တီချယ်နဲ့ ကျမ (၂)

poochSeptember 24, 20111min1135

ပြောချင်တာက စာဖတ်တတ်တဲ့ ဝါသနာကြောင့် တီချယ်နဲ့ တွေ့ခဲ့တာပါ။ တီချယ်က အဲ့ဒီအချိန်မှာ လုပ်ငန်းခွင်က   အငြိမ်းစားယူပြီး အိမ်မှာ  တနို်င် Eniglish စာသင်တန်းကို ဖွငိ့ပြီး နားအေးပါအေးနေနေခဲ့ပါပြီ ။ စာသင်သက်အတွေ့အကြုံများစွာ ရှိသလ၊ို  UK မှာလည်း ပညာဆည်းပူးခဲ့သော ဝါရင့် ဆရာမကြီးဆီ က  အတန်းပေါင်းများစွာထဲက မှ Reading class  ကိုပဲ ပထမဆုံး တက်ဖြစ်ခဲ့ပါတယ်။ ကျမက အဲ့ဒီအချိန်မှာ english မှာ အတော်လေးနှေးပြီး မသွက်လှပါဘူး။ စာတမျက်နှာကို အတော်ကြီး ကြိုးစားရပါတယ်။

ဒီလိုနဲ့ စာဖတ်တန်းမှာ နို်င်ငံရပ်ခြားစာစောင်များက ကောင်းနိုးရာလေးတွေကို ကောက်နှုှတ်ထားတဲ့ စာတိုပေစ၊ တကယ့်အဖြစ်အပျက်လေးတွေ၊ သတင်း၊ ကျန်းမာရေး၊ပညာရေး ၊ဆောင်းပါးတွေ၊ ဟာသနဲ့ ဆိုင်တဲ့စာလေးများကိုု စဖတ်ခဲ့ရပါတယ်။

ပြောချင်တာက စာသင်ပုံပါ။ စာတပုဒ်ကို ကျောင်းသား တဦးချင်းစီကို နည်းနည်းစီ ခွဲပြီး ကိုယ့်အလှည့်နဲကိုယ် တယောက်ချင်းစီ ဘာသာပြန်ရတာပါ။ပြီးရင် တီချယ်က ဘာသာပြန်ပြပါတယ်။ကိုယ်ဘယ်နားမှာ မှားတယ်။ လွဲတယ် စသဖြင့် လိုက်မှတ်ရပါတယ်။ ပြီးရင် မသိတာအကုန်မေး ဆိုပြီး ကျောင်းသားကို လမ်းဖွင့်ပေးပါတယ်။ စကားလုံးတလုံးရဲ့ အသုံးကို အသေးစိတ် စိတ်ရှည်လက်ရှည် အကုန် ရှင်းပြပေးပါတယ်။ ပထမတော ့ ကျမမှာ စာ မေးရင် အသံတွေတောင်တုန်ပါတယ်။ အမှားမှားအယွင်းယွင်းပါ။ ရက်နည်းနည်းကြာမှ အသားကျသွားပါတယ်။ တီချယ့ ်ကိုလည်း ကြောက်ပါတယ်။အလွန် အင်မတန်မှ စာသင်ကောင်းသော်လည်း ကျောင်းသား စာမလုပ်ရင် မျက်နှာသာမပေးပဲ ဆူတတ်တယ်လို့ သတင်းကြီးပါတယ်။ နောက် စည်းကမ်းတင်းကျပ်ပါတယ်။ စာသင်ချိန်မှာ မျက်နှာတည်ပါတယ်။ ဆူစရာ အကြောင်းရှိရင်လည်း အားမနာတမ်း ဆူတာပါ။ မျက်နှာစိမ်း မျက်နှာကျက်မရွေးပါဘူး။

 

တော်တော်နဲ့လည်း တီချယ်နဲ့မရင်းနှီးခဲ့ပါဘူး။ အာလပသာလာပ လည်း မပြောရဲခဲ့ပါဘူး။ လတော်တော်ကြာမှ ရင်းနှီးလာခဲ့ပါတယ်။

နောက်မှ  တဖြည်းဖြည်းချင်း စာဖတ်သားကျလာတော့မှ တခြားအတန်းက ကျောင်းသားတွေ English စကားသွက်သွက်ကြီး ပြောပြီး ငြင်းကြ ခုန်ကြတာကို အားကျလို့ Free Talk အတန်းကို သွားနိုင်ဖို့ ကြိုးစားခဲ့တာပါ။ ကျမ  english စာကတော့ အဲ့ဒီအချိန်ထိ တော်ရိရော်ရိပါ။  ဘယ်အရာပဲ ဖြစ်ဖြစ် သင်ယူလိုစိတ်ရှိရင် တတ်မြောက်နိုင်ပါတယ်လို့ ကိုယ့်ကိုယ်ကို အားမွေးပြီး လေ့လာခဲ့ရတာပါ။

Basic အတန်းကမှ တဆင့် အဲ့ဒီအတန်းကို တက်ရတာပါ။ ဒီတိုင်းဝင်လို့ မရပါဘူး။

အဲ့ဒီ Free Talk အတန်းမှာ လည်း ကြိုးစားပြီးလိုက်ရပါတယ်။  အဲ့ဒီအတန်းမှာ presentation တို့ debate တို့ လုပ်ရပါတယ်။ အင်မတန် ငြင်းကြသော အငြင်းသန်သော အတန်းဖော်များနဲ့ ဆုံဆည်းခဲ့ရပါတယ်။ ဟိုဘက်ဒီဘက် မလျှော့တမ်းငြင်းကြတာပါ။ ငြင်းရင်းကမှ စကားပြောတွေ သွက်လာပြီး စာလိုက်လာတာပါ။ လူထဲ သူထဲမှာလည်း ပြောရဲဆိုရဲ ရှိလာပါတယ်။ လူမကြောက်တော့သလို အရာရာမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ စိတ်ကလေး ရလာခဲ့ပါတယ်။

ခေါင်းစဉ်များကလည်း အတော်ကို စုံလှပါတယ်။ မှတ်မှတ်ရရ မြန်မာပြည် အထက်ပိုင်းကလူနဲ့ အောက်ပိုင်းကလူ ဘယ်သူတွေ ဘယ်လိုတော်တယ်ဆိုတာကိုတောင် ငြင်းခဲ့ရဘူးပါတယ်။အကိုးအကားများလည်း ရှာရပါတယ်။ သူများတွေတော့ မသိပါဘူး။ ကိုယ့်အဖို့တော့ အတော်လေးကို ကြိုးစားခဲ့ရတာပါ။ ဘာသာရေးဆိုတဲ့ ခေါင်းစဉ်နဲ့လည်း presentation လုပ်ခဲ့ ရစဉ်အခါတုန်းက အတော်ကို စိတ်ညစ်ဖူးပါတယ်။ ကိုယ့်ဘာသာကလွဲရင် ဘယ်ဘာသာမှ စိတ်မဝင်စားလို့ လက်လှမ်းမှီသလောက် ရှာဖတ်ရပါတယ်။ မြန်မာလို အရင် ချရေး။ ပြီးမှ English လိုပြန်ရေး။ ပြီးရင်အတန်းရှေ့မှာ ထွက်ပြီး ပြောရတာပါ။

ပြီးရင်အတန်းဖော် တွေက မေးသမျှကို တတ်သလောက်မှတ်သလောက် ဒိုင်ခံဖြေရတာပါ။ တီချယ်က sentence အမှား ၊ အသံထွက်အမှား၊ စကားလုံးအသုံးအမှားတေ၊ွ  grammar တွေက်ို ထောက်ပြပြီး အမှတ်ပေးတတ်ပါတယ်။ အတန်းဖော်များထဲမှာ လူစုံ အရွယ်စုံ နဲ့ ပညာရပ်အမျိုးမျိုးကို ဆည်းပူးနေကြသော သူများ ပါပါတယ်။ ဘွဲ့လွန်တက်နေတဲ့သူ၊ ဆရာဝန်၊ ဂိုက်လုပ်နေတဲ့သူ၊ University က ဆရာမ၊ နို်င်ငံခြားစာမေးပွဲအတွက် လာတဲ့သူက အများကြီး ရှိပါတယ်။ ကျမလို ှ စာဖတ်ချင်လို့ လာတာကတော့ ကိုယ်ပဲရှိမယ်ထင်ပါတယ်။ ကျမက အဲ့ဒီလို လူတော်တွေ ကြားထဲမှာ မနည်း ကြိုးစားခဲ့ရတဲ့ သာမန်တယောက် ပါ။

တီချယ့်ရဲ့ တပည့်တွေထဲမှာ နိုင်ငံခြားသားတွေလည်း အတော်များများရှိပါတယ်။ မြန်မာပြည်ကို အကြောင်းကြောင်းကြောင့် ရောက်ပြီး အလုပ်လာလုပ်ရတဲ့သူများကလည်း  မြန်မာစာကို တီချုယ့်ဆီမှာ လာသင်တတ်ကြပါတယ်။

စာသင်သက်တလျှောက်မတွေ့ဖူးတဲ့ စာသင်ပုံ စာသင်နည်းကို တီချယ့်ဆီရောက်မှ တွေ့ဖူးတာပါ။ အထူးသဖြင့် ကျောင်းသားတဦးချင်းစီရဲ့  အရည်အသွေးကိုထုတ်ပြီး  ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ပြောရဲဆိုရဲတဲ့စိတ်ကို မွေးပေးလိုက်တာပါ။

ဒါကြောင့် ဘယ်နိုင်ငံကိုပဲ ရောက်သွားရောက်သွား တီချယ်ရဲ့တပည့်အများစုဟာ ပွဲလယ်တင့်ကြပါတယ်။  ပြန်လာရင်   တီချယ်ကို သတိတရ အမြဲလာကန်တော့တာကို တွေ့ရပါတယ်။သတိတရလည်းပြောတတ်ကြပါတယ်။  အများစုက ရေခြားမြေခြားကို သွားပြီး ပညာဆည်းပူးကြတာပါ။ တချို့များလည်း ဒီမှာပဲ ရှိပါတယ်။ ကျမလိုပေါ့။ တောင်မရောက်မြောက်မရောက  ်ဒုံရင်းဒုံရင်းဘဝပါ။

တီချယ်ဆီမှာ ကျမ နှစ်တော်တော်ကြာတက်ခဲ့တော့ ဆရာရင်းတပည့်ရင်းတွေလို ဖြစ်လာခဲ့ပါတယ်။  တီချယ်ဟာ ဆိုးဝါးလှတဲ့ လောကဓံရဲ့ အထုအထောင်းများကို  ကြံ့ကြံ့ခံပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး နေခဲ့သူဖြစ်ပါတယ်။

စိတ်ဓာတ်လည်း အင်မတန်မှ မာကျောပြီး ထက် မြက်လှပါတယ်။ အရာရာကို ကိုယ့်အားကိုယ်ကိုးခဲ့တဲ့သူတယောက်ပါ။  တီချယ့်အကြောင်းကို ပိုသိလေ တီချယ့်ကို ပိုပြီး လေးစားချစ်ခင်လေပါ။ အခုချိန်ထိလည်း သူတတ်တဲ့ ပညာတွေကို တပည့်ပေါင်းများစွာကို ဆက်လက် သင်ကြားပေးနေဆဲပါ။ ထွက်သွားတဲ့ တပည့်များနဲ့ အသစ်ဝင်လာတဲ့ တပည့်များနဲ့ တီချယ့်ရဲ့ စာသင်ခန်းလေးကတော့ အရင်အတိုင်းပါပဲ။

တီချယ့်စာသင်ခန်းထဲက ဆောင်ပုဒ်လေးက  “အမေ ဘယ်လိုသိပ်သိပ် ကိုယ်အိပ်မှ ပျော်မှာပါတဲ့

ကိုယ့်ကိုများ စောင်းပြောနေသလားထင်ရပါတယ်။ ဒီလို ဆရာကောင်းသမားကောင်းနဲ့ ကြုံခဲ့ရတာတောင် ကျမက တော့ ဒီလိုပါပဲ။ ထူးပြီးချွန်မလာပါဘူး။ ပုံမှန် အဆင့်ရောက်အောင် တောင် မနည်းလိုက်ခဲ့ရတာပါ။

 

နောက်ထပ် ကိုယ့်ကိုကိုယ်စိတ်ပျက်မိတဲ့ အကြောင်းက စာဖတ်ကြိုက်လှတဲ့ ကျမ အခု စာလုံးဝမဖတ်ဖြစ်တော့တာ တော်တော်ကြာပါပြီ။ စာအုပ်ကို မကိုင်တော့တာပါ။ အခုတလောမှ နည်းနည်းပါးပါးပြန်ဖတ်တာပါ။ အာရုံစူးစိုက်မှုလည်း အရင်လို မကောင်းတော့ပါဘူး။ မစူးစိုက်နိုင်တော့ပါဘူး။ စာတွေကို အချိန်တော်တော်ကြာ ခေါင်းငုံ့ပြီး ဖတ် ခဲ့တဲ့  အတွက်  ကျီးပေါင်းကြောင့်  အာရုံကြောညပ်ပြီး ဆေးတော်တော်ကြာကုလိုက်ရပါတယ်။ နောက် နှစ်မှာ ဆက်တိုက်ဆိုသလို  ကွန်ပျူတာ အသုံးများပြီး ဦးနှောက်ဖိအားများလို့  အန်တာတို့ မူးတာတို့ အာရုံ စူးစိုက်မရတာတွေကို အလူးအလဲ ခံစားခဲ့ရ ပြီး ဆေးကုခဲ့ရပါတယ်။အဲ့ဒီအချိန်က ကျမမှာ စိတ်ဖိစီးမှုတွေလည်း များပါတယ်။ အိပ်ရေးပျက်တာတွေလည်း ပါပါတယ်။

အဲ့ဒီနောက်ပိုင်း ဆရာဝန်က ဆင်ဆင်ခြင်ခြင်နေခိုင်းပါတယ်။ အာရုံစိုက်တာကို သတိထားပြီး လုပ်ရပါတယ်။ အသက်ငယ်သေးတာမို့ အနေအထိုင်ဆင်ခြင်ရင် ရပါတယ်လို့ပြောပါတယ်။ အဲ့ဒီတုန်းက အိပ်ဆေးတွေတောင်သောက်ယူရ ပါတယ်။ အကုန်နားပြီး အိပ်ရေးဝဝအိပ်ရပါတယ်။အခန့်မသင့်ရင် နားလေးသွားတာတို့ ဘာတို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အဲ့ဒီက စလို့ အိပ်ရတာကို မက်မောလိုက်တာ အခုဆိုရင် ကာလနဂါးသေလို့ ဝင်စားတဲ့သူလို  အိပ်ရတာကို အလွန်မက်စက်သွားပါတယ်။ စာလည်း မဖတ်တော့ပါဘူး။မုန်းသွားသလိုတောင် စိတ်ထဲ ဖြစ်မိပါတယ်။ ဘယ်အရာမဆို အလွန်အကျွံမကောင်းဘူး ဆိုတာ လက်တွေ့ ရလိုက်တဲ့ သင်ခန်းစာပါ။

ဒါကတော့ ကျမရဲ့ စာဖတ်ဝါသနာ နိဂုံးချူပ်ရတဲ့ အကြောင်းပါ။ တီချယ်နဲ့ ကျမ ကတော့ အမြဲ မတွေ့တော့ပေမဲ့  အခုချိန်ထိ အဆက်အသွယ် မပြတ်ပါဘူး ။ တီချယ်ကလည်း စာတွေ သင်မြဲ သင်လျှက်ပါ။  ကျမကလည်း ဘဝထဲမှာ မရိုးရတဲ့ အမျိုးမျိုးသော ဘဝ သင်ခန်းစာများကို မဆုံးတမ်း အားတင်းပြီး ဆက်လေ့လာသင်ယူနေရဆဲပါ။

နောက် တခု ပြောချုင်တာက စာဖတ်နာသူတယောက်ဘဝ မှာ သူဖတ်ခဲ့တဲ့ စာတွေကို ဘယ်လောက်များ အသုံးချနိုင်ခဲ့လည်း ဆိုတော့ ကိုယ်တွေ့ကို ပြောရရင် ကျမ ဘဝမှာ အသိများခဲ့တာက လွဲလို့ တကယ့်လက်တွေ့ ဘဝမှာ  ဘာတခုမှထိထိရောက်ရောက်အောင်မြင်အောင် အသုံးမချနို်င်ခဲ့ပါဘူး။ စာဖတ်တာက စာဖတ်တာပါ။ ဘဝက ဘဝပါဆိုတာ လိုမျိုးကျမ တွေ့ခဲ့ပါတယ်။ သူများတွေတော့ မသိပါဘူး။

ဘဝထဲက လူတယောက်ဆိုတော့လည်း လောကဓံဆိုတာကြီးကို ဘဝပျက်လောက်တဲ့အထိ မဟုတ်ပေမဲ့ ခါးခါးလေးတော့ မြည်းခဲ့ရပါတယ်။ ကျမ ပထမဆုံး လုပ်ဖြစ်တဲ့ ဆိုင်က သက်တမ်း ၄ နှစ်လောက်မှာ နိဂုံးချုပ်သွားပါတယ်။ နေရင်းထိုင်ရင်း ဆိုင်ရှင်နဲ့ အခန်းခ ဈေးညှိတာ အဆင်မပြေလို့ ၁ ပတ် အတွင်းမှာ စိတ်ပေါက်ပြီး  စိတ်မြန်ကိုယ်မြန်နဲ့ ဆုံးဖြတ်လိုက်ပါတယ်။ ကျန်တဲ့ နှစ်ဝက်ကို သူများတွေကို ပြန်ငှားပေးလိုက်ပါတယ်။ စိတ်ကလည်း မြန်ပါတယ်။ အလုပ်စလုပ်တော့ အသက်က ၂ဝ စွန်းရုံပဲရှိသေးတော့ သိပ်ရှည်ရှည်ဝေးဝေးမတွေးတတ်ပဲ  လုပ်ချင်တာကို လုပ်ချလိုက်တာပါ။

အဲ့ဒီတုန်းက ဘာလို့ ကျမ နောက်တနေရာရှာဖို့ အတွေးမပေါက်ခဲ့တာလည်းလို့ ကိုယ့်ကိုယ်ကို ခဏခဏပြန်မေးမိပါတယ်။ အလုပ်က အခြေကျပြီးသားပါ။ ပြန်ကြိုးစားရင် ရပါတယ်။ အဖြေက ထွက်လာခဲ့ပါတယ်။ နှစ်ကုန်လောက်မှာ အဲ့ဒီနေရာ မီးအကြီးအကျယ်လောင်ပါတယ်။ ကျမတဆင့်ငှားပေးသူ နှစ်စေ့လို့  ကျမနေရာမှာ ဝင်ဖွင့်ခဲ့သူ ဆိုင်ရှင်( ကျမမိတ်နဲ့ ဆက်လုပ်ခဲ့တဲ့သူ) ဘာတခုမှမရလိုက်ပါဘူး။ ဆိုင်ရှင်က ကျမမိတ်ကို မျက်စိကျနေခဲ့တာပါ။  ကျမက ကံဖယ်တာကို ခံခဲ့ရတာပါ။ ကျမမှာ အတိတ်ကြွေးမပါခဲ့လို့ပဲလို့ တွေးမိပါတယ်။

(ဆက်ပါအုန်းမယ်)

5 comments

  • koyinmaung

    September 24, 2011 at 8:11 pm

    ဇာတ်လမ်းကတော့ကိုရီးယားကားလိုကောင်းခန်းရောက်ယင်
    နောက်တနေ့စောင့်ရတယ်
    အမှတ်စဉ် ( ၃ ) ကိုစိတ်ဝင်စားစွာစောင့်မျော်နေပါတယ်…..

  • pooch

    September 24, 2011 at 11:35 pm

    အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
    ဆက်ရေးဖို့ရည်ရွယ်တဲ့ အကြောင်းက အရမ်းစိတ်ညစ်စရာကောင်းလို့ ရပ်လိုက်တာပါ ကြိုးစားပြီး ရေးပါ့မယ်… ဘဝမှာ ကိုယ်ကြုံခဲ့ရတာလေးတွေကို မျှဝေချင်တာပါ။

  • kyawmonkhant

    September 25, 2011 at 7:50 am

    ”စာဖတ်နာသူတယောက်ဘဝ မှာ သူဖတ်ခဲ့တဲ့ စာတွေကို
    ဘယ်လောက်များ အသုံးချနိုင်ခဲ့လည်း ဆိုတော့ ကိုယ်တွေ့ကို ပြောရရင်
    ကျမ ဘဝမှာ အသိများခဲ့တာက လွဲလို့ တကယ့်လက်တွေ့ ဘဝမှာ ဘာတခုမှထိထိရောက်ရောက်အောင်မြင်အောင် အသုံးမချနို်င်ခဲ့ပါဘူး။
    စာဖတ်တာက စာဖတ်တာပါ။
    ဘဝက ဘဝပါဆိုတာ လိုမျိုးကျမ တွေ့ခဲ့ပါတယ်။
    သူများတွေတော့ မသိပါဘူး။”
    စာဖတ်နာခဲ့လို့လဲ ခုလိုမျိုး ရေးနိုင်တာပေါ့ဗျာ၊ စာမဖတ်သူတစ်ယောက်ဟာ ခုလိုမျိုးရေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ နောက်တစ်ခုက အဲဒီဆရာမကြီးရဲ့နာမည်ကို မသိရဘူးလား၊ နေရာကရော မန္တလေးမှာလား? အားပေးနေပါတယ်၊ ဆက်ရေးပါ။

    • pooch

      September 25, 2011 at 8:05 pm

      တီချယ်က မန်းလေးကပါပဲ။ နာမည်က DTTNU ပါ။

  • thit min

    September 25, 2011 at 10:37 am

    အသက်မွေးဝမ်းကြောင်းစာပေများ၏တိုက်ရိုက်အသုံးချနိုင်မှုကထင်ရှားပါသည်။
    အသက်မွေးဝမ်းကြောင်းမဟုပ်သော(ဥပမာ။ ။ရသစာပေ)များမှာအသုံးမချနိုင်ဟူ၍ထင်စရာဖြစ်နေတတ်ပါသည်။
    မဟုတ်ပါ။
    နှလုံးသားကိုအားဖြည့်အဟာရများစွာပေးပါသည်။အကျင့်သီလကောင်းမွန်အောင်ပြုပြင်ပါသည်။
    ဆရာဦးရွှေအောင်၏ကုသိုလ်နှင့်အကုသိုလ်ဟူသောစာအုပ်တွင်သူတပါးအကျိုးကိုသယ်ပိုးနေရင်း
    ငါကအဲဒီလူလူကွလက်မထောင်တတ်သော ဟူသောဒိဌိမာနကိုပြဆိုပါသည်။
    ယင်းဖော်ပြချက်သည်လောကလူသားများ၏ပေါင်းသင်းဆက်ဆံရေးကိုချောမွှေ့ရေးတွင်အသုံးဝင်လှပါသည်။
    ယခုမန်းဂေဇက်တွင်ရှိနေသော”လီလီပန်းများ…………………… ” ဆောင်းပါးသည်ကျနော်တို့ကိုသင်ခန်း
    စာများပေးကြောင်းထင်ရှားပါသည်။
    စိတ်ကိုထားတတ်ရန်မှာငွေချမ်းသာရေး၊နာမည်ကျော်ကြားသူဟူသောအနေအထားတို့ထက်အရေးကြီးသည်ဆိုသည်မှာပြောစရာလိုမည်မထင်ပါ။
    စာပေကိုခုံမင်မြတ်နိုးမိခြင်းရှိခဲ့ပါလျှက်ဘာမှလက်တွေ့အသုံးမချနိုင်ဟုထင်မြင်နေ
    ခြင်းမှာတိုက်ရိုက်အသုံးချရန်(ကုန်ကြမ်းများရှိပါလျှက်)အသုံးမချသေးသောအနေအထား(သို့)
    သွယ်ဝိုက်အသုံးပြုခြင်းကိုမသိလိုက်ခြင်းသာဖြစ်ပါသည်။
    ဪ…..ဆားများ စားရတယ်မရှိပါဘူး ဟင်းချက်တာနဲ့ကုန်ပါပေါ့ ဟု ပြောနေသကဲ့သို့ပင်တည်း။

Leave a Reply