စာချုပ်တန်ဘိုးရဲ့ ၂ဆ (သို့) ဧရာဝတီ အချစ်ရဲ့ ၂ဆ

blazeSeptember 25, 20111min11511

ယခုရက်ပိုင်းအတွင်းမှာ ခပ်စိပ်စိပ်ရေးသားလာခဲ့တဲ့ ဧရာဝတီ အကြောင်းအရာနှင့် ပတ်သက်လို့ ကျနော်လဲ ရှုဒေါင့် တနေရာ ကနေ ပါဝင်ဆွေးနွေး ပါရစေ၊ဟိုးအရင် မဆလခေတ်နှောင်းပိုင်း ကာလ လူငယ်အပေါင်းအသင်းတွေနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ပြီး သီးချင်းတပုဒ်၊ အကြောင်းအရာတခု၊ (သို့) အချစ်ရေးရာကိစ္စတခုအပေါ် စိတ်တူကိုယ်တူ သဘောတူစွာနဲ့ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ပြောဆိုတိုင်ပင်တဲ့ ပုံစံလေးပေါ့ဗျာ၊…

ဖော်ပြပြီးခဲ့တဲ့ ဧရာဝတီဆောင်းပါးတွေနဲ့ပတ်သက်လို့ တော့ အချက်အလက်အရကော အကြောင်းအကျိုးအရတွေပါ ဘာမှပြောစရာ ထောက်ပြစရာမရှိအောင် ပြီးပြည့်စုံပါတယ်။ဧရာဝတီကို ခံစားမှုအမျိုးမျိုးနဲ့ ရင်နင့်အမျှ ခံစားချက်ရှိသူများလို ကျနော်လဲဘဲ ခင်ဝမ်းရဲ့ ဧရာဝတီသီချင်းနဲ့ ရင်ခုန်ခဲ့ဘူးပါတယ် တချိန်တုန်းကပေါ့ဗျာ၊.

အဲ့ဒီလို ပြည့်ပြည့်စုံစုံ အချက်အလက်ပေါင်းစုံနဲ့ ထောက်ပြကန့်ကွက်နေတာကို ကျနော်က အချိန်တိုကာလ အတွင်းဖြတ်သန်း ခဲ့ဖူးတဲ့ တရားဥပဒေလမ်းကြောင်း ဖက်ကနေ စိုးရိမ်စိတ်ကလေးတခုနဲ့ ဆွေးနွေးချင်တဲ့သဘောပါ ။နက်နဲရှုပ်ထွေးတဲ့ ဥပဒေအသုံးအနှုန်းတွေ ဖယ်ပြီး ပေါ့ပေါ့ပါးပါး အရပ်စကား အရပ်အပြော အရပ်အတွေးနဲ့ဘဲ ပြောကြရအောင်လား၊ကျနော်နားလည်သလောက်တော့ အရပ်တခုမှာ လူတစုဖြစ်ဖြစ် လူတယောက်နဲ့တယောက်ဖြစ်ဖြစ် အလုပ်တခုလုပ်တော့မယ်ဆိုရင် အလုပ်မစခင် ပြင်ဆင်မှုတွေ အများကြီး လုပ်ရပါတယ်။ပြင်ဆင်မှုတွေပြီးတော့ အဲ့ဒီအလုပ်ရဲ့အကျိုးအပြစ် (အရှူံး/အမြတ်)တွေ တွက်ချက်ရပါတယ်။

အချိန်ကာလတခုကို ရင်းပြီးပြင်ဆင်မှုတွေ တွက်ချက်မှုတွေ ပြီးပြည့်စုံမှ အလုပ်တခုစတင်ဖို့ အများသဘောတူ (သို့)နှစ်ဦးသဘောတူ စာချုပ်စာတမ်း တခုပြုလုပ်ရပါတယ်။

သူ့ဖက်ကိုယ့်ဖက်မနစ်နာအောင်ဖြစ်ဖြစ်(သို့) မမျှော်လင့်တဲ့ အစိုးမရတဲ့အဖြစ် တခုခုနဲ့ ကြုံတွေ့ခဲ့လျှင် မည်သို့မည်ပုံဖြေရှင်း ရမည်။

နစ်နာမှု့အတွက် ဘယ်လိုကုစားမှုရှိမလဲ ဆိုတဲ့အချက် အလက်တွေ ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးသားပြီးမှ သူမနာ ကိုယ်မနာ အနေအထားတခုမှာ နှစ်ဦးသဘောတူ စာချုပ်လက်မှတ် ရေးထိုးရပါတယ် ။

ဒါက သာမန်ရိုးကျ အရပ်ထဲကအလုပ်တခုပါ၊

အခု ဆောင်းပါးရှင်တွေ တပ်လှန့်နှိုးဆော် သတိပေးနေတဲ့ ဧရာဝတီစီမံကိန်းကြီးကိုက အင်မတန်ကြီးမားပြီး နှစ်နိုင်ငံ သဘောတူညီ စာချုပ်စာတမ်းနဲ့စတင် လုပ်ဆောင်နေပါပြီ။…

ဆိုတော့ဗျာ… အဲ့ဒီစီမံကိန်းရဲ့ အကျိုးအပြစ်တွေ အကျိုးထက် အပြစ်ကပိုများနေတော့ တတ်သိပညာရှင်တွေ ပြည်သူပြည်သားတွေ အားလုံး အားလုံးက ကန့်ကွက်နေကြပါတယ် ။

အားလုံးသော ပြည်သူများ အဖွဲ့အစည်းများ နိုင်ငံတကာများကလဲ

ကန့်ကွက်တားမြစ်နေလို့ တကယ်လို့များ အဲဒီစီမံကိန်းကို

ဘယ်ဖက်ကဘဲရပ်တန့်ရပ်တန့်ဘယ်လိုဖြစ်လာမလဲဆိုတာစောစောက

ကျနော်ပြောသလိုအရပ်စကားအရပ်အတွေးနဲ့ဘဲဆက်ပြောရအောင်လား…….၊

 

ဧရာဝတီစီမံကိန်းကနေ ထွက်လာမဲ့လျှပ်စစ်တွေဝယ်တဲ့ တရုတ်နိုင်ငံဖက်ကို

အရင်ကြည့်ရအောင်လားဗျာ..

ယနေ့ တရုတ်နိုင်ငံဟာစီးပွားရေးအရတဟုန်ထိုး တိုးတက်နေလို့

လိုအပ်နေတဲ့စွမ်းအင်တွေကို အငမ်းမရ လိုက်ဝယ်နေတာတော့

သက်သေအများကြီးပါ ။

သူ့နိုင်ငံ သူ့စီးပွားရေး သူ့နိုင်ငံသားဘဝ မြင့်မားသထက် မြင်မားလာအောင်

မဖြစ်မနေလိုအပ်နေတဲ့ စွမ်းအင်အတွက် တရုတ်နိုင်ငံက ဘာကိုမှဂရုမစိုက်ဘဲ

သူ့ကိုယ်ကျိုး သူ့လိုအင်ဘဲကြည့်တယ်ဆိုတာ အငြင်းမပွားစရာ မရှိအောင်ပါဘဲ။

ဆူဒန်(ဒါဖော)ပြသာနာကမီးမောင်းထိုးပြနေဆဲပါ၊

ဧရာဝတီစီမံကိန်းရဲ့လျှပ်စစ်ဓါတ်ဟာ ကုန်းတွင်းပိတ် ဆင်းရဲတဲ့ ယူနန်ပြည်နယ်အတွက်ရယ် နဲ့ နောင်လာမဲ့ ဓါတ်ငွေ့ပိုက်လိုင်းအတွက် အခြေချ ပြည်နယ်တခုအတွက်ရယ် အကြောင်းတွေကြောင့် တရုတ်နိုင်ငံအတွက် မဟာ့ မဟာ့ရည်မှန်းချက်တခု အပါအဝင် ဖြစ်နေတာမို့ ဝယ်သူဖက်ကနေ ဘယ်တော့မှစာချုပ်ဖေါက်ဖျက်မှာမဟုတ်ပါဘူး ။

ဒါကတော့ သေချာလွန်းပါတယ်..၊

ဒါဆိုရင် ရောင်းသူ အရပ်သားဝတ်စစ်အစိုးရဖက်ကကော ..ဖျက်ဝံ့မှာလား ဖျက်ရဲမှာလား ။

အရပ်ထဲမှာတော့ ဖျက်သူက စာချုပ်တန်ဘိုးရဲ့၂ဆ လို့သတ်မှတ်ကြတယ်။

အခု နိုင်ငံတနိုင်ငံ နဲ့နိုင်ငံတနိုင်ငံ ကြီးမားလွန်းတဲ့ အရေးပါလွန်းတဲ့ ဒီစာချုပ်အပေါ်မှာကော ဘယ်လိုတန်ဘိုးစံနှုန်းတွေ သတ်မှတ်ထားပါသလဲ၊

နိုင်ငံတကာ အသိုင်းအဝန်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ အားလုံးတားမြစ်ကန့်ကွက်လို့ ရောင်းသူမြန်မာနိုင်ငံဖက်မှ ရပ်ဆိုင်း ရပ်နား ခဲ့လျှင် ဝယ်သူဖက်မှ တည်ဆောက် ထားတဲ့ ကုန်ကျစရိတ်တွေ ပျက်ပယ်သွားခဲ့ရတဲ့ သူတို့ရဲ့မဟာ့ မဟာရည်မှန်း ချက်တွေ အတွက် ဘယ်လိုတုန့်ပြန်မှု နဲ့ ဘယ်လိုပေးဆပ်မှု နဲ့ကုစားပေးရမှာလဲ…၊

ဒီနေရာမှာ စာချုပ်စာတမ်း တခုပေါ်အရင်း တည်ပြီး ကျနော်အစလေး တစဆွဲထုတ်ပါရစေ..

၁၉၆ဝပြည့်နှစ်လွန်စောစောပိုင်းကာလ…….

ဆိုဗီယက်ယူနီယံ နဲ့ မြန်မာနိုင်ငံတော်လှန်ရေး ကောင်စီ အကြား နှစ်နိုင်ငံချစ်ကြည်ရေး သဘောတူညီချက်အရ ဆိုဗီယက်ယူနီယံမှ ဆေးရုံကြီးတခု၊ ဆည်ကြီး တခုနှင့် စက်ရုံတရုံ တို့ကိုအခမဲ့ ခေါင်းစဉ်အောက် ကနေ တည်ဆောက်ပေးခဲ့ပါတယ်၊

အဲဒီစီမံကိန်း၃ခု ပြီးစီးပြီးနောက် ဆိုဗီယက်ယူနီယံမှအကူအညီတခုတောင်းခံလာပါတယ်.

မြန်မာနိုင်ငံဖက်ကလဲ အပြန်အလှန် ကတိကဝက်အရပေါ့ဗျာ ။

ဆန်တန်ချိန်တော်တော်များများကို ညှို့နှိူင်းဈေးလို့ခေါ်တဲ့ အောက်ဈေး နဲ့ ရောင်းချပေးလိုက်ရပါတယ်…

၁၉၆၆-၆ရ ကာလကိုတော့ လူကြီးမင်းများလဲ တော်တော်သိရှိထားပြီးပါပြီ၊

ဆန်ရှားပါးမှု ဖြစ်လာရတဲ့ အကြောင်းရင်းတွေထဲမှာ အပေါ်ကအချက်ဟာ အဓိကအကျဆုံး ဖြစ်ခဲ့ပါတယ်။

အဲဒီအစကို ကျနော်ဆက်ပြီးဆွဲထုတ်ပါရစေအုံး ……

ဆန်ရှားပါးမှုကို တော်လှန်ရေးကောင်စီက ထုံးစံအတိုင်း ခပ်လွယ်လွယ် နဲ့ တရုတ် မြန်မာ အရေးအခင်း ဖန်တီးပြီး အာရုံ လွှဲပြောင်းပေးလိုက်ပါတယ်၊

တရုတ်လူမျိုးပိုင် စီးပွားရေးအဆောက်အအုံတွေ ဖျက်စီးခံရတယ် အသတ်ခံရတယ် တရုတ်အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတယ် ။

ဒါကတော့ သီအိုရီအရ မဆန်းလှပါဘူး၊

ရုပ်ပိုင်းဆိုင်ရာ နစ်နာထိခိုက်မှုအတွက် တရုတ်ဖက်လို့ ထင်သာမြင်သာပေမဲ့ တကယ့် တကယ် နစ်နာဆုံးရူံးမှု အများကြီး ပေးဆပ်လိုက်ရတာ မြန်မာနိုင်ငံကပါ…

အဲဒီခေတ်က လေးဦးဂိုဏ်းရဲ့ယဉ်ကျေးမှုတော်လှန်ရေးနဲ့ အတူ သွေးဆူနေတဲ့ သွေးကြွနေတဲ့..

တရုတ်ကွန်မြူနစ်ပါတီ တပ်နီလူငယ် ထောင်ပေါင်းများစွာ မြန်မာပြည်ကွန်မြူနစ်ပါတီ တံဆိပ်တပ်ပြီး အရှေ့မြောက်ဒေသထဲကို အလုံးအရင်း ဝင်လာခဲ့တာ။

ရက်၄ဝ ကွမ်လုံတိုက်ပွဲကြီးက အဖြေတခု သက်သေတခုပါဘဲ……..

တော်လှန်ရေးကောင်စီ ဥက္ကဌကြီးဗိုလ်ချုပ်ကြီးနေဝင်းအစ ဗိုလ်ချုပ် ဗိုလ်မှူးကြီးအလယ် သာမန်တပ်သား အဆုံး အသဲဆတ်ဆတ်ခါ နာကြည်းခံစားလိုက်ရတဲ့ ရက်၄ဝ ကွမ်လုံတိုက်ပွဲအကြောင်းကိုတော့ ပတ်သက်ရာ တပ်မတော်ပိုင်းက တာဝန်သိသူတွေ ဖော်ထုတ်ရေး သားသင့်ပါတယ်

အဲဒီသမိုင်းကမရပ်သေးပါဘူး ဆက်ပြီးလည်နေဆဲပါ အဲဒီအချိန်က တပ်နီလူငယ်ရဲ့အမာခံတွေဟာ… ယနေ့ ငြိမ်းချမ်းရေး ယူပြီး စစ်အစိုးရနဲ့ သဘောထားကွဲလွဲနေတဲ့ ဝ တပ်ဖွဲ့၊ အခြားတပ်ဖွဲ့တွေမှာ ခေါင်းဆောင်ပိုင်းနေရာတော်တော်များများပိုင်ဆိုင်ထားနေတယ် ဆိုတာ လူကြီးမင်းများသဘောတူ လက်ခံပါ့မလား……

သက်သေပြချက်တွေ အများကြီးပါဗျာ..

ကျေးဇူးပြုပြီးလက်ခံပေးပါ၊

နှစ်နိုင်ငံချစ်ကြည်ရေးခေါင်းစဉ်အောက်က နှစ်ဦးနှစ်ဖက် သဘောတူညီမှု ကတိကဝတ် စာချုပ်အရဆိုဆို နှစ်ဖက်စာချွန်တော်လွှာလို့ ပြောပြော နားလည်မှုစာချွန်တော်လို့ ညွှန်းညွှန်း။

အဲဒိအခြေအနေကနေ ပေါ်ထွက်လာတဲ့ သမိုင်းအစလေးကို ခဏထားပြီး ယခု ဆောင်းပါးကို ပြန်ဆက်ကြပါအုံးစို့လား……..

ယနေ့ နိုင်ငံရေးအရ စီးပွားရေးအရ စစ်ရေးအရ အစစ အရာရာ တရုတ်နိုင်ငံကိုမှီခိုအားထားနေတဲ့ မြန်မာနိုင်ငံ နဲ့ လောင်စာစွမ်းအင်အတွက်အငမ်းမရဝယ်ချင်နေတဲ့ တရုတ်နိုင်ငံ တို့ချုပ်ဆိုထားတဲ့စာချုပ်ဟာ ဘယ်တော့မှ တန်တူညီမျှ သူမနာ ကိုယ်မနာစာချုပ်တခုမဟုတ်တာတော့ သေချာပါတယ် ။

တဖက်စောင်းနင်း စာချုပ်ကိုဘဲမြန်မာနိုင်ငံက ခေါင်းငုံပြီး မငြင်းဆန်ဝံ့ဘဲ လက်မှတ်ရေးထိုး ပေးလိုက်တာပါ ၊

စီမံကိန်းကြီးက ကြီးမားကျယ်ပြန့်ပြီး တန်ဖိုးကြီးလွန်းတော့ စာချုပ်ကတိကဝတ် ဖောက်ဖျက်လို့ ပေးဆပ်ရမဲ့ ကုစားမှုကြီးက ရေးမတတ် ပြောမတတ် အောင်ပါဘဲ ။

အတိတ်သမိုင်းနဲ့ယှဉ်ပြီး ရေးရရင်တော့….

တရုတ်ပြည်သူ့တပ်မတော်သား၅သောင်းလောက် အရှေ့မြောက်ဒေသက ဝ တပ်ဖွဲ့ တံဆိပ် တပ်လိုက်ရင်..

ဘုရား…..ဘုရား…….မရေးဝံ့ မတွေးဝံ့ပါဗျာ၊

တရားမမှုတမှုမှာ စာတလုံး အချက်တချက် ကျန်ခဲံ့ရင် တသက်တာလုံး ယူကြုံးမရ နာနာ ကြည်းကြည်း နဲ့ စိတ်ထိခိုက်ပြီး သေဆုံးသွားတဲ့ အမှုသယ်တွေ အများကြီးပါ ၊

သူ တင်မကပါဘူး ..သူ့သားစဉ်မြေးဆက်အထိ အဲဒီ တရားမမှုအရှုံးကို ရင်ဝယ်ပိုက်ပြီး ဆက်ခံစားရမှာမို့……..၊

အခု ဧရာဝတီစာချုပ်ရဲ့အမှားကို ဘယ်ပုံ ဘယ်နည်းနဲ့ ကုစားရမလဲ ဆိုတာတော့ အခြားအခြားသော ပညာရှင်တွေ သုတေသီတွေ လေ့လာသူတွေ ဆက်ပြီးစဉ်းစားအကြံပေးစေချင်ပါတယ်၊

ဗိုလ်ထီးရဲ့သီချင်းတပိုင်းတစလေးနဲ့ အဆုံးသပ်ပါရစေ .

သံလွင်ရေတွေ ကုန်ခါမှ တွေ့ရမှာလား……………

ဧရာဝတီရေတွေ ကုန်ခါမှ ……………………………။

 

ဧရာဝတီချစ်သူအားလုံးကို လေးစားလျှက်

မောင်မောင်လတ်

ရွှေအင်းလေးစာပေ။–15-8, 2011

11 comments

  • Phae Zaw Gyi

    September 25, 2011 at 2:01 pm

    We can change the locacation instread of myitsone to other location.And China must be responsible for all other negative impacts for Irrawaddy during contract period without any cost to Burma.

  • japoe

    September 25, 2011 at 2:03 pm

    အဲ ကိစ္စနဲ.ပတ်သက်ပြီး အငြင်းအခုံတွေများနေတယ်
    အဲစာချူပ်မှာ ဘယ်သူက သာလဲ ဘယ်သူနာလဲဆိုတာ
    ခန်.မှန်းလို.တောင်ရပါတယ် ကျွန်တော်တို. သွေးချင်းတွေရဲ.သွေးမြေကျမှ
    မရိုမသေ အလောင်းတွေရေပေါ်မှာ ပေါ်မှ ငါတို.မှားပြီလို.တွေးမလို.လားးးးး
    ဆည်တစ်ခုခုဖြစ်လို. သေရင်ကျွန်တော်တို. သွေးချင်းတွေပါ သူတို.မဟုတ်ပါဘူးးးး
    ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်တို.က ကြည်.နေယုံ ဘေးကတတ်နိုင်တာဝင်လုပ်ပေးရုံပါ
    ကျန်တာတော. ဆုတောင်းရုံပေါ.————-

  • Foreign Resident

    September 25, 2011 at 4:10 pm

    “စီမံကိန်းကြီးက ကြီးမားကျယ်ပြန့်ပြီး တန်ဖိုးကြီးလွန်းတော့”
    This project is not very big ( I think around 3 billion dollars only )
    3 billion dollars is not a very big money for a country.
    If we can compensate around 6 billion dollars to China,
    Then, China may satisfy with our compensation ( it can be OK )

    If we cannot pay this compensation, then, your saying can be possible.
    “တရုတ်ပြည်သူ့တပ်မတော်သား၅သောင်းလောက်
    အရှေ့မြောက်ဒေသက ဝ တပ်ဖွဲ့ တံဆိပ် တပ်လိုက်ရင်..”

    Even Chinese People Liberation Army enter & fight with Myanmar Army,
    It is still not bad for me,
    because, we can see the real ability of our Myanmar Army.

    They already showed their ability to innocent unarmed civilians, students & monks.
    I cannot wait to see their ability against other country, Bravo.

    But, I don’t think they have a single blood to fight against China.

  • kai

    September 25, 2011 at 4:35 pm

    တရုတ်က.. မြန်မာနိုင်ငံကို.. ရင်ခေါင်းဖြတ်ပြီး.. ဂတ်စ်လိုင်းလည်းဆောက်နေတာပါ..။
    အဲဒီဟာက..အရင်းအနှီးနဲ့..အကျိုးအမြတ်ပိုများမယ်ထင်မိတယ်..။ ရခိုင်ဖက်ကရေနက်ဆိပ်ကမ်းကပိုအရေးကြီးတာမို့.. အမြန်ရထားလိုင်းတောင် ဆောက်ဖို့လုပ်နေတာပဲ.. မဟုတ်လား..။
    မြစ်ဆုံနဲ့ပရောဂျက်နဲ့.. ဂက်စ်လိုင်း..တခုခုရွေးရမယ်ဆိုရင်တော့.. ဂက်စ်လိုင်းဖက်ကို ..ရွေးသွားမယ်ထင်မိတယ်.။
    မြန်မာတွေရဲ့သဘာဝ-ဂေဟစံနစ်ထိမယ်စိုးရိမ်ပြီး နောက်တော့ ဘယ်တော့မှဆုတ်လိမ့်မယ်မထင်..။
    သူ့တိုင်းပြည်ထဲတင်.. လူသန်းချီအထိခိုက်ခံပြိး.. ဆည်တွေဆောက်နေတဲ့..အစိုးရကိုး..။

    မြန်မာဖက်က.စာချုပ်ဖေါက်ပြီး.. .ပြန်ပြင်မယ်ဆို.. လုပ်စရာနည်းလမ်းသိပ်မရှိဘူး..။
    … ယူအက်စ်နဲ့ညှိဖို့တခုပဲရှိတယ်..။
    တရုတ်ကိုယှဉ်ပြောလို့ရတာ.. ဒီခေတ်မှာ.. ယူအက်စ်တနိုင်ငံပဲရှိတယ်..။

    ဆိုတော့..
    အခု..အစိုးရ..အဲဒါကို အသည်းအသန်လုပ်နေတယ်ပဲ..ထင်မိတယ်.။
    ချိန်ခွင်လျှာကို.. အတင်းညှိဖို့ကြိုးစားနေတယ်ထင်တာပဲ..။

  • ကြောင်ကြီး

    September 25, 2011 at 6:51 pm

    ဒီလို အရေးကြီးတဲ့ ကိစ္စမျိုးမှာ ဆောက်မယ် မဆောက်ဘူး အငြင်းအခုံဖြစ်နေတာ တပ်ရှုပ်ကြီးဦးသန်းရွှေ ခွင့်ပြုချက်မပါဘဲ လုံးဝမဖြစ်နိုင်ပါဘူး။ သူပစ်ခဲ့တဲ့ ချီးထုပ်ကို ကျန်သူများအား ရှင်းခိုင်းနေတယ်လို့ ယူဆပါတယ်။ လုပ်ပြီးမှ မှားမှန်းသိလို့ ဒေါ်စုနဲ့အမေရိကန်အားကို သုံးဖို့ကြိုးစားနေသလား၊ နောက်ဆုံးမရလည်း ဒေါ်စုနဲ့တရုပ်ကို ရန်တိုက်ပေးပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ကြံသလား၊ လား….ပေါင်းများစွာ ရှိပါတယ်။ စာချုပ်ဖောက်လိုက်လို့ လျော်ကြေးပေးရမယ်ဆိုတာ သာမန်ကိစ္စတွေမှာပါ။ စာမချုပ်ခင် လုပ်ထားတဲ့ လေ့လာသုံးသပ်ချက်တွေ အခြေအနေတွေကို နိုင်ငံတကာတရားရုံးလို၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီလိုမျိုးမှာ ချပြလိုက်ရင် လိမ်လည်လှည့်ဖျားမှု၊ အချက်အလက် မမှန်ကန်မှု၊ လာဘ်ပေးလာဘ်ယူ အရှုပ်အရှင်း စတဲ့ ခိုင်လုံတဲ အကြောင်းအချက်အလက်တွေနဲ့ စာချုပ်ပျက်ပြယ်ကြောင်း ရင်ဆိုင်နိုင်ပါတယ်။ အေးအေးဆေးဆေးဖြစ်သွားရင်တော့ အကောင်းဆုံးပေါ့လေ။ ဒီကောင်တွေနဲ့ ကင်းလို့မှ မဖြစ်နိုင်တာ။ အရေးကြီးတာ နိုင်ငံတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး ရှိဖို့ပါ။ စစ်အစိုးရ ပြောနေတဲ့ တပ်မတော်သာအမိအဖ စည်းလုံးညီညွတ်မှုနဲ့တော့ တရုတ်ကြီးကို ရိုက်ထုတ်နိုင်မယ် မထင်ကြောင်းပါ။

  • mgmglusoe

    September 25, 2011 at 7:06 pm

    I think , it’ll be all right sometime.But it’s out of order.

    • pooch

      September 25, 2011 at 7:47 pm

      သူကြီး ပြောတာဖြစ်နိုင်တယ် အခု သူတို့ လုပ်နေတာ လိုက်ညှိနေသလိုမျိုးပဲ သိသာတယ် အခု
      လည်း US က လူတွေ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရောက်လာတယ်

  • htoosan

    September 26, 2011 at 10:00 am

    ခဲတစ်လုံးနဲ့ ငှက် သုံးကောင် လောက်များ ပစ်နေ သလားလို့။

    ၁) ဧရာ ဧရာ နဲ့ အစုန် အဆန် သွားလိုက်ကြတာ ရွှေဝါရောင်လဲမေ့ကုန်ကြ။
    ၂) ယုတ်ယုတ်ရေ မင်းတို့ဘက်မှာ ငါတို့ကအပြည့်အဝရှိတာပါ၊ ဒို့ ဝန်ကြီး လူမိုက်လုပ် ပြောတာ ကြားတယ်မဟုတ်လား ( အမှန်တော့ ဇတ်ရှိန်တက်အောင် လူကြမ်းဝင်ပြတာနေမှာ) နေရာတကာ ဆရာကြီးလုပ်ပြီး အကြွေးတွေဝိုင်းနေတဲ့ ကားကားရေ မင်းဒို့ပြောသလို ပြည်သူ အကြိုက်လုပ်ဆောင်ပေးရမှာပေါ့ ၊ မစီ့ တစီ ဒီမိုုငါရစီ နိုင်ငံကြီး ဖြစ်နေပြီလေ။ အဲ့ဒီတော့ မင်းတို့က ဘာ ဂါ မှာ လဲ ။ ပြော..
    ၃) ဒိုု့ သမ္မတ ကြီးလည်း ပြည်သူ့သမ္မတကြီးဖြစ်……

    ထူးဆန်းတော့ ဆန်းဆန်းပြားပြား တွေး ပြီး မဒန်ထူးဆန်းကို ဒီproject ကြီး ရပ်ပြီလို့ မပြောခင်မှာ ဂွင်ဝင်အောင် လုပ်နေတာပါပြောတော့ … မဒန်ထူးဆန်းကတော့အားပေးတယ်..ရှင့်စိတ်ကူးယဉ်မူတွေရပ်တဲ့။

  • ရွှေဘိုသား

    September 26, 2011 at 10:26 am

    ဟစ်ဟော. သီချင်းထဲကလို ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် တိုးလိုက်ရင်းနဲ. ကလိုက် ဖြစ်နေပြီ
    သူကြီးပြောသလိုပဲဗျာ သူ.လူမျိုးတွေတောင် အထိခိုက်ခံပြီး လောဘတက်နေတဲ.အစိုးရဆိုတော.
    နောက်တော.မဆုတ်မှာသေချာတယ်
    သူ.နိုင်ငံတောင် ခဏခဏ ရေကြီးနေတာ မတွေးဝံ့ပါဘူး

  • blaze

    September 26, 2011 at 3:21 pm

    ခုမှပဲ စဉ်းစားမိတော့တယ်…………
    DKBA တို့ KNU တို့ အခုချိန်မှာ ဘယ်ရောက်နေလဲ မသိဘူး……….
    ဘာမှဟုတ်တာကြတော့ မြို့ကိုတက်သိမ်းတယ်………..
    ဒါကြောင့် မြန်မာဒုက္ခသယ်တွေ ထိုင်းဘက်ကူးရတယ်………..
    ဒီမှာက မြစ်ပျက်တော့မယ်……………
    ဒါကော် တမျိုးသားလုံးနဲ့ ဆိုင်တဲ့ နိုင်ငံရေးမဟုတ်တော့ဘူးလား????????????????????????
    ဖိအားမပေးတော့ဘူး………ကောင်းရော………………

  • cobra

    September 26, 2011 at 5:53 pm

    ဖိအားပေးနေတယ်လေ။
    တိုက်ပွဲတွေဒီလောက်ဖြစ်နေတာမသိဘူးလား။

Leave a Reply