ရယ်ချင်ရင်ရယ်ကြရအောင်

Don Juan RonaldSeptember 25, 20111min2287

နိုင်ငံရေးဟာသ

ဦးနှောက်နှစ်ခြမ်း

တရက်တ၌အမေရိကန်သမ္မတဟောင်းဂျော့ချ်ဘုရှ်သည်ခေါင်းကိုက်၍၊ ဆရာဝန်ထံသွားပြသည်၊ ဆရာဝန်မလေးကသူ့၏ဦးခေါင်းကို brain scan လုပ်ပေးလိုက်သည်၊ နောက်နေ့ဂျော့ချ်ဘုရှ်သူ၏ result ကိုသွားကြည့်သောအခါ၊

ဆရာဝန်မလေးက “သမ္မတကြီးကိုစိတ်မချမ်သာစရာတခုကိုပြောရဦးမယ်၊ သမ္မတကြီးရှင့်လူသားများ၏ဦးနှောက်သည်နှစ်ခြမ်းရှိပြီးဘယ်ဘက်ခြမ်းနှင့်ညာဘက်ခြမ်းဟူ၍ရှိသည်……”

ထိုအခါဘုရှ်ကစိတ်မရှည်စွာဖြင့်ကြာဖြတ်ပြိး “ ဒါကတော့လူတိုင်းသိပါတယ်ကွာ၊ လိုရင်းကိုတာပြောဆန်းပါ ”

ဆရာဝန်မလေးကဆက်၍ “ That’s true, Mr. President. But your brain is very unusual because  on the right side there is nothing left , while on the left side there is nothing right.” (သမ္မတကြီ၏ညာဘက်ဦးနှောက်သည်ဘာမှမကျန်တော့ဘူး၊ ဘယ်ဘက်ဦးနှောက်သည်ဘာမှမကောင်းတော့ဘူးတနည်းအားဖြင့်ဆိုသော်ညာဘက် ဦးနှောက်သည်ကောင်းတာဘာမှမကျန်တော့ဘူး၊ ကျန်တဲ့ဟာလည်းဘာမှမကောင်းတော့ဘူး)

ဆရာဝန်မလေးကဆက်ပြီး “ ဒါမျိုးရောဂါကျမတို့ဗမာပြည်ကလူကြီးတွေဖြစ်နေတာကြာလှပြီ၊ သမ္မတကြီးကခုတလောမှဖြစ်တာစိတ်မညစ်ပါနဲ့ အားလည်းမငယ်ပါနဲ့လူနာဖော်အများကြီးရှိပါတယ်”ဟူသတည်း။

(လက်စသတ်တော့ဆရာဝန်မလေးကဗမာပြည်ကကိုး)

ငါးမျက်စိနှင့်နွားမနှို့သီး

တချိန်ကဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စုသမတနိုင်ငံသည်ကမာ္ဘ့ဆိုရှယ်လစ် ကွန်မြူနစ်နိုင်ငံများ၏ခေါင်းဆောင်ဖြစ်ခဲ့ဘူးသည်၊ သူတို့တတွေမပြိုကွဲခင်ကပေါ့၊ တရက်တ၌ဒီဆိုရှယ်လစ်ညီအစ်ကိုမောင်နှမနိုင်ငံများသည်စုဝေးကြပြီး ကျန်းမာရေးနှင့်ဆေးပညာဆိုင်ရာနှီးနှောဖလှယ်ပွဲ ပြုလုပ်ကြသည်။

ပထမဦးဆုံးဆိုဗီယက်ကိုလ်စားလှယ်၏တင်ပြချက်ကအောက်ပါအတိုင်းဖြစ်သည်။

တနေ့တ၌ကျနော်တို့ရဲ့ Moscow မြို့တော်တွင်ရှိသော၊ အသားငါးရောင်းသည့်ဈေးဆိုင်တဆိုင်မှငါးရောင်းသမတယောက်သည်၊ ငါးအရှင်လတ်လတ်ကိုခုတ်ထင်းရာ၌မတော်တဆငါး၏ဆူးသည်လွင့်ထွက်လာ၍ ၎င်းအမျိုးသမီး၏လကျ်ာဖက် မျက်စိကိုထိုးမိရာမျက်စိကွဲသွားသည်၊ ကံကောင်းလို့နီးနားတွင်ဆရာဝန်တယောက်ရှိနေ၍၊ ၎င်းဆရာဝန်သည်ချက်ချင်းငါး၏မျက်စိကိုခွဲထုတ်ပြီး၊ ထိုအမျိုးသမီး၏မျက်စိအား အစားထိုးကုသပေးလိုက်သည်၊ ထိုခွဲစိတ်မှုအောင်မြင်သွားသည့်အပြင်သူမ၏ညာမျက်လုံးသည်အရင်ထက်ပို၍ကြည်လင်စွာမြင်ရသည်ကိုတွေ့ရပါသည်။

သောင်းသောင်းဖြဖြဩဘာသံများ။

ဒုတိယ ချက်ဂိုဆလိုဗားကီးယားဆိုရှယ်လစ်ပြည်ထောင်စုသမတနိုင်ငံကိုလ်စားလှယ်၏ တင်ပြချက်ကအောက်ပါအတိုင်းဖြစ်သည်။

ကျနော်တို့နိုင်ငံရဲ့ကျေးရွာတရွာမှာ၊ နို့ညှစ်နွားမွေးခြံတခုတွင် အလုပ်သမားတဦးသည၊  ်နွားနို့ညှစ်ရင်းနှင့်ကွဲပဲ့နေသောနွားနို့ခံသောပုံး၏အနားကိုထိရှ၍ လက်ညိုးကျိုးသွားသည်၊ ကံကောင်း၍အနားတွင်နွားနို့လာဝယ်သောဆရာဝန်တဦးက ချက်ချင်းနွားမ၏နို့သီးများထဲမှနို့သီးတခုကိုခွဲစိတ်၍ထိုအလုပ်သမား၏ လက်ညိုးအားအစားထိုးကုသပေးလိုက်သည်၊ အထူးအောင်မြင်သွားပါသည်၊ ၎င်းနို့သီးသည်မူလနွားမကိုလ်ပေါ်တွင်ရှိစဉ်တရက်လျင်နွားနို့၂ဂါလံသာထွက်ပြီး ယခုဒီအလုပ်သမားဆီရောက်လာသောအခါ တနေ့လျင်နွားနို့၅ဂါလံထွက်သည်ကိုတွေ့ရပါသည်။

နားကွဲလောက်အောင်သောင်းသောင်းဖြဖြသော ဩဘာသံများကောင်းကင်ယံအထိ ထိုးဖောက်ရောကရှိ်သွားသည်။

ဆိုဗီယက်ကိုလ်စားလှယ်သည်အလွန်စိတ်ဆိုး၍ “ ဘယ်ဖြစ်နိုင်ပါ့မလဲ၊ အဲဒါကိုဘယ်သူမြင်လို့လဲ ?” ဟုအော်ဟောက်ပြီးမေးလိုက်သည်၊ ထိုအချိန်ချက်ဂိုကိုလ်စားလှယ်ကဟိုငါးမျက်စိတပ်ဆင်ထားတဲ့ အမျိုးသမီးကိုတိုင်မြင်လိုက်သည်”ဟူသတည်း။

(ဆိုဗီယက်သည်တချိန်တုံးက ချက်ဂို ကိုတင့်ကားများဖြင့်အတင်းဝင်ရောက်သိမ်းပိုက်ခဲ့ဖူးသည်၊ ဆိုရှယ်လစ်နှင့်ကွန်မြူနစ်တို့သည်အချင်းချင်ဖင်ချလေ့ရှိပြီး၊ မှန်ကန်သောစကားပြောလေ့မရှိပါ)

လူကြီးများအတွက်သီးသန့်

(လူကြီးများဟုဆိုရာ၌ဗိုလ်များနှင့်အရပ်သားများကိုနိုင်စားနေတဲ့လူပုဂိုလ်ကြီးများကိုရည်ညွှန်းခြင်းမဟုတ်ပါ၊  adult ကိုဆိုလိုပါသည်)အင်္ဂလိပ်စာကျူရှင်တခုမှာဆရာမကအရပ်လေးမျက်နှာကိုခလေးများအားသင်ပေးနေသည်၊ ဆရာမသည်သူမနှင့်အတူ East , West , North , South ကိုလိုက်ဆိုခိုင်းသည်။  ခလေးတယေါက်သည်   South ဆိုသောနေရာရောက်လျင်သူတန့်၍မဆိုတော့ပါ၊ ဆရာမကအတန်တန်ဆိုခိုင်းသော်လည်း၎င်းခလေးသည်လိုက်မဆိုပါ၊ ဆရာမကအဘယ်ကြောင့်လိုက်၍မဆိုသနည်းဟုမေးသောအခါ၊ ကျောင်းသားခလေးက “ အမေမှာထားတယ် South ဆိုတာညစ်ပတ်တယ်၊ မပြောရဘူး” ထိုအချိန်ဆရာမက “ အမလေးသားသားရယ်၊ သားသားအမေရဲ့South ကသာညစ်ပတ်တာ၊ ဆရာမရဲ့South ကသန့်ရှင်းတယ်၊ အရေးမကြီးဘူးလိုက်ဆို၊ လိုက်ဆို”

(ထိုင်ဝမ်ဟာသကိုဗမာနှင့်ဆီလျော်အောင်ပြုပြင်ထားသည်။ ဆရာမ ရေ ကန်တော့၊ ကန်တော့)

7 comments

  • kai

    September 25, 2011 at 1:57 pm

    http://en.wikipedia.org/wiki/South_Park

    South Park တဲ့..
    ယူအက်စ်မှာ အင်မတန်နာမယ်ကြီးတဲ့..တီဗီဇတ်လမ်းတွဲပါ..။
    အသံထွက်ဖတ်ကြည့်ပေါ့..။

  • maung hninkharr

    September 25, 2011 at 5:39 pm

    တော်သေးတာပေါ့။ တောင်ပင်လယ်ဆို ဘယ်လိုလုပ်မလဲ။ ကောင်းမလေးတွေအရှေ့မှာ တော်တော်အားယူပြီးပြောရမှာ။

  • windtalker

    September 25, 2011 at 6:23 pm

    အင်း..
    ဖတ်ပြီး ရယ်ရ..
    မောရ လွန်းလို ့..
    ၆ပက် လေး
    ပြေးဆော်လိုက်ဦးမှ ပါပဲ
    ဟိတ်လူတွေ….
    Chivas Regal ပြောတာနော်
    တစ်မျိုးမထင်ကြနဲ ့ဦး

  • Mr. MarGa

    April 7, 2013 at 9:16 am

    ကြားဖူးတာတစ်ခုရှိတယ်
    south sea is in the south part ဆိုလား
    ီဦးမာဃ ပြောတာမဟုတ် :kwi:

  • cobra

    April 7, 2013 at 3:05 pm

    ဘာတွေပြောနေကြမှန်းလဲမသိဘူး
    ဆိုးလိုက်တဲ့ အသံထွက်တွေ
    တော်ပီ အိမ်ပြန်ပြီး ၆ပတ်ကို ၅၀ဝဖိုးလောက်ထိုးလိုက်ဦးမယ်

  • Don Juan Ronald

    April 7, 2013 at 6:37 pm

    ဆ ရာ တို့ ရေ ~~~
    Side dish ကို ဘဲ မဲ ပြီး ၊
    Maine dish ကို လစ် လျူ ရှု ထား တော့ ၊
    ကြာ လျှင် ကျ နော် မျိုး ဟာ အကျင့် တွေ ပျက် ကုန် ပါ ပြီ ဗျာ ~~~။

    • မောင် ပေ

      April 7, 2013 at 6:55 pm

      တစ်ကယ်တမ်းကြ
      ခွန်အားဖြိုးမောက်ချိန်ကြ
      တစ်ကယ်အလုပ်လုပ်လို ့ကောင်းတာကလား
      နေ ့စဉ် ဂျူတီဝင်ရမယ်ဟေ့ ဆိုရင် ပြောပါတယ်
      ဦးဒွန်ရယ် နေ ့စဉ် ဘဝအမောတွေပြေဖို ့
      တွေ ့သမျှ မြင်သမျှ ကို ဟာသအဖြစ် ပြောင်းတွေးနေရတာ မြန်မာနိုင်ငံသူားတွေရယ်ပါ

Leave a Reply