မေခ မေလိခ နှင့် ဖုန်းရွှေ

JianjunOoSeptember 24, 20111min969

ဧရာဝတီ ရွှေနဂါးတကောင်နှင့်ဖုန်းရွှေအမြင်

ဧရာဝတီမြစ်ဆုံ​ရေကာတာစီမံကိန်း​ကို ဆက်လက်တည်​ဆောက်​နေလို့
ကြားသိလိုက်ရတဲ့အတွက် မြန်မာနိုင်ငံအတွက် စိတ်ပူသွားခဲ့သည်၊
တရုတ်ကမြန်မာနိုင်ငံမှ အကောင်းဆုံးနဂါးရဲ့သွေးကြောကိုစုတ်ယူတာနှင့်တူသည်၊
အဘယ်ကြောင့်ဒီလိုပြောလိုက်ရသလဲဆိုရင် မြန်မာနိုင်ငံရဲ့ ရွှေနဂါးတကောင်
ကို သတ်ဖြတ်လိုက်ခြင်းနှင့်အတူတူဖြစ်သည်၊北斗七星ဆိုတာ မြောက်ဖက်မိုးကောင်း
ကင်မှာရှိသော ခုနှစ်စင်ကြယ်တည်ရှိနေတဲ့ ဧရာဝတီနဂါးခေါင်းတည့်တည့်龍脈ကို
ဖျက်စီးလိုက်တာနဲ့အတူတူဖြစ်သည်။
မြန်မာနိုင်ငံရဲ့စီးပွားရေးနှင့်နိုင်ငံဝန်ထမ်းထိပ်တန်းထဲမှ ပျက်စီးနိုင်ကြောင်းတွေ့
ရှိရသည်၊
(၎င်းထိုနည်းအတူ ထိုင်ဝမ်းနိုင်ငံတွင် 雪 山龍脈 ရွှယ်စန်းလှိုင်ဂူဆိုတဲ့
နဂါးရဲ့အဓိကအကြောကိုဖောက်ပြီးဖျက်စီးလိုက်တဲ့အတွက် ၎င်းအထက်လူ
ကြီးသုံးဦးသေဆုံးချင်း၊စီးပွားကျဆင်းသွားခြင်းများဖြစ်ခဲ့သည်။)

Jian Jun Oo

9 comments

  • ဆူး

    September 24, 2011 at 9:03 pm

    စိလုပ်တွေက ဒီလို တွက်ချက်ကြပြီးများ လုပ်ကြသလား။
    တွက်တယ် ဆိုရင်တော့ ယုံသည်ရှိ မယုံသည်ရှိ စိတ်ဓါတ် မကောင်းဘူးလို့ ပြောရမှာပဲ။
    သိပ်တော့ မယုံရဘူး ဒီလို အတွေးနဲ့ လုပ်တာ မဟုတ်ဘူးလို့တော့ ပြောလို့ မရပြန်ဘူး။

  • kai

    September 25, 2011 at 8:28 am

    ဗေဒင်၊ဖုန်းရွှေယုံတဲ့ ဘဘတွေကို.. ဒီသတင်းအမြန်ပေးသင့်တယ်..။

  • moethidasoe

    September 25, 2011 at 9:45 am

    သဂျီးက မတွက်တတ်လို့လား
    မိုက်ကယ်အောင်ဗုရော မတွေ့တာ ကြာပြီ
    ကိုကြောင်ကြီးက အတွက်အချက်တော်တယ် တွက်ကြည့်ပါဦးလား
    အယူတော်မင်္ဂလာကို ပြန်ခေါ်မှ ထင်တယ်
    မင်းသိင်္ခ အသေစောသွားလို့ပေါ့
    ဒါပေမယ့် မြန်မာပြည်မှာလဲ ဗေဒင်နဲ့ ဒေါက်တာတွေ အများကြီးပါ
    ဝိုင်းတွက်ခိုင်းလိုက်ကြရအောင်လား

  • ကြောင်ကြီး

    September 25, 2011 at 10:22 am

    ဒါဆိုရင်လည်း ဖောက်စေဗျား..။

  • Don Juan Ronald

    September 25, 2011 at 12:06 pm

    ဧရာဝတီနဂါးခေါင်းတည့်တည့်龍脈ကို
    ဖျက်စီးလိုက်တာနဲ့အတူတူဖြစ်သည်။
    မြန်မာနိုင်ငံရဲ့စီးပွားရေးနှင့်နိုင်ငံဝန်ထမ်းထိပ်တန်းထဲမှ ပျက်စီးနိုင်ကြောင်းတွေ့
    ရှိရသည်၊

    အထက်ပါ Mr.Jian Jun Oo ၏စာပိုဒ်ကိုရည်ညွန်း၍
    ဗမာပြည်ကြီးတခုလုံးပျက်ဆီးနေတာနှစ်ပေါင်းသုံးလေးဆယ်ရှိပါပြီ။

  • chitsu

    September 27, 2011 at 3:29 pm

    ဘာလို့သူတို့တွေမြစ်ဆုံကိုတော်တော်ကြုက်နေလည်းမသိဘူးနော်
    ဒီတရုတ်တွေကတော့ဘာလာလာလုပ်မှန်းမသိဘူး
    ကိုယ့်နေရာကိုမနေဘူး
    ရှုပ်တယ်

  • chitsu

    September 27, 2011 at 3:30 pm

    မြစ်ဆုံကိုဘာလို့ကြိုက်နေကြလည်းမသိဘူး

  • thit min

    September 27, 2011 at 6:01 pm

    သိတဲ့တတ်တဲ့လူကသေသေခြာခြာလေးတွက်ပြီးတင်ပေး၊
    MGမှာရော၊တခြားလူဖတ်များတဲ့ဆိုက်တွေမှာရောပေါ့။
    ဒါဆိုရွှေနား”ပေါက်”ပါတယ်။

  • naywoonni

    September 27, 2011 at 9:59 pm

    စူပါ စူ ပါ အစိမ်းရောင် ကော်ဖီမစ် …………။ အဲဒိကြော်ညာလေးတွေ့တိုင်း သတိရတယ်……. အော် လွမ်းစရာတွေ ဖြစ်ကုန်ပါပေါ့လား……. ဆရာဇော်ဇော်အောင်ရဲ့ လွမ်းဧရာဝတီ မဟုတ်ပါ..။

Leave a Reply