နိုင်ငံရေးဟာသ

ဦးနှောက်နှစ်ခြမ်း

တရက်တ၌အမေရိကန်သမ္မတဟောင်းဂျော့ခ်ျဘုရှ်သည်ခေါင်းကိုက်၍၊ ဆရာဝန်ထံသွားပြသည်၊ ဆရာဝန်မလေးကသူ့၏ဦးခေါင်းကို brain scan လုပ်ပေးလိုက်သည်၊ နောက်နေ့ဂျော့ခ်ျဘုရှ်သူ၏ result ကိုသွားကြည့်သောအခါ၊

ဆရာဝန်မလေးက “သမ္မတကြီးကိုစိတ်မချမ်သာစရာတခုကိုပြောရဦးမယ်၊ သမ္မတကြီးရှင့်လူသားများ၏ဦးနှောက်သည်နှစ်ခြမ်းရှိပြီးဘယ်ဘက်ခြမ်းနှင့်ညာဘက်ခြမ်းဟူ၍ရှိသည်……”

ထိုအခါဘုရှ်ကစိတ်မရှည်စွာဖြင့်ကြာဖြတ်ပြိး “ ဒါကတော့လူတိုင်းသိပါတယ်ကွာ၊ လိုရင်းကိုတာပြောဆန်းပါ ”

ဆရာဝန်မလေးကဆက်၍ “ That’s true, Mr. President. But your brain is very unusual because  on the right side there is nothing left , while on the left side there is nothing right.” (သမ္မတကြီ၏ညာဘက်ဦးနှောက်သည်ဘာမှမကျန်တော့ဘူး၊ ဘယ်ဘက်ဦးနှောက်သည်ဘာမှမကောင်းတော့ဘူးတနည်းအားဖြင့်ဆိုသော်ညာဘက် ဦးနှောက်သည်ကောင်းတာဘာမှမကျန်တော့ဘူး၊ ကျန်တဲ့ဟာလည်းဘာမှမကောင်းတော့ဘူး)

ဆရာဝန်မလေးကဆက်ပြီး “ ဒါမျိုးရောဂါကျမတို့ဗမာပြည်ကလူကြီးတွေဖြစ်နေတာကြာလှပြီ၊ သမ္မတကြီးကခုတလောမှဖြစ်တာစိတ်မညစ်ပါနဲ့ အားလည်းမငယ်ပါနဲ့လူနာဖော်အများကြီးရှိပါတယ်”ဟူသတည်း။

(လက်စသတ်တော့ဆရာဝန်မလေးကဗမာပြည်ကကိုး)

ငါးမျက်စိနှင့်နွားမနှို့သီး

တချိန်ကဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စုသမတနိုင်ငံသည်ကမ္ဘာ့ဆိုရှယ်လစ် ကွန်မြူနစ်နိုင်ငံများ၏ခေါင်းဆောင်ဖြစ်ခဲ့ဘူးသည်၊ သူတို့တတွေမပြိုကွဲခင်ကပေါ့၊ တရက်တ၌ဒီဆိုရှယ်လစ်ညီအစ်ကိုမောင်နှမနိုင်ငံများသည်စုဝေးကြပြီး ကျန်းမာရေးနှင့်ဆေးပညာဆိုင်ရာနှီးနှောဖလှယ်ပွဲ ပြုလုပ်ကြသည်။

ပထမဦးဆုံးဆိုဗီယက်ကိုလ်စားလှယ်၏တင်ပြချက်ကအောက်ပါအတိုင်းဖြစ်သည်။

တနေ့တ၌ကျနော်တို့ရဲ့ Moscow မြို့တော်တွင်ရှိသော၊ အသားငါးရောင်းသည့်ဈေးဆိုင်တဆိုင်မှငါးရောင်းသမတယောက်သည်၊ ငါးအရှင်လတ်လတ်ကိုခုတ်ထင်းရာ၌မတော်တဆငါး၏ဆူးသည်လွင့်ထွက်လာ၍ ၎င်းအမျိုးသမီး၏လက်ျာဖက် မျက်စိကိုထိုးမိရာမျက်စိကွဲသွားသည်၊ ကံကောင်းလို့နီးနားတွင်ဆရာဝန်တယောက်ရှိနေ၍၊ ၎င်းဆရာဝန်သည်ချက်ချင်းငါး၏မျက်စိကိုခွဲထုတ်ပြီး၊ ထိုအမျိုးသမီး၏မျက်စိအား အစားထိုးကုသပေးလိုက်သည်၊ ထိုခွဲစိတ်မှုအောင်မြင်သွားသည့်အပြင်သူမ၏ညာမျက်လုံးသည်အရင်ထက်ပို၍ကြည်လင်စွာမြင်ရသည်ကိုတွေ့ရပါသည်။

သောင်းသောင်းဖြဖြသြဘာသံများ။

ဒုတိယ ချက်ဂိုဆလိုဗားကီးယားဆိုရှယ်လစ်ပြည်ထောင်စုသမတနိုင်ငံကိုလ်စားလှယ်၏ တင်ပြချက်ကအောက်ပါအတိုင်းဖြစ်သည်။

ကျနော်တို့နိုင်ငံရဲ့ကျေးရွာတရွာမှာ၊ နို့ညှစ်နွားမွေးခြံတခုတွင် အလုပ်သမားတဦးသည၊်နွားနို့ညှစ်ရင်းနှင့်ကွဲပဲ့နေသောနွားနို့ခံသောပုံး၏အနားကိုထိရှ၍ လက်ညိုးကျိုးသွားသည်၊ ကံကောင်း၍အနားတွင်နွားနို့လာဝယ်သောဆရာဝန်တဦးက ချက်ချင်းနွားမ၏နို့သီးများထဲမှနို့သီးတခုကိုခွဲစိတ်၍ထိုအလုပ်သမား၏ လက်ညိုးအားအစားထိုးကုသပေးလိုက်သည်၊ အထူးအောင်မြင်သွားပါသည်၊ ၎င်းနို့သီးသည်မူလနွားမကိုလ်ပေါ်တွင်ရှိစဉ်တရက်လျင်နွားနို့၂ဂါလံသာထွက်ပြီး ယခုဒီအလုပ်သမားဆီရောက်လာသောအခါ တနေ့လျင်နွားနို့၅ဂါလံထွက်သည်ကိုတွေ့ရပါသည်။

နားကွဲလောက်အောင်သောင်းသောင်းဖြဖြသော သြဘာသံများကောင်းကင်ယံအထိ ထိုးဖောက်ရောကရှိသွားသည်။

ဆိုဗီယက်ကိုလ်စားလှယ်သည်အလွန်စိတ်ဆိုး၍ “ ဘယ်ဖြစ်နိုင်ပါ့မလဲ၊ အဲဒါကိုဘယ်သူမြင်လို့လဲ ?” ဟုအော်ဟောက်ပြီးမေးလိုက်သည်၊ ထိုအချိန်ချက်ဂိုကိုလ်စားလှယ်ကဟိုငါးမျက်စိတပ်ဆင်ထားတဲ့ အမျိုးသမီးကိုတိုင်မြင်လိုက်သည်”ဟူသတည်း။

(ဆိုဗီယက်သည်တချိန်တုံးက ချက်ဂို ကိုတင့်ကားများဖြင့်အတင်းဝင်ရောက်သိမ်းပိုက်ခဲ့ဖူးသည်၊ ဆိုရှယ်လစ်နှင့်ကွန်မြူနစ်တို့သည်အချင်းချင်ဖင်ချလေ့ရှိပြီး၊ မှန်ကန်သောစကားပြောလေ့မရှိပါ)

လူကြီးများအတွက်သီးသန့်

(လူကြီးများဟုဆိုရာ၌ဗိုလ်များနှင့်အရပ်သားများကိုနိုင်စားနေတဲ့လူပုဂိုလ်ကြီးများကိုရည်ညွှန်းခြင်းမဟုတ်ပါ၊  adult ကိုဆိုလိုပါသည်)အင်္ဂလိပ်စာကျူရှင်တခုမှာဆရာမကအရပ်လေးမျက်နှာကိုခလေးများအားသင်ပေးနေသည်၊ ဆရာမသည်သူမနှင့်အတူ East , West , North , South ကိုလိုက်ဆိုခိုင်းသည်။  ခလေးတယေါက်သည်   South ဆိုသောနေရာရောက်လျင်သူတန့်၍မဆိုတော့ပါ၊ ဆရာမကအတန်တန်ဆိုခိုင်းသော်လည်း၎င်းခလေးသည်လိုက်မဆိုပါ၊ ဆရာမကအဘယ်ကြောင့်လိုက်၍မဆိုသနည်းဟုမေးသောအခါ၊ ကျောင်းသားခလေးက “ အမေမှာထားတယ် South ဆိုတာညစ်ပတ်တယ်၊ မပြောရဘူး” ထိုအချိန်ဆရာမက “ အမလေးသားသားရယ်၊ သားသားအမေရဲ့South ကသာညစ်ပတ်တာ၊ ဆရာမရဲ့South ကသန့်ရှင်းတယ်၊ အရေးမကြီးဘူးလိုက်ဆို၊ လိုက်ဆို”

(ထိုင်ဝမ်ဟာသကိုဗမာနှင့်ဆီလျော်အောင်ပြုပြင်ထားသည်။ ဆရာမ ရေ ကန်တော့၊ ကန်တော့)

About Don Juan Ronald

has written 23 post in this Website..

တတိယလူတန်းစား ( နိုင်ငံခြားသား )အဖြစ်ဖြင့်၊ ချမ်းသာကြွယ်ဝသော democratic ဗမာပြည် ကြီးမှာ၁၃နှစ်နှင့် မှောင်မှိုက်ညစ်ပတ်သောတပါတီအာဏာရှင်ဗမာပြည်ကြီးတွင်၂၉နှစ်၊နေထိုင်ခဲ့ဘူးသည် ။ ဗမာစာကိုခုနှစ်တန်းမှစတင်၍သင်ကြားခဲ့ပြီးသိပံ္ပဖြင့်အောင်ထားသည့်အတွက် ၊ ဗမာစာအရေးအသားမကောင်းပါ ၊ ပျော်ပျော်နေတတ်၍ “ Chinese ပေါ်ဦး ” ဟုဆရာမကတွင်စေခဲ့ဘူးသည် ၊ Date လွန်ဘိုးတော်တယေါက်ဖြစ်နေ၍ ၊၂၀ရာစုနှစ်အကြောင်းရေးလေ့ရှိပါသည်။