မောင်မိုးပြာ၏ဆရာ ဘာကြောင့် ပြာ

ပစ္စုန္နကမ္မဝါဒဗုဒ္ဓဘာသာဆိုပြီး ထေရဝါဒဗုဒ္ဓဘာသာအဖြစ်မှ ခွဲထွက်ခဲ့ သူ ဆရာတော် အရှင်ဉာဏ(လူတို့ ခေါ်ဝေါ်သမုတ်ကြသော မိုးပြာဂိုဏ်း)၏

ဖြစ်ရပ်မှန်ကို အမှန်ကျ သိရှိနိုင်စေရန်အတွက် ဘာ့ကြောင့် ပစ္စုပ္ပန္နကမ္မဝါဒ ဗုဒ္ဓဘာသာဟူ၍ ပေါ်ပေါက်လာရပုံကို တင်ပြလိုက်ပါသည်။

အမှန်တရားကို သိရှိပြီး လောကငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ရည်မျှော်ပါသည်။

 

ဓမ္မဝိဟာရီ ကြေငြာစာတမ်း

ကျွန်ုပ်တို့သည် (၁၃၄၄ ခု ပြာသိုလ်လဆုပ် ၁၃ ရက်) ၁၀-၂-၈၃ ည (၁ဝး၃၀) နာရီအချိန်၌ ဓမ္မဝိဟာရီအဖြစ် ရောက်ခဲ့ကြပါသည်။

ကျွန်ုပ်တို့နှင့် စပ်လျှဉ်း၍ တာဝန်ရှိသူများ ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်နိုင်ကြရန် ဤကြေငြာစာ တန်းကို ထုတ်ပြန်ရခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ပြီးခဲ့သောအချိန်များက ထေရဝါဒဗုဒ္ဓဘာသာ ဘုန်းကြီး ဘဝ၌ မထေရ်နှင့် မဟာထေရ်များအဖြစ် ရောက်အောင်နေထိုင်ခဲ့ကြပြီး ပရိ ယတ်၊ပဋိပတ် နှံ့စပ်ကြိုးကုတ် အားထုတ်ခဲ့ကြသဖြင့် အရိယာအဖြစ် ကောင်း စွာရောက်ရှိခဲ့ကြပြီးသူများ ဖြစ်ကြပါသည်။ ထိုအချိန်က ကျွန်ုပ်တို့သည် ဉာဏ်မျက်စေ့များ၌ ထေရဝါဒ ဗုဒ္ဓဘာသာအတွင်းဝယ် တရားတော်ယောင် ဆောင်ပြီး တရားတော်ကို ဖျက်ဆီးနေကြသော တရားမဟုတ်သောတရား များ မင်းမူနေကြသည်ကို ပြက်ပြက်ထင်ထင် သိမြင်နေကြရပါသည်။

ထိုသို့ဖြစ်သော်လည်း ထိုအချိန်က ကျွန်ုပ်တို့သည် သံဃာ့ဘောင်၌ ဝိနိစ္ဆယများမရှိဘဲ ဖရိုဖရဲ ပြိုကွဲပျက်စီးနေသဖြင့် သံဃာကို မည်သို့မျှ မပြု ပြင်နိုင်ဘဲ ပုဂ္ဂလလုပ်ငန်းဖြင့် အချိန်ကြာမြင့်စွာ စခန်းသွားနေရပါသည်။ မြန် မာ့ဆိုရှယ်လစ်သမ္မတအစိုးရတက်ပြီးချိန်၌ ကျွန်ုပ်တို့သည် မြန်မာ့သံဃာများ သက်ဝင်လှုပ်ရှားလာသဖြင့် ပြုပြင်ရေးလုပ်ငန်းများ အစပြုကြရပါသည်။

“နိုင်ငံတော် သံဃာ့မဟာနာယကသို့ ရှေ့-နောက် ဘဝ ရှိ မရှိအယူ ဘဝအမြင်မှားများနှင့် ရုပ်နာမ်လောက မြဲ မမြဲအယူ လောကအမြင်မှားများ ဤအမြင်မှားနှစ်ပါး ဖယ်ရှားပေးရန် လျှောက်ထားတောင်းဆိုခဲ့ကြခြင်းဖြစ် ပါသည်။ ဤသို့ လျှောက်ထားတောင်းဆိုခြင်းသည် အရိယာများအဖြစ်ဖြင့် လျှောက်ထားတောင်းဆိုခြင်းဖြစ်ကြောင်း အလေးအနက် သက်သေပြ လျှောက်ထားတောင်းဆိုခဲ့ကြခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့သည် နိုင်ငံတော် သံဃာ့မဟာနာယက ဖွဲ့စည်းပေးသော ဝိနိစ္ဆယက “တရားရပြီ” ဟု ပြောသည်မှာ လိမ်ညာခြင်းသာဖြစ်ကြောင်း ဝိနိစ္ဆယ အပြုခံရပြီး ရဟန်းအဖြစ်မှ ပထုတ်ခံခဲ့ကြရပါသည်။ ကျွန်ုပ်တို့က လည်း ကျွန်ုပ်တို့အား စွပ်စွဲသော ထေရဝါဒသံဃာသည် အရိယူပဝါဒကံ ထိုက်ပြီဖြစ်၍ ကံထိုက်သူများကို စွန့်ပစ်ရမည်ဟု ဆုံးဖြတ်ကြပြီး ထေရဝါဒ သံဃာကို စွန့်ပစ်ခဲ့ကြပါသည်။

ကျွန်ုပ်တို့်သည် ဤသို့ ထေရဝါဒကို စွန့်ပစ်ကြသော်လည်း လူ့ဘောင် လူ့ဘဝသို့ လူ့အသွင်သဏ္ဋာန် လူပုံဟန်များဖြစ့် နေထိုင်ရန် မဖြစ်နိုင်တော ့ သူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ရရှိပြီးသော တရားဓမ္မများသည် ကျွန်ုတို့ကို လူလိုဝတ်၊ လူလိုနေ၊ လူလိုစား၊ လူလိုသွားပြီး လူလိုပြောဆို လုပ်ကိုင်ရန် အ ခွင့်မရ ရှိကြပါသည်။ ထို့ကြောင့် လောကီလူမှုဘဝမျာနှင့် အသီးအခြားဖြစ် သော ကျွန်ုပ်တို့တရားဓမ္မက ခွင့်ပြုသည့် ဝတ်စားနေထိုင် လုပ်ကိုင်ပြောဆိုမှု ရှိသူ ဓမ္မဝိဟာရီများအဖြစ် ရပ်တည်နေထိုင်ခဲ့ကြပါသည်။ ကျွန်ုပ်တို့၏ ရပ်တည်နေထိုင်မှုကို တာဝန်ရှိသူများ ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်ကြစေရန် ဖော် ပြကြေငြာရပါသည်။

ဤကြေငြာချက်သည် ဓမ္မဝိဟာရီများကို တစ်စုံတစ်ခုသော အတိုင်းအ တာထိ ပေါ်လွင်စေခဲ့ပါသည်။ ဤဖော်ပြချက်အရ ဓမ္မဝိဟာရီတို့က သူတို့ကိုယ် သူတို့  သာမညဖြစ်သောသဘောမျှကို ဆောင်သူ သာမညများမျှဖြစ်ကြောင်း ပြောဆိုကြသော်လည်း ယနေ့ လောကရှိ လူတို့ အမြင်၌  သာမည၏ပြောင်းပြန်ဆန့်ကျင်ဘက် အဓိကပုဂ္ဂိုလ်(သို့မဟုတ်) ဝိသေသပုဂ္ဂိုလ်အဖြစ် မြင်ကြရဘွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ လောက၌ သာမညသဘောကိုဆောင်သူ သာမညပုဂ္ဂိုလ်တို့၏ အတွေးအ ခေါ် အသိအမြင်သည် အမှန်တကယ်ရှိနေသည်နှင့် တစ်ထပ်တည်းကျကြ သည်။ ထို့ပြင် အပြောအဆိုသည်လည်း အတွေးအခေါ် အသိအမြင်နှင့် တစ်ထပ်တည်းကျကြသည်။ အပြုအမူ အနေအထိုင်သည်လည်း အပြောအဆိုနှင့် တစ်ထပ်တည်းကျကြသည်။ ဤသို့ဖြစ်မှသာ ကမာ္ဘလောကရှိ အမှန်အကန်ဖြစ်ကြသူအားလုံးနှင့် တစ်ထပ်တည်းရှိသူ သာမညများအဖြစ် ရောက်နိုင်သောကြောင့်ဖြစ်ပါသည်။

သာမညသည် အရှိကို အရှိအတိုင်းသာသိသူ၊ အရှိထက် အပိုအလွန် တို့အား မသိနိုင်သူ၊ အရှိအတိုင်းသာ ပြောသူ၊ ပြုလုပ်သူ၊ အရှိထက်လွန် အောင်လည်းကောင်း၊ ပိုအောင်လည်းကောင်း၊ မပြောနိုင်၊ မပြုနိုင်သောသူ ပုဂ္ဂိုလ်ဧကန်ဖြစ်သည်။ သာမာန်မျှဖြစ်၍ သာမညဖြစ်သော်လည်း ယနေ့ လောကရှိသူများသည် ဤသို့ သာမာန်ဖြစ်ရန်ကိုပင် မလွယ်၊ မတတ်နိုင် အောင် ရှိပေသည်။ ထို့ကြောင့် ဓမ္မဝိဟာရီသည် သာမညဖြစ်သော်လည်း လူတို့အမြင်၌ အတုမရှိ၊ အတူမရှိ၊ ပြိုင်ဘက်ကင်းအောင် အဓိကသဘော ဝိသေသသဘောဆောင်သူများ ဖြစ်နေကြရသည်။

ယနေ့ လောကရှိ လူများတို့၏ အပြုအမူ၊ အပြောအဆို၊ အကြံအစည် များသည် အမှန်တကယ်ရှိသည်နှင့် ကင်းလွတ်လျှက်ရှိနေကြသည်။ ဓမ္မဝိဟာရီတို့သည် ထိုသို့သောသူများနှင့် မတူကွဲပြား ခြားနားမှု ဝိသေသ ရှိနေပါသည်။ ထို့ကြောင့် ဓမ္မဝိဟာရီတို့သည် ထိုသို့သောသူတို့နှင့် မတူသော သူများနှင့်သာ တူသည့်သူများဖြစ်ကြပါမည်။ ထို့ကြောင့် ဓမ္မဝိဟာရီတို့သည် အမှန်တရား၏ အဓိကဗဟိုမဏ္ဍိုင်ဖြစ်ပါသည်။ ဤသို့ဖြစ်သောကြောင့် အကျိုးများရေး၊ အစီးအပွားဖြစ်ရေး၊ ငြိမ်းချမ်းရေးကို တည်ဆောက်နေကြ သော အများပြည်သူတို့သည် ဓမ္မဝိဟာရီများကို သိရှိအပ်ပေသည်။ လေ့လာ အပ်ပေသည်။

ဤသို့အမှုများပြုနိုင်ရန် ဓမ္မဝိဟာရီတို့၏ အတိတ်သမိုင်းရေးရာသည် အရေးပါလှသည်။ အတိတ်မှကင်းကွာ၍ သိရှိအပ်သော ပစ္စုပ္ပန်ဖြစ်ရပ်သည် အကယ်မရှိနိုင်သောအကြောင်းဖြစ်သည်။ ဓမ္မဝိဟာရီများကို အပြည့်အစုံသိ မြင်ရန် ဓမ္မဝိဟာရီတို့၏ အတိတ်ဖြစ်ရပ်သမိုင်းသည် မပါလျှင်မပြီးသောအရာ ဖြစ်သည်။ ဓမ္မဝိဟာရီတို့၏ အတိတ်သမို်င်းသည် ဓမ္မဝိဟာရီတို့၏ အကြောင်းရင်းဇစ်မြစ်ပင်ဖြစ်သည်။ ဤအရာကိုပင် ဓမ္မဝိဟာရီနိဒါန်းဟူ၍ ဥဒါန်းပြုအပ်ပါသတည်း။

 

သာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာ

 

ဆက်ကပ်ရန်

ဥက္ကဋ္ဌ

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဌာနချုပ်

ဇမ္ဗူဒီပကျောင်းဆောင်၊ ကမာ္ဘအေးကုန်းမြေ

ရန်ကုန်မြို့

နေ့စွဲ        –      – ၁၉၈၃

 

အကြောင်းအရာ။      ။သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာပါ

ဘုရား။

မြန်မာနိုင်ငံ သံဃာ့အဖွဲ့အစည်း ဝိနည်းဓမ္မကံမှုခင်းဆုံးဖြတ်ရေး လုပ်ထုံးအပိုဒ်(၆၀)အရ သာသနာတော်၏ ဓမ္မကံအညစ်အကြေးများကို ဖယ်ရှားသုပ်သင်ပေးရန် လေ       ျှာက်ထားတောင်းဆိုအပ်ပါသည် ဘုရား။

ဤသာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာ မိတ္တူများကို တပည့်တော်တို့နေရာ ရပ်ကွက်/ကျေးရွာအုပ်စု သံဃာ့မဟာနာယက အဖွဲ့၊ မြို့နယ်သံဃာ့မဟာနာယကအဖွဲ့၊ တိုင်းသံဃာ့မဟာနာယကအဖွဲ့၊ပြည်ပမှ လက်လှမ်းမှီသမျှ ထေရဝါဒသံဃာ့အဖွဲ့များနှင့် နိုင်ငံတော် အာဏာပိုင်အဖွဲ့ အစည်းများသို့ ပေးပို့ပါသည်ဘုရား။

 

(နောက်ဆက်၍ ဆက်လက်ဖေါ်ပြပါမည်။)

72 comments

  • Nan Shin

    September 24, 2011 at 3:40 am

    ဒီစာအရဆိုရင်တော့ မိုးပြာဟာ သံဃာ့ဘေဒကကံထိုက်နေပြီလို့ ကျနော်ယူဆတယ်။
    ဟိုတလောကလည်းဖတ်လိုက်ရတယ်……..သူ့တပည့်နောက်လိုက်တွေရေးတဲ့စာပဲဖြစ်မယ်။
    မဟနတွေက အပြစ်မဲ့သံဃာကိုထောင်ချတယ်ဆိုပဲ။ကျနော်လည်း ပထမပြန်စာမေးပွဲမှာ မြန်မာစာမပြဌာန်း
    လို့ မဟနတွေကို သိပ်တော့မကြည့်ပါဘူး။ဒါပေမဲ့ မိုးပြာကိုထောင်ချတဲ့ကိစ္စ မဟနတွေမှန်တယ်လို့ ကျနော်
    ယူဆတယ်။သူတို့ဟာအရိယာဖြစ်ပြီထင်တာသက်သက်နဲ့ဆိုရင်အကြောင်းမဟုတ်ဘူး။အရိယာဖြစ်ပြီလို့
    လိမ်လည်လှည့်ဖြားတာဆိုရင်တော့ စတုတ္ထပါရာဇိကပဲ။နောက်တစ်ချက်က အရိယာဟာ အရိယာပါလို့
    ဘယ်တော့မှထုတ်ပြောမှာမဟုတ်သလို သူတို့တကယ်အရိယာဖြစ်ခဲ့ရင်လည်းတခြားသူတွေ ငရဲလားမှာဆိုးလို့ဒီလိုအတိုက်အခံတွေလုပ်မှာမဟုတ်ဘူး။မိုးပြာရဲ့အစလေးကိုသိခွင့်ရလို့ကျေးဇူးအထူး
    တင်ပါတယ်။

    • မောင်မိုးပြာ

      September 25, 2011 at 4:21 pm

      သံဃာ့ဘေဒက ကံ ဆိုသည်ကို Nan Shin က ဘယ်လိုနားလည်ထားပါသလဲ။ ယနေ့သံဃာသည် အမှန်တကယ် အညီအညွှတ်ရှိကြပါသလား။ ဟုတ်တာကို ဟုတ်တယ်၊ မဟုတ်တာကို မဟုတ်ဘူး လို့ ပြောဆိုတာကို (တထာဂတ) လို့ပြောရင်…………။ တကယ်တော့ အဘိဓမ္မာသဘောတရား အရ ကြောက်တယ်ဆိုတာ ကုသိုလ်၊ အကုသိုလ်လားဆိုတာ ပထမပြန်စာမေးပွဲကြောင်းပြောသူ ဆိုတော့ နောကျေနေအောင်သိလိမ့်မယ်ထင်ပါတယ်။ အကုသိုလ်စိတ်တွေက ဘယ်လောက်ရှိတာ
      ဆိုပြီး ရွတ်ဆိုနေကြပေမယ့် ကိုယ့်မှာဖြစ်နေတာတွေကိုကြတော့……..။

  • ကြောင်ကြီး

    September 24, 2011 at 7:47 am

    အတော်ရဲတင်းတဲ့ တင်ပြချက်ပါပဲ။ သီးခြားဂိုဏ်းထောင်တာ လွတ်လပ်ခွင့်မိုလို့ မပြောလိုပေမဲ့ မိမိလိုရာဆွဲပီး အရိယာ စင်ပြိုင်ထောင်တာကတော့ အစွန်းရောက်သွားပါပြီ။ သူတို့လိုပြောကြေးဆို ဘုရားသက်တော်ထင်ရှားရှိလည်း ဘယ်ဟာက ဘုရားလည်း၊ သူပြောတိုင်း ဘုရားဖြစ်ရမှာလား စောဒက တက်လို့ရပါတယ်။ သက်သေမရှိဘူးလို့ အော်ဟစ်ငြင်းချက်ထုတ်လိုသူများ သတိပြုရန်က ယုံကြည်မှုသဒ္ဓါ အစပြုတဲ့ ဗိုလ်ငါးဗိုလ်ဦးစီးတဲ့ အလုပ်မျိုးပါ။ လုံးဝဥဿုံ မယုံကြည်လို့ ကိုယ့်လမ်းစဉ်နဲ့ ကိုယ်သွားလည်း စည်းဘောင်လေးတော့ ရှိစေချင်ပါတယ်။ နို့မို့ရင် သူများဘာသာက ဘုရားကို ဘိုးတော်လို့သတ်မှတ်၊ ဗုဒ္ဓဘုရားကိုလည်း တမန်တော်လို့ လိုရာစွဲပြောရင်း ရှင်မိုးပြာတို့ပြောနေတဲ့ လူမှုကျင့်ဝတ်တွေပါ ပျက်စီးသွားနိုင်လို့ပါ။
    ရွာထဲမှာလည်း ဦးမိုးညိုဆိုသူရှိပါတယ်။ သူလည်း လူဝတ်ကြောင်နဲ့ အညိုရောင်ဂိုဏ်း ထောင်ချင်ထောင်ပါလိမ့်မယ်။ ကြောင်ကြီးလည်း လူစုနေပါတယ်၊ မကြာခင် ကြေငြာရန် ရှိပါတယ်။ လူတွေရဲ့ အကျင့် အကြံ အပြု အမူများ အမှန်တကယ်ရှိသည်များနဲ့ ကင်းလွတ်နေလို့ ကြောင်များကဲ့သို့ ပြောင်းလဲနေထိုင်ကြရန် ရည်ရွယ်ပါသည်။

    • Ordinary Man

      September 24, 2011 at 4:43 pm

      ကြောင်ကြီးတော့ တော်တော်လေးစားသွားပြီး ဒါပေမယ့် ရှင်မိုးပြာကြောင်းလေ့လာကြမယ်ဗျာ ရည်ရွယ်ချက်တစ်ခုတော့ ရှိရမှာပေါ့။ တိုက်ဖို့မဟုတ်ပါဘူး သူ့ဆီမှာ ကောင်းတဲ့အကြံဉာဏ်တွေရှိရင်လည်းယူရတာပေါ့။ ဆရာတော်ဦးဉာဏဿရကလည်း ဟောထားတယ်ဗျာ ခရစ်ယာန်၊ အစရှိတဲ့ ဘာသာခြားတွေနဲ့တောင် အတူလက်တွဲကြဖို့ပြောနေရင် ဗုဒ္ဓဘာသာတွေ ဘာလို့လက်မတွဲနိုင်စရာရှိရမှာလဲ။ အဓိက က ကျွန်တော်တို့လူသားတွေအကျိုးရှိဖို့ဘဲမို့လား

    • မောင်မိုးပြာ

      September 25, 2011 at 4:40 pm

      အရိယာ ဆိုသည့် အရိယာ၏အဖြစ်ကို ကြောင်ကြီး မည်သို့နားလည် ခံယူထားပါသနည်း။ ခေတ် ကာလတို့သည် အမှားတရားတို့အား တိုက်စားချေဖျက်သွားမည်ကား အလွန်သေချာလှပေသည်။
      ရှင်မိုးပြာတို့မှားလျှင်းလည်း ရှင်မိုးပြာတို့အား တိုက်စားသွားပါစေ။ ဂုဏ်ယူဝမ်းမြောက်စွာ အတိုက်
      စားခံပါမည်။ လူတို့ဆီတွင် အမှန်တရားများထွန်လင်းနိုင်မည်ဆိုပါ ဝမ်းသာစွာ ကြိုဆိုပါ၏။ ကြိုဆို
      သည်ဖြစ်စေ မကြို်ဆိုသည်ဖြစ်စေ အမှားတရားတို့၏ တိုက်စားခြင်းကိုကား ရှောင်ကွင်း၍ရနိုင်မည်
      မဟုတ်။

  • parlayar46

    September 24, 2011 at 9:27 am

    ဒီလိုမှပေါ့……။
    ဒီလိုရှင်းရှင်းလင်းလင်းကြေညာတာ……။
    သင်တို့ဟာ မြန်မာနိုင်ငံထေရဝါဒရဲ့ သံဃာကိုစွန့်ပြီးပြီဆိုရင်
    အဲဒါ မြန်မာနိုင်ငံရဲ့ထေရဝါဒကိုလဲစွန့်ပြီးပါပြီ။
    တနည်းအားဖြင့် ကျုပ်တို့ကိုးကွယ်တဲ့ ထေရဝါဒကိုလဲစွန့်ပြီးပါပြီ။
    သင်တို့ဟာ ကျုပ်တို့ရဲ့ ထေရဝါဒဗုဒ္ဓဘာသာဝင်များ မဟုတ်ကြတော့ပါ။
    သင်တို့ဟာ သီးခြားအယူဝါဒရှိသူ သီးခြားအယူဝါဒထူထောင်သူများဖြစ်ပါပြီ။
    မိုးပြာဘာသာပေါ့။ ကောင်းပါတယ်။ ဆက်လုပ်ပါ။
    သို့သော်…
    သင်တို့အနေနဲ့ မိမိရဲ့ဘာသာအယူဝါဒကို ဖြန့်ချီသာသနာပြုရာမှာ အခြားဘာသာအယူဝါဒကို၎င်း အခြားဘာသာအယူဝါဒရှိသူများကို၎င်း မစွပ်စွဲ မတိုက်ခိုက် မထိခိုက်ပါစေနဲ့။
    အခြားဘာသာခေါင်းစဉ်အောက်သို့ ပူးဝင်ခြင်း အခြားဘာသာအမည်ကို လွဲမှားစွာအသုံးပြုခြင်းများလဲ မပြုလုပ်သင့်ကြောင်း အကြံပြုပါတယ်။
    စည်းကမ်းရှိပါ။
    မြန်မာနိုင်ငံမှာ ခရစ်ယာန်၊ အစ္စလမ်၊ ဟိန္ဒူ၊ စတဲ့ အခြားဘာသာများဟာလဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ငြိမ်းငြိမ်းချမ်းချမ်း သာသနာပြုနေကြတာကို အတုယူနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

    • kosicca

      September 26, 2011 at 4:47 pm

      မြန်မာနိုင်ငံရဲ့ထေရဝါဒကိုလဲစွန့်လိုက်တာနဲ့ပဲ ဗုဒ္ဓဘာသာကို စွန့်လိုက်တယ်လို့ တဖတ်သတ်မယူနဲ့လေ။ မြန်မာနိုင်ငံက ထေရဝါဒတစ်ခုတည်းကသာ ဗုဒ္ဓဘာသာတစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ ဘယ်သူတွေက အသိအမှတ်ပြုထားလဲ။ ကျန်တဲ့ဗုဒ္ဓဘာသာဝါဒကွဲတွေ ရှိသေးတယ် ဆိုတာကိုလည်း မမေ့နဲ့ဦးလေ။ ငါတို့မှသာ ဗုဒ္ဓဘာသာအစစ်ပဲ ဆိုတဲ့ ကျဉ်းမြောင်းတဲ့အတွေးတွေ မရှိသင့်တော့ပါဘူး parlayar ရယ်။ ကျန်တဲ့ဗုဒ္ဓဘာသာဝါဒကွဲ (မဟာယာန၊ တိဗက်၊ ဇင်ဗုဒ္ဓဘာသာ) တွေကလည်း သူတို့မှသာ ဗုဒ္ဓဘာသာအစစ်ပဲ ပြောကြမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ထေရဝါဒဟာ သူတို့အမြင်မှာ မစစ်တော့ဘူးဖြစ်နေမှာပေါ့။ မျှမျှတတ စဉ်းစားပေးမှပေါ့။ ဗုဒ္ဓဘာသာကို မောင်ပိုင်မစီးချင်းပါနဲ့။ နှိုင်းယှဉ်လေ့လာကြည့်ဦးလေ။

      • parlayar46

        September 26, 2011 at 11:11 pm

        kosicca ရေ …..

        မြန်မာနိုင်ငံရဲ့ထေရဝါဒကိုလဲစွန့်လိုက်တာနဲ့ပဲ ဗုဒ္ဓဘာသာကို စွန့်လိုက်တယ်လို့ တဖတ်သတ်မယူပါဘူး။ ဥပမာ မြန်မာနိုင်ငံရဲ့ထေရဝါဒဗုဒ္ဓဘာသာနဲ့ တိဗက်က မဟာယာနဗုဒ္ဓဘာသာ လုံးလုံးမတူပါဘူး။ ကိစ္စမရှိပါဘူး။ သူလဲ သူပြောတဲ့ ဗုဒ္ဓဘာသာ ကိုယ်လဲကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာပေါ့။

        မြန်မာနိုင်ငံက ထေရဝါဒတစ်ခုတည်းကသာ ဗုဒ္ဓဘာသာတစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ ကျုပ်မပြောပါဘူး။ ဘယ်သူမှလဲမပြောလောက်ပါဘူး။ ဒီနှစ် ၂၅၀ဝကျော်အတွင်းမှာ ဗုဒ္ဓဘာသာဂိုဏ်းပေါင်းများစွာ ကွဲထွက်ခဲ့ပြီးပါပြီ။ ဘယ်သူမှ ဗုဒ္ဓဘာသာကို အပိုင်စီးလို့ မရပါဘူး။

        သို့သော် –
        သဘာဝအတိုင်းစဉ်းစားကြည့်ရင် ဘယ်ဘာသာမှာမဆို သူ့ဘာသာဝင်တွေအနေနဲ့ သူ့ဘာသာကသာအမှန်လို့ပဲ ထင်မြင် ယုံကြည်ကြမှာပါ။ အခြားဘာသာတွေက မှားတယ်လို့ပဲ ထင်မြင် ယုံကြည်ကြမှာပါ။ အဲသလိုထင်မြင်ယုံကြည်တဲ့အတိုင်းလဲ သူ့ဘာသာဝင်များကြားထဲမှာတော့ ဟောပြောကြမှာပါ။ ဒါပေမယ့် သူ့ဘာသာဝင်မဟုတ်သူများထဲသွားပြီး သူ့ဘာသာမှအမှန်၊ သူ့အယူမှအမှန်၊ ဘယ်ဟာတွေကဖြင့်အမှား လို့ သွားမပြောသင့်ဘူးလေ။

        ဒီရွာထဲမှာကို ခရစ်ယာန်တွေ အစ္စလာမ်တွေ အများအပြားရှိနိုင်ပါတယ်။ သူတို့ အနေနဲ့ဆို ဗုဒ္ဓဘာသာဟာ မိစ္ဆာဝါဒပေါ့။ ဒီဝါဒထဲကအယူတွေက အမှားတွေပေါ့။ သူတို့ဘုရားကျောင်း၊ ဗလီ ၊ သူတို့အသိုင်းအဝိုင်းကြားမှာလဲ အဲသလိုပြောမှာပေါ့။ ဒါပေမယ့် လူပေါင်းစုံရှိနေတဲ့ကြားထဲမှာ အဲသလိုမပြောဘူး။ အဲဒါ စည်းပဲ ။

        ကျုပ်ရဲ့ကွန်မင့်က အဲဒါကို ဆိုလိုတာပါ။

        မိုးပြာကိုကျုပ်လဲနားထောင်ကြည့်ဘို့စိတ်ဝင်စားပါတယ်။ လူကြီးလူကောင်း ဆန်စွာပေါ့။
        အခြားဘာသာအယူဝါဒများကိုလဲ ပြီးခဲ့တဲ့နှစ် နှစ်ဆယ်အစိတ်အတွင်း လက်လှမ်းမီသလောက် လေ့လာပါတယ်။

        ဒါပေမယ့် (ဒီခေတ်မော်ဒန်စကားအရဆို) အခုထိ အမြင်ကျဉ်းဆဲပါပဲ။
        ကျုပ်အဖို့ ယုံတယ် ဆိုတဲ့ကိစ္စက
        လွယ်လွယ်လဲမဖြစ်ဘူး-လွယ်လွယ်လဲမပျက်ဘူး….။

    • မောင်မိုးပြာ

      September 27, 2011 at 8:47 pm

      မောင်မိုးပြာတင်ပြပေးနေမယ့် သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာကို ကုန်စုံအောင်
      ဖတ်ပြီးပါလျှင် ရှင်ဉာဏ၏ စိတ်ထားသဘောမှန်ကိုပေါ်လွင်စေပါလိမ့်မည်။ ရှေ့ရှေ့လူတို့၏ လုပ်
      ဆောင်ချက်များသည် နောက်လူတို့အတွက် သင်္ခန်းစာယူစရများ ရရှိကြပါစေ။ရယူပြီး မိမိနှင့်တကွ
      မိမိတို့၏ပတ်ဝန်းကျင်ကို ငြိမ်ချမ်းစေရေး ဆောင်ရွက်နိုင်ကြပါစေ။

      • moegyothwar

        September 29, 2011 at 12:31 pm

        ရှင်ဉာဏရဲ့နောက်ကြောင်းလေးပါ ရေးရင်ကောင်းမယ်ဗျာ။ ဘယ်လို ဦးနှောက်မျိုးမိုလို့ ဒီလို လုပ်နိုင်တယ်ဆိုတာလေ့လာရအောင်ပါ။ ဂိုဏ်းထောင်တယ်ဆိုတာလွယ်မှတ်လို့..

        တခါမှမကြားဘူးတဲ့လူတယောက်က ဂိုဏ်းထောင်တာကို နောက်ကလိုက်ကြမယ်ဆို တော်တော်ပေါတာပေါ့။ ကျွန်တော်သိသလောက် မြန်မာနိုင်ငံလို ကျမ်းတတ် ပေတတ် နိုင်ငံမှာ လူသိရှင်ကြား ဂိုဏ်းထောင်တယ်ဆိုထဲက နဲတဲ့ သိတ္တိတော့မဟုတ်ဘူး။ ရှင်ဥက္ကဌလို ဘာတွေနောက်ကြောင်း မရှင်းဖြစ်ထားလဲ သိချင်လိုက်တာ..

        • lionking

          September 29, 2011 at 3:12 pm

          လေ့လာရုံမှတပါး အခြားမရှိပြီ။

        • မောင်မိုးပြာ

          October 3, 2011 at 4:19 pm

          ရှင်ဉာဏရဲ့ နောက်ကြောင်းတွေကိုလည်း ကုန်ကုန်စုံစုံ တင်ပြပေးဖို့ရှိပါတယ်၊ စိတ်ရှည်ရှည်ထားပြီး စောင့်ဖတ်ပါ။ ဒီလိုပြောလို့ ဆွယ်နေတယ်လို့ထင်ကြပြန်ဦးမယ်၊ သမိုင်းမှားကြောင့် နှောင်းလူတို့ ဒုက္ခမရောက်စေလိုရင်းအမှန်ပါ။ အမှန်တရားတို့မည်သည် မည်သူဖျက်လို့မှ ကြေပျက်ရိုးမရှိပါ။ မောင်မိုးပြာတို့မှားလျှင် မောင်မိုုးပြာတို့ ကြေပျက်ပါလိမ့်မယ်။ ကိုယ်တည်းတစ်ယောက် ကောင်းစားဖို့အတွက်ဆိုလျှင် ဤမျှ အန္တရယ်ကြီးသောအလုပ်ကို လုပ်နေရန်အကြောင်း ရှိနိုင် မရှိနိုင် ဆင်ခြင်နိုင်ကြပါစေ။

  • True Answer

    September 24, 2011 at 1:22 pm

    သူတို့က ဘာကြောင့် အပြာရောင်ကို ရွေးချယ်တာလဲဗျ။ အစိမ်းရောင် ၊ အမဲရောင် ဆိုရင်ကောဗျာ။

    • flytiger

      September 24, 2011 at 2:26 pm

      ပြာ(ပျာ)တယ်ဆိုတာ တကယ်တော့ မတည်မငြိမ် ဖြစ်နေတာကို ပြောတာနေမှာဗျ။

    • မောင်မိုးပြာ

      September 27, 2011 at 8:59 pm

      အပြာရောင်ဟာ ငြိမ်းချမ်းရေးရဲ့ သင်္ကေတဖြစ်တာကတစ်ချက်၊ နီလံဝါ၊ ကဒ္ဒမံဝါ၊ ကာဠသာမံဝါ ဆို
      တဲ့ ဗုဒ္ဓဘုရား သတ်မှတ်ပေးတဲ့ သင်္ကန်းအဆင်းဖျက်ရာမှာ ဒီအရောင်တွေကု်ိ သတ်မှတ်ပေးခဲ့တာ
      ကတစ်ချက် ဒါတွေကြောင့် အပြာရောင်ကို ရွေးချယ်လိုက်တာပါ။ နီလံဝါ=စိမ်းညိုသောအဆင်း၊
      ကာဠသာမံဝါ=မည်းသောအဆင်း၊ ကဒ္ဒမံဝါ=ရွှံ့ညွှန်ရောင်အဆင်း။ ရွှံ့ညွှန်ရောင်အဆင်းထဲက အ
      ပြာရောင်ကို ရွေးလိုက်တာပါ။

  • aungnng87

    September 24, 2011 at 1:35 pm

    မောင်မိုုးပြာကရော မိုးပြာဂိုဏ်းဝင်လား။ မိုးပြာဂိုဏ်းဝင်ဆိုရင် အရိယာသူတော်စင်ဖြစ်နေပြီပေါ့ဟုတ်လား။ အရိယာသူတော်စင်အစစ်ဆိုရင်တော့ ဒီလိုမျိုးရေးမယ်မထင်ဘူး။

    • မောင်မိုးပြာ

      September 27, 2011 at 9:06 pm

      ဘုရားလက်ထက်တော်အခါက ရဟန်းအချင်းချင်း တွေ့ကြပြီဆိုလျှင် အရှင်ဘုရား ရဟန်းကိစ္စပြီးပါ
      ပြီလားလို့ နုတ်ဆက်တဲ့အခါမှာ အခုခေတ်လို စိတ်ဆိုးမပြကြပဲ ပြီးဆိုလျှင်လည်း ပြီးပါပြီဘုရား၊ မပြီးသေးဘူးဆိုလျှင်လည်း ရိုးရိုးသားသား မပြီးသေးကြောင်းဝန်ခံကြတာကို ဒီကနေ့ဗုဒ္ဓဘာသာတွေမသိကြတာ ဝမ်းနည်းစရာပါပဲ။

  • kai

    September 24, 2011 at 3:30 pm

    အယူဝါဒမတူရင်.. တရားဝင်..လူထုရှေ့.. တရားပြိုင်သင့်တာပေါ့..။
    … အယူဝါဒမတူတာနဲ့.. ဥပဒေအရဆိုပြိး.. ကိုယ့်လူကိုယ်နဲ့.. အဓမ္မဝါဒကြေငြာ.. ပြီးတော့..အဲဒီမိုးပြာတွေကို.. ထောင်ချခွင့်လုံးဝ(လုံးဝ) မရှိပါဘူး.။ လူ့အခြေခံအခွင့်အရေးချိုးဖေါက်တာပဲလေ…။

    ပြောချင်တာက..
    သူ့ဖါသူ..ပြာချင်ပြာ..ဝါချင်ဝါ..
    မီဒီယာပေါ်တင်ပြီး.. ဆဲလို့ရတယ်.။ ငြင်းလို့ရတယ်.။ စိမ်ခေါ်ပြီး တရားပြိုင်လို့ရတယ်..။
    ကိုယ်နဲ့..အယူအဆမတူတာနဲ့.. အနိုင်ကျင့်ပြီး.. ဖမ်းထောင်ထဲထည့်တာက… မြန်မာပြည်ကို.. ဘာသာရေးအရ မလွတ်လပ်ဆုံးနိုင်ငံစာရင်းထဲ..ရောက်စေလိုက်တာပဲ..။
    အဲဒီလိုနဲ့ထောင်ကျနေသူတွေကမှ… ယုံကြည်ချက်ကြောင့်ထောင်ကျနေသူအစစ်ပဲ..။
    အမြန်ဆုံး ပြန်လွှတ်သင့်တယ်..။ ပြန်လွှတ်ပါရန် တိုက်တွန်းပါကြောင်း…။

    US report lists worst violators of religious freedom
    Radio Australia – Sep 14, 2011
    China, Burma, and North Korea have all been named among the world’s eight worst … The US State Department’s International Religious Freedom report for the …

  • ပေါက်ဖော်

    September 24, 2011 at 3:48 pm

    ဘယ်သူတော်စင်မှ..ရဟန္တာ ဖြစ်လျင်တောင်.. ဖြစ်ပါပြီဟေ့ဆို ထုတ်ပြောလို ့ရသည်မဟုတ်
    ဒါကိုများ….
    ကိုယ့်ကိုယ်ကိုယ် ..အရိယာ ဖြစ်ပတဲ့
    ကြားဖူးပေါင်

    ဟွင်း..ဟွင်း..ဟွင်း

    • lionking

      September 24, 2011 at 8:06 pm

      မကြားဘူးရင် ငါပြောမယ်ကွ။ ဘုရားက ဓမ္မစကြာမှာ သူဘုရားဖြစ်ကြောင်း ကြေငြာတာပဲ။ တကယ်ဆိုရင် မကြေငြာသင့်ဘူးပေါ့။ ယခုခေတ်သာလာပြီး ကြေငြာကြည့်ပါ့လား။ ဖမ်းပြီး ထောင်ချပစ်မှာ။ သူ့ဘာသာသူ ဘုရားမကလို့ ဘုရားထက် ဘုရားဖြစ်နေပါစေ။ ဘာမှတ် သလဲ သံဃမဟာနာယကကွ။ဘုရားနော် ဘုရား ဟင်း…ဒင်းကြေငြာတာစောသွားလို့ ။ သို့မဟုတ်ရင်တော့လား။ ဘာပြောကောင်းမလဲ။

    • မောင်မိုးပြာ

      September 25, 2011 at 4:45 pm

      ပုလင်းကိုင် မူးနေသူတွေအတွက်တော့ ရဟန္တာဆိုသောစကားကို နားခါးအုံးပေမည်ပေါ့။ ကြားဖူး ချင်ရင် ပုလင်းလွှတ်လိုက် ငှဲ…ငှဲ…ငှဲ

  • nature

    September 24, 2011 at 4:37 pm

    မိုးပြာဝါဒဆိုပြီး ပြောရင်တော့ ဘာမှပြောစရာမရှိပါ။ ထေရဝါဒဆိုပြီး ပြောနေလို့သာ အတိုက်အခံဖြစ်နေရတာပါ။ ကိုယ်ထင်ရာ ကိုယ်ယုံရာ ကိုယ်ယူနိုင်ပေမဲ့ ကိုယ့်နာမည်ကိုယ်ခံဖို့လိုပါတယ်။ ကိုယ်နှင့်မတူကိုယ်ရန်သူဆိုတာထက် မြွေပွေးဆိုတာခါးပိုက်ပိုက်ထားရန်မသင့်ပါ။ ပြိုင်ဆိုင်မှုတိုင်းမှာ အားကြီးသောသူက အားနည်းသောသူကို အနိုင်ရတတ်ပါတယ်။ သာသနာ ၂၅၅ဝ ခန့်ရှိသေးလို့ထေရဝါဒ သာသနာ အားကောင်းတဲ့မြန်မာပြည်မှာ အခွင့်မသာဖြစ်ရခြင်း ဖြစ်ပါတယ်။ နောက်ပိုင်း သာသနာ အားနည်းသွားချိန်မှာတော့ အခွင့်သာလာပါလိမ့်မယ်။

    • ashinariya

      September 25, 2011 at 9:44 pm

      nature ရေ မိုးပြာကလည်း ထေရဝါဒလို့လည်း မပြောပါဘူး။ ဗုဒ္ဓဘာသာတွေထဲက အယူဝါဒကွဲတစ်ခုလို့ပဲ ဆိုလိုတာပါ။
      ဗုဒ္ဓဘာသာကို ထေရဝါဒတစ်ခုတည်းက အပိုင်သိမ်းချင်လို့ မရပါဘူး။ သိချင်ရင် http://venariya.blogspot.com/2011/09/blog-post_24.html မှာလေ့လာကြည့်ပေါ့။
      အသိ၊ အမြင်တွေကျယ်ဖို့ လိုလာပါပြီ။

  • Moe Z

    September 25, 2011 at 4:49 pm

    “ထေရဝါဒကို စွန့်ပစ်ကြသော်လည်း လူ့ဘောင် လူ့ဘဝသို့ လူ့အသွင်သဏ္ဋာန် လူပုံဟန်များဖြစ့် နေထိုင်ရန် မဖြစ်နိုင်တော ့ သူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ရရှိပြီးသော တရားဓမ္မများသည် ကျွန်ုတို့ကို လူလိုဝတ်၊ လူလိုနေ၊ လူလိုစား၊ လူလိုသွားပြီး လူလိုပြောဆို လုပ်ကိုင်ရန် အ ခွင့်မရ ရှိကြပါသည်။”
    အဲဒီတော့ ဘယ်လိုဝတ်၊ ဘယ်လိုနေ၊ ဘယ်လိုစား၊ ဘယ်လိုသွားပြီး ဘယ်လိုပြောဆို လုပ်ကိုင်ကြပါသလဲ ?????
    တကယ်သိချင်လို့ ပြောပြပေးပါ..

    • မောင်မိုးပြာ

      September 27, 2011 at 9:11 pm

      သာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာကို ဆက်လက်ဖော်ပြပေးနေမှာပါ။ ကုန်စုံအောင်
      ဖတ်ပြီးသားလျှင် သိရမှာပါလို့ပဲ ပြောလိုက်ပါရစေ။

  • True Answer

    September 25, 2011 at 6:12 pm

    လူအခွင့်အရေးရှုထောင့်က ထောင်ချခြင်းသည် မှားနိုင်သော်လည်း၊

    မြတ်ဗုဒ္ဓ၏တရားတော်များမှ ပရမတ်အလိုဖြင့် ကောက်ယူရမည့်တရားများကို
    အကိုးအကားယူလျှက် သမုတိသစ္စာ ရှုထောင့်မှ ရှေ့ဘဝနောက်ဘဝ ရှိသည်ဟူသော ဗုဒ္ဓဟောကြားချက်များကို ဆန့်ကျင်ဘက်ပြုကာ လူအများကို ရှေ့ဘဝနောက်ဘဝ မရှိလေဟန် ထင်ယေင်ထင်မှားဖြစ်အောင်ပြုလုပ်စေခြင်းကြောင့် ဓမ္မအလိုအရ ၎င်းတို့ ကောက်ကျစ်မှု သာဌေယျ ဟု ဆိုနိုင်ပေသည်။

    • ashinariya

      September 25, 2011 at 10:02 pm

      မြတ်ဗုဒ္ဓ၏တရားတော်များမှ ပရမတ်အလိုဖြင့် ကောက်ရမည်ဟု ဗုဒ္ဓမဟောခဲ့ပါဘူး။ ဒါ ပရမတ်သမား ဗြဟ္မဏတွေက ဗုဒ္ဓတရားထဲ ပရမတ်တရားတွေ ရောထည့်ထားတာလို့ သမိုင်းမှာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ပရမတ္တသစာကို ဗုဒ္ဓရဲ့ အရိယသစ္စာလို့ ထင်နေသေးရင်တော့ ပထွေးကို အဖေလို့ ထင်နေတာပါပဲ။ ပထွေးကလည်း ဟန်ဆောင်ကောင်းတော့ အဖေလို့ ထင်ချင်စရာကို။ ဒါပေမယ့် အမှန်ကို ပြန်ဖော်ထုတ်နိုင်တဲ့ ပညာရှင်တွေနဲ့ တွေ့ရင် ပထွေးဟာ ပထွေးပါပဲလို့ သိလာကြမှာပါ။ စိတ်ဝင်စားရင် http://www.facebook.com/profile.php?id=100002955909111&sk=wall မှာ ဗုဒ္ဓမြတ်စွာရဲ့ အရိယသစ္စာသဘောတွေ သေသေချာချာလေ့လာလို့ရပါတယ်။ အဖေအမှန်ကို ပြန်တွေ့နိုင်ကြပါစေ။

  • True Answer

    September 25, 2011 at 6:15 pm

    ထို့ကြောင့် ထောင်ချခြင်းသည် ၎င်းတို့လှည့်ဖြား လိမ်ညာမှု အတွက် ရလာဒ် ဆိုက ဆိုနိုင်ပေသည်။

    • lionking

      September 26, 2011 at 10:41 am

      အသိအမြင်ထွေပြား ဘုရားတွေဟာဟား ယုံစားဖို့ခက်လှပါတယ် အတွေးစိတ်က ဦးကျော်ဟိန်းဆို တဲ့သီးချင်းကြားဖူးမယ်ထင်တယ်။ ဒီစာသားလေးပြောင်းပြီး ထည့်ဆိုလိုက်ရင် အဆင်ပြေမယ် ထင်တယ်ဗျ။ ဘုရားတွေဝါဒပြား တရားတွေအလကား ထောင်ကျဖို့မခက်လှပါတယ် အခုခေတ်က စစ်အစိုးရရဲ့ အာဏာရလို့ ထောင်ချနိုင်တာပါကွ။ အမှန်ကကွ ဘုရားတွေကို ဘုရားအဖြစ်က ကျွတ်အောင်ချွတ်သင့်တာကွ ။ ဘုရားဆိုတဲ့လူတွေ ဘုရားလုပ်နေကြလို့ သူ့နောက်ကလိုက်သူတွေအူကြောင်ကြောင်ဖြစ်နေကြတာ။ ကမ္ဘာကြီးထဲနေ ဘုရားကြီးမောင်းထုတ်ပစ်သင့်နေပြီဗျ။

  • Nan Shin

    September 25, 2011 at 9:36 pm

    သံဃဘေဒက ကံအကြောင်းတင်မဟုတ်ပါဘူး။အခြားအကြောင်းများစွာကိုလဲ လူကြီးလူကောင်းပီပီ
    ဆွေးနွေးချင်တယ်ဆိုရင် ရပါတယ်။dagodaw11@gmail.com ကိုအင်ဗိုက်လုပ်လိုက်ပါ။ဒီမှာက
    ပြန်ခြင်းခပ်တာကိုဆောင့်နေရတာကြာတယ်မဟုတ်လား။အခြားသူတွေအတွက်လည်း မျက်စိနောက်စရာ
    ဖြစ်တယ်။
    ဒါပေမဲ့ သံဃာ့ဘေဒက ကံထိုက်ကြောင်းကိုတော့ အကျဉ်းချုပ်အများသိအောင် ပြောပေးခဲ့ပါမယ်။
    သံဃာကို အသင်းကွဲအောင်လုပ်သူ။ကိုယ်တိုင်ကလည်းသံဃာ့အသင်းထဲကခွဲထွက်သူပေါ့ဗျာ။
    အခုမိုးပြာအဆိုအရဆိုရင် ထေရဝါဒသံဃာနဲ့တစ်သိမ်းတည်းမှာ အတူကံမဆောင်လိုတဲ့ လက္ခဏာရှိသလို
    သူကိုယ်တိုင်ကလည်း သံဃာ့အပြင်ကိုမရောက်ရောက်အောင် လျှောက်လှမ်းနေပြီမဟုတ်လား။ဒေဝဒတ်လုပ်
    ခဲ့ဖူးတဲ့ အတိုင်းပါပဲ။သိပ်ထူးထူးခြားခြားတော့မဟုတ်ပါဘူး။

    • lionking

      September 26, 2011 at 10:50 am

      ပြောတော့ဖြင့်ကွာ ဘုရားက ဒေဝဒတ်နဲ့ ရာဟုလာကို မခွဲခြားပဲ မေတ္တာထားတာတော့ အတူတူ ဘာညာ ပြောပြီး ဒေဝဒတ်ကြတော့ ပုဒ်မကြီး အကြီးကြီးတပ်ပြီး စွပ်စွဲတယ်။ သံဃာသင်းခွဲတဲ့သူကြီး ဘာညာလျှောက်လုပ်တယ်။ ကျန်တဲ့ရဟန်းတွေများ မှားလို့ သိက္ခာပုဒ် ပညတ်လျှင် အစဦးဆုံးပုဂ္ဂိုလ်မို့ အပြစ်ကလွတ်စေတဲ့ဗျ။ ဒေဝဒတ်ကြတော့ အစဦးဆုံးဖြစ်ပေမဲ့ အပြစ်ကမလွတ်ဘူးဗျ။ ဒါဘယ်တော်မလဲ။ သေခါနီးမှ အသေဖြောင့်ပါစေတော့ဆိုပြီး ဘုရားငယ် ဆုပေးလိုက်သတဲ့။ ဒါကြောင့် ပြောတာပေါ့ဗျာ ဘုရားကလူလည်မျိုးပါလို့။

  • ပေါက်ဖော်

    September 25, 2011 at 9:52 pm

    may b “khit thit day wa dat”

  • htoosan

    September 25, 2011 at 10:19 pm

    အများသိအောင်ဆိုရင်တော့ Debate မှာ လုပ်စေချင်ပါတယ်။

  • sandawchain

    September 25, 2011 at 10:48 pm

    ကျွန်တော့် အနေနဲ ့ ဆွေးနွေးချင်တာကတော့ ဘယ်သူကပဲ ဖြစ်ဖြစ်ဝါဒတစ်ခုကို ထူထောင်တဲ့နေရာမှာ လူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းဖို ့ကိုပဲ ဦးတည်ပြီးတော့ တည်ထောင်ကြတာပါပဲ ။

    လူတွေကိုဖျက်ဆီးဖို ့တော်ရုံဘယ်သူကမှလူပီသရင်လုပ်ကြမှာမဟုတ်ပါဘူး
    ဘယ်သူကမှလည်းကိုယ့်ဘဝကို အညွှန် ့တုံးတာခံ ထောင်အချခံပြီးတော့လည်း လုပ်မှာမဟုတ်ပါဘူး။

    မြတ်စွာဘုရားဟောကြားခဲ့တဲ့ဒေသနာတွေဟာသိပ်ကိုလွတ်လပ်ပါတယ် ရိုးသားဖြူစင်ပါတယ်။ အစစ်ဆေးခဲရဲပါတယ်။
    ထေရဝါဒပဲဖြစ်ဖြစ် မိုးပြာဘက်ကပဲဖြစ်ဖြစ် ၂ဖက်လုံးကို လွတ်လွတ်လပ်လပ်လေ့လာကြပါ။ဘဝထဲမှာချသုံးကြည့်ပါ။

    ကိုယ့်ဘဝအတွက်ဘယ်တစ်ခုကပိုပြီးအသုံးတည့်မလည်း
    လေ့လာဆန်းစစ် ကြည့်စေလိုပါတယ်။ဆရာသမားကောင်းကို အရင်ရှာပါ။ ဒါကသိပ်ကိုအရေးကြီးပါတယ်။
    ဆရာသမား၁ယောက်ထဲနဲ ့ပဲရပ်တန် ့မနေပါနဲ ့ မြတ်စွာဘုရားဟာ လူ ့လောကငြိမ်းချမ်းရေးကိုရှေ ့ရှုခဲ့သူပါ။ မြတ်စွာဘုရားမရှိတော့တဲ့နောက် အခုရှိနေတဲ့ဆရာတွေဆီမှာ ပုံစံမျိုးစုံနဲ ့လေ့လာနိုင်ပါတယ်။
    မူတစ်ခုထားသင့်သာကတော့ ကိုယ်ရမယ့်တရားဟာကိုယ့်ဘဝရဲ့ ပြသနာတွေကိုအကောင်းဆုံးဖြေရှင်း နိုင်တဲ့တရား ဖြစ်ရမယ် ကိုယ့်ကိုအသိဉာဏ်ပေးနိုင်ရမယ်။ ကိုယ်သိတဲ့အသိနဲ ့လူတွေအားလုံးရဲ့ကောင်းကျိုးကို ရှေ ့ရှုပြီးလုပ်နိုင်ရမယ်။ ဘဝထဲမှအကောင်းဆုံးချသုံးနိုင်ရမယ်။

    ကိုယ်သိတာ၁ခုထဲမှာပဲရပ်တန် ့မနေပါနဲ ့။ မေးမြန်းပါ။လေ့လာပါ ပညာချင်းဖလှယ်ပါ
    အကျိုးနဲ ့ အကြာင်းနဲ ့ ဆွေးနွေးပါ။
    ရန်မဖြစ်ပါနဲ ့ ဘဝရဲ့တိုးတက်မှုကိုရှာကြပါ။တန်ဖိုးရှိတဲ့ဘဝရဲ့အချိန်လေးတွေကို နှမြောပါ တိုတောင်းတဲ့လူ ့ဘဝလေးမှာ ရန်ဖြစ်ရင်းအချိန်ကုန်တာနှမြောစရာကောင်းပါတယ်။

    စာတွေ ့ဗဟုသုတ အနေနဲ ့ရပ်မနေကြဘဲ ဝါဒတွေရဲ့ အကျင့်ပန်းတိုင်ကိုရောက်အောင် ကိုယ်ပိုင်အသိဉာဏ်နဲ ့ ဘဝထဲမှာကျင့်သုံးနိုင်တဲ့ အဆင့်ရောက်အောင် အပြောနဲ ့တင်မဟုတ်ပဲ အလုပ်နဲ ့ပြီပြင်အောင်လုပ်ကြပါ။
    ရှုထောင့်မျိုးစုံကနေမြင်အောင်ကြည့်ပါ။
    လူသားအားလုံးရဲ့အကျိုးစီးပွားကိုမျှော်ရည်လျက်….

  • True Answer

    September 26, 2011 at 7:45 am

    ွှTo ashinariya …. ဗုဒ္ဓဘာသာမှ ထေရဝါဒ အပြင် အထင်ကရ အဓိကဖြစ်သည့် တခြားမူကွဲများ ဖြစ်သော –
    မဟာယန
    ဝဇီရာယန (Tibetan Buddhism) အားလုံး
    သမုတိသစ္စာအလို ရှေ့ဘဝ နောက်ဘဝ အယူကို လက်ခံပါ၏။
    ထို အတွက် ဘာမှ ဝိဝါဒကွဲပြားခြင်းမရှိ။
    မည်သည့် buddhism ၏ ဗုဒ္ဓ၏ သုတ္တန်ဒေသနာများတွင်မဆို ထိုအယူကို လက်ခံကြောင်း ထင်ရှားစွာ ဟောကြားခဲ့ပြီးဖြစ်၏။
    ရှေ့ဘဝနောက်ဘဝ ကို သမုတိသစ္စာအလိုအားဖြင့် လက်မခံနိုင်ပါက လက်မခံရုံသာရှိသည်။
    ဗုဒ္ဓက ရှေ့ဘဝနောက်ဘဝ ကို မရှိပြောလေဟန် ထင်ယောင်ထင်မှားမပြုလုပ်သင့်။
    လိမ်ညာမှုမပြုသင့်။
    ထေရဝါဒ ဗုဒ္ဓဘာသာ ဟူသော အမည်ကို မယူသင့်ပေ။
    တနည်း ထေရဝါဒ သည် တခြား အယူများ ဝင်နေသည်ဆိုက ထေရဝါဒ အမည် နှင့် မည်သို့မျှ မပတ်သက်ပဲ ကင်းရှင်းစွာနေလျှက် တခြားအမည်ဖြင့် မိမိအမြင်ကို ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းတင်ပြသင့်လေသည်.

    အသေးစိတ်ရှင်းပြချက်။
    http://myanmargazette.net/64548/creative-writing

    • မောင်မိုးပြာ

      September 27, 2011 at 9:21 pm

      ဘဝ ဆိုသော ပါဠိပုဒ်ကို မြန်မာစကားလို ဘယ်ကဲ့သို့ ပြန်ဆိုကြမည်နည်း။ မြတ်စွာဘုရားရှင်သည် ဘဝများကို ပယ်သတ်ရန်ညွန်ပြတော်
      မူခဲ့ပါသည်။ ဘဝအပေါ်၌ အမြင်မရှင်းသမျှ ဘယ်မျှတရားအားထုတ်စေကာမူ ဘဝကုန်လိမ့်မည်
      မဟုတ်။ မြတ်ဗုဒ္ဓ၏တရားတော်များသည် ဘဝကိုပယ်သတ်ရန် လမ်းညွှန်ထားချက်များဖြစ်သည်ကို မမေ့လျှော့ကြစေချင်ပါ။

  • သွေးသစ်

    September 26, 2011 at 12:16 pm

    “ဘုရားနော် ဘုရား ဟင်း…ဒင်းကြေငြာတာစောသွားလို့ ။ ”

    “အမှန်ကကွ ဘုရားတွေကို ဘုရားအဖြစ်က ကျွတ်အောင်ချွတ်သင့်တာကွ ။ ဘုရားဆိုတဲ့လူတွေ ဘုရားလုပ်နေကြလို့ သူ့နောက်ကလိုက်သူတွေအူကြောင်ကြောင်ဖြစ်နေကြတာ။ ကမ္ဘာကြီးထဲနေ ဘုရားကြီးမောင်းထုတ်ပစ်သင့်နေပြီဗျ။”

    “ဘုရားက ဒေဝဒတ်နဲ့ ရာဟုလာကို မခွဲခြားပဲ မေတ္တာထားတာတော့ အတူတူ ဘာညာ ပြောပြီး ဒေဝဒတ်ကြတော့ ပုဒ်မကြီး အကြီးကြီးတပ်ပြီး စွပ်စွဲတယ်။ သံဃာသင်းခွဲတဲ့သူကြီး ဘာညာလျှောက်လုပ်တယ်။ ကျန်တဲ့ရဟန်းတွေများ မှားလို့ သိက္ခာပုဒ် ပညတ်လျှင် အစဦးဆုံးပုဂ္ဂိုလ်မို့ အပြစ်ကလွတ်စေတဲ့ဗျ။ ဒေဝဒတ်ကြတော့ အစဦးဆုံးဖြစ်ပေမဲ့ အပြစ်ကမလွတ်ဘူးဗျ။ ဒါဘယ်တော်မလဲ။ သေခါနီးမှ အသေဖြောင့်ပါစေတော့ဆိုပြီး ဘုရားငယ် ဆုပေးလိုက်သတဲ့။ ဒါကြောင့် ပြောတာပေါ့ဗျာ ဘုရားကလူလည်မျိုးပါလို့။”

    lionking ရဲ့ အရေးအသားတွေမှာ-
    ငါတို့ရဲ့ဘုရားကို ပုတ်ခတ် စော်ကား စွပ်စွဲထားတာ တော်တော်လွတ်နေပြီ

    မင်းဘာသာ ဘယ်ဘုရားကို လက်ခံသည်ဖြစ်စေ ဘယ်ဘုရားကိုမှလက်မခံသည်ဖြစ်စေ
    မင်းသိထားဘို့က
    သက်ဆိုင်ရာ ဘာသာအသီးသီးက ဘုရားအသီးသီးကို ယုံကြည် ကိုးကွယ်သူတွေ အများအပြားရှိကြတယ်။

    မင်းမယုံရင် မယုံပဲနေလို့ရတယ်
    မင်းမကြိုက်ရင် မကြိုက်ကြောင်း ပြောလို့ရတယ်
    ဒါပေမယ့်….ကောင်းကောင်းပြော
    ပါးစပ်တလုံးနဲ့ လိုက်ပြီး မိုက်ရိုင်းစော်ကားတာမျိုးမလုပ်နဲ့။

    • lionking

      September 26, 2011 at 2:40 pm

      တောင်းပန်ပါတယ် ကို သွေးသစ် ။ ကျွန်တော်က ဘယ်ဘုရားကိုမှ မစော်ကားလိုပါ။ ဒီလိုပြောပြတဲ့ အတွက် ကျွန်တော် lionking စိတ်မဆိုးပါ။ ဝမ်းတောင်မှသာမိပါတယ်ဗျာ။ ဘာလို့လဲဆိုတော့ အခုလို အင်တာနက်ကနေပြီး လွတ်လပ်စွာပြောဆိုခွင့်ရတာဟာ ကျွန်တော့်အတွက် မဟာဒီမိုကရေစီ လို့ပြောရင်ရမယ်ထင်ပါတယ်။ ဒါကြောင့် လွတ်လွတ်လပ်လပ်ပြောမိတာပါ။ ကျွန်တော်ဘုရားကိုယုံပါတယ်။ ဘယ်လောက်အထိယုံသလဲဆိုရင် ဘုရားဟာတို့ဘဝရဲ့ လမ်းကြောင်းကို အကောင်းတကာ့အကောင်းဆုံးလမ်းကို ညွှန်ပြပေးသူလို့အထိ မြင်မိ သိမိ တွေးထင်မိပါတယ်။ ကျွန်တော်ပြောလိုတာက ဘုရားဆိုတဲ့ သင်္ကေတ စကားလုံးတွေပေါ်မှာ တင် စွဲကပ်ပြီး ကြွားနေဝါနေဖို့ မဟုတ်ဘူးဆိုတာကို သိစေချင်ရိုးအမှန်ပါ။ စကားလုံးတင်ပြချက်တွေ ကြမ်းတမ်းတဲ့အတွက် တောင်းပန်ပါတယ် ရွာသားတို့ရေ။ ကျွန်တော် lionking ဟာ သိဒ္ဓတ္ထဂေါတမဗုဒ္ဓရဲ့ သာသနာကို အလေးအမြတ် ဦးညွတ်သူတစ်ယောက်ပါ။ ကျွန်တော် lionking ရေးသားခဲ့တဲ့စာတွေဟာ ဘယ်သူကိုမှ စော်ကားလိုစိတ် မရှိရိုးအမှန်ပါ။ တခါလာလဲ စာအုပ်ကြီးညွှန်း တခါလာလဲ ပိဋကတ်ညွှန်းဆိုတော့ ကိုယ်မသိတာတွေနဲ့ အခြိမ်းခြောက်ခံနေ ရတော့ ပေါက်ကွဲမိတာပါ။

      • moegyothwar

        September 29, 2011 at 12:21 pm

        မြတ်စွာဘုရားမရှိတော့တဲ့နောက် မြတ်ဘုရားဟောတဲ့တရားတွေကို ပေထက်တင်ခဲ့တာ အမှားတွေအမှန်ဖြစ်လာမှာစိုးလို့အမြော်အမြင်ရှိရှိ ကျမ်းတွေပြုစုခဲ့တာအခုလို သာသနာ ဖျက်တွေ ကာကွယ်ဖို့ပါ။ ပြောတော့ ဘယ်ဘုရားကိုမှ မစော်ကားဘူးဆိုတော့.. ဘုရားဘယ်နှဆူများ ကိုးကွယ်ချင်လို့ပါလဲ။ မဟာဒီမိုကရေစီကို ရသလိုအသုံးချပြီး ဝါဒဖြန့်မယ်ဆိုလဲ ကြည့်တော့လုပ်ဗျာ။ ဘုရားကို လူလိုပြောတယ့်လူတွေရှိနေတယ်ဆိုတာကြည့်ချင်းအားဖြင့် ခင်ဗျားဘယ်လိုလူဆိုတာမှန်းလို့ရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားတို့တော်ကြပါတယ်.. ဘုရားရဲ့တရားကို ကိုယ်လိုသလိုဆွဲပြောနိုင်လောက်တဲ့ဉာဏ်ရှိတယ် ဆိုတာကိုက တော်တယ်ဆိုတာ မငြင်းလိုပါဘူး။

        ခင်ဗျားတို့နောက်ကြောင်းဘာတွေမရှင်းခဲ့လို့ ဂိုဏ်းခွဲပြီး တစင်ထောင်လဲတော့ မသိပါဘူး… ကျွန်တော်သိသလောက် အဲဒီလို လုပ်ကြတဲ့သူတွေဟာ ပါရာဇိကကျနေကျတဲ့ စာတတ်ပေတတ်တွေပါဘဲ.. ရှင်ဥက္ကဌလိုပေါ့.. မသေခင် ရသေ့စိတ်ဖြေ ကိုယ့်ဘဝရှေ့ရေး ကြိုတွေးပြီး ဂိုဏ်းထောင်ဆရာလုပ်တာလိုပါဘဲ။ အပယ်ကို ကိုယ်တယောက်ထဲမသွားရဲတာနဲ့ အသိဉာဏ်နဲ့တဲ့သူတွေပါခေါ်သွားချင်ကြတဲ့ …. ပညာတတ် လူယုတ်မာ … မျိုးတွေပေါ့ဗျာ….

        • lionking

          September 29, 2011 at 3:41 pm

          တောင်တွင်းကြီးက ရှင်ဥက္ကဋ္ဌကို အပြစ်တင်ချင်ရင် ကျောက်ကွင်းအရေးတော်ပုံကို ဘယ်လို ဖြေရှင်း သွားသလဲ အရင်ဖတ် အရင်လေ့လာ။ မလေ့လာပဲ အပြစ်တင်ရင် အများရယ်စရာဖြစ်မယ်။ ရှင်ဥက္ကဋ္ဌ(တောင်တွင်းကြီး)ဆိုတာ ပေါ့ပေါ့မထင်နဲ့ သူ့လို Bible တွေကို ဒိုးလိုမွှေ ရေလိုနှောက်နိုင်တဲ့သူ မြန်မာပြည်မှာ အခုတောင် မပေါ်ပေါက်သေးဘူး။ ကျောက်ကွင်းမှာ အနိုင်ရခဲ့တာဟာ မြတ်ဗုဒ္ဓရဲ့ ဒေသနာတွေကြောင့်များ ထင်နေသလား။ ဝေးသေးရဲ့။ အခုအချိန်မှာ သူ့လိုဒဿနကို ဒဿနချင်း ယှဉ်ပြီးတိုက်ဝံ့သူ ဘယ်နှစ်ယောက်ရှိလို့လဲ။ ဘာသာရေးဒဿနဆိုတာ အဲသလို စဉ်ပြိုင် ယှဉ်ပြိုင်ဝံ့ရမှာ။ ဘယ်သူပြိုင်ဝံ့သလဲ။ ပါးစပ်ကပြောတော့ တရား တရားနဲ့ လုပ်တော့ အနိုင်ကျင့်ပြီး ချေက်တွန်းတတ်ရုံမှတပါး မတတ်ကြတော့ဘူး။

        • mggwa

          September 30, 2011 at 3:29 pm

          moegyothwar ရေ (ကျွန်တော်သိသလောက် အဲဒီလို လုပ်ကြတဲ့သူတွေဟာ ပါရာဇိကကျနေကျတဲ့ စာတတ်ပေတတ်တွေပါဘဲ.. ရှင်ဥက္ကဌလိုပေါ့.) ဆိုပြီး ကိုယ်မလိုတာနဲ့ ထင်ကြေးနဲ့ မပုတ်ခတ်သင့်ဘူးလေ။ အဲဒီလို ပြောလို့ ရကြေးဆိုရင်မြန်မာနိုင်ငံက မင်းအထင်ကြီးနေတဲ့ ဘုန်းကြီတွေ တော်တော်ပါသွားမယ်နော်။ ကိုယ့်ပေါင်ကို်ယ်လှန် မထောင်းရဘူးကွ။ ခတ်တာပဲ။ သူများလက်ညိုးတစ်ချောင်းထိုးရင် ကိုယ့်ဘက်ကို သုံးချောင်းပြန်ထိုးနေတယ်ဆိုတာ သတိထားမှပေါ့။ ကိုယ်ပေါင်လှန်ထောင်းပြလိုက်ရမလား ?။ moegyothwarတို့ ဘုရားလောက်နီးနီး အထင်ကြီးနေတဲ့ မင်းကွန်းတိပိဋကကြီး မိန်းမနဲ့ ကလေးနဲ့ဆိုတဲ့ အကြောင်းလေ – – – ။ဆက်ပြီးပြောရရင် ကုန်သွားမယ်နော်။ ဆက်မပြောကြေး။

        • moegyothwar

          October 1, 2011 at 12:18 am

          ခက်တာဘဲ… ခင်ဗျားတို့က မရှိတော့တဲ့ ဆရာတော်ကြီးကိုမှ ဘယ်လိုတွေများ ပြောကြအုန်းမလဲ။ အဲဒါဘဲလေ.. မူမမှန်တဲ့သူတွေဟာ အမှန်ကိုရင်မဆိုင်ရဲတော့ တွေ့ရာစွတ်စွဲတော့မှာဘဲလေ။ ရှင်းပြနိုင်တဲ့သူ မရှိတော့ဘူးဆိုမှ ကကြတဲ့ဇာတ်ပေါ့။ ခင်ဗျားတို့ ရဲ့ အပြာချုပ်ကြီးကို ဓမ္မစက်နဲ့ အရေးယူခဲ့တော့လဲ နာမည်ဖျက်ကြတာ ဆန်းမှတ်လို့….

          ရှင်ဥက္ကဌ ဘာလို့ လူသေလူဖြစ် ဇာတ်သွင်းလဲဆိုတာကို သေသေချာချာလေ့လာပြီးမှ ဆွေးနွေးပါကွာ… အင်မတန်တော်တဲ့ ထတ်မြတ်တဲ့ ဆရာတော်ပါ… ခက်တာက ကိုယ်လုပ်ခဲ့တဲ့ အပြစ်အတွက် သံသရာမအေးမှန်းသိလို့ ရသေ့စိတ်ဖြေ ကြံသွားတဲ့ ပညာတတ် မိုက်သွားတဲ့ ပညာတတ်လူမိုက်တဦး လို့ဘဲမြင်ပါတယ်။

        • thantmonzaw

          October 1, 2011 at 11:55 am

          လုပ်စမ်းပါဦးဗျ၊သူ.မိန်းမနာမည်ကဘယ်သူတဲ.လဲ
          သူ.သားနာမည်လေးရော
          ခင်ဗျားကိုယ်တိုင်တွေ.ဘူးသလားဗျ။

        • mggwa

          October 1, 2011 at 7:11 pm

          moegyothwar ရေ ဆက်မပြောဖို့ ပြောထားတာနော်။ ကျုပ်က ပစ္စုပ္ပန်ဝါဒီလည်း မဟုတ်ဘူး၊ ထေရဝါဒီ၊ မဟာယာနဝါဒီလည်း မဟုတ်ဘူး။ ဗုဒ္ဓရဲ့တရားကို ဝါဒစွဲကင်းကင်းနဲ့ လေ့လာနေတာ။ ခင်ဗျားက ဘာမှမဆိုင်တဲ့ ဆရာတော်ရှင်ဥက္ကဋ္ဌတို့ကို်ပါ ထင်ကြေးနဲ့ ပါရာဇိကဆိုပြီး အပုတ်ချလို့ အဲဒီလို မပြောကြေးလို့ သတိပေးလိုက်တာ။ ပြောကြေးဆိုရင် ကုန်သွားမယ်နော်။ ကို်ယ့်ပေါင်တွေ ကိုယ်ပြန်မထောင်းချင်ဘူးဗျာ။ တရားနဲ့ပဲ အနိုင်ပြောကြစမ်းပါ။ ပုဂ္ဂိုလ်ရေးတွေနဲ့ အောက်တန်းမကျစမ်းပါနဲ့။ ကျုပ်ကတော့ ကြည့်နေမှာပဲ။ တရားသဘောမဟုတ်ရင်တော့ မဟုတ်တဲ့ဘက် ဝင် ဂွကျမှာပဲဗျ။

  • True Answer

    September 26, 2011 at 4:00 pm

    ထေရဝါဒ စာပေများတွင် ဟိန္ဒူဝါဒများရောထည့်သည် ဟု ဆိုလျှက် မယုံကြည်သောစကားကိုဆိုသည်ကတဖက်…..

    ထေရဝါဒစာပေမှ စကားလုံးများကို လိုသလိုစွဲယူလျှက် မိမိတို့ဝါဒအတွက်
    အကိုးအကား အထောက်အထားလုပ်နေခြင်းသည်ကားလည်းတဖက်…
    လုပ်နေသောကြောင့် မရိုးမသား ထင်ရောင်ထင်မှားလုပ်သော အယူဝါဒ အဖြစ် ယူဆပါသည်။

    • koyo

      September 27, 2011 at 8:17 pm

      ငြင်းလိုက်ကြ ခုံလိုက်ကြတာ ဘာအတွက ်ငြင်းကြ ခုံကြတာလို့တော့ ဦးတည်ချက်ရှိကြပါလေစ။ စကားလေးတစ်ခွန်း
      အတွက်နဲ့ လူတွေသွေးကွဲနေကြတာ စိတ်မကောင်းစရာပါပဲ။

    • မောင်မိုးပြာ

      September 27, 2011 at 9:29 pm

      သည့်ထက်ရိုးသားသော ဒဿန ကမာ္ဘပေါ်တွင် ရှိအံ့မထင်။ ဒုက္ခဆိုသောစကားလုံးကို ဒု+ခမ (ဝါ)
      ဒု+ကရ ဟုဆိုပြီး ပုဒ်ခွဲ ပုဒ်စပ်ေ လာက်သာလုပ်နေရုံမျှဖြင့် ထိုစကား၏အဓိပ္ပာယ်ကို သိလာလိမ့်
      မည်မဟုတ်ပါ။

  • moegyothwar

    September 29, 2011 at 12:51 pm

    လက်ရှိအချိန်မှာ သာသနာကို ပြန်လည့်သန့်ရှင်းသင့်နေပါပြီ။ လူညစ်ပတ်တွေ ပွေရှုပ်နေလို့ သာသနာလဲ တော်တော် ညိုးနေပါပြီ။

    ဥပမာပြောရရင်ဗျာ.. လွန်ခဲ့တဲ ၃ နှစ်လောက်က မြန်မာပြည် အလယ်ပိုင်း ဘာသာသာသနာထွန်းကားတယ်ဆိုတဲ့ မြို့ကြီး တမြို့မှာ ညဘက် အပြင်ထွက်ရင်းက ဘုန်းကြီးကျောင်းတကျောင်းရှေ့က လဘက်ရည်ဆိုင်မှာထိုင်ဖြစ်ပါတယ်။ နေရာမရတာနဲ့ ကျောင်းထဲက ဆိုင်ရဲ့ ခင်းထားတဲ့ခုံမှာထိုင်မိပါတယ်… အမလေး များလိုက်တဲ့ ကိုယ်တော်တွေ ထမင်းကြော်လေးစား အကင်လေးမြည်းနဲ့ပေါ့.. အဲဒါတွေဟာ သာသနာရဲ့ အမှိုက်တွေပါဘဲ.. မိုးပြာလိုဂိုဏ်းတွေဟာ.. အဲဒီလို အမှိုက်တွေ.. စုန်းပြူးဘုန်းကြီးတွေ ကျမ်းတတ် ပေတတ် ဘုရားရဲ့ အဆုံးအမကို ကိုယ်လိုရာဆွဲတွေးနိုင်တဲ့ အဆင့်ရောက်လာလို့ ပေါ်လာရတာတွေပါဘဲ။

    ကျမ်းတတ်လေ.. စာတတ်လေ ကိုယ်လုပ်ခဲ့တဲ့အမှားတွေ ကာကွယ်ဖို့ ရသေ့စိတ်ဖြေ ဘုရားတရားတွေကို ဘာသာပြန်ပြီး ဂိုဏ်းထောင် လုပ်စားလာကြတာပါဘဲ။ အပြာဂိုဏ်းရဲ့ ဦးဆောင်တွေဟာလဲ စာတတ်ပေတတ် — ပညာတတ် လူယုတ်မာတွေ —- ဖြစ်လို့ ဒီလို သာသနာကို ညှိုးအောင်လုပ်နေသူတွေကို သန့်စင်သင့်ပြီလို့ ယူဆမိပါတယ်….

    • lionking

      September 29, 2011 at 3:01 pm

      လောကမှာ ဒဿနတခုရဲ့ အတိမ်အနက်သိချင်ရင် ဒဿနပညာရှင်ရဲ့ ကာလ ဒေသ သမိုင်းနောက်ခံ အကြောင်းအရာတွေကို ကိုယ့်အသိနဲ့ နေရာတကာလိုက်ပြီးမတိုင်းပဲ ကျကျနနလေ့လာသုံးသပ်ပြီးမှသာ ဘာဝါဒဖြစ်တယ်။ ညာဝါဒဖြစ်တယ် ပြောဖို့ သင့်ပါလိမ့်မယ်။ ရမ်းကြိတ်ရင်တော့ ရမ်းကြိတ်သူကို သေချာကျနစွာ လေ့လာထားသူက ဒီကောင်ဘာကောင် လဲလို့ သိသွားပြီ။ ရှင်ဉာဏရဲ့ ပစ္စုပ္ပန် ကံဒဿနကို မပြောနဲ့ ရှင်ဥက္ကဋ္ဌ(တောင်တွင်းကြီး)ရဲ့ ဒဿန တောင် မြန်မာပြည်ရဲ့ အထက်မြက်ဆုံးသော ရဟန်းပညာရှိ လူပညာရှိတွေဟာ ကျကျနန မသုံးသပ်ပဲ ဝိုင်းကြဉ်လိုက် ကြတယ်။ ဒါပေမယ့် ရှင်ဥက္ကဋ္ဌကအပြုံးမပျက်ဘူး။ အေးဆေးပဲ။ သူကပညာရှိဆန်တယ်။ ငါရေးတဲ့စာဟာ လူတွေအတွက်အသုံးမတဲ့တော့ရင် အလိုလိုပျက်သွားလိမ့်မယ် လို့ရေးခဲ့ပြောခဲ့တာပဲ။ ဒါကို မသုံးသပ်ကြပဲ အနိုင်ကျင့် ပြီးဖြေရှင်းကြတယ်။ ဘယ်လောက်အနိုင်ကျင့်ကျင့် လူကို(ရှင်ဥက္ကဋ္ဌ)ပဲ အနိုင်ကျင့်လို့ရမယ်။ သူ့ရဲ့ ဒဿကို အနိုင်ကျင့် လို့ မရဘူးဆိုတာ မြဲမြဲမှတ်သားထားဖို့လိုတယ်။ လောကမှာ အပြစ်တင်မခံရပဲနဲ့ အောင်မြင်ပေါက်မြောက်တယ်ဆိုတာ မရှိဘူး။ သိဒ္ဓတ္ထဂေါတမရဲ့ တရားဟာ လောကငြိမ်းချမ်းရေးလို့ပြောကြတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်ဆိုတဲ့သူတွေ အခုထိငြင်း ခုံကြတုန်းပဲ။ ဒါဘာပြောတာလဲဆိုရင် ဘုရားနဲ့ အခုခေတ်အလှမ်းဝေးလွန်းတာကြောင့် သမိုင်းအမှားအမှန်ခွဲခြားဖို့ ခက်လွန်းတာကြောင့် ယနေ့ဗုဒ္ဓဘာသာဝင်တွေ ထွေပြားဝေဝါးနေကြတာပဲ။ အမှားအမှန်ကိုကိုယ့်ဘာသာချင့်ချိန်။ အရွယ်ရောက်လို့မှ ချင့်ချိန်ပြီး မခွဲခြားတတ်ရင် ဘာမှသိလာမှာမဟုတ်ဘူး။ အားကြီးလို့ အနိုင်ကျင့်တတ်ရုံကလွဲပြီး ဘာမှ မလုပ်တတ်တဲ့ ဘာသာဝင်တွေ မဖြစ်ဖို့လိုတယ်။ ရှင်ဉာဏဒဿနဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မနဲ့ အဆက်အစပ်ရှိတယ်ပြောပြော ဒါကပဲ ဘုရားတရားဖြစ်တယ်ပြောပြော ပြောသူကအရေးမကြီးဘူး လေ့လာသူက အရင် အသူဟာ ပြောသူအောက်ရောက်သွားမှာပဲ။ ဒါနားလည်ဖို့ပဲ။ ကုန်ကုန်ပြောရရင် ဘုရားလဲလူပဲ လူထဲမှာဆိုရင် သူ့ခေတ်သူ့အခါက တော်သူတတ်သူ ထက်မြက်သူတစ်ယောက်ဖြစ်မှာပဲ။ ဒါပဲ။ ဘုရားဆိုတာ ရေးကြီးခွင်ကျယ်ကြီး မဟုတ် ဘူး။ လူ့လောကမှာ ဟောဒီနည်းအတိုင်းသာ နေကြ ထိုင်ကြ ပြောကြ ဆိုကြ လုပ်ကြ ကိုင်ကြရင် သာယာနိုင်တယ်လို့ ပြောသွားသူပဲ။ အပေါ်ယံကြည့်ပြီးသုံးသပ်ကြရင် အပေါ်ယံပဲသိကြလိမ့်မယ်။ အပြစ်တင်ချင်ရင် အပြစ်ဟုတ်မဟုတ် သေသေချာချာ သိထားဖို့လိုတယ်။ သို့မဟုတ်ပဲ လွဲပြီးဝေဖန်မိရင် ဝေဖန်မိသူသာ နာနေလိမ့်မယ်။ ဒဿနတစ်ရပ်ကို ဝေဖန်ပြီဆိုရင် ထိုဒဿနတွေရဲ့ သွားရာလားရာကို သိဖို့လိုတယ်။ ကိုယ့်မှာ အဲသလောက်အထိ သုံးသပ်နိုင်သလား အရင်ဆုံး ကိုယ့်ကိုကိုယ် သုံးသပ်မိဖို့လိုပါလိမ့်မယ်။ သာသနာတော်ကိုသန့်ရှင်းချင်ရင် လူ့ညစ်ပတ်မှုကို ယိုးမယ်မဖွဲ့ပါနဲ့။ အသင်တို့ပြောတော့ ဘုရားအဆုံးအမဖြစ်တဲ့ သာသနာက လူ့ရဲ့ အရှုပ်အထွေး အညစ်အပတ်တွေကို ရှင်းပေးလင်းပေးတယ်ဆို။ အခုလူညစ်ပတ်တွေကြောင့်သာ သာသနာညစ်ပတ်နေတယ်ဆိုရင် ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်တွေဟာ အရည်အသွေး မပြည့်တော့သလို ဖြစ် သွား မှာပေါ့။ တကယ်တော့ ကိုယ့်သာသနာကို ကိုယ့်ဘာသာကိုပဲ လိုက်နာရမှာပါ။ ဘယ်သာသနာကိုမှ အပြစ်ဆွဲထည့်နေစရာမလိုပါဘူး။ သံဃာတွေ ညဘက်မှာ လဘက်ရည် ဆိုင်ထိုင်လို့ သာသနာပျက်တယ်ဆိုရင် လဘက်ရည်ဆိုင်မထိုင်ပဲနေတဲ့ သံဃာတော်တွေက သာသနာကို ဆက်လက်ရှင်သန်အောင် မဆောင်ရွက်နိုင်ကြတော့ဘူးလား။ ဘာလဲ ဆင်းသွား တဲ့ အာဏာရှင် စစ်အစိုးရကို ရေနူးပြီးစားချင်နေပြန်ပြီလား။ မရတော့ဘူး အမောင် မရတော့ဘူး။ စဉ်းစဉ်းစားစားလေး စဉ်းစားပြီး စဉ်းစဉ်းစားလေး ကြံစည်သမှုပြုနိုင်ပါစေသား။.

      • moegyothwar

        October 1, 2011 at 12:06 am

        ကျုပ်အစောထဲကပြောပြီးပါပကောဗျာ… ကျုပ်တို့တွေတွေးတာထက်ပိုတွေးတတ်လို့ သူများထက်ထူး နဖူးဟိုဟာပေါက်ပြီး မြတ်စွာဘုရားဟောတဲ့တရားကို ကိုယ်လိုရာဆွဲတွေးနိုင်ကြတာလေ။
        ရှင်းရှင်းလင်းလင်းကိုပြောထားတာဘဲ…. ပညာတတ် လူယုတ်မာတွေပါလို့…. ကို့ဘာသာ အပါယ်မသွားနိုင်လို့သူများတကာကို ဆွဲခေါ်နေတဲ့သူတွေက ဒသနတွေဘာတွေလာပြောနေသေးတယ်။
        ဘုရားကိုတောင် ရေးကြီးခွင်ကျယ်မဟုတ်ဘူးလို့ပြောနိုင်ဆိုနိုင်တဲ့ ခင်ဗျားတို့ဟာ.. ဘာတွေလဲဆိုတာ ကိုယ်ကိုကို သုံးသပ်ကြည့်ပေါ့။
        ကျုပ်ဘယ်အာဏာရှင်မှ ရေမနှုးဘူး.. ဘာသာသာသနာအတွက်ဆို လက်ရှိအစိုးရကရှင်းရမှာဘဲလေ…

        • lionking

          October 1, 2011 at 2:56 pm

          အသင်ပြောခဲ့တဲ့ အတိုင်းပြန်ပြောရရင် သေပြီးသားဘုရားကို သက်သေထူချင်တယ်ဆိုတဲ့ သဘော ပေါ့။ ကောင်းပါတယ်။ ကောင်းပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရှေ့က
          သေသွားတဲ့ ဘယ်ပုဂ္ဂိုလ်မျုးိကိုမဆို လက်လှမ်းမှီသမျှသူတွေရဲ့ လုပ်ရပ်တွေဟာ မှားနေတာရှိရင် မှားနေတာလို့ ထောက်ပြပြီး သင်ခန်းစာယူတယ်။ မှန်နေတာရှိရင် ကိုယ်နဲ့သင့်တော်တာကို ယူပြီး သုံးလိုက်တာပါပဲ။ ဒါကြောင့် ဘယ်အရာမဆို အမြဲတမ်းကြီး မှန်နေတယ် ဆိုတာ ဒီနေ့ လောကကြီး ထဲမှာ မတွေ့ဘူး မမြင်ဘူး မကြားဘူးသေးဘူး။ အခုလဲ လေ့လာနေဆဲ နောင်လဲ ဆက်လက်ပြီး လေ့လာနေပေဦးမည်။ ဒါပေမယ့် ကိုယ့်ရဲ့ လူ့ဝန်းကျင် အဝန်းအဝို်င်းမှာ မသင့်တာ မတော်တာရှိ ရင်တော့ ရေးပြတင်ပြ ပေးရပေဦးတော့မပေါ့။

  • thantmonzaw

    September 29, 2011 at 3:12 pm

    (သာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာကို ဆက်လက်ဖော်ပြပေးနေမှာပါ။)..ဟုတ်ကဲ.မောင်မိုးပြာ
    စောင်.ဖတ်ဲပီးမှcommentရေးဘို.စဉ်းစားထားပါတယ်၊တစ်ခုမေးခြင်တာကအရိယာဖြစ်နေပြီဆိုတော.
    သောတာပန်လား၊ရဟန္တာလား ဘယ်လိုအဆင်.လဲဗျ၊ဈန်တွေဘာတွေရသလား၊ဈန်ရရင်လဲမြစ်ကြီးနားထောင်
    ကနေဈန်ပျံပြီးရန်ကုန်မှာဆွမ်းစားကြွဘို.ဖိတ်လိုက်ပါဗျာ၊ထောင်ထဲမှာဂန်ဆီသောက်ရတာဘယ်အဆင်ပြေမလဲဗျာ ၊မဟုတ်ဘူးလား။

    • lionking

      September 29, 2011 at 3:27 pm

      ထောင်အကြာင်းပြောနေတော့ ထောင်ထဲရောက်ဖူးလို့လား။ မတော်တရော် အမှုမဖြစ်ပါစေနဲ့။ ရဟန္တာ ဘယ်နှစ်မျိုးကြားဖူးလဲ။ သေက္ခရဟန္တာက ဈန်မပျံ။ အသေက္ခရဟန္တာကမှ ဈန်ပျံမှာဗျ။ ရှင်းတယ်နော် ကနော့ချင် ချော်ချင်ရင် အရင်ဆုံး ရဟန္တာ ဘယ်နှစ်မျုးိရှိသလဲ အရင်လေ့လာပါဦး အမောင် ။ ရှင်းရဲ့လား။ ရှင်းလား။

      • thantmonzaw

        September 29, 2011 at 4:08 pm

        lionkingကစာကိုသေချာမဖတ်ဘူးပဲ (ဘယ်လိုအဆင်.လဲဗျ၊ဈန်တွေဘာတွေရသလား၊) ကျနော်မေးတာရှင်းပါတယ်နော်၊ ရရင်ရတယ်မရရင်မရဘူးပေါ.ဗျာ။ ဈန်ကသမထသမားတွေလဲရနိုင်တယ်လို.
        မှတ်သားဘူးပါတယ်၊ ဒါဆိုရင်ဈန်မပျံတဲ. ရဟန္တာလို.ဆိုလိုတယ်ပေါ. ၊ကောင်းပါပြီ
        ကျနော်မေးတာမောင်မိုးဲပြာကိုပါခင်ဗျာက ဘယ်.နှယ်.ကြောင်.ဝင်ရှင်းနေရသတုန်းဗျာ
        ခင်ဗျားနဲ.မောင်မိုးပြာနဲ. ကတစ်ယောက်တည်းလား၊ တစ်ဖွဲ.တည်းလား
        ဒေါသဆိုတာမကောင်းပါဘူးဗျာ စိတ်ကိုပူလောင်စေတယ်ဗျ
        ချမ်းသာကိုယ်စိတ်မြဲပါစေဗျာ။

        • lionking

          September 30, 2011 at 2:12 pm

          စာကိုသေချာဖတ်တာပေါ့ တိုတိုရေးလိုက်ချင်လို့ရယ်။ ဈန်မှာ သောတာပန် မပြောနဲ့ ဒေဝဒတ်လို ပုဂ္ဂိုလ်ကြီးတောင်ရသေးတာဗျာ ဈန်ရတဲ့ပုဂ္ဂိုလ်ရမှာပေါ့။ မရတဲ့ပုဂ္ဂိုလ် မရဘူးပေါ့ဗျာ။ ဒါလေးနဲနဲချဲ့မြင်လိုက်ရင် ကိစ္စကပြတ်ပြီဗျ။ ဒီပို့စ်ထဲကို ဝင်ဖတ်သူတိုင်း ရေးခွင်ရှိ တယ်ဆိုတာ မမေ့လေနဲ့ဦး။ ကျွန်တော်က မိုးလည်း မပြာသလို ပစ်စုပ်လည်း မပန်ဘူးဗျ။ ကိုယ့်ဘာသာကိုယ်နေတာပဲ။ ကနော့သော ပိုစ့်ကိုတွေ့က ကနော့ရပေ၏။ အတည်ပို့စ်ကို တွေ့က အတည်ပြောလေ၏ ။ရွှင်လန်းပါစေဗျား။

        • thantmonzaw

          September 30, 2011 at 3:32 pm

          ဒါဆိုရင်ဦးဉာနဟာဈန်မရသောရဟန္တာလို.lionkingဆိုလိုပါလားဗျာ၊replyမှာအဲဒါလေးပြန်ရှင်း
          ထားတာမတွေ.လို.ပါ၊ကျနော်.commentမှာမေးထားပြီးသားပါ၊
          (။ ဈန်ကသမထသမားတွေလဲရနိုင်တယ်လို.
          မှတ်သားဘူးပါတယ်၊ ဒါဆိုရင်ဈန်မပျံတဲ. ရဟန္တာလို.ဆိုလိုတယ်ပေါ.)ခင်ဗျားကိုယ်တိုင်ရော
          ရဟန္တာလို.ယုံကြည်ပါသလား၊ဖြေနိုင်ရင်ဖြေပေးပါဗျာ။

    • ကိုသစ္စာ

      September 30, 2011 at 4:05 pm

      ကောင်းကင်းမှာ ပျံရအောင် ငှက်တွေမှ မဟုတ်တာ။ thantmonzaw လည်း သိုင်းဝတ္ထုလို စိတ်ကူးယဉ်စာအုပ်တွေ လျှောက်ဖတ်ထားတယ်နဲ့ တူတယ်။ ဈာန်ဆိုတာ ကောင်းကင်ပျံတာကို ပြောတာမဟုတ်ဘူး။ ကိုယ့်အလုပ်မှာ ကိုယ်သေသေချာချာ ပိုင်းပိုင်းခြားခြား ပိုင်ပိုင်နိုင်နိုင် စိတ်ဝင်စားနိုင်တာကိုပြောတာလို့ နားလည်ပေး။ ကောင်းကင်က သွားချင်ရင် လေယာဉ်ပျံနဲ့ သွားလေ။ thantmonzaw ရေ သိဟိုဠ်ခေတ်က စိတ်ကူးယဉ် ဘုန်းကြီးတွေ ထင်ရာရေးထားတာတွေ လျှောက် ယုံမနေနဲ့။ လူရယ်စရာကြီးဖြစ်နေလိမ့်မယ်။
      ဦးဌေးလှိုင်ဆိုတဲ့ စာရေးစားတဲ့လူကြီးကလည်း “ရဟန္တာနှင့် ပုဂိ္ဂုလ်ထူးများ” ဆိုပြီး သူ့စာအုပ်ရောင်းကောင်းအောင် သိုင်းဝတ္ထုလို စိတ်ကူးယဉ်တွေရေးထားတာ။ အဲဒါတွေယုံနေရင်တော့ သိုက်စာအညွှန်းလွဲနဲ့ သိုက်တူးသမားလိုပဲ ဖြစ်နေမှာ။ ဦးဌေးလှိုင်ကိုယ်တိုင် ဆရာကြီးဦးရွှေအောင်ရဲ့ရှေ့မှာ မိတ်ဆွေတစ်ဦးကို “သူ လူစိတ်ဝင်စားအောင်လို့ ကလောင်ကွန့်လိုက်ပါတယ်လို့ ဝန်ခံထားတယ်”။ ဒါပေမယ့် ဝန်ခံတာ နောက်ကျသွားပြီလေ။ အဆင်ခြင်မဲ့တဲ့ လူတွေ ယုံသွားကြပြီကိုး။ ဝမ်းနည်းဖို့ ကောင်းလေစွ။ ဘုရားကိုပါ ဒေဗစ်ကော်ပါးဖီး သာသာလောက်ဖြစ်အောင်လျှောက်လုပ်ပစ်လိုက်တာ။

      • thantmonzaw

        September 30, 2011 at 8:56 pm

        ကိုသစ္စာ
        ဈာန်ဆိုတာ ကောင်းကင်ပျံတာကို ပြောတာမဟုတ်ဘူး ဆိုတော.ဘုရားဟောတွေမမှန်ဘူးလို.ဆိုလိုပါသလား။ခင်ဗျားအတွက်lionking
        ရဲ.commentလေးပြန်ရေးပေးလိုက်တယ်၊ခင်ဗျားတို.ချင်းပြန်မေးကြည်.ပေတော.
        (ရဟန္တာ ဘယ်နှစ်မျိုးကြားဖူးလဲ။ သေက္ခရဟန္တာက ဈန်မပျံ။ အသေက္ခရဟန္တာကမှ ဈန်ပျံမှာဗျ။ ရှင်းတယ်နော် )
        (ဈန်မှာ သောတာပန် မပြောနဲ့ ဒေဝဒတ်လို ပုဂ္ဂိုလ်ကြီးတောင်ရသေးတာဗျာ ဈန်ရတဲ့ပုဂ္ဂိုလ်ရမှာပေါ့။ မရတဲ့ပုဂ္ဂိုလ် မရဘူးပေါ့ဗျာ။ )
        ဒါဆိုရင်ငှက်တွေနဲ.တရုပ်သိုင်းသမားတွေပဲလေထဲပျံလို.ရတယ်လို.ထင်တဲ.
        ကိုသစ္စာကျေနပ်လောက်ပါပြီ
        ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေဗျာ

        • lionking

          October 1, 2011 at 3:19 pm

          ပြောရမှာတော့ အားနာတယ်ဗျာ thantmonzaw ရေ။ ကျွန်တော်က ကျွန်တော်လေ့လာမိ သလောက် ပြောပြတာပါ။ ရဟန္တာဆိုတာ ကောင်းကင်ပျံတယ်၊ မပျံဘူးဆိုတာကို ပုံပြင်တပုဒ်လောက် စိတ်မဝင်းစားဘူးဗျ။ ကြုံလို့ သိတာလေး လေ့လာမိတာလေး ဝေငှမိတာပါ။ ခင်ဗျားက ကောင်းကင်မှာ ပျံတဲ့ ဈန်ရရဟန္တာကို စိတ်ဝင်စားလို့လား။ ဒါဆိုရင် ဦးဌေးလှိုင် (ဓမ္မာစရိယ) ရေးတဲ့ ရဟန္တာနဲ့ ပုဂ္ဂိုလ်ထူးများစာအုပ်မှာ လေ့လာကြည့်ရင် အဆင်ပြေမယ်ထင်တယ်။ အဲသည်စာအုပ်ထဲ အပြည့်အစုံပါမယ်ထင်လို့ပါ။ လန်းဖြာပါစေ။

        • thantmonzaw

          October 1, 2011 at 4:05 pm

          ူူူlionkingရေ
          ကျနော်မေးတာကိုမဖြေသေးဘူးနော်၊ဦးညာနကိုရဟန္တာလို.ယုံကြည်ပါသလား
          မိုးပြာဝါဒကိုလက်ခံပါသလား၊(ကျွန်တော်က မိုးလည်း မပြာသလို ပစ်စုပ်လည်း မပန်ဘူးဗျ။ )
          လို.ရေးထားပေမဲ.ဘာ.ကြောင်.ဒါးခုတ်ရာကိုလက်ဝင်လျှိုနေရတာလဲဗျ။
          (သောတာပန်လား၊ရဟန္တာလား ဘယ်လိုအဆင်.လဲဗျ၊ဈန်တွေဘာတွေရသလား၊ဈန်ရရင်လဲမြစ်ကြီးနားထောင်
          ကနေဈန်ပျံပြီးရန်ကုန်မှာဆွမ်းစားကြွဘို.ဖိတ်လိုက်ပါဗျာ၊ထောင်ထဲမှာဂန်ဆီသောက်ရတာဘယ်အဆင်ပြေမလဲဗျာ ၊မဟုတ်ဘူးလား)…
          အထက်ပါကျနော်.ရဲ.commentဟာမောင်မိုးပြာတစ်ခုခုတုံ.ပြန်လာအောင်ပါးပါးလေးရေးလိုက်တာပါ။ဒါပေမဲ.ဗျာ၊ခင်ဗျားနဲ.ကိုသစ္စာကပဲပြင်းပြင်းထန်ထန်တုံ.ပြန်လာတာကိုတွေ.ရသဗျ။
          ဆိုတော.ကာ..
          (ကျွန်တော်က မိုးလည်း မပြာသလို ပစ်စုပ်လည်း မပန်ဘူးဗျ။ )ဆိုတဲ.စကားကိုဒွိဟဖြစ်မိတယ်ဗျ
          ဘာပဲဖြစ်ဖြစ်ပေါ.ဗျာကျနော်.မေးခွန်းလေးကိုဖြေပေးနိုင်ရင်ဖြေပေးပါ
          မိုးပြာဝါဒကိုယုံကြည်လက်ခံပါသလား
          ဦးညာနသည်ရဟန္တာတာဆိုတာလက်ခံပါသလား
          မဖြေနိုင်ရင်လဲကိစ္စမရှိပါဘူးနားလည်ပါတယ်
          နောက်ဆုံးပြောချင်တာကတော.ပညာလွန်ပြီး ကောက်ကျစ်သွားတဲ.
          လူတော်တွေကိုနှမျောတယ်ဗျာ

    • မောင်မိုးပြာ

      October 3, 2011 at 4:48 pm

      thantmonzaw နားလည်ထားတဲ့ ရဟန္တာနဲ့ မောင်မိုးပြာတို့နားလည်တဲ့ ရဟန္တာ တူမှာမဟုတ်တာ
      ဆိုတော့ မောင်မိုးပြာပြောတဲ့ ရဟန္တကို နားလည်မှာတော့မဟုတ်ဘူး။ ဒါပေမယ့် ဈာန်ဆိုတာကို မိုးပေါ်ပျံတာလို့ သိထားကတော့ စာကိုနားလည်ပါတယ်ဆိုပြီး စာကိုကျော်ပြီး သိနေကြတယ်ဆို
      တာပေါ်လွင်အောင်တော့ နဲနဲပြောလိုက်ပါအုံးမယ်။ ဈာန်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေဆိုတာ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧက္ကဂတာ တွေဆိုတာတော့ လက်ခံပါတယ်နော်။ ဒီအထဲမှာ မိုးပျံတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ပါ မပါဆိုတာ ပါဠိပညာရှင်တွေကိုသာ မေးကြည့်ပါ။ မောင်မိုးပြာ ပြောရင် ကိုယ်လိုရာဆွဲပြီးပြောတယ်ထင်ကြဦးမယ်လေ။ အများအတွက် လုပ်နေတာလား ကိုယ့်အတွက်လုပ်နေတာလား ဆိုတာလောက်တော့ လေ့လာဖို့ကောင်းပါတယ်ဗျာ။

      • thantmonzaw

        October 4, 2011 at 3:51 pm

        ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧက္ကဂတာဆိုတာပထမဈန်လို.
        မှတ်သားမိကြောင်းပါမောင်မိုးပြာ
        လူတိုင်းလဲလေ.ကျင်.ရင်ရနိုင်ပါသတဲ.ဗျာ
        ကျန်တဲ.ဈန်တွေအကြောင်းကိုလဲထပ်မံရှင်းလင်းပြပါဦး
        ဗဟုသုတပေါ.ဗျာ
        နောက်တစ်ခုက
        (ဘုရားလက်ထက်တော်အခါက ရဟန်းအချင်းချင်း တွေ့ကြပြီဆိုလျှင် အရှင်ဘုရား ရဟန်းကိစ္စပြီးပါ
        ပြီလားလို့ နုတ်ဆက်တဲ့အခါမှာ အခုခေတ်လို စိတ်ဆိုးမပြကြပဲ ပြီးဆိုလျှင်လည်း ပြီးပါပြီဘုရား၊ မပြီးသေးဘူးဆိုလျှင်လည်း ရိုးရိုးသားသား မပြီးသေးကြောင်းဝန်ခံကြတာကို ဒီကနေ့ဗုဒ္ဓဘာသာတွေမသိကြတာ ဝမ်းနည်းစရာပါပဲ။)ဆိုတဲ.ခင်ဗျားရဲ.commentနဲ.ပါတ်သက်လို.
        ရဟန်းအချင်းချင်းမေးတဲ.သူကမေးမှဖြေတဲ.သူကဖြေတာပါဆိုတော.
        ဦညာနကဘယ်သူမှမမေးပဲသံဃနာယကကိုလျှောက်ထားတာဖြစ်ခြင်းကြောင်.
        ဝိနည်းနဲ.မညီဘူးလို.ဆိုရင်ရောဗျာ၊အဲဒါလေးပြန်ပြီးလင်းစမ်းပါဦးဗျ
        အများအတွက်ကောင်းဘို.ရည်ရွယ်ချက်ကိုကြိုဆိုရပေမပေါ.
        သို.သော်ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားရေးစေလိုသဗျ
        ဒေါသသံ။မောဟသံ၊လောဘသံတွေမပါတဲ.ခင်ဗျားရဲ.commentကိုဖတ်ရတာ
        စိတ်ချမ်းသာကြောင်းတော.ပြောပါရစေ
        ကောင်ကျိုးလိုအင်ဆန္တတွေပြည်.ဝပါစေဗျားးးးးးးးးးးးးးးးးး

  • True Answer

    September 30, 2011 at 9:19 am

    မိုးပြာ ဂိုဏ်းအတွက် တကယ် က ရဟန္တာဖြစ်ဖြစ်၊ အရိယာဖြစ်ဖြစ်၊ သားသတ်သမားဖြစ်ဖြစ်၊ ယဇ်ပူဇော်တဲ့သမားဖြစ်ဖြစ် အရေးမကြီးဘူးလေဗျာ။
    တစ်ဘဝတစ်နပ်စာ အဆင်ပြေရင်ပြီးပြီပေါ့။
    ဘာလို့ အရိယာဖြစ်ပြီ ဆိုလိုက်ကြွားနေတာလဲ။
    ဘာဖြစ်လို့လဲ ဆိုတော့ မိုးပြာဝါဒမှာ နောက်ဘဝ အကြောင်းမစဉ်းစားရဘူးလေဗျာ။
    နောက်ဘဝမှာ ဘာဖြစ်ဖြစ် ထည့်စဉ်းစားစရာမှမလိုတာ။ ဒီဘဝဇတ်သိမ်းပြီး ပြီးပြီလေ။

    (မှတ်ချက်။ သားသတ်သမားဖြစ်ဖြစ်၊ ယဇ်ပူဇော်တဲ့သမားဖြစ်ဖြစ် အပြစ်မရှိ။ လို့ မိုးပြာဝါဒက ဆိုသဗျ)
    (အပြစ်သားမဟုတ် လူသား ပိုစ်မှ by ordinary man)

    MG မှ အပြာဂိုဏ်းသားများ အဲ ယောင်လို့ မိုးပြားဂိုဏ်သားများ (တစ်ယောက်ထဲလည်းဖြစ်နိုင်သည်။)
    ၁) မောင်မိုးပြာ
    ၂) real man
    ၃) ordinary man
    ၄) kossica
    ၅) koyo
    ၆) ashin ariya
    ၇) lion king

    • kai

      September 30, 2011 at 2:41 pm

      True Answer ခင်ဗျား…
      အဲဒီလောက်ကြီး.. အမည်တွေတန်းစီမရေးစေလိုပါဘူးနော..။
      အဲဒီရယောက်က ..တယောက်ထဲမဟုတ်တာ..ကျုပ်ကတော့..သိပါတယ်..။ 🙂

      နောက်တခု… သတိထားမိစေဖို့က.. မိုးပြာလို့ခေါ်နေတဲ့.. ဝါဒကို..လက်ခံထားသူ မြန်မာပြည်ထဲတင်.. သိန်းဂဏန်းရှိနေတယ်ဆိုတာပါပဲ..။
      (သန်းဂဏန်းတောင်ဖြစ်လောက်တယ်)
      အဲဒါတော့..ကျုပ်က… တွက်ဆလို့ရတယ်..။

      ဆိုတော့…
      မိုင်နရတီ(အနည်းစု)ဆိုပေမဲ့.. မိုးပြာဝါဒသမားတွေ.. နည်းနည်းနောနောတော့ မဟုတ်ဖူးဆိုတာ.. သတိထားစေချင်လို့ပါ..။
      ကိုရင်က.. ထေရဝါဒကိုတော်တော်လေး.. လက်တွေ့လုပ်ထားသူလို့ထင်ပါတယ်..
      ဖြစ်နိုင်ရင်တော့.. လိုက်ထောက်နေတာထက်စာရင်.. စိမ်ခေါ်ပြီး..တပိုဒ်ခြင်း.. တကွက်ချင်း.. ပညာရှင်ဆန်ဆန်.. .တရားပြိုင်ဆွေးနွေးစေလိုတာပါပဲ..
      စာဖတ်သူတွေအကျိုးများတာပေါ့…။

      • htoosan

        September 30, 2011 at 3:06 pm

        တပိုဒ်ခြင်း.. တကွက်ချင်း.. ပညာရှင်ဆန်ဆန်.. .တရားပြိုင်ဆွေးနွေးစေလိုတာပါပဲ..
        စာဖတ်သူတွေအကျိုးများတာပေါ့…။

    • realman

      September 30, 2011 at 4:46 pm

      True Answer ရေ realman အနေနဲ့ ဝင်လေ့လာနေတာ အခုတော့ ပါရပြီပေါ့။ ထင်ကြေးနဲ့ လျှောက်မရမ်းပါနဲ့လေ။ ကို်ယ်စိတ်ဝင်စားသလိုရေးကြမှာပဲ။ ဘယ်သူက ဘယ်သူနဲ့တူတယ်၊ ဘယ်သူက ဘယ်ဝါဒကို ကိုယ်စားပြုနေတာပဲလို့ အချိန်ကုန်ခံ စဉ်းစားမနေနဲ့။ realman ဆိုတာ မှန်တဲ့ဘက်က အမြဲရပ်တည်မယ့် သူပါဗျာ။ အခုရေးနေကြတဲ့ သူတွေကလည်း သူတို post သူတို့ တာဝန်ယူကြပါလိမ့်မယ်လို့ ထင်ပါတယ်။ True Answer လည်း ကိုယ့် post ကိုယ်တာဝန်ယူပေါ့။ ထေရဝါဒတွေ၊ မဟာယာနတွေ၊ မိုးပြာတွေဆိုပြီး ဘောင်မခက်ထားပဲ ပြောဆိုတာတွေကို လေ့လာကြည့်ကြရအောင်နော်။
      ဘောင်ခတ်လိုက်ရင် အမြင်ကျဉ်းသွားမှာစိုးလို့ပါ။

    • မောင်မိုးပြာ

      October 3, 2011 at 4:04 pm

      ကိုယ့်ကိုကိုယ် အဲလောက်တော်မှန်း မသိခဲ့ဘူး။ လူတစ်ယောက်ထဲက လူခြောက်ယောက်ရဲ့ ဦးနှောက်နဲ့ ညီမျှနေလောက်အောင်တောင်ဆုိုတော့ နဲနဲတောင် ဘဝင်မြှင့်ချင်လာပြီ။

  • ရာဇဝင်လူဆိုး

    September 30, 2011 at 3:54 pm

    အင်… ကျူပ်ကတော. နောက်ဘဝဆိုတာ မကြည်.ပဲ လက်ရှိဘဝတစ်ခုပဲကြည်.မယ်ဆိုရင် ကျူပ်လဲ ..ဖိုးကြာဂိုဏ်းတို. မိုးကြိုးပစ်ဂိုဏ်း တို. ဆိုပြီး ထောင်ပလိုက်မယ်။ မကောင်းတဲ.၊ မသမာတဲ.နည်းနဲ.စီးပွားရှာ ချမ်းသာနေတဲ.သူတွေကို ဓါးပြ တိုက်မယ် ။ ကိုယ်.အတွက်ဝေစုယူပြီး ကျန်တာတွေကို ဆင်းရဲတဲ.သူတွေကိုလှူမယ်၊ ဂေါတမ ဘုးရားကိုရည်စူးပြီးလှူမယ်( ဘုရားက ဓါးပြတိုလို.ရတာကို မလှူရလို.မပြောခဲ.ဖူးထင်တယ် ငါရှင်တို.)။ ကဲဒါဆို ကျူပ်လဲ ချမ်းသာမယ်.. နိမ်.ကျတဲ.သူတွေလဲ အဆင်ပြေမယ်..။ စကားတွေအကြီးကြီးပြောပြီး ဘာမှအကျိုးမပြုနိုင်ရင် အလကား..ဘာမှတန်းဖို.မရှိ။ (ဥပမာ.. ဗမာပြည်အတွက် ဆိုပြီးပြောနေတဲ. အတိုက်အခံတွေလိုပေါ.) ..ကဲဟေ…..ရွာထဲမှာ ဖိုးကြာဂိုဏ်းထောင်မယ်…လူစုပြီး သူကြိးအိမ်သွားတိုက်မယ်…..ရွာထဲက မန်ဘာတွေကို အချိုးကျ ခွဲပေးမယ်….. အမြန်စာရင်းပေးရရန်…

    • ပေါက်ဖော်

      September 30, 2011 at 4:20 pm

      အဲတာအကောင်းဆုံးပဲ..
      ကျုပ်လဲ ဂိုဏ်းစတားဖြစ်ချင်နေတာနဲ ့ ကွိတတ်ပဲ

    • မောင်မိုးပြာ

      October 3, 2011 at 3:57 pm

      မကောင်းမှုကို အနည်းဆုံး ကိုယ့်အိမ့်မှာပဲ ငါကိုင်တုတ်ပြီးဆဲကြည့်စမ်းပါ ဘာမှမဖြစ်လောက်ဘူးလား။ သိချင်ရင် လက်တွေ့သာ အကောင်အထည်ဖော်ကြည့်။ အိမ်ပေါ်ကနေ ကန်ချမခံရင် ကျုပ်ကိုပြော။ ရာဇဝင်လူဆိုးက အခုမကောင်းမှုလုပ်တဲ့သူတွေကို အားကျနေပုံရတယ်။ သူတို့တွေကို အနီးကပ်သိခွင့်ရရင် ငိုချင်စိတ်တောင်ပေါက်သွားလောက်တယ်။ ဒါပေမယ့် ရာဇဝင်လူဆိုးတော့ ပါမယ်မထင်။

  • True Answer

    September 30, 2011 at 4:50 pm

    ဟုတ်ကဲ့ ပါ သူကြီးမင်း

    ကျွန်တော် ပို့စ်တစ်ခု ထပ် တင်လိုက်ပါ့မယ်။
    “သူကြီးမင်း နှစ်လုံးပြူးကို စိတ်ပုတီးနဲ့လဲလှယ်ခြင်း“ ဆောင်းပါး မှာ အတိတ်၊ ပစ္စုပ္ပါန်၊ အနာဂတ်ဘဝ အယူနဲ့ ပတ်သက်ပြီး မိုးပြာရဲ့ ထင်ယောင်ထင်မှား လုပ်မှုကို ဖော်ပြထားပါတယ်။

    စိန်ခေါ်တဲ့သဘော ၊ ယှဉ်ပြိုင်တဲ့သဘောမဟုတ်ပါဘူး။
    သဘာဝအမှန် နဲ့ ပတ်သက်ပြီး နားလည်သမျှ မိုးပြာရော မပြာရော အများသိအောင် တင်ပြခြင်းဖြစ်ပါသည်။

    • kai

      September 30, 2011 at 4:59 pm

      ကောင်းပါတယ်ဗျာ…
      ကျေးဇူးပါ..။
      ကျုပ်လည်း.. ဒဿန..တရားးးဓမ္မနဲ့ပါတ်သက်တာဆိုစိတ်ဝင်စားသမို့.. စောင့်ဖတ်ပါ့မယ်..။
      တခုတော့ပြောဥိးမယ်နော..
      သူကြီးမင်း စိတ်ပုတီးမကိုင်ပဲ…. တရားထိုင်နေခဲ့တာ.. အနှစ်အစိတ်မကရှိပြီ..။ ပျက်ရက်မရှိဘူးလို့တောင် ထင်မှတ်မိရဲ့..။ ပျက်လည်း ၁ဝရက်ထက်တော့..မပိုလောက်ဖူး..။

      အဲဒါလေး…။ 🙂

Leave a Reply