အောင်နိုင်သူများရဲ့အရှုံး

ကြောင်လေးSeptember 28, 20111min1036

သတ္တလောကကြီးမှာ သတ္တဝါတွေဟာလောဘ၊ဒေါသ၊ဆန္ဒတွေအရ၊တစ်စုံတစ်ခုကိုရရှိအောင်ကြိူးစားကြ၊အချင်းချင်းပြိုင်ဆိုင်နေကြ၊

အနိုင်တိုက်ခိုက်နေကြပါတယ်။တချို့ကကိုယ့်ရှင်သန်ရပ်တည်ရေးအတွက်ကြိုးစားကြ၊မဖြစ်မနေတိုက်ခိုက်ကြသလို တချို့ကြတော့ လောဘအလိုကိုလိုက်ပြီးတော့သူများထက်သာချင်လို့၊ပြိုင်ဆိုင်ကြ အနိုင်တိုက်နေကြတာပါ။

ဒီလိုကြိုးစားလို့ကိုယ်လိုချင်တာရပြီ၊အောင်မြင်ကြပြီ အောင်နိုင်ကြပြီဆိုရင်ကော တည်မြဲမှာလား?တကယ့်အောင်နိုင်ခြင်းလား?

အဲဒီအကျိုးရလဒ်တွေဟာ တကယ့်ပျော်ရွှင်စရာတွေ ကျိန်းသေဖြစ်လာသလား?တွေးကြည့်ရအောင်ပါ။

 

ဂဠုန်ဦးစော

ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်းကိုအထင်တွေလွဲတယ်၊မနာလိုခြင်းတွေဖြစ်တယ်၊ဒါကြောင့်ဗိုလ်ချုပ်ရဲ့နေရာ ကိုလိုချင်တယ်။

ဗိုလ်ချုပ်ကို ယှဉ်ပြိုင်ခဲ့တယ်၊  တိုက်ခိုက်ခဲ့တယ်၊

သူအနိုင်ရခဲ့ပါတယ်။ဒါပေမယ့်………………….

ဗိုလ်ချုပ်နေဝင်း

ဦးနေဝင်းဟာ နိုင်ငံအာဏာကို ၁၉၆၂ မှာသမ်းပိုက်ပြီး  ၂၆ နှစ်လုံးအုပ်ချုပ်ခဲ့ပါတယ်။

သူကွယ်လွန်သွားတဲ့အခါကြတော့  နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ မဟုတ်ပဲ မထင်မရှား…

ဗိုချုပ်မြင့်အောင်

နတခ တိုင်းမှူးဘဝကနေ ဝန်ကြီးဘဝထိရောက်၊ နောက်တော့……….

ဗိုလ်ချုပ်ခင်ညွန့်

ထောက်လှမ်းရေးအကြီးအကဲတစ်ယောက်အနေနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တာပါ။

နိုင်ငံရေးမှာရော ဘာသာရေးမှာပါ ထင်ပေါ်ကြော်ကြားခဲ့ပြီး နေရာတော်တော်ရခဲ့သူပါ။အခုတော့…..

မဝေဝေ

B.Sc  ဘွဲ့ကနေ  M.Sc ဘွဲ့ ကိုနည်းမျိုးစုံသုံးပြီးရအောင်ကြိုးစားခဲ့တယ်။ သင်တန်းဆင်းလက်မှတ်တွေအများကြီးငွေကုန်ခံအချိန်ကုန်ခံပြီးယူခဲ့တယ်။အခုတော့ရလာပြီး ဘွဲ့ယူတဲ့အခါကြတော့မှ…..

 

 

6 comments

  • yokesoe

    September 28, 2011 at 11:36 pm

    အဟီး ဖော် လေဒီ ဆိုလို့ ဝင်ကြည့်တာ
    မတည်မြဲ တဲ့
    တစ်ကယ့်အောင်နိုင်ခြင်းမမည်တဲ့
    ရလဒ် အကျိုးကို ဘွားကနဲ မြင်ခွင့်ရလိုက်ပါတယ်၊

  • တညင်သား

    September 29, 2011 at 1:02 am

    ကိုတိုင်ရေးတာဆိုရင် အပေါ်စာလုံးမဲမဲ အတန်းတွေထဲမှာ ကိုယ်တိုင်ရေးသည် လို့ ထည့်ရေးပေးပေါ့… မသိရင် ထိပ်ဆုံး အပြာရောင်အတန်းမှာ ရေးထားတဲ့ မြန်မာလိုမဟုတ်တဲ့ ကွေးကွေး ကောက်ကောက် စားလုံးတွေကို တခုခြင်းနိပ်ပြီး လေ့လာကြည့်ရင် သူများကိုမေးစရာမလိုပဲသိပါလိမ့်မယ်.. ဆြာ လုပ်ခြင်းမဟုတ်ပါ.. အဆင်ပြေစေချင်တဲ့စေတနာပါ….
    နိုင်ငံတော ်အထင်ကရ အကြီးအကဲ သမိုင်းကြောင်း မကောင်းတဲ့သူတေ ွ အရှုံး ကို ရေးထားပြီး မဝေဝေ က လာမည့်ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ ပါတီခေါင်းဆောင်လား……အခုထိတော့ တခါမှ မမြင်ဘူးသေးဘူး…. ဆိုလိုရင်းကို နားလည်သလိုပြောရရင် မဝေဝေ က အဲဒီလိုနေရာမျိုးရောက်ရင် အဲဒီလို အလုပ်မျိုးလုပ်မဲ့သူ လို့ မထင်ဘူး…

  • small cat

    September 29, 2011 at 3:22 am

    ညွွှှန်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်၊သိချင်တာတွေအားလုံးကိုသိလိုက်ပါပြီ။
    ဒီပို့စ်ကိုကျွန်တော်ကိုယ်တုိုင် ပြန်ဖျက်ခိုင်းလိုက်ပါပြီ။

  • ကြောင်ကြီး

    September 29, 2011 at 10:26 am

    စမောလ်ကတ် – ကြောင်ဖြစ်ခြင်းအတူတူ ရွာထဲတွင် ဘစ်ကတ်ရှိနေ၍ နာလိုခံခက် သေးပေးရသူ…။

    • small cat

      September 29, 2011 at 10:41 am

      ဆီနီယာ က ဆီနီယာ ပါ ဆီနီယာ ရယ်။

  • etone

    September 29, 2011 at 1:12 pm

    ဘယ်က မဝေဝေက ပါလာတာလဲ ကြောင်ပိစိရယ် …. ။ မျက်စိတွေတောင် လည်နေပါပကောလား … ။
    ယောကျာ်းတွေ အများကြီးအကြောင်းရေးပြီး … နောက်ဆုံးမှာ မဝေဝေဆိုတော့ … သူက ယောကျာ်းလျာလား ။ ဖြတ်ဖောက်ချုပ်လား :mrgreen:

Leave a Reply