အဲဒီ ညပေါ့

တခြမ်းပဲ့ လမင်းရယ်

သောက်လက်စဆေးလိပ်တိုတွေ ရယ်

ကြိုးပြတ်နေတဲ့ ဂစ်တာ အို တစ်လက်ရယ်

ရီဝေစေတဲ့ ၀ိုင်အရက်တစ်ခွက်ရယ်

ငါ့ကို အဖော်ပြုကြတယ်။

အဲ့ဒီညပေါ့

သန်ခေါင်ယံ လွန်ကောင်းကင်အောက်က

မင်းဆီကို အလည်ရောက်ခဲ့တဲ့လေပြေပေါ့

မင်းရဲ့နှင်းဆီရောင် ပါးပြင်လေးရယ်

မင်းရဲ့ ပိတုန်းရောင်ဆံနွယ်လှလှလေးရယ်… ခိုးပြီးနမ်းသွားခဲ့တယ်။

ပြီးတော့…

အပြန်မှာ ငါ့ကိုဝင်မေးသွားတယ်

မင်းအရမ်းလွမ်းနေလားတဲ့ ???

တကယ်တော့ မင်းဟာ

ပြန်မချစ်နိုင်သူကို ချစ်နေသူပါ …

မပီဝိုးတ၀ါး အိမ်မက်နတ်သမီးက

လှုပ်နိုးလိုက်တာ

မင်းကို ဖက်ပြီး အိပ်နေလိုက်တာ

မိုးတောင်လင်းရောပေါ့ …………..

Anonymous from Than Htut Oo

About အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး

အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး has written 139 post in this Website..

ကြောက်တတ် ရင် နှစ်ခါ သေတယ်။