အမေကို သတ်နေပြီလား(သို့) သို့တည်းမဟုတ်

flytigerSeptember 23, 20113min357


မြန်မာပြည်ဟာ ဧရာဝတီကို အမှီပြု ၊

မြန်မာပြည်ဟာ ဧရာဝတီကို အားကိုး ၊

မြန်မာပြည်မှာ ဧရာဝတီဟာ အသက် ၊

ဧရာဝတီမှာ ခင်ကြ ၊

ဧရာဝတီမှာ လွမ်းကြ ၊

ဧရာဝတီမှာ ညားကြ ၊

ဧရာဝတီမှာ ပျော်ကြ ၊

ဧရာဝတီမှာ ရွှင်ကြ ၊

ဧရာဝတီဟာ ပြည်မြန်မာရဲ့ အသက် ၊ ဝိဉာဉ် ၊ အသဲ ၊ နှလုုံးသား။  ။

အာဏာရှင် စစ်အစိုးရရဲ့

အငွေ့အသက်တွေ မကုန်တတ်သေးလို့

အမေဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

အာဏာရှင် လက်သစ်အဖြစ်

သမိုင်းမှာ မှားယွင်းစွာ ရှင်သန်ချင်လို့

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

ငါ့လက်ထက်မှာ ငါ့အာဏာကို

ငါသာပိုင်တယ် ငါဆိုင်တယ်ဆိုပြီး

အတ္တဘီလူးရဲ့ အစွယ်ပြူးသော ဒေါသထွက်သံတွေနဲ့

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

ရှေ့ကဆင်းသွားရှာတဲ့ စစ်အာဏာရှင်တို့ရဲ့

အချုပ်အချယ်က မလွတ်သေးလို့

ရုပ်သေးဘဝနှင့် ကြိုးဆွဲရာ ကနေရတဲ့ အဖြစ်ကြောင့်

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

စစ်အာဏာရှင်တို့ အဖေခေါ်ခဲ့တဲ့

တရုတ်(ကွန်မြူနစ်)ရဲ့ ဩဇာသက်ရောက်မှု

အရှိန်မကုန်သေးလို့ မနှုန့်နှေးပဲ လက်ရဲ ဇက်ရဲနဲ့

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

ရက်စက်မှု အရည်အချင်းတွေကို

အသင်တို့ရဲ့အထံမှ ခဝါမချရသေးလို့

တိုင်းပြည်နဲ့ ပြည်သူကို မငဲ့ပဲ

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

အသင်တို့ကို အသင်တို့

ပြည်သူကပေးတဲ့ မဲဆန္ဒနှင့် ဒီမိုကရေစီ အမည်ခံတဲ့

အာဏာရှင်စနစ်နဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

ပြည်သူတွေရဲ့ ဘဝအိုးအိမ်ကို ချုးိနှိမ်ပြီး

ကျုးိနိမ်ကျသွားမှ အုပ်စိုးလို့နိုင်မှာ ထင်ပြီး

ပြည်သူ့ဆန္ဒကို ပစ်ပယ်လျှက်

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

ချူချာမှုတွေ ပြည်လျှမ်းနေတဲ့

ပြည်သူတွေကို မကြည့်ရက်လို့

မွဲပြာကျစေခြင်းငှာ

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သတ်…နေ…ခြင်း…လော ။

သတ်….နေ….ခြင်း….လော ။

“အမေဧရာဝတီ”

ရှည်စွာအသက် ၊ တည်ရှိလျှက်နှင့်

ပြည်သူတွေဟာ ၊ ဧရာအမေ

မပျက်စီးဆင်း ၊ သွားနေခြင်းကို

မြတ်ခြင်းနိုးခြင်း ဖြစ်မိ၏ ။ ။

ဧရာအမေ…..

အရှည်အခန့် ၊ ခရီးဆန့်လျှက်

သန့်ပြန့်တည်ကြည် ၊ မြန်မာပြည်ကို

ရီရီပြုံးပြုံး ၊ ရွှင်နှလုံးနှင့်

စားသုံးဖို့ရန် ၊ ဝတ်ဆင်ရန်နှင့်

နေရန်ထိုင်ရန် ၊ လှူဒါန်းရန်နှင့်

မာရန်သာရန် ၊ လန်းဖြာရန်နှင့်

ပျော်ရန်ရွှင်ရန် ၊ သက်ရှည်ရန်နှင့်

ချစ်ရန်ခင်ရန် ၊ ကြင်နာရန်နှင့်

ရန်ပေါင်းများစွာ ၊ သင် စွမ်း ပြီးပြ

သင်လုပ်ပြ၏ ။  ။

သင့်ဘဝကို ၊ သင်ကမကြည့်

သင်မငြိပဲ ၊ ရွှင်မြဲပျော်မြဲ

ဝမ်းသာမြဲနှင့် ၊ လူထဲရှင်ထဲ

သင့် အသဲကို ၊ အမြဲဝေငှ

သင်ပေးရ၏ ၊ သင်က တို့ရဲ့ သူရဲကောင်း (ထာဝရအမေ) ။  ။

ဧရာအမေ…..

လှိုင်းတွေကထန် ၊ လေကသန်နှင့်

ကမ်းယံကျော်လျက် ၊ ရေလွှမ်းတက်လည်း

မပျက်စိတ်ဓာတ် ၊ သင့်လုပ်ရပ်ကို

တို့ရပ်တို့သား ၊ တို့မျိုးများက

စိတ်ထားဖေါက်ပြန် ၊ သင့်ကိုရန်ပြု

အံမတုပဲ ၊ ပျော်မြဲရွှင်မြဲ

ဝမ်းသာမြဲပဲ ။  ။

ဘာလဲ ဘာကြောင့် ၊ အမေးထောင့်သော်

တို့နော်နေရာ ၊ ကုန်းမြေမှာဖြင့်

အသင့်မေတ္တာ ၊ နုန်းမြေလွှာတို့

သေချာရစ်တက် ၊ ကျန်ခဲ့ချက်ကြောင့်

ထိုအထက်ပေါ်မှာ ၊ တို့ဝမ်းစာအတွက်

ပြောင်း ဝါ နှမ်း ပဲ ၊ စိုက်ပျုးိမြဲမို့

အမြဲဦးတင် ၊ နေ့စဉ်ဦးချ

ဝမ်းမြောက်ကြသည် ၊ သင်ကတို့ရဲ့ လူစွမ်းကောင်း(ထာဝရအမေ) ။  ။

အသင့်မေတ္တာ ၊ စေတနာသည် ၊ ကမ္ဘာပေါ်မှာ ၊ ပုံပမာမဲ့ ၊ နှိုင်းရာမဲ့မို့ ၊

မတဲ့မတော် ၊ လွဲကာချော်လျှက် ၊ တင်ပြချက်တို့ ၊ မပျက်တို့မှာ ၊

ရှိနေပါသော် ၊ သင်ဟာ

အမေကို သတ်နေပြီလား(သို့) သို့တည်းမဟုတ်

မြန်မာပြည်ဟာ ဧရာဝတီကို အမှီပြု ၊

မြန်မာပြည်ဟာ ဧရာဝတီကို အားကိုး ၊

မြန်မာပြည်မှာ ဧရာဝတီဟာ အသက် ၊

ဧရာဝတီမှာ ခင်ကြ ၊

ဧရာဝတီမှာ လွမ်းကြ ၊

ဧရာဝတီမှာ ညားကြ ၊

ဧရာဝတီမှာ ပျော်ကြ ၊

ဧရာဝတီမှာ ရွှင်ကြ ၊

ဧရာဝတီဟာ ပြည်မြန်မာရဲ့ အသက် ၊ ဝိဉာဉ် ၊ အသဲ ၊ နှလုုံးသား။  ။

အာဏာရှင် စစ်အစိုးရရဲ့

အငွေ့အသက်တွေ မကုန်တတ်သေးလို့

အမေဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

အာဏာရှင် လက်သစ်အဖြစ်

သမိုင်းမှာ မှားယွင်းစွာ ရှင်သန်ချင်လို့

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

ငါ့လက်ထက်မှာ ငါ့အာဏာကို

ငါသာပိုင်တယ် ငါဆိုင်တယ်ဆိုပြီး

အတ္တဘီလူးရဲ့ အစွယ်ပြူးသော ဒေါသထွက်သံတွေနဲ့

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

ရှေ့ကဆင်းသွားရှာတဲ့ စစ်အာဏာရှင်တို့ရဲ့

အချုပ်အချယ်က မလွတ်သေးလို့

ရုပ်သေးဘဝနှင့် ကြိုးဆွဲရာ ကနေရတဲ့ အဖြစ်ကြောင့်

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

စစ်အာဏာရှင်တို့ အဖေခေါ်ခဲ့တဲ့

တရုတ်(ကွန်မြူနစ်)ရဲ့ ဩဇာသက်ရောက်မှု

အရှိန်မကုန်သေးလို့ မနှုန့်နှေးပဲ လက်ရဲ ဇက်ရဲနဲ့

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

ရက်စက်မှု အရည်အချင်းတွေကို

အသင်တို့ရဲ့အထံမှ ခဝါမချရသေးလို့

တိုင်းပြည်နဲ့ ပြည်သူကို မငဲ့ပဲ

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

အသင်တို့ကို အသင်တို့

ပြည်သူကပေးတဲ့ မဲဆန္ဒနှင့် ဒီမိုကရေစီ အမည်ခံတဲ့

အာဏာရှင်စနစ်နဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

ပြည်သူတွေရဲ့ ဘဝအိုးအိမ်ကို ချုးိနှိမ်ပြီး

ကျုးိနိမ်ကျသွားမှ အုပ်စိုးလို့နိုင်မှာ ထင်ပြီး

ပြည်သူ့ဆန္ဒကို ပစ်ပယ်လျှက်

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သို့တည်းမဟုတ်…..

ချူချာမှုတွေ ပြည်လျှမ်းနေတဲ့

ပြည်သူတွေကို မကြည့်ရက်လို့

မွဲပြာကျစေခြင်းငှာ

အမေ ဧရာဝတီကို သတ်နေခြင်းလော ။

သတ်…နေ…ခြင်း…လော ။

သတ်….နေ….ခြင်း….လော ။

“အမေဧရာဝတီ”

ရှည်စွာအသက် ၊ တည်ရှိလျှက်နှင့်

ပြည်သူတွေဟာ ၊ ဧရာအမေ

မပျက်စီးဆင်း ၊ သွားနေခြင်းကို

မြတ်ခြင်းနိုးခြင်း ဖြစ်မိ၏ ။ ။

ဧရာအမေ…..

အရှည်အခန့် ၊ ခရီးဆန့်လျှက်

သန့်ပြန့်တည်ကြည် ၊ မြန်မာပြည်ကို

ရီရီပြုံးပြုံး ၊ ရွှင်နှလုံးနှင့်

စားသုံးဖို့ရန် ၊ ဝတ်ဆင်ရန်နှင့်

နေရန်ထိုင်ရန် ၊ လှူဒါန်းရန်နှင့်

မာရန်သာရန် ၊ လန်းဖြာရန်နှင့်

ပျော်ရန်ရွှင်ရန် ၊ သက်ရှည်ရန်နှင့်

ချစ်ရန်ခင်ရန် ၊ ကြင်နာရန်နှင့်

ရန်ပေါင်းများစွာ ၊ သင် စွမ်း ပြီးပြ

သင်လုပ်ပြ၏ ။  ။

သင့်ဘဝကို ၊ သင်ကမကြည့်

သင်မငြိပဲ ၊ ရွှင်မြဲပျော်မြဲ

ဝမ်းသာမြဲနှင့် ၊ လူထဲရှင်ထဲ

သင့် အသဲကို ၊ အမြဲဝေငှ

သင်ပေးရ၏ ၊ သင်က တို့ရဲ့ သူရဲကောင်း (ထာဝရအမေ) ။  ။

ဧရာအမေ…..

လှိုင်းတွေကထန် ၊ လေကသန်နှင့်

ကမ်းယံကျော်လျက် ၊ ရေလွှမ်းတက်လည်း

မပျက်စိတ်ဓာတ် ၊ သင့်လုပ်ရပ်ကို

တို့ရပ်တို့သား ၊ တို့မျိုးများက

စိတ်ထားဖေါက်ပြန် ၊ သင့်ကိုရန်ပြု

အံမတုပဲ ၊ ပျော်မြဲရွှင်မြဲ

ဝမ်းသာမြဲပဲ ။  ။

ဘာလဲ ဘာကြောင့် ၊ အမေးထောင့်သော်

တို့နော်နေရာ ၊ ကုန်းမြေမှာဖြင့်

အသင့်မေတ္တာ ၊ နုန်းမြေလွှာတို့

သေချာရစ်တက် ၊ ကျန်ခဲ့ချက်ကြောင့်

ထိုအထက်ပေါ်မှာ ၊ တို့ဝမ်းစာအတွက်

ပြောင်း ဝါ နှမ်း ပဲ ၊ စိုက်ပျုးိမြဲမို့

အမြဲဦးတင် ၊ နေ့စဉ်ဦးချ

ဝမ်းမြောက်ကြသည် ၊ သင်ကတို့ရဲ့ လူစွမ်းကောင်း(ထာဝရအမေ) ။  ။

အသင့်မေတ္တာ ၊ စေတနာသည် ၊ ကမ္ဘာပေါ်မှာ ၊ ပုံပမာမဲ့ ၊ နှိုင်းရာမဲ့မို့ ၊

မတဲ့မတော် ၊ လွဲကာချော်လျှက် ၊ တင်ပြချက်တို့ ၊ မပျက်တို့မှာ ၊

ရှိနေပါသော် ၊ သင်ဟာ ခွင့်လွှတ်နိုင်ပါစေ ။ ။

အမေဧရာ ၊ နှစ်များစွာ ၊ ရှည်စွာ အသက်ဖြစ်စေသော် ။ ။ အန္တရာယ်ကင်း ၊ ရန်စွယ်ရှင်း ၊ ဝမ်းသာခြင်းနှင့် ပြည့်စေသော် ။  ။ လူမိုက်အန္တရာယ် ၊ မြန်မြန်ကွယ် ၊ သင့်ဝယ်မရောက်ပါစေသော် ။  ။

*******     *******     *******     *******     *******     ******

ခွင့်လွှတ်နိုင်ပါစေ ။ ။

အမေဧရာ ၊ နှစ်များစွာ ၊ ရှည်စွာ အသက်ဖြစ်စေသော် ။ ။ အန္တရာယ်ကင်း ၊ ရန်စွယ်ရှင်း ၊ ဝမ်းသာခြင်းနှင့် ပြည့်စေသော် ။  ။ လူမိုက်အန္တရာယ် ၊ မြန်မြန်ကွယ် ၊ သင့်ဝယ်မရောက်ပါစေသော် ။  ။

*******     *******     *******     *******     *******     ******

7 comments

  • ကြောင်ကြီး

    September 24, 2011 at 11:23 am

    ရှည်လွန်းသကွယ်
    ဧရာဝတီမြစ်ကြီးက..
    မဖက်နိုင်တော့ဘူး
    သစ်တုံးကြီးကို..
    မျက်လုံးပြာလာပြီ
    ဘလူးကားစွဲနေလို့..
    အသက်ရှုလည်းကျပ်
    အောက်မှာနေရတဲ့ဘဝ..
    တော်ပြီကွယ်
    စိတ်ဆိုးလည်းခံမယ်..
    အေပေးတရုတ်
    လာမရှုပ်နဲ့
    ဧရာဝတီ
    ဘာမထီဟေ့..။

  • flytiger

    September 24, 2011 at 2:16 pm

    ကဗျာက အဲသလောက်မရှည်ဘူးဗျ။ ကော်ပီနှစ်ခါယူရက်ဖြစ်သွားလို့ ရှည်သွားတာပါ။ သည်းခံပေးကြပါ။ ရေးချင်ပါသေးတယ်။ ဧရာဝတီကို ဒီလောက်ဖွဲ့ရုံနဲ့ လုံလောက်မယ်မထင်သေးပါ။ ဧရာဝတီ ပျက်ရင် ပြည်မြန်မာလည်း ပျက်မှာပဲ။ ဒါကိုတော့ ဧရာဝတီကို စော်ကား မော်ကားပြုနေကြတဲ့ သူတွေ သိပါစေလို့ မြင်ပါစေလို့ သဘောထားပြီး ရေးတင်လိုက်တာပါ။ ရွှင်လန်းပါစေ ဧရာဝတီ။

  • zawthulay

    September 24, 2011 at 4:51 pm

    ဟုတ်တယ်အကိုရေ့ .. ဒီဧရာဝတီကို ဖျက်မှတော့ မြန်မာပြည်သူတွေရဲ့အသက်သွေးကြောကို ဖျက်ရာကြ တော့မှာပေါ့… ထင်တိုင်းကြဲနေကြတော့တာပါဘဲနော်.. ဘယ်တော့မှ ထင်တိုင်းကြဲတာရပ်မလဲ မသိဘူးနော်

  • lionking

    September 24, 2011 at 8:00 pm

    ဧရာဝတီကို သတ်နေကြပြီ လို့ရေးတော့ ငယ်ငယ်ကသင်ခဲ့ ဘူးတဲ့ ကဗျာလေးအမှတ်ရမိတယ်။
    မြစ်ဧရာ
    မြသားငယ်တဲ့ ရေယမုံ
    ငွေလှိုင်းတွေဖြူစွာနဲ့
    မြစ်ဧရာနဒီကြော
    မျောကြဒိုက်ပုံ
    ကျူဝါးရုံ တူစုံကွဲ့ ဖော်နှော
    ဗုံမတီးရယ်နဲ့ ငှက်ကြီးရွှေဝန်ဖိုတို့
    ဝဲခိုလို့မျော။ ။ ဒီအတိုင်း သင်ခဲ့ရတယ်။ မှတ်ပါတယ်ဗျာ။ မှားရင် ပြင်ပြီးသာ ဖတ်ကြပါတော့။ ဧရာဝတီဟာ မြန်မာပြည်ရဲ့ အရှင်သခင် ဘယ်တော့မဆို ထာဝရအရှင်သခင်ဖြစ်ပါစေ။

  • lionking

    September 26, 2011 at 2:47 pm

    flytiger ကသာ အမေကိုသတ်နေပြီလား မေးနေတာ ။ ဟိုက အကြီးအကဲကဖြင့် ဧရာဝတီစီမံကိန်းကို တစက်မှ အလျှော့မပေးပဲ ပြည်သူတွေရဲ့ ဆန္ဒကို သွေဖည်ပြီး လုပ်ချင်တိုင်းလုပ်မယ်ဆိုတဲ့ ပုံပဲဗျ။ ဘာတဲ့ ဘာမှမဆိုင်တာတွေဖြစ်တဲ့ ရွှေမှော်တို့ ကျောက်မှော်တို့ကြတော့ သွားပြီးအပြစ်တင်နေတယ်ဗျ။ ကြွက်မနိုင် ကျီပါမီးနဲ့ ရှို့ချင်နေတဲ့ရှိတယ်ဗျို့။ လွတ်မြောက်ပါစေ ဧရာဝတီ။

  • mggwa

    September 26, 2011 at 4:30 pm

    ကုလားမလေး (ဧရာဝတီ)ကို တရုတ်ကြီးနဲ့ ဗမာကြီးတွေ ဝိုင်းအနိုင်ကျင့်တော့မှာပေါ့။ ကယ်တင်ကြပါ။

  • ရွှေဘိုသား

    September 26, 2011 at 4:46 pm

    ငါ. ငါးတွေကိုစားပါ
    ငါ.ရေကို သောက်ပါ
    ငါ.နုန်းမြေတွေနဲ. စိုက်ပါ ပျိုးပါ
    တစ်ခုတော. တောင်းဆိုမယ် ငါ.ခေါင်းထဲကို ကွန်ကရစ်တွေ ရိုက်မထည်.ပါနဲ.

Leave a Reply