Best Teacher ( Wrong Strategy)

TTNUSeptember 23, 20111min922

Best Teacher (8) နည်းဗျူဟာမှားမိတဲ့ ဆရာမ

(  Being a trained Teacher )

ဆရာ အတတ်ပညာ ကို ရန်ကုန် ပညာရေးတက္ကသိုလ်မှာ သင်ယူခဲ့ ပြီး ပြီ မို့ ငါ အကုန်တတ်ပြီ

လို့ ထင်နေလို့ မရပါဘူး။ Child Psychology ငါသိပါတယ် လို့ မောက်မာေ နလို့ မရပါဘူး။

အတွေ့ အကြုံ ထဲက တူးဖော်ရှာဖွေ ရတာတွေ လည်း အများကြီးပါ။

 

တစ်ခါမှာတော့ ဒီလို အတွေ့ အကြုံ တစ်ခုရ ခဲ့ပါတယ်။ (၉)တန်းက ကလေးတစ်ယောက်ပါ။

Homework ဘယ်တော့မှ မပြီးဘူး။ စာသင်နေရင် ငေးငိုင်နေတယ်။ မှုန်ကုတ်နေတာပဲ။

စာမေး လဲ မရဘူး။ Family History စစ်တော့ လည်း လူလတ်တန်းစားထဲကပါ။

နည်းမျိုးစုံ စမ်းသပ် ကြည့်တယ်။ ပြောင်းလဲမလာဘူး။ Plan (A) မရရင် Plan (B) ။

 

နောက်ဆုံးနည်းကတော့ စာမေးရင် သူ့ကို ကျော် မေးလိုက်တော့တယ်။ သူ စိတ်ချမ်းသာ

သွားပြီထင်နေတာ။ နှစ်ရက် သုံးရက် လောက်နေတော့ ကိုယ်တော်ချော ဆရာမ အလာ

ကျောင်းဝမှာ လာစောင့်နေတယ်။ လက်ထဲမှာ စံပယ်ပန်းတစ်ကုုံးနဲ့။ မှုန်နေတတ်တဲ့ မျက်နှာ

လေးက အပြုံး စလေးတွေ စွန်းထင်းလို့။

“ တီချာ သားကို ဟိုနေ့က စာ မမေးလို့ အဲဒီနေ့က သားစာရတယ်” တဲ့။ စိတ် မကောင်းလိုက်တာကွယ်။

 

ကိုယ်မှားသွားပြီ ဆိုတာ သိလိုက်ပြီ။ ကိုယ့် Strategy အစုတ်ကြီး တွေ လက်တွေ့မှာ ဆင်ခြင်တုံတရား နဲ့တွဲရမှာ

မဟုတ်ပါလား ရှင်။

တစ်ခါတစ်လေ ကျတော့ လည်း  Paradigm Shift လုပ်ချိန်တန်ရက်နဲ့ မလုပ်မိတတ်တဲ့ အမှား ကိုယ်တို့ တွေ လည်း

လူပေပဲ မို့ မှားမိခဲ့ကြတယ်။ အသက် အရွယ်။ အခါကာလ။ အတွေ့ အကြုံ။  ဝန်းကျင်ဖိအား။ ခေတ်တစ်ခေတ်ရဲ ့ လောင်းရိပ်။

Taken into account စရာတွေ အများကြီးပါ့။

ကျောင်းသားကျောင်းသူတွေ ရဲ ့ လက်ခံနိုင်အား နဲ့ ကိုယ်တွေ ရဲ ့ ထည့်ပေးနိုင်အား Balance ဖြစ်ဖို့ ဆို တာ Pacing

လည်းလိုသေးတယ် မဟုတ်ပါလား။ လိုတာတွေ အများကြီးပါ။ အလုံးစုံ အဖက်ဖက် ကလိုတာပါလေ။ ဘဝ ထဲက

ပညာရှာရမယ် ၊ အတွေ့ အကြုံထဲ က အသိပညာ ဖော်ထုတ်ရမယ်။ဒါပါပဲ။

အခုခေတ်ထဲ ရောက်ပေမဲ့လည်း ဆရာ ဆရာမ ရဲ ့ ချစ်တီးမေတ္တာ ကို လက်ခံနိုင်သူ ကလေးတွေ ရှိနေဆဲပဲ ဆိုတာ သူတို့ရဲ ့

comments လေးတွေ  Facebook မှာ ရေးထားတာ ဖော်ပြ လိုက်ပါတယ်။

(ဆရာမ ရဲ့ best teacher post ဖတ်လိုက်တိုင်း..
ဆရာမ သင်တန်းကို သတိရတယ်.
စာသင်ပေးဘူးတဲ့ ဆရာ ဆရာမ တွေရဲ့ စေတနာ
ကိုလည်း တန်ဖိုးထားမိတယ်.)

(Teacher,that is not common thing!!!
i am not in this kind of students.sure.
u know, i am always being scolded by u everyday.
but i am very glad and pleased to be scolded
because if u don’t take care of me,u will not scold me.only when if u have much care in me,u will scold me.so in my mind ‘scolding=taking care’.see it.teacher always
keep me in her mind to take care.How wonderful thing!!!!!!!)

 

2 comments

  • thit min

    September 24, 2011 at 10:05 am

    ဟုတ်ပါတယ် ဆရာမကြီးခင်ဗျား။
    အဲဒီလိုတပည့်ကဆရာကိုပြန်သင်ပေးတဲ့မုဆိုးစိုင်သင်လေးတွေကြုံရပါတယ်ခင်ဗျ။
    ခုခေတ်ဆိုရင်ဆရာနဲ့တပည့်နားလည်မှုရှိမှအဆင်ပြေစွာသင်ကြားလို့ရတဲ့ခေတ်မျိုးပါ။
    ကျနော်လိုကလေးကြီးတွေသင်ရတဲ့နေရာဆို(horizontal teaching) လို့တောင်ပြောနေကြပြီခင်ဗျ။
    ကျနော်ပထမနှစ်လောက်ကစပြီးမြန်မာစာဆရာဆိုရင်ဆရာဦးဇော်မြင့်(စာရေးဆရာ ဇော်ဇော်အောင်)နဲ့
    English စာဆရာဆိုရင်ဆရာကြီး L.J ကံကြီး(ဆရာမကြီး E.J ကံကြီးရဲ့မောင်)တို့နဲ့တရင်းတနှီးပေါင်းရှိခဲ့တာပါ။
    (ကိုပေါက်ရဲ့မန်းလေးဝမ်းဝေးကော်မန့်မှာတောင်နဲနဲ”တို့”ထားမိပါသေးတယ်၊ဆရာမကြီးနဲ့သိလောက်တယ်ထင်လို့)
    ဆရာလင်းနာဒ်( L.Jကံကြီး)နဲ့ဆိုခရစ်စ်မတ်တွေမှာလိုက်လံဆိုတီး,စားသောတ်ခဲ့တာပေမဲ့ရိုသေစွာဆက်ဆံခဲ့ရတာပါ။
    ခုကျတော့အဲဒီ “Value” တွေနဲပါးကုန်ပါပြီ။
    အဓိကကကကိုယ်သင်တာသူတို့”ရ”သွားဖို့ပဲလို့စဉ်းစားပြီးဆက်ဆံရတဲ့ခေတ်မျိုးပါ။
    ဘာဘဲဖြစ်ဖြစ်ကျောင်းမှာတော့ဆရာဟာမိဘ၊ကျောင်းသားဟာသားသမီးမှို့၊ကိုသားသမီးကိုယ်ဂရုဏာထားတယ်ပေါ့ခင်ဗျာ။
    လေးစားလျှက်
    TM

    • TTNU

      September 24, 2011 at 8:56 pm

      ဆရာသစ်ရေ
      ိတီချာတို့ က ဒေါ် E.J ကံကြီးနဲ့ သင်ယူခဲ့ဘူးတာပါ။ ဆရာ L.J ကံကြီး ကိုတော့ Seminar တွေ
      ဘာတွေ မှာ ဆုံဖူးရုံပါပဲ။ အလွန်တော် သော ဆရာ ဆရာမ တွေ ဖြစ်ပါတယ်။ တီချာတို့ခေတ်တုန်း
      က တက္ကသိုလ် ဆရာဆရာမ တွေ ရဲ ့ expertise ကို ယခုခေတ် အဖွဲ့များအမီလိုက်ကြဖို့ လိုတယ်နော်။ Interrelationship between students and teachers ဆိုတာ သုံးတတ်ရင်
      ဆေးကောင်းတစ်လက်ပါ။

Leave a Reply