မိခင်က သားကိုချစ်သလို သားကပြန်ချစ်လျှင်နတ်ပြည်ကျဉ်းလိမ့်မယ်

သားသမီးအပေါ်တွင် ထားရှိသောမိခင်ဧ။်မေတ္တာထုထည်ကြီးမားသည်ကို လူတိုင်းနားလည်သိရှိပြီးဖြစ်သည်။သားသမီးကိုဝမ်းနှင့်လွယ်ပြီး အသက်နှင့်ရင်း၍မွေးခဲ့ရသောကြောင့် မိခင်တို ့သည်သားသမီးကိုချစ်ရာတွင် ဖခင်ထက်ပိုတတ်ကြသည်။မိခင်ကသားအပေါ်မေတ္တာထားသလောက် သားကမိခင်ပေါ်မ တုံ့ပြန်တတ်ပေ။တနည်းဆိုလျှင် မိခင်ကချစ်သလောက် သားက မိခင်ကိုပြန်မချစ်ပေ။ဤစကားပုံဧ။်ဆိုလိုရင်းမှာမိခင်ချစ်သလိုသားကမိခင်ကိုတူညီသောတုံ ့ပြန်မှုဖြင့်ချစ်လျှင် သားယောကျာ်းလေးများအားလုံးနောင်ဘဝတွင် နတ်ပြည်ရောက်ပြီး နတ်ပြည်ကျဉ်းသွားလိမ့်မည်ဟုဆိုလိုသည်။သမီးများသည် မိခင်မေတ္တာကိုနားလည်ပီးတုံ ့ပြန်တတ်ဖို ့လိုပါသည်။မြန်မာစကားပုံတွင်“စုန်ရေသာရှိသည် ဆန်ရေမရှိဟုမိဘမေတ္တာကိုဖော်ညွှန်းထားသည်။

12 comments

  • ပေါက်ဖော်

    September 24, 2011 at 11:01 am

    မိဘအပေါ် သိတတ်တဲ့ သားသမီတွေလဲ ရှိပါတယ်..
    ဒါပေမဲ့..တော်တော်ရှားရှားပဲ…

    ရွာထဲမှာ…ရှားရှားပါးပါး သားလိမ္မာတွေ ဘတူရှိလဲ..လက်ညှိုးထောင်..
    အောင်မယ်..အောင်မယ်..
    ထောင်တိုင်းယုံမယ် များထင်လို ့လား.. 😀

    တို ့တော့ တစ်ခါမှ မှတ်မှတ်ရရ ဆန်ရေ မစီးဖူးသေးဘူး..
    ဤမှန်သော သစ္စာစကားကြောင့်…ငါးထောင်တန် တစ်အုပ် ကောက်ရပါစေသား..

    😛

  • windtalker

    September 24, 2011 at 11:05 am

    မော်လေး ရေ (မော်၂သီး မှ ချစ်စနိုးနှင့် အဖျားစွတ်ခေါ်သည်)
    မော်လေးရဲ ့ပို ့စ် ကို ဖတ်ပြီးသကာလ
    မော်လေး ရဲ ့ဘိုင်အိုဂလပ်ဖီ ကို ပါ ဖတ်လိုက်ရတော့
    မေးချင်တာလေး ရှိလာတာပေါ့နော်
    “ စာတော်သောကျောင်းသား၊မဟုတ်မခံအောက်ကြို ့မခံတတ်သူ အဖြစ်နာမည်တစ်လုံးနှင့်နေသူ။ ”
    တဲ့..
    ကျန်တာ ထား..
    “မဟုတ်မခံ” လို ့ဆိုထားတော့…အဖြေကို ဆန် ့ကျင်ဘက် တွေးကြည့်မိသွားတယ်ပေါ့နော်
    အဲဒါ ဟုတ်ပါသလား ဟင် ?
    🙂

    • small cat

      September 24, 2011 at 12:26 pm

      ဆရာတော်ကြီးတစ်ပါးရေးထားတာဖတ်ဖူးတယ်။
      လူတွေက မဟုတ်မခံလို့ ပြောကြတယ်….
      မဟုတ်တာပြောရင်တောင်မခံနိုင်ကြရင်၊
      ဟုတ်တာပြောရင် ပိုပြီးဒေါသထွက်ကြမှာပေါ့ … တဲ့။
      ဒေသတရားတွေကိုထိမ်းချုပ်ဖို့ပြောထားတာပါ။
      ဒီသဘောကိုမေးတာမဟုတ်လားကွယ်?

      မော်မော်သီး ဘဝနဲ့ရွာထဲက အပြီးထွက်သွားပေမဲ့
      မောင်သန်းထွဋ်ဦးဘဝနဲ့ ရွာထဲမှာရှိနေသေးတာကိုဝမ်းသာပါတယ်။
      ရေးဖော် ဖတ်ဘက် တစ်ယောက် လျော့မသွားစေချင်ပါ။

    • မောင်သန်းထွဋ် ဦး

      September 24, 2011 at 12:55 pm

      ကိုပေ ရေ ရွာထဲကထွက်သွားရမှာလွယ်ပါဘူးဗျာ။ကျျွန်တော်က သံယောဇဉ်ကြီးပါတယ်။ရွာသားများရဲ ့မေတ္တာနဲ ့ခွဲမသွားနိုင်ပါဘူးဗျာ

      • Foreign Resident

        September 24, 2011 at 1:29 pm

        Warmly welcome you, မောင်သန်းထွဋ် ဦး .

      • thit min

        September 24, 2011 at 4:59 pm

        ဒါပေါ့ဗျာ နတ်ပြည်တက်မဲ့သားလေးပဲ ဘာလို့မန်းဂေဇက်ကလွယ်လွယ်နဲ့ထွက်ရမှာတုန်းဗျာ။

    • ကိုကျော်ကျော်

      September 24, 2011 at 5:38 pm

      မေးခွန်းကြီးက … ဘယ်ဂလိုဂျီးလဲ ဗျ..
      မဟုတ်ရင် မခံတတ်လို့ ပေါ့ဗျ.. ဒါလေးများ…

  • ကြောင်ကြီး

    September 24, 2011 at 11:09 am

    နတ်သားများလာလို့ နတ်ပြည်က မကျဉ်းသွားဘူး၊ နတ်ပြည်ကျပ်သွားမှာ။ ဒါပေမဲ့ မပူပါနဲ့၊ စတြာဝဠာကြီးသည် အချိန်နဲ့အမျှ ပြန့်ကားထွက်နေလို့ ချဲ့စရာနေရာတွေ အများကြီး ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သိကြားမင်းမဖြစ်သ၍ နတ်သားတွေ ကိုယ်အိမ်ကိုယ့်မြေ အသိမ်းခံရ၊ အခုတ်ခံရမှာ ပူစရာမလို…..

  • small cat

    September 24, 2011 at 12:18 pm

    နတ်ပြည်က ၆ ထပ်ပဲရှိတယ်။
    မဆန့်တော့ရင် အဲဒါက်ိုဖြိုချပြီး super tower တစ်ခု ကန်ထရိုက်စနစ်နဲ့သွားဆောက်ကြမယ်၊
    ရွာထဲက ရှယ်ရာဝင်ချင်တဲ့သူတွေ စာရင်းအမြန်ပေးကြနော်။ ။

  • we R one

    September 24, 2011 at 3:06 pm

    မိဘ ကို သိတတ်တဲ့ သားသမီးထက် မသိတတ်တဲ့ သူတွေ ပိုများတာတော့ အမှန်ပဲ…
    သားသမီးကျေးဇူး မသိတတ်တဲ့ မိဘ တစ်သက်လုံးမကြီးပွားဘူး .. 😀 ဆိုတဲ့ လူမျိုလည်းကြုံဖူးတယ် ……

  • yetazar

    September 24, 2011 at 7:17 pm

    မမီးမီးရဲ့ အမေ့မေတ္တာအကြောင်း ။ အဲလေ ကိုသန်းထဋ်ဦးရဲ့အမေ့မေတ္တာအကြောင်းလေး စကားပုံလေးနဲ့ပြောပြထားတာ ကြိုက်ပါတယ် ။ မမီးမီးသော် လို လက်ကုန်ဖွင့်ရေးတဲ့ စာမျိုးလေးတွေဖတ်ချင်ပါသေးတယ် ။

  • winer

    September 24, 2011 at 8:50 pm

    အတ် ချ် လောင်း…………..
    ကဲ…. ဖွင့်လိုက်ပီ… (လက်ကုန်ဖွင့်တာ)….ခိခိ…

Leave a Reply