည့်ကန်ရှင်ကြီးရဲ့အမေးကို ကျီးသဲလေးထပ်ဆရာတော်က အောက်ပါအတိုင်း ဖြေတော်မူခဲ့ပါတယ်။

    ၁။ ကိုယ်ဝန် အလွန်ရင့်၍ မပြုသင့်တဲ့အခါ။
    ၂။ မိဘဆရာ သူတကာတို့ မြင်လောက်တဲ့နေရာမှာ ကျင့်တဲ့အခါ။
    ၃။ ကျင့်ရိုးကျင့်စဉ်မဟုတ်တဲ့ နည်းများဖြင့်ကျင့်တဲ့အခါ။
    ၄။ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်ပြီးကျင့်တဲ့အခါ မိမိမယားပင်ဖြစ်သော်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်တဲ့။”

    ွှအဲ့ ဒီလိုဆိုထားတော့. ကျီးသဲလေးထပ် ဆရာတော် မိန့်တော်မူတာ တစ်ချက်ညိစွန်းယုံနဲ့ ဘုန်းဘုန်းဆန်နီမင်း ပြောတဲ့ အချက်လေးချက် မပြည့်စုံသော်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပြီလား ။

    အဲ့ဒီ့မေးခွန်းလည်း ထပ်ဖြစ်လာပါတယ်။

    After all , I totally agree with you on “those divine rules are not appropriate to real world/circumstance.”.
    ွှ့thanks.

  • manawphyulay

    September 24, 2011 at 11:56 am

    အင်း… ဒါတွေဟာ လူတိုင်းသိထားသင့်တဲ့အရာတွေပါပဲ။ တချို့က သိရဲ့နဲ့ လွန်ကျူးနေကြတာလား။ မသိလို့လားဆိုတာတွေလည်း စဉ်းစားစရာတွေပါပဲ။ အမှန်တော့ လူတိုင်း
    ယနေ့ခေတ်လူငယ်များ ကာမကိစ္စကျုးလွန်တဲ့အခါ မိမိကျုးလွန်တဲ့လူဟာ ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက်ကို သေချာသိရှိနားလည်ဖို့အတွက် ကာမေသုမိစ္ဆာစာရကံ ထိုက်ကြောင်း အင်္ဂါလေးပါးကို ရေးသားတင်ပြပေးပါမယ်။

    ၁။ မသွားလာအပ်တဲ့ အရာဌာနဖြစ်ခြင်း။

    ၂။ မှီဝဲလိုသော စိတ်ရှိခြင်း။

    ၃။ မဂ်ခေါ်လိင်ဖြင့် လိင်ထဲသို့ သွင်းခြင်း။

    ၄။ သာဒိယနံ – သာယာခြင်း။ ဒီအင်္ဂါ (၄)ရပ်လုံးပြည့်စုံရင် ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။

    လေ့လာမှတ်သားပြီး လက်ဆင့်ကမ်း ပြောကြားစေချင်ပါတယ်။

  • ဆန်နီနေမင်း

    September 24, 2011 at 11:59 am

    အင်း ကျီးသဲလေးထပ်ဆရာတော်မိန့်ခဲ့တဲ့ အချက်လေးချက်က ကာမေသုမိစ္ဆာစာရကံထိုက်ကြောင်း အင်္ဂါလေးချက်ထဲက ပထမအချက်ကို အဓိကပြောတာပါ။ ဒီကာမေသုမိစ္ဆာစာရကံထိုက်မထိုက်ကိုလည်း ကျန်တဲ့အင်္ဂါသုံးချက်က သိသာပါတယ်။ ပထမအချက်သာ ယောင်းဝါးဝါးဖြစ်နေမှာဆိုးလို့ ဆရာတော်များ၊ အဋ္ဌကထာဆရာတော်များက ထပ်မံဖွင့်ပြခြင်း ဖြစ်ပါတယ်။

  • ဆန်နီနေမင်း

    September 24, 2011 at 12:01 pm

    ငါးပါးသီလကို မြတ်ဗုဒ္ဓဟောခဲ့တဲ့အတိုင်း ပါဠိတော်မှာဖတ်ချင်ရင် ဦးဇင်းရဲ့ ကာမေသုမိစ္ဆစာရကံအကျယ်ဖွင့်ဆိုချက် ကော်မန်းမှာ ပေးထားတာ ရှိပါတယ်။ အဲဒီမှာ အကျယ်တဝင့် လေ့လာပါလို့ ပြောပါရစေ။

Leave a Reply