အရုပ်ကလေးရဲ ့အတ္ထုပ္ပတိ

kyeyounglinSeptember 23, 20111min1103

တန်ဖိုးတော ့မရှိပါဘူး…
ဂုဏ်မရှိငွေမရှိ
ရာထူးအာဏာမရှိ
မရှိတာတွေပဲသူ ့မှာရှိတယ်…

သူ ့စိတ်ကတော ့
တစ်စုံတစ်ယောက်အတွက်
နှုတ်ဆိတ်ရင်း
အဖြည် ့ခံအဖြစ်ရပ်တည်
သာတယ်နာတယ်ဆိုတာမရှိ
ဒါလဲမရှိခြင်းတစ်မျိုးပဲလေ……

ဘာမှမရှိပါဘူး

ဘာမှလည်းမပြောတက်ဘူး…
ဒါပေမဲ ့ သူသိတယ်
အရုပ်ဆိုတာကစားဖို ့သက်သက်
သူ ့ဘဝသူနားလည်ပါတယ်တဲ ့…

သူ ့ကြောင့်စိတ်ကျေနပ်သွားရင်
ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပါစေ
ကျေနပ်စွာအမှိုက်ဖြစ်ခံမတဲ ့လေ…

သူ ့မှာလဲ ဆန္ဒတွေတော ့ရှိတာပေါ့…
သူ ့ဆန္ဒတွေကြောင့်
ပိုင်ရှင်လေးစိတ်ပျက်သွားမလား…
တွေးရင်းတွေးရင်း
သူဆွံအခဲ ့ရတာပါ…

ဘယ်သူကမှသူ ့ကြောင့်
မငိုကြွေးတက်တာကိုပဲ
ကျေးဇူးအထူးတင်ရင်း
အပြုံးတွေကိ်ုမွေးဖွား…
သူတာဝန်ကျေပါတယ်တဲ ့…

မင်းတော ့မသိဘူးအရုပ်ကလေးရေ…
အချစ်ကြောင့်အရုပ်ဖြစ်ခဲ ့တဲ ့ငါ
ဒဏ်ရာတွေကိုသာထွေးပိုက်
မျက်ရည်နဲ ့ခရီးဆက်ရင်း
သူထားခဲ ့တဲ ့နေရာဟောင်းမှာ
အပြုံးစစ်ဆိုတာမရှိတော ့ပါဘူးကွာ… … …။ ။

1း00 (PM)
30.3.2010
ကြယ်ရောင်လင်း

3 comments

  • Shwe Ei

    September 23, 2011 at 4:30 pm

    အသည်းကွဲနေတာများလား။

  • mandalarthu

    September 23, 2011 at 8:22 pm

    အဖြည် ့ခံအဖြစ်သူ ့စိတ်ထဲခံစားနေရတာ ထင်တယ်။

  • kyeyounglin

    September 23, 2011 at 9:36 pm

    အရုပ်ကလေးရဲ ့အဖြစ်ကို ကိုယ်ချင်းစာမိလို ့ရေးထားတဲ ့ကဗျာပါခင်ဗျာ
    အားပေးလို ့ကျေးဇူးတင်ပါတယ်………………………..

Leave a Reply