ဧရာဝတီမြစ်ဆုံ အရေးတော်ပုံ ဟောပြောပွဲ

POLSeptember 25, 20111min910

ဧရာဝတီမြစ်ဆုံရေးအတွက် နယ်ပယ်အသီးသီးမှပေါင်းဆုံပါဝင်ခဲ့ကြတဲ့ ဟောပြောပွဲတစ်ခုကို (၂၄၊၉၊၂၀၁၁) ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel မှာ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev၊ မုံရွေးစာအုပ်တိုက် တို့က ပူးပေါင်းပြုလုပ်တာလို့သိရပါတယ်။
အဲဒီပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောပညာရှင် ဦးအုန်း ကအဖွင့်အမှာစကားပြောကြားပြီး Eco Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူ၊ ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာဦးထွန်းလွင်၊
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသား ဒူဝါဇောင်ဂမ် တို့က ဆွေးနွေးဟောပြောခဲ့ကြပြီး Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင် ကနိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်ဟုသိရပါတယ်။
ဟောပြောပွဲကို ရဟန်းသံဃာတော်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ စာပေအနုပညာ၊ လူမှုရေး နယ်ပယ်စသည့် နယ်ပယ်အစုံမှ စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပါတယ်။
သတင်းနှင့်ဟောပြောချက်အပြည့်အစုံကို www.news-eleven.com မှာဖတ်ရှုနိုင်ပါတယ်။