ကိုယ်ပိုင်ဆိုက်တစ်ခု တည်ဆောက်ခြင်း

စည်သူ အောင်September 24, 20111min1244

အင်တာနက် ပေါ်မှာ နေ့တဒူဝ ဖြတ်သန်း ရင် အချိန်ကုန်နေကြပေမဲ့။ မိမိ ကိုကိုယ်စားပြုမဲ့ စာမျက်နှာတစ်ခု၊ အွန်လိုင်း Web Site တစ်ခု လုပ်ချင် မိကြမှာ အမှန်ပါပဲ။ ဆိုပါတော့ဗျာ။ ကျွန်တော့ အမည်က စည်သူအောင်ဆိုတော့ www.sithuaung.com ဆိုတဲ့ ဆိုက်မျိုးဗျာ လိုချင်မိကြတာပေါ့။ ဒီတော့ ဘာတွေ လိုအပ်မလဲ ဘယ်လိုတွေ လုပ်ရမလဲဆိုတာ စဉ်းစားကြည့်ရအောင်ဗျာ။

Domain Name

ပထမဦးဆုံး မိမိ ကိုကိုယ်စားပြုမယ် Domain Name တစ်ခု လိုအပ်ပါမယ်။ www.myanmargazette.net လို လိပ်စာမျိုး ဖြစ်ပါတယ်။ ဒီလို အင်တာနက် လိပ်စာတွေ ကို ICANN လို့ ခေါ်တဲ့ အင်တာနက် အမည်နာမ သပ်မှတ်မှု အဖွဲ့ အစည်းကနေပြီး ရောင်းချပါတယ်။ ဒီလိုရောင်းချရာမှာ သူတို့ က သတ်မှတ်ပေးထားတဲ့ နေရာတွေ ရှိသလို အဲ့လို နေရာတွေ ကနေပြီး ထပ်မံ ခွဲခြမ်း ရောင်းချတဲ့ Reseller တွေ လဲ ရှိနေပါတယ်။ ကျွန်တော်က တော့ Godaddy  ကနေဝယ်ရတာ ကြိုက်ပါတယ်။ MG ကတော့ http://www.site5.com/ ကနေ ဝယ်ယူထားတာ ပါ။ ဒီအတွက် ဘယ်နေရာ က နေဝယ်သည်ဖြစ်စေ စိတ်ချယုံကြည်ရမဲ့ နေရာတွေ ကနေ ဝယ်နိုင်ပါတယ်။ အခု ကျွန်တော် ညွှန်းဆိုထားတဲ့ ဆိုက်နေက နေ ဝယ်ယူဖို့ အကြံ ပေးပါရစေ။တစ်နှစ်ကို 5$ ကနေ 20$ ဝန်းကျင်အထိ ကျသင့်ပြီး။ စံဈေးနှုန်းက 10 $ ပါ။  .com, .net စသည်ဖြင့် ဝယ်ယူနိုင်သလို .org ကို အဖွဲ့ အစည်း ကိုယ်စားပြုအနေနဲ့ဝယ်ယူနိုင်ပါတယ်။ အဲ .edu ကတော့ ပညာရေး ကိုယ်စားပြုဖြစ်ပြီး ဝယ်ယူဖို့ အတွက် ထောင်ခံ ချက်တွေ လိုအပ်တဲ့ အတွက် ခက်ခဲပါတယ်။ နိုင်ငံ အလိုက် Domain name တွေ လဲ ရှိနေပါသေးတယ်။ ဒီတော့ ကျွန်တော်တို့ အတွက် လိပ်စာ စိတ်ကြိုက်ရွေးချယ်နိုင်တာပေါ့ဗျာ။

Hosting

နေအိမ်ရှာဖွေခြင်း လို့ ကျွန်တော် အမည်သတ်မှတ်ပါတယ်။ လိပ်စာရှိရမှာဖြစ်သလို ကျွန်တော်တို့ ကို ကိုယ်စားပြုမဲ့ အချက်အလက်တွေ တက်ရောက်နေထိုင်နိုင်ဖို့ Hosting တွေ ကို ထပ်မံ ဝယ်ယူရပါတယ်။ MG ကတော့  http://www.site5.com/ ကနေပဲဝယ်ယူထားတာပါ။ ကျွန်တော်က တော့ www.dot5hosting.com ကို သဘောကြပြီး ဈေးသက်သာပါတယ်။ တစ်ကိုယ်ရေသုံး သမားတွေ အတွက် ဆိုရင်တော့ Dot5 ကို ညွှန်းဆိုပါတယ်။ MG လို လူသုံး အရမ်းများတဲ့ အဆိုက်တွေ အတွက်ဆိုရင်တော့ မြန်ဆန် မှု လွတ်လပ်စွာ တည်ဆောက်နိုင်မှု။ ကိုယ်ပိုင် CPU အသုံးချ မှု မြင့် မား စေမှု တွေ အတွက် Dedicate Hosting တွေ ကို သာ ရွေးချယ်ဝယ်ယူစေလိုပါတယ်။ ဒါတွေ က ဈေး အရမ်း များပါတယ်။ တစ်ကို်ရေသုံး သမားတွေ အတွက် ညွှန်းဆိုတဲ့ Share Hosting တွေဟာ တစ်လ ကို 4$ ဝန်းကျင်က နေ 10$ ဝန်းကျင်သာ ကျသင့်တတ်ပြီး။ ဈေး အကြီးဆုံးဖြစ်တဲ့ Dedicate Hosting သမားတွေ အတွက် က တစ်လ ကို 100 ကနေ 500$ ဝန်းကျင်တွေ အထိ ကျသင့် နေမှာပါ။

Software

အင်တာနက် စာမျက်နှာတွေ ကို တစ်ချိန်က HTML လို့ ခေါ်တဲ့ Hypertext Markup Language ကို ရေးတတ်တဲ့ လူတွေ အတွက်သာ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ CMS လို့ ခေါ်တဲ့ content management system တွေကြောင့် သာမန် စာရိုက်တတ်သူတွေ အတွက် ပါ ဖြစ်ခဲ့ ရပါပြီ။ ဒီလို CMS တွေ က သိပ်နာမယ်ကြီးတဲ့ Joomlar, WordPress, Dupral စသည်ဖြင့် ထောင်ချီပြီး ရှိပါတယ်။ ဒီအထဲ မှာ လွယ်ကူတဲ့၊ MG က ရွာသားတွေ ရင်းနီးနိုင်တာက WordPress ပါ။ အခု MG တည်ဆောက်ထားတာကလဲ WordPress နဲ့ ဖြစ်ပြီး စာရိုက်တတ်ရုံနဲ့ တင် စာမျက်နှာတစ်ခု တည်ဆောက် နိုင်မယ်လို့ ကျွန်တော်ရဲရဲ ကြီး အာမ ခံ နိုင်ပါတယ်။ ဘာလို့ လဲ ဆိုတော့ ဒီ MG ဆိုက်က WordPress နဲ့ တည်ဆောက်ထားလို့ ပါပဲ။

လူတိုင်း ကိုယ်စီ စာမျက်နှာ တစ်ခု စီ ပိုင်ဆိုင်နိုင်ကြပါစေ။

စည်သူအောင်

ဒီဆောင်းပါး ကို MandalayGazette အတွက် သီးသန့် ရေးထားခြင်း ဖြစ်ပါသည်။ ပိုမို အတွင်းကျတဲ့ ဆိုက်တည်ဆောက်မှု ပိုင်း ကို အချိန်ရရင် ဆက်ရေး ပေးပါ့မယ်။

 

4 comments

  • kai

    September 24, 2011 at 12:56 am

    ပို့စ်ရည်ရွယ်ချက်လေးကောင်းတယ်..
    ကျုပ်သိသလောက်.. တခုချင်း…နည်းနည်းစီ.. ဖြည့်ရေးပေးပါ့မယ်..။

    Domain Name
    လူအဝယ်အများဆုံးက.. .com ဖြစ်ပါတယ်.။ အောက်မှာ(. suffix) တွေနဲ့ သူတို့ကိုယ်စားပြုတာတွေကို ရေးပေးထားပါတယ်..။
    ဆိုတော့.. commercial business (စီးပွားရေးလုပ်တာ) ဆိုရင်. .com ဝယ်ဖို့ဦးစားပေးစဉ်းစားတာမျိုးပါ..။
    ဒါတွေက.. အင်တာနက်ကြီးနဲ့အတူတူအရင်ဆုံးထွက်လာတဲ့..Domain Name suffix တွေဖြစ်ပါတယ်..။ .com/.net/.org တွေကတော့.. လူအဝယ်အများဆုံးတွေပါ..။

    gov – Government agencies
    edu – Educational institutions
    org – Organizations (nonprofit)
    mil – Military
    com – commercial business
    net – Network organizations

    စီးပွားရေးကြီးကြီးမားမားလုပ်မဲ့သူတွေဟာ.. Domain Name ပါတ်လည်ဝယ်ရပါတယ်.။
    ဒါမှကိုယ်ကြော်ငြာတာကရတဲ့ အကျိုးအမြတ်တခြားသူတွေ.. အသုံးမချနိုင်မှာမို့ပါ..။ နောက်ပြီးကိုယ်နာမည် သူတပါးအလွယ်အသုံးမပြုနိုင်အောင် ကာကွယ်တဲ့သဘောပေါ့..။
    Mandalaygazetteလည်း. ပါတ်လည်ဝယ်ထားပါတယ်..။
    Mandalaygazette.com/.net/.org ပေါ့…။

    .INFO, .MOBI, .TV, .US, .BZ, .CC စတာတွေလည်း အများကြီးရှိပါတယ်.။ ဒါပေမဲ့.. အင်တာနက်စကတည်းက အခြေတည်လာတဲ့.. .com/.net/.org အုပ်စုရဲ့အင်အား မလွန်နိုင်ပါဘူး..။
    ဆိုလိုတာက.. mandalaygazette လို့ပြောလိုက်တာနဲ့.. netizenတွေက..myanmargazette.net တန်းပြီးသွားကြတာမို့ပါ..။
    အဲဒီလိုဖြစ်တဲ့အတွက်.. Domain name တခုတန်ဖိုးဟာ.. သောင်း..သိန်း..သန်း..ကုဋေအထိရောက်တတ်ပါတယ်..။ အောက်မှာ.. ဈေးအကောင်းဆုံးရောင်းခဲ့တဲ့.. Domain အမည်တွေပါ..။

    Insure.com $16 million
    Porn.com $10.1 million
    Business.com $7.5 million
    Beer.com $7 million
    Pizza.com $5.1 million
    AsSeenOnTv.com $5.1 million
    Altavista.com $3.3 million
    Wine.com $2.9 million
    Autos.com $2.2 million
    Express.com $1.8 million
    Wallstreet.com $1m
    Rock.com $1m
    Websites.com $970,000
    Drugs.com $830,000
    FuckUp.web $690,000

    ဘာလို့အဲဒီလောက်ဈေးပေးသလည်း ပြောရရင်.. အဲဒီထက်မကတန်လို့ပေါ့လို့ပြောရမှာပါပဲ..။
    သဘောက.. ဒိုမိန်းအမည်ဟာ.. အင်တာနက်ထဲရှိနေပေမဲ့.. အပြင်လောကနဲ့.ယှဉ်ကြည့်ရင်.. ဈေးဆိုင်..ရုံးခန်းတည်နေရာနဲ့ သဘောတူတူပါပဲ..။ဒါကြောင့်.
    ရန်ကုန်-စကော့ဈေးထဲက..ဈေးဆိုင်ခန်းနဲ့.. ပဲခူး-မြို့မလမ်းဘေးက..ဈေးဆိုင်..ပေါက်ဈေးနှုန်းယှဉ်ကြည့်သလိုပေါ့..။

    အာမခံဝယ်ချင်..သိချင်.. လိုချင်သူတွေဟာ.. Insure.com ကိုအလိုအလျှောက် URL မှာရိုက်ရှာနေတတ်တာမို့.. အဲဒီ Insure.com က..ဘာမှမလုပ်ထိုင်နေရင်းကို..တရက်…တရက် လူသန်းနဲ့ချီဝင်လာနေတာပါ..။
    ကြော်ငြာစရာမလိုပဲ.. လူဝင်နေမှတော့.. အာမခံထိုးရောင်းယုံပဲမဟုတ်လား..။
    ဒုတိယဈေးအများဆုံး.. Porn.com ဖြစ်နေတာမို့.. ကိုယ်ရွှေလူသားတွေ..ဘာစိတ်ဝင်စားကြသလည်း.. မြေကြီးလက်ခတ်မလွဲ.. မြင်သာပါတယ်.။
    လူသားသဘာဝပါပဲ..။ မဆန့်ကျင်ပါနဲ့..။အတင်းစိတ်ဖြတ်နေပါတယ်ဆိုပြီး.. အစွန်းရောက်အကျင့်မကျင့်ပါနဲ့..။ (ဤကားစကားချပ်) 🙂

    Domian name အမည်ကို..sub Domian name တွေခွဲထုတ်လို့လည်း ရပါတယ်.။ DNS Serverရှိရင်.. အဲဒီလိုခွဲထုတ်တာဟာ..အကုန်အကျမရှိပါဘူး.။ ငါးစက္ကန့်လောက်နဲ့..Sub Domain တခု Add လို့ရပါတယ်.။
    ဥပမာ.. myanmargazette.net ကို.. kai.myanmargazette.net လုပ်တာမျိုးပေါ့..။
    နည်းနည်းချဲ့ပြောရရင်တော့.. .mm ကို sub domain add တာမှာ.. အကုန်အကျမရှိပါဘူး..။ Hosting လုပ်ပေးရင်.. ဝင်ငွေရတာမျိုးပါ..။ Business တခုပါပဲ..။
    ပိုကျွမ်းကျင်တဲ့သူတွေက.. Western Samoa .WS Domain ဆိုပြီး..godaddy လိုမျိုး reseller တွေဆီမှာ Domain Name တင်ရောင်းပစ်ပါတယ်.။ .WS ကို Website အမည်ပြောင်းလုပ်တာပေါ့..
    တိုင်းပြည်ကပိုင်တာမို့..တိုင်းပြည် မီလီယံချီဝင်ငွေရတာပေါ့နော…။

    ချုံပြောရရင်တော့ …
    Domian name အမည်ဟာ..အင်မတန့်အင်မတန်ကို အရေးကြီးပါတယ်..။

  • manawphyulay

    October 4, 2011 at 5:37 pm

    ဆက်လက်ရေးသားပေးပါဦးရှင်… ဗဟုသုတနဲ့ ပညာရတာပေါ့နော်…

  • cum min

    June 24, 2012 at 2:37 pm

    ဟုတ်တယ်ဗျာ..
    အဲလိုနည်ပညာလေးတေါရေးတင်ပေးပါအုံး
    ကျေးဇူအများကြီးတင်ပါတယ်

  • attach ment

    November 25, 2012 at 12:12 pm

    စီးပွားရေးဆိုက်တစ်ခုထောင်ချင်လို့လေ့လာနေတာပါ
    အကူအညီအများကြီးရလို့ကျေးဇူးတကယ်တင်ပါတယ်။

Leave a Reply