မန်းဂေဇက်မှ သူငယ်ချင်းများအားလုံး ကျမ်းမာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

လူဆိုတာပတ်ဝန်းကျင်ကိုအလှဆင်ရပါတယ် ကိုယ့်ပတ်ဝန်းကျင်မှာဘယ်သူတွေဘာတွေခံစားနေရ

သလဲ ဘယ်ဘ၀ရောက်နေလဲ ဘာတွေဖြစ်နေသလဲ သိဖို့လိုပါတယ် ဘယ်လိုကူညီရမလဲ

ဘယ်လိုဖြေရှင်းပေးရမလဲ  လူဆိုတာ လူ့ပတ်ဝန်းကျင်မှာ လူ့ကျင့်ဝတ်နှင့်ညီအောင်နေနိုင်ရပါမယ်

ဘာသာတရားဆိုတာ လူတွေကိုထိမ်းချုပ်ထားတဲ့ဥပဒေ ပြဌါန်းချက်ကြီးတစ်ခုပါ

ဘာသာတရားတိုင်းက လူတစ်ဦးစီတိုင်းကောင်းဖို့ ညွန်ကြားထားတဲ့လမ်းညွန်ချက်ကြီးတွေပါ

လူဆိုတာ ကိုက်လုပ်လိုက်တဲ့လုပ်ရပ်တစ်ခုဟာ ပတ်ဝန်းကျင်ကိုထိခိုက်သလား တရားတော်နှင့်

ဆင့်ကျင်သလား ကိုယ့်အတွက်ကောအကျိုးရှိလား အများအတွက်ကောအကျိုးရှိလား–

ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်ဟာ တရားတော်နှင့်လဲမဆန့်ကျင်ဘူး အများတွက်လဲ အကျိုးသက်ရာက်

တယ်ဆိုရင် ကောင်းသောလုပ်ရပ်လေးပါ

တရားတော်နှင့်တော့မဆန့်ကျင်ဘူး အများကိုထိခိုက်စေတယ်ဆိုရင် တော့ မကောင်းတဲ့လုပ်ရပ်လေးပါ

တို့လူသားတွေဟာ အများအတွက်အသက်ရှင်နေရတာပါ စီးပွားရှာတာကလဲ သားသမီးတွေအတွက်ပါ

ဒီလိုဘဲ လိုဆိုတာဆင့်ကဲဖြစ်စဉ်ထဲမှာ ကြီးပြင်းနေကြရတာပါ

ဒီသားသမီးတွေကလဲ စီးပွားတွေ ပညာတွေ ရှာကြရအုံးမှာ  သူတို့သားသမီးလေးတွေအတွက်လေ

အိမ်တောင်ရှင်တွေကလဲ ဘာမှသွေးမတော် စပ်တဲ့ဇနီး/ခင်ပွန်းတွေကို အသက်ပေးမတတ်ချစ်တယ်ဆိုပြီး ပြုစု ယုယ ကြင်နာ နေကြရတယ်

ဒါတွေယာဘာတွေလဲ သဘာဝတရားကပေးတဲ့ ဆင့်ကဲဖြစ်ရပ်တွေပါ

ဒီလိုအကြင်နာ တရားတွေပါမလာကြဘူးဆိုရင် လူတွေ လူညွန့်တုံးကုန်တာ ကြာလှပေါ့

ဒါကြောင့် ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်တွေဟာ အများအတွက်ဖြစ်ချင်ပါတယ် ကျွန်တော့ဆန်ဒပါ

ကျွန်တော့တို့တွေဟာ တစ်နေ့တော့ ဘယ်ကိုမှန်းမသိတဲ့ နေရာတွေကိုအသီးသီးပြန်ကြရမှာပါ

ဒီတိုတောင်းလှတဲ့လူ့ဘ၀လေးမှာ တစ်ဦးတစ်ဦး လှပတဲ့နှလုံးသားနဲ့ကြည့်ပြီး

ပတ်ဝန်းကျင်ကိုအလှဆင်နိုင်ကြပါစေလို့ ———————————–

ဂျိတ်တောသားငထွား

About kyawkyaw11

has written 26 post in this Website..