ကျွန်တော်နှင့် Memory stick က ကူးတဲ့ ဗိုင်းရပ် တွေနဲ့ တိုက်ခိုက်ခြင်း

စည်သူ အောင်September 23, 20111min2187

တမြန်ေန့ မနက်စောစောက ပေါ့ဗျာ ရုံး မှာ လုပ်စရာရှိတယ်ဆိုပြီး အစော ကြီး ရောက် အောင် သွား ရတော့ တာပေါ့။ ရုံး ရောက်တော့ မပြီးသေးတဲ့ အလုပ်တွေကို ဆက်မယ်ဆိုပြီး ကွန်ပျူတာ ကိုဖွင့်လိုက်တယ်။ ကျွန်တော က ဂရပ်ဖစ်ဒီဇိုင်နာ ဆိုတော့ Photoshop ကို ဖွင့် ပြီး အလုပ်စတော့တာပေါ့။ စစခြင်း မှာ တင် Application တွေ တက်တာ လေးနေတယ် ဆိုတာ သတိပြုမီတယ်။ နောက် အလုပ်လုပ်လို့ မရအောင်ကို လေး လာ တော့ တယ်။ ပြန် Restart လုပ်ပြီး ပြန် ဖွင့်တော့ လည်း တိုနည်း လကောင်းပဲ ဆိုတော့ ချွေးတွေ ပြန်လာတော့ တယ်ဗျာ။ ဒီဇိုင်းတွေ က အဲဒီနေ့ပဲ အပြီး အပ်ရမှာ မို့လို့လေ။ Anti-virus ကိုလည်း အမြဲတမ်း update တင်ထာပါရဲ့နဲ့ ဗိုင်းရပ် တော့ ကူးပြီထင်တယ်ဆိုပြီ စိတ်ထဲ ထင့် သွားမိတယ်။ ဒါနဲ့ ပဲ Kaspersky ကို Full scan စစ်ကြည့် ပြန်တော့ လည်း။ ဗိုင်းရပ် မရှိဘူး ဆိုပြီးပဲပြနေတယ်။ အလုပ်တွေ ကလည်း မပြီးသေး Format လည်း ရိုက်လို့ မဖြစ်ပြန် နဲ့ဗျာ အတော့ ကိုစိတ်ညစ်ခဲ့ ရတာ။ ဗိုင်းရပ် ဆိုတာ ကလည်း အရင် ပေါ် ပြီးမှ သတ်တဲ့ ဆေးပေါ်တာ ကလား။ နောက်ဆုံး ကြိုးစားရင်နဲ့ ဒင်း ကို သတ်တဲ့ နည်း တွေ့ခဲ့ ရတယ်။ အဲ ဒီ ဗိုင်းရပ် နာမယ် က svchost.exe လေ။ ကွန်ပျူတာ စနစ်ထဲမှာလဲ အဲ့ဒီ အမည် နဲ့ system ဖိုင်ကရှိပြီးသားဆိုတော့ ဒင်ကို လွယ်လွယ် နဲ့ ရှာမရခဲ့ ဘူး။ ကျွန်တော့ လို ဇောချွေး မပြန်ရအောင် နည်းပေးပါ့မယ်ဗျ။ အရင်ဆုံ Ctrl+Alt+Del ကီးသုံးခုတွဲနှိပ်ပြီး Windows Task Manager ကိုဖွင့် လိုရင်ဖွင့် မဟုတ်ရင် Taskbar ကို Right click နှိပ်ပြီ Task Manager ကို ရွေးပြီး ဖွင့် လည်းရပါတယ်။ Task Manager ပွင့်လာရင် Image Name နေရာမှာ svchost.exe ဖြစ်နေပြီး User Name နေရာမှာ သင့် User Name ဖြစ်နေတဲ့ Task ကို Select လုပ်ပြီး End Process လုပ်လိုက်ပါ။ ဆိုလိုတာက သင့် User Name က User ဆို လျှင် User Name နေရာမှာ User ဆိုတဲ့ Task ကိုပဲ End လို့ရမှာပါ။ LOCAL SERVICE, NETWORK SERVICE, SYSTEM စတဲ့ အမည် သုံးခုမဟုတ် တဲ့ အခြားအမည် တစ်ခုခုနဲ့ ရှိနေလိမ့်မယ်။ ပြီးလျှင် Win key+ r သို့ တည်းမဟုတ် Start Menu ထဲ က Run ကို ကလစ်နှိပ်လိုက်ပါ။ Run box ပေါ်လာရင် msconfig လို့ ရိုက်ပါ။ System Configuration Utility Dialog box ပေါ်လာပါလိမ့်မယ်။ Startup Teb ကို ရွေးလိုက်ပါ။ ပြီးရင် ှStartup Item နေရာတွင် svchost ကိုလိုက်ရှာပါ။ တွေ့လျှင် uncheck လုပ်လိုက်ပါ။ C:\WINDOWS\system32\Restore နေရာကိုသွားပြီး svchost.exe ကို ဖျက်ပါ။ svchost.exe ကို ရှာမတွေ့လျင် Tool ထဲ က Folder Option တွင် Show Hidden files and folders ကို ရွေးပါ။ Hide protected operating system files ကို uncheck လုပ်ပါ။ C:\WINDOWS\system32\ မှ del.exe နဲ့ dir.exe ကို လိုက်ရှာပြီးဖျက်ပါ။ ဒါဆိုရင်တော့ ဒင် သေသွားပါပြီ။ အားလုံး ဗိုင်းရပ်ရန်က ကင်းဝေးနိုင်ကြပါစေ။

စည်သူအောင်(MYSTERY ZILLION)

ဒီဆောင်းပါး ပါခဲ့တဲ့ လကို မသိတော့ပါဘူး Personal Computer Magazine ကို ပို့ ခဲ့တဲ့ ကျွန်တော့ ကိုယ်ပိုင်ဆောင်းပါးတစ်ခု ပါ။

7 comments

  • ကိုကျော်ကျော်

    September 23, 2011 at 11:47 pm

    နိုင်သွားလို့ တော်သေးတာပေါ့ အတော်လေးသာကျော့။ :mrgreen:

  • ပေါက်ဖော်

    September 24, 2011 at 9:22 am

    တိန်..
    ဒီပို ့စ်တော်တော်များများ ဖတ်ဖူးတယ်..
    ခုမှ မူပိုင်ရှင်တွေ ့တော့တယ်..

    ဒါနဲ ့..
    CPU Usage ကို အပြည့်ယူပလိုက်တဲ့..ဟာနဲ ့တူတူဘဲရားဟင်
    အနော့်ဆီမှာ..အဲကောင်ဝင်နေရင် ဘာမှလုပ်လို ့မရတော့ဘူး..
    Tskmgr ခေါ်ရင်လဲ ချက်ချင်းမပေါ်ပဲ..၁ မိနစ်လောက်နေမှ. မရမရ တိုးထွက်လာရပုံပဲ
    Taskkill လုပ်ဖို ့ ၁ မိနစ်လောက် စော့င်ရတယ်..
    Restart ချပြီးလဲ ပြန်ပေါ်တာဘဲ..

    • စည်သူ အောင်

      September 24, 2011 at 9:50 am

      Boot Screen စတက်တက်ခြင်းမှာ F8 ကို နှိပ်ပြီး Safe Mode နဲ့ တက်ပါ ပြီးမှ TaskManager ခေါ်ပြီး သတ်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

  • mipukay

    November 22, 2011 at 5:03 pm

    ဒီလို သားကောင်းလေးတွေရှိတော့လဲကျောင်းအမတို ့အဆင်ပြေသား။
    ကြိုးစားကြပါ အားပေးပါတယ်။
    ဆက်ပြီးတော့လဲဖော်ပြပေးဦးနော်။

  • စည်သူ အောင်

    November 22, 2011 at 10:23 pm

    ဟုတ်ကဲ့ ပါ အမရေ ကျွန်တော်လဲ အချိန်မရတာ၊ အလုပ်ကိစ္စ တွေ နဲ့ ရှုပ်နေတာ၊ ကျွန်တော့် ဆိုင် အတွက် ပြဿနာ တွေ ရှင်းနေရတာ နဲ့ ဆက်မရေးဖြစ်သေးတာပါ။ ပြန်ရေးဖို့ ကြိုးစားပါဦးမယ်။

  • မောင်သန်းထွဋ် ဦး

    November 22, 2011 at 10:57 pm

    Anti-virus မရှိတော့တဲ့နေ ့မှဘဲ သုံးတော့မယ်(လူ ့ကပ်ဖဲ့)
    ကျေးဇူးတင်စရာပါ။စာမူဟောင်းပေမယ့် လန်းဆန်းနေဆဲပါဗျာ။

  • Gipsy

    November 22, 2011 at 11:01 pm

    အကိုလေးစည်သူအောင်…၊ အနော့်မှာလဲ ဗိုင်းရပ်စ် ငဗိုက်ပူကြီးတစ်ကောင် လာကိုက်နေသလားလို့…။
    ဘီလိုလုပ်ရမဲ ..ဟင်…၊ ။ 😕

Leave a Reply