တခါတုန်းကပေါ့..

ဗာရာဏသီပြည်မှာ ဗာမင်းကြီး စိုးစံသတဲ့

ထိုတိုင်းပြည်ကြီးကို ဗာတိုင်းပြည်ကတော့ ဗာပြည်လို့ နာမည်တွင်သတဲ့..

ဗာတိုင်းပြည်မှာ လုလင်တယောက်က ဗာသီးကြီး တလုံးကို ရပြီး ထူးဆန်းလွန်းလို့ ကိုယ်တိုင် မစားရက်တာနဲ့ ဆုတော် လာဘ်တော်များ ရလေမလားလို့ ဗာတိုင်းသား တယောက်က လာပြီး ဗာမင်းကြီး ထံ ဆက်သသတဲ့..

ဗာမင်းကြီးက ဗာသီးကြီးကို ကြည့်ပြီး.. တအံ့တသြ ဖြစ်သွားပုံများ အသံတောင် ထွက်လို့.. ဗာ… ဆိုပြီး အကျယ်ကြီး အော်လိုက်မိသတဲ့.. ဗာ ဆိုတဲ့ အသံ အဆုံးမှာ

ဗာ အမတ်တွေကလည်း ဗာမင်းကြီးနဲ့ အပြိုင် အံသြလွန်းလို့  ဗာ.. ဆိုပြီး အော်လိုက်ကြတာ.. ဗာမင်းကြီးရဲ့ ဗာနန်းတော်ကြီး တခုလုံး ဗာဖြစ်သွားမှန်း မသိ ဖြစ်သွားပါတော့တယ်။

ပရိတ်သတ်တို့ရေ.. ဗာတိုင်းပြည်က ဗာမင်းကြီး နဲ့ ဗာအမတ်တွေ ဗာတိုင်းသား လာဆက်တဲ့ ဗာသီးကြီးက ဗာဖြစ်မလဲ ဆိုတာ သိကြသလား..

ဝိုင်းစဉ်းစားကြပါအုန်း။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ…   နောက်နေ့မှ နောက်တပုဒ် ဆက်ပြောမယ်။

About ဆူး

has written 398 post in this Website..