လူသားအဖြစ် အမည်စာရင်းတင်သွင်းခြင်း

Ordinary ManSeptember 24, 20111min562

လူဆိုတာတစ်ကိုယ်တော်အားနဲ့ဆိုရင် ဘယ်သတ္တဝါနဲ့ယှဉ်ယှဉ်အားအနည်းဆုံးပဲ။ ဒါကြောင့်လူဟာ အုပ်စုဖွဲ့ပြီးနေလာကြရတာ။ အုပ်စုဖွဲ့မှ လူကအားရှိတာ ၊ တစ်ဦးစွမ်းဆောင်နိုင်တာကို တစ်ဦးက မစွမ်းဆောင်တော့ ကိုယ်စွမ်းနိုင်တာနဲ့ လဲလှယ်ပြီး သုံးစွဲကြရတယ်။ စားစရာ လုပ်တတ်သူက ဝတ်ဖို့မလုပ်တတ်သလို ဝတ်ဖို့လုပ်တတ်သူက နေဖို့အတွက် မလုပ်တတ်ပြန်ဘူး။ ဒါကြောင့် အဖွဲ့မရှိဘဲ လူကသီးခြားမရပ်တည်နိုင်ဘူး။ ဘယ်အချိန်ကတည်းကလူတွေ အုပ်စုဖွဲ့ နေလာကြသလဲ။ သမိုင်းမတင်မှီ ရှေးနှစ်ပေါင်း များစွာကတည်းက လူဟာအုပ်စုဖွဲ့ပြီးနေလာကြရတယ်။ နောက်ပြီးလူဟာ ခံစားချက်လည်းရှိတယ်။ ဒါကြောင့်ပဲ အတူနေသူ လူသားတွေအပေါ် မှာ ဆိုးဆိုးဆာဆာတွေကို ကျူးလွန်နေကြတယ် ကိုယ့်ခံစားချက်ကောင်းဖို့အတွက် သူတစ်ပါးရဲ့ ခံစားချက်ဆိုးဆိုးတွေနဲ့လဲယူနေကြတယ်။ အားနည်းသူက အရှုံးပေးပြီး နိုင်သူတွေကရှုံးသူဆီက အဆီအနှစ်ကို ဝါးမျိုစားသုံးတယ်။ ဒီလိုတွေကြောင့် အုပ်စုဖွဲ့မှ နေလို့ရတဲ့လူ့အဖွဲ့အစည်းကြီးဟာ ပဋိပက္ခတွေနဲ့ နေလာလိုက်ကြတာ ဘယ်အချိ်န်ထိလဲဆိုတော့ အခုလက်ရှိအချိန်ထိဆိုကြပါစို့။ ဒီပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ ဆိုပြီး နည်းလမ်းအမျိုးမျိုးထုတ်ခဲ့ကြတာလည်းအမျိုးမျိုးပါပဲ။

ဘယ်လိုနည်းလမ်းတွေလဲ

ဘာသာရေးနဲ့တစ်ဖုံ၊ ပညာရေးနဲ့တစ်နည်း၊ စစ်ရေးနဲ့တစ်သွယ်၊ တရားစီရင်ရေးနဲ့တစ်မျိုး စသဖြင့် ကြိုးစားလာသော်လည်း ပြီးပြည့်စုံမှုကိုတော့ မရောက်နိုင်ကြသေးဘူး

အိုအသင်စာဖတ်သူ….. သင့်မှာ ဒါအတွက်နည်းလမ်းရှိရင် အကျွန်ုပ်ကို ငဲ့ညှာတဲ့အနေနဲ့ပြောပြပေးပါလား။

ကျွန်ုပ်သိထားတဲ့လမ်းကိုလည်းတင်ပြပါရစေ။

အဲဒီလမ်းကတော့ လူတွေရိုးသားကြဖို့ပါပဲ။ ဒါများဖြင့်လို့တော့မအောင့်မေ့လိုက်ပါနဲ့   ကျွန်တော်တို့တတွေ တကယ်တော့ မရိုးသားကြဘူးဗျ။ ဘာကြောင့်ပြောနိုင်ရတာလဲ။ ဘာကြောင့်မရိုးသာနိုင်ကြတာလဲ။

လူဆိုတာကခံစားချက်ကောင်းကောင်းတွေကို လိုချင်ကြတာပဲ။ လှလှပပလေးတွေကိုကြည့်ချင်ကြတယ်။ အသံချိုချိုလေးတွေကို နားထောင်ချင်ကြတယ်။ အနံ့မွှေးမွှေးတွေကို ရှုရှိုက်ချင်ကြတယ်။ အရသာရှိရှိလည်းစားသုံးချင်ကြတယ်။ အတွေ့နုနုလေးတွေကို ထိတွေချင်ကြတယ်။ လိုချင်တာကို အကြောင်းခံပြီး ကိုယ့်ရဲ့မိတ်ဆွေဖြစ်တဲ့ အခြားလူသားတွေဆီကနေ လုယူတယ်၊ ခိုးယူတယ်၊ လိမ်ယူတယ်၊ ချော့ယူတယ်၊ စီးယူတယ်၊ အဲဒီကစပြီး ကျွန်တော်တို့လူသားတွေ မရိုးသားမှုစကြတာပဲဗျ။

အဲဒီကထွက်တဲ့နည်းလမ်းတွေကို တော့ ခင်များတို့တွေပြောပြီးမှပဲ ကျွန်တော်ပြောတော့မယ်

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ပြောတာကို ဘဝင်မကျမှာ စိုးလို့ပါ

 

2 comments

  • ကိုကျော်ကျော်

    September 24, 2011 at 6:21 pm

    အများအားဖြင့် ကျွန်တော် သိသော ကျွန်တော် အပါဝင် လူများတို့သည် ဟန်ဆောင်ခြင်း ဟူသော
    မျက်နှာဖုံး ကို တပ်ဆင်ထား ကြသည်ဟု ယူဆမိကြောင်း…

  • ထွန်းကျော်သန့်

    September 24, 2011 at 6:26 pm

    ရိုးသားမှု ထက် ရိုးသားမှုမဲ့ခြင်းအပေါ် လွန်စွာ ပျော်မွေ့ သည်ဟုလည်း ထင်မြင်မိပါကြောင်း…

Leave a Reply