ရွာထဲက အရုပ်မလေးတစ်ရုပ်သို့………..

koyin sithuSeptember 23, 20111min17616

ကျွန်တော်သည် ပြာလွင့်နေသော မိုးတိမ်များကို ငေးကြည့်နေရင်း ဘာမှန်းမသိသေးသော ခံစားမှုတစ်မျိုးကို ခုခံ ကာကွယ်နေရလေ၏။ ဒုက္ခဆန်သော ကျွန်တော့် နံနက်ခင်းတွေကို အလင်းထွန်းညှိပေးဖို့ ဘာဘီအရုပ်မလေးနှင့်
တူသော ချစ်စရာကောင်းသော သူမသည် ကျွန်တော့်ထံသို့ ရောက်လာခဲ့ပါသည်။ ရင်းနှီးခင်မင်
ချစ်ခင်မှုများက ကျွန်တော့်တို့ နှစ်ယောက်အကြားကို အခိုင်အမာ
ရစ်ပတ်ချည်နှောင်ခဲ့ပေမယ့် မသမာသူ ကံကြမ္မာက ကျွန်တော်တို့ နှစ်ယောက်ကို ဟိုလိုလို၊
ဒီလိုလို လုပ်ခဲ့တဲ့အတွက် ကျွန်တော့်တို့ရဲ့ ဆက်ဆံရေးဟာ ယခုအချိန်
ပျက်စီးခဲ့ရပါပြီ။ အချိန်အတော်အတန် ကြာမြင့်ခဲ့ပေမဲ့ သူမအကြောင်း စဉ်းစားမိလျှင်
ကျွန်တော်က ရင်ခုန်နေဆဲ..။ သူမဟာ ကျွန်တော့်ကို ငြင်းခွင့် မရလောက်အောင်
ရူးသွပ်စေခဲ့ပါတယ်…

နွေဦးရာသီရဲ့ ကြွေကျလာတဲ့ သစ်ရွက်ခြောက်ချွန်ချွန်လေးတွေက သူမနာမည်ကို ကျွန်တော့် နှလုံးသားမှာ
ရေးထိုးသွားခဲ့ပြီ။ သဘာဝတရားရဲ့ ကျယ်ဝန်းနက်ရှိုင်းမှုထဲသို့ ကျွန်တော်
တိုးဝင်ရယ်သွမ်းနေမိခဲ့ရဲ့။ အရုပ်မလေးရေ…. မင်းမေ့လျောသွားပြီဖြစ်တဲ့
သံယောဇဉ်တွေအားလုံးကို စကားလုံးအဖြစ် ပြန်လည် ပေးပို့လိုက်ပါတယ်။ …

 

ကျွန်တော့် ခံစားမှုတွေနဲ့ ရေးဖွဲ့ထားသော ဟောဒီစာမျက်နှာတွေကို အရုပ်မလေးက အပျင်းပြေတယ်ဆိုရင်
ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော်ဟာ ကံကြမ္မာရဲ့သားကောင်အဖြစ်နဲ့
ကံဆိုးမှုတွေအောက်မှာ ပြုံးပြုံးလေး သဘောထားကြီး ပေးနိုင်ခဲ့ပါတယ်။ ဒါတောင်မှ သူမက
ကျွန်တော့်ကို ဆူးချွန်မှုတွေနဲ့အတူ ဒေါသကြီးနေဆဲပါ။ ကျွန်တော့်ရဲ့ အရုပ်မလေးဟာ
ကလေးဆန်ဆန် မာနကြီးတတ်သူ တစ်ယောက်ပေါ့။ သူမဟာ အချစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ နားလည်တတ်မြောက်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော့်ထံတွင် ချွေးစတစ်ချို့
ပေကျံနေသော တစ်ရှူးစအတစ်ချို့ရှိခဲ့တယ်။ အပြန်အလှန် ပေးဖတ်ခဲ့ကြတဲ့၊ ကဗျာတွေ၊
ဝတ္ထုတွေရှိခဲ့တယ်။ ညနေပိုင်း သူမပြန်ပို့ပေးဖို့ (၄၈) ဘတ်စ်စကားရဲ့ ခရီးစဉ်
တစ်ချို့လည်းရှိခဲ့တယ်။ သူများအတင်းတွေပြောရင်း ရယ်မောဟားတိုက်ခဲ့ဖူးတဲ့
ပျော်ရွှင်မှုတွေရှိခဲ့တယ်။ ဒီလိုအခြေအနေတွေမှာ ဝေးကွာမှုဆိုတာ ကျွန်တော် နားမလည်သော
ဝေါဟာရတစ်ခုပါပဲ။
  တရားမျှတမှုပဲဖြစ်ဖြစ်၊ အဓမ္မဆန်တာပဲ ဖြစ်ဖြစ် ခံစားမှုကသာ အမှန်တရား ဖြစ်တယ်လို့ ကျွန်တော်
လက်ခံယုံကြည်မိတယ်။ အချစ်ဆိုတာလည်း အားလုံးနဲ့ ကင်းလွတ်တဲ့
ခံစားမှုတစ်မျိုးမဟုတ်ပါလား…။

ကျွန်တော်တို့နဲ့ နီးစပ်ရာ ပတ်ဝန်းကျင် ငတုံးများသည် သူမနဲ့ ကျွန်တော်တို့ရဲ့ အပြစ်ပြောစရာ၊
ရယ်မောစရာတွေကို ခေါင်းစဉ်အဖြစ်နဲ့ ကျွန်တော့်အရုပ်မလေးအား တိတ်ဆိတ်စွာ လှလှပပ
နိဂုံးချုပ်စေခဲ့ပါတယ်။ နောက်ဆုံး အကြောင်းအရာများကတော့
သူမရည်စားအကြောင်းပြောပြပြီး ထိုရည်စားနှင့်ပင် ကျွန်တော့်ရှေ့တည့်တည့်တွင်
မာယာကျော့ကွင်းလှလှဖြင့် လှပစွာ ထွက်ခွာသွားခဲ့ပါပြီ။ သူမဟာ ကျွန်တော့်ကို
ချစ်တယ်ပြောပြီး တခြားသူတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်သွားခဲ့ပါသည်။ ဒါဟာ
ကျွန်တော့်ရဲ့ ပကတိသစ္စာတရားမှာ အကြွင်းမရှိတဲ့ အဖြူရောင် အချစ်တွေကို တမင် သက်သက်
ရက်စက်သွားချင်းမျှသာဖြစ်ပါတယ်။ အရုပ်မလေးရေ …. ဒါတွေဟာ မင်းရဲ့ ဆန္ဒစစ်စစ်တွေမှ
ဟုတ်ရဲ့လားကွာ။ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေ မင်းဆီမှာ တကယ်ပဲရှိနေခဲ့တာလား။…
ဘာတွေလဲ.. ဘာတွေလဲ.. ဘာတွေလဲ…  ကျွန်တော်
ဘာမှ ကွဲကွဲပြားပြားမသိတော့ပါဘူး။ ကျွန်တော့်ကိုယ်လည်း ကျွန်တော်
သေချာမသိတော့ပါဘူး။

 

အခုတော့ လမ်းတွေက မှောင်မှောင်၊ အလင်းတွေက ညိုညို၊ စိတ်ကူးတွေက စိမ်းစိမ်း၊ ခံစားမှုတွေက
ဆွေးဆွေးနဲ့ …. တစ်ယောက်ရဲ့တန်ဖိုးကို တစ်ယောက် သဘောပေါက်သွားတဲ့အခါမှာ
လွတ်ကျခဲ့တဲ့ ကိစ္စတွေကို အရုပ်မလေး နှမြောတတ်လာမှာပါ။ အဲ့ဒီအခါကျရင်တော့
တစ်ယောက်ကို တစ်ယောက် မသိချင်ယောင်ဆောင် နေဖို့သာ လိုပါတယ်။
အရုပ်မလေးရေ….

မင်းရဲ့ လက်ထဲမှာ ငွေစလေးတွေ ပိုရွှင်လာတာက လွဲလို့၊ ရန်သူပိုများလာတာက လွဲလို့၊ ခေတ်ပေါ် အဝတ်အစားအသစ်တွေ ပြောင်းဝတ်လိုက်တာကလွဲလို့၊ ငါ့ကိုမြင်တိုင်း မသိချင်ယောင်ဆောင် သွားခဲ့တာကလွဲလို့၊
ရည်းစား အဟောင်းနဲ့ပဲ အဆင်ပြေနေပြီး ရည်းစားအသစ် မရသေးတာက လွဲလို့၊
ငါ့တစ်ယောက်တည်း ထားရစ်ခဲ့တာကိုလည်း ဂုဏ်ယူလိုက်ပါရဲ့…။

အပြောင်းအလဲများပြားလွန်တဲ့ လူဘဝလောက ဇာတ်ခုံတွေပေါ်မှာ အစကတည်းက ဒီအတိုင်းဆိုရင်လည်း ရှိပါစေတော့။ မင်းအေးစက်သွားခဲ့တဲ့ ချစ်ခြင်းမေတ္တာ မာယာလက်နက်ပုန်းတွေထဲမှာ မာယာတိုင်းကို
မင်းအနိုင်ရရှိပါစေ။ အရုပ်မလေးရဲ့ လက်မောင်းသား ဖြူဖြူဥဥလေးတွေမှာ ကျွန်တော့်ရဲ့
သတိရခြင်းတွေက ယခုတိုင် တောက်ပနေဆဲပါ။ ယခုတော့ သတိရခြင်းများစွာကို ကျွန်တော်
ချစ်ခဲ့ရပါသော အရုပ်မလေးထံသို့ မရောက်ရှိသွားအောင် ကျွန်တော့်မျက်လုံးများကို
မှိတ်ထားလိုက်ပါသည်။

ရွာသူ၊ရွာသားအပေါင်းကို ရိုးသားစွာ ခင်မင်ပါ၏

ကိုရင်စည်သူ (sithu.marine@gmail.com) 

 

16 comments

  • ပေါက်ဖော်

    November 21, 2011 at 11:26 am

    မိဘီ..မိဘီ
    အစကတော့ ရိုးသားစွာ ခင်မယ်လေးဘာလေးနဲ ့..
    ခုကျတော့..ဒင်းမရိုးသားတော့ဘူးလေ..

  • etone

    November 21, 2011 at 11:55 am

    အဒူများဒုံး 🙄
    သိချင်သပ 😀

  • windtalker

    November 21, 2011 at 12:24 pm

    အဟမ်း..အမေးရှိမှတော့ အဖြေရှိရတော့ မပေါ့
    သူကလေ သိတယ်မို ့လား
    သင်္ဘောသား လေ
    သင်္ဘောသားဆိုတော့
    သင်္ဘောပေါ်မှာ လေထိုးအရုပ်မလေး တွေ လဲ ရှိမပေါ့နော်
    အဟမ်း အဟမ်း သိကြလောက်ဘီ နော်

    • အီးတီ

      November 21, 2011 at 10:20 pm

      အရုပ်မဆိုလို ့ မပြောတော့ပါဘူးလေ။ အပြင်မှာ တွေ ့မှပြောတော့မယ်။

  • နွယ်ပင်

    November 21, 2011 at 4:21 pm

    အင်း စိတ်ဝင်စားစရာပဲ
    ဘယ်သူများပါလိမ့် 🙄

  • king

    November 21, 2011 at 6:56 pm

    လေထိုးရုပ်ကို သုံးရင်လည်း မျှဝေသုံးကြနဲ့
    မျှဝေသုံးရင်လည်း သန့်စင်အောင် ဆေးကြောပြီးမှသုံးနော်
    …. 😀
    ကျန်းမာရေးအတွက် ပြောပြခြင်းဖြစ် … 🙂
    ကိုရင်စည်သူ စိတ်ဝင်စားတာ ဘယ်သူလဲဆိုတာ သိချင်သူများ ရှိမှာပေါ့
    အဲဒီလူတွေရဲ့ သိချင်စိတ်ကို စာနာသောအားဖြင့်
    ပြောပြလိုက်ပါတယ် …
    ကိုရင်စည်သူ စိတ်ဝင်စားတဲ့ ကောင်မလေးကတော့ …………
    ကျွန်တော်စိတ်ဝင်စားတဲ့ ကောင်မလေးမဟုတ်ဘူးဆိုတာပါဘဲ … 😛

    • inz@ghi

      November 21, 2011 at 6:58 pm

      ဟုတ်ပ့ါ ကင်းအန်တာတိန့်မန့်ရယ်…
      ကိုရင် က အတိအလင်းမပြောတာက ..
      ဘာလိုလို ဘာလိုလို…
      တိလယ်မလား ..သံသယ အကျိုးကိုမျှော်ကိုးပီးတော့..ခိခိ

  • cobra

    November 21, 2011 at 7:12 pm

    အယ်…သူလူလည်ပဲ
    နာမည်ကကိုရင်စည်သူ
    ပုံကကိုရင်လေးပုံ
    သူကဘုရားတရားသမားလို့ကျွန်တော်ထင်တာ
    တကယ်တော့သူလည်းရင်ဘတ်ပါတာပါပဲ

  • Yin Nyine Nway

    November 21, 2011 at 7:19 pm

    အဒူလဲ အဒူလဲ
    အရုပ်မတော့မသိဘူး
    ရှမ်းမလေးတော့ ရှိတယ် 🙂
    ငါတော့မဖြစ်နိုင်ဘူး
    အရုပ်မဟုတ်လို့ :0

  • မှော်ဆရာ

    November 21, 2011 at 7:21 pm

    ကိုရင်ကိုရင် အပျိုမြင် ချိုချဉ် မစုပ်ရ ..

  • Shanma TUmdy

    November 21, 2011 at 9:21 pm

    မသိလို့မေးပါရစေ.. မေးချင်နေတာကြာလှပါပီ.. ကိုရင်စည်သူဆိုတာ.. ကိုရင်လား လူလား..

    • inz@ghi

      November 21, 2011 at 9:26 pm

      ကိုရင် သူ့ချစ်ချစ်နဲ့ ဘုရားသွားနေလို့
      အမြင်မတော်တဲ့ ဂီဂီပဲ မန့်လိုက်ပီနော်..
      ကိုရင်စည် က လူပါခင်ဗျား…
      လူမှ သင်္ဘောသီးကြီးပါ…
      နောက်လဆို တောင်တရုတ်ပင်လယ်ထဲ သွားသတင်းသုံးမယ်
      ကြိမ်းဝါးထားတဲ့ သင်္ဘောသီးကြီးပါ…

  • မင်းပြည့်ရှိန်

    November 21, 2011 at 10:53 pm

    နွေဦးရာသီရဲ့ ကြွေကျလာတဲ့ သစ်ရွက်ခြောက်ချွန်ချွန်လေးတွေက သူမနာမည်ကို ကျွန်တော့် နှလုံးသားမှာ
    ရေးထိုးသွားခဲ့ပြီ။ သဘာဝတရားရဲ့ ကျယ်ဝန်းနက်ရှိုင်းမှုထဲသို့ ကျွန်တော်
    တိုးဝင်ရယ်သွမ်းနေမိခဲ့ရဲ့။ အရုပ်မလေးရေ…. မင်းမေ့လျောသွားပြီဖြစ်တဲ့
    သံယောဇဉ်တွေအားလုံးကို စကားလုံးအဖြစ် ပြန်လည် ပေးပို့လိုက်ပါတယ်။

    ကိုစည် ရေ… ကိုစည်ရဲ့ အချစ်တွေကို လေးစားပါတယ်
    အဲ.. သံယောဇဉ် စကားလုံးတွေကိုလည်း လေးစားပါတယ်ဗျာ..

  • ကိုရင်စည်သူ

    November 22, 2011 at 6:24 pm

    အမငီး.. ဆရာလေးတို့ ဆရာမလေးတို့ရယ်..
    ခုမှ ရွှေတိဂုံဘုရားက ပြန်ရောက်လို့ပါခင်ဗျာ…
    ဒီပို့စ်က ရေးထားတာကြာနေပါပြီ..
    ရွာထဲကိုစရောက်စဉ်က ရေးထားတာပါ။..
    အားပေးကြတာကို ကျေးဇူးတင်ပါတယ်..
    ကိုဂီ့ ပြောသလိုပဲ ကိုရင်က သာသနာဘောင်ထဲကမဟုတ်ပါဘူးဂျာ..
    အရှင်လတ်လတ် သင်္ဘောသီးကြီးပါ။
    ခုလောလောဆယ် အရုပ်နဲ့တူတာဆိုလို့
    ကော်ပတ်ရုပ်တောင် ရှိသေးပါဝူးဂျာ… 😉 😉 😉
    ခုလောလောဆယ် ရွာထဲမှာတော့..
    စိတ်ဝင်စားတဲ့… ရွာသူလေးတစ်ယောက်ချိဒယ်….
    ငွင်းငွင်း.. ပြောပြဘူးးး..
    တော်ကြာ… ပေါက်ပေဂီ တို့သိတွားဦးမယ်..
    မြုပ်ကွက်.. မြုပ်ကွက်…. 😀 😀 😀 😀

    • အီးတီ

      November 22, 2011 at 7:00 pm

      နာသိဒယ်။ အဲဒါဘူလေးလဲ ဆိုတာ။ ပေါက်ပေဂီ ဆိုတော့။ အနော်ပါဘူးပေါ့နော်။

      • ကိုရင်စည်သူ

        November 22, 2011 at 8:40 pm

        ပါဝူး.. ပါဝူး.. အီးတီအတွက်.. ရွာထဲက..
        နွေ အုန်း သီး လေးတစ်လုံးရှာပေးထားလယ်..
        ယူမလား… 😛 😛 😛 အားရီးကောင်းလယ်..
        နီ့ မယူရင် သူများကို ဝပေးလိုက်မလေလှော်… 😀 😀 😀

Leave a Reply