N+ 250911 ဗုဒ္ဓတရား ကြောင်းကျိုး နှင့် ကောသလအိမ်မက် မိုးပြာ

natureSeptember 25, 20111min1166

ဗုဒ္ဓတရားတော်က အကြောင်းကြောင့် အကျိုးဖြစ်တယ် ။အကြောင်းနှင့် ကင်းသော အကျိုးတရားသည်မရှိလို့ ဆိုပါတယ်။ ဒါကြောင့်မို့ တခုခုဖြစ်ရင် အကြောင်းမှန်ဆိုတဲ့ မှန်ကန်တဲ့  ရေသောက်မြစ် ကိုရှာဖွေရှင်းလင်းနိုင်မှသာ ကိုယ်လိုချင်တဲ့ အကျိုးတရားကို ရနိုင်ပါတယ်။  ယခုရေးသားချက်များသည် ကျွန်တော်၏ အယူအဆများသာဖြစ်ပါသည်။

ကျွန်တော်စဉ်းစားမိတာကတော့ ကောသလအိမ်မက် ၁၆ချက်ထဲက သူတော်ကောင်းများသည် သူယုတ်မာများကို ခစားရမယ်လို့ ပါ ပါတယ်။ ဒါဟာ ဘာအကြောင်းကြောင့် ဖြစ်နိုင်သလဲလို့ ကြံကြံဖန်ဖန် စဉ်းစာမိပါတယ်။ တကယ်ဆို သူတော်ကောင်းတွေက အထက်ကနေသင့်တယ်လို့ လူတိုင်းယူဆကြပါတယ်။ ဘာကြောင့်လည်းဆိုတာကို စဉ်းစားမိတဲ့အခါ-

ဘာဖြစ်လို့ ခစားရလဲဆိုတော့ စားဝတ်နေရေးအတွက်ငွေကြေးမပြည့်စုံလို့ လိုအပ်တဲ့ ငွေကြေးရရှိအောင် လို့ထင်ပါတယ်။

ဘာဖြစ်လို့ငွေကြေးမပြည့်စုံရလဲဆိုတော့ ဒါနတရားအားနည်းလို့ထင်ပါတယ်။

ဘာဖြစ်လို့ ဒါန အားနည်းရလဲဆိုတော့ ဒါနထက် သီလမြတ်တယ်။ သီလထက် ဘာဝနာ မြတ်တယ်ဆိုတာကို လွဲမှားစွာ ကောက်ချက်ချပြီး ဒါနပြုတာ ငွေကုန်တဲ့အတွက် ဒါနမပြုပဲ သီလနဲ့ ဘာဝနာကို ပိုပြီး အားကိုးတဲ့အတွက် လို့ထင်ပါတယ်။ တွက်ခြေကိုက်အောင်လို့ပါ။ ဒါနနဲ့သီလကို အားကိုးပြီးပေါက်ပေါက်မြောက်မြောက်အားထုတ်လို့ တမဂ်တဖို ရရင် အရေးမကြီးပေမဲ့ ။ မရလို့ သံသရာပြန်လည် မယ်ဆိုရင်တော့ သီလစောင့်တဲ့အတွက် ဘာဝနာ ပွားတဲ့အတွက် သူတော်ကောင်းဖြစ်သော်လည်း ဒါနအားနည်းတဲ့အတွက် ငွေကြေးမပြည့်မစုံဖြစ်တတ်ပါတယ်။  လည်မလိုလိုနဲ့အတဲ့  ဗုဒ္ဓဘာသာ တွေလို့ ပြောချင်ပါတယ်။ တချို့ကလည်း ကုသိုလ်တဝက်ရအောင် အလှုတွေမှာ သာဓုလိုက်ခေါ်တဲ့သူတွေလည်း တွေ့ဖူးပါတယ်။ ဒါတော်တော်ကိုက်တဲ့ အလုပ်လို့ထင်ပါတယ်။ ကျနော်မရှင်းတာ တခုကတော ့ ကိုယ်လှုလိုက်တဲ့ 50 နဲ့  သူများလှုတဲ့ ၁၀ဝ အလှုကို သာဓုခေါ်တာနဲ့ ဘယ်လို ကွာလည်းတော့မသိပါ။ တူရင်တော့ မလှုပဲသာဓုလိုက်ခေါ်တာ ပိုကိုက်ပါတယ်။ ကွာခြားမှုတော့ ရှိမယ်ထင်ပါတယ်။

 

အကြောင်းကြောင့်အကျိုးဖြစ်တယ် ။ အကြောင်းတရား နှင့်ကင်းသော အကျိုးတရားမရှိလို့ဘုရားကဟောခဲ့ပါတယ်။ ဒါကိုဆက်စပ်ပြီးတွေးကြည့်မယ်ဆိုရင် ကိုယ်လှုတဲ့ ၅ဝ ဟာ ကိုယ့်ဆီက ကုန်တာပါ။ ကိုယ်တိုင် ရှာထားတဲ့ ချွေးနဲစာ ဖြစ်တဲ့အတွက်နှမျှောပါတယ်။ကိုယ်ပိုင်ပစ္စည်းကို လှုရတာပါ။ ဒါကြောင့်မို့လို့ကိုယ်ပိုင်အိမ်ဆောက်တာနဲ့တူပါတယ်။ သာဓုခေါ်တာကတော့ သူများ ပိုင်ဆိုင်တဲ့ပစ္စည်းကိုလှုတာဖြစ်လို့ သူများဆောက်တဲ့အိမ်မှာ ဧည်သည်သဘော ၊ အငှားနေရတဲ့သဘောလို့ ထင်မိပါတယ်။

ဒါကြောင့်မို့ကိုယ်ပိုင်အိမ်နဲ့ နေချင်သလား ။ အိမ်ငှားနဲ့ နေချင်သလား ဆိုတာ မေးရင်တော့ ကိုယ်ပိုင်အိမ်နဲ့ နေချင်တယ်လို့ပဲဖြေကြမှာပါ။ ဒါကြောင့်ကိုယ်ပိုင်အိမ်နဲ့နေသလို ကုသိုလ်ပြည့်ပြည့်ပြည့်ဝဝ ရချင်ရင် ကိုယ်ပိုင်အလှုကိုယ်လည်းလှုပြီး တတ်နိုင်သလောက်လဲ သာဓုခေါ်ကြပါလို့ ကြံကြံဖန်ဖန်တွေးပြီး ရေးလိုက်ပါတယ်။

 

 

တကယ်ထေရဝါဒ ဗုဒ္ဓဘာသာကတော့ ဒါန သီလ ဘာဝနာ ၃မျိူးစလုံးစုံအောင် လုပ်ရပါမယ်။ အကြောင်းစုံမှ အကောင်းစုံမည် ဟူသောတရားလေးးကို နားထောင်ကြည့်စေလိုပါတယ်။

ကြံကြံဖန်ဖန်စဉ်းစားမိတာ တခုကတော့ မိုးပြာ တွေဟာလည်း ဘာဖြစ်လို့ ဒီလွဲမှားတဲ့ ဝါဒတွေကို ယုံယုံကြည်ကြည်ဖြစ်နေရလဲဆိုတာကိုပါ။ အကြောင်းကြောင့် အကျိုုးဖြစ်တယ်ဆိုတဲ့အတွက် တူညီသော အကြောင်းတရားတခုရှိမယ်ထင်ပါတယ်။ ဒါကြောင့်မို့ မိုးပြာတွေဟာ အရင်ဘဝက သူများတွေကို ယုံလောက်အောင် လှပသော စကားလုံးကလေးများဖြင့် ယုံကြည်စိတ်ချမှု ရအောင် လိမ်လည်လှည့်ဖျားလေခဲ့သလားလို့ သံသယဖြစ်မိပါတယ်။

 

 

https://myanmargazette.net/50763/creative-writing/my-thinking-different

Nature မာတိကာ

 

 

6 comments

  • ကြောင်ကြီး

    September 25, 2011 at 6:37 pm

    ဒါန၊ သီလ၊ ဘာဝနာ နဲ့ပတ်သက်လို့ ကိလေသာကင်းစင်သွားသူများ ပြောတဲ့စကားကို ကိလေသာ အပြည့်နဲ့လူများက လိုက်တုလိုက်ပြောကြတော့ ကြားရသူများအတွက် အပြစ်ပြောစရာ ဖြစ်ပါတယ်။ ပြောသူမှာ တာဝန်အပြည့်ရှိသလို နာယူသူမှာလည်း ညဏ်စိုက်နာယူတတ်ဖို့ လိုအပ်ပါတယ်။ တရားတော်နဲ့ပတ်သက်လို့ တပုဒ်တဂါထာမျှနဲ့ ကောက်ချက်မချဖို့၊ ဘုန်းကြီးများကို ဝေဖန်ရင်လည်း တရားတပုဒ်နှစ်ပုဒ်လောက်နဲ့ မဆုံးဖြတ်မိဖို့ အရေးကြီးလှပါတယ်ခင်ဗျား။

  • ရွှေအိမ်စည်

    September 25, 2011 at 8:37 pm

    ဘဝရဲ ့ပုံရိပ်အရာအားလုံးဟာဖန်တီးပြီးသားပါဘဲ…
    ဖြစ်ချိန်တန်ရင်ဖြစ်ကိုဖြစ်ရမယ်….
    မဆုတ်မနှစ်..အောင်မြင်မယ်ဆိုပြီးထားတဲ ့စိတ်ကသာလျှင်
    ဘဝမှာအဓိကကျလှပါပေတယ်…။
    ဒါကကျနော့်အမြင်ပေါ့လေ….

    ကိုယ်လှုလိုက်တဲ့ 50 နဲ့ သူများလှုတဲ့ ၁၀ဝ အလှုကို သာဓုခေါ်တာနဲ့ ဘယ်လို ကွာလည်းတော့မသိပါ။ တူရင်တော့ မလှုပဲသာဓုလိုက်ခေါ်တာ ပိုကိုက်ပါတယ်။ ကွာခြားမှုတော့ ရှိမယ်ထင်ပါတယ်။

    ကိုယ်လှူတဲ ့အတွက်….စိတ်ကကပါတဲ ့…သဒ္ဓါတရားက..ဝမ်းသာခြင်းပီတိကိုပွားစေတယ်။
    တရားကိုကျင့်ရင်အရေးကြီးတာ….ပေးလှုခြင်း.သဒ္ဓါတရားတရားပါဘဲ

  • sandawchain

    September 25, 2011 at 11:14 pm

    အလှူတစ်ခုလုပ်ရင်ဘာကို ရည်ရွယ်ပြီးလုပ်ရင်အကောင်းဆုံးဖြစ်မလည်း
    ဘယ်လိုလုပ်သင့်သလည်း
    ဘယ်အရာကိုအခြေခံပြီးတော့လုပ်ကြမလည်း ဆိုတာလေးကိုသေချာသိသူများရှိရင်ဆွေးနွေးပေးကြပါဦး
    အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတာတော့ ဟုတ်ပါတယ်
    အဗျာကတဝတ္ထုအရဘယ်လို ယူရမလည်းရှင်းပြပေးပါ။

  • nature

    September 26, 2011 at 12:30 am

    ကျွန်တော့်အမြင်ကတော့ လှုတယ်ဆိုတာ ရတနာ၃ပါးကိုလှုတာ လိုအပ်တဲ့သူတွေကို လိုအပ်တဲ့ အချိန်မှာ လှုတယ်ဆိုတဲ့ ကာလဒါနတွေက ကောင်းပါတယ်။ အကောင်းဆုံးကတော့ ကိုယ်သဒ္ဒါပေါက်ချိန်မှာ အလှုခံရဲ့ အကျိုးကိုပီတိဖြစ်ပြီး လှုတဲ့အလှု လို့ထင်ပါတယ်။ အကျိုးများအောင် လှုနည်းတွေ သိချင်ရင်တော့ သပ္ပူရိသသုတ် ၊ ဝေလာမသုတ်တို့ကို လေ့လာကြည့်ပါ။

  • kai

    September 26, 2011 at 1:06 am

    လှူတယ်ဆိုရာမှာ.. ကိုယ်ကရမှာနဲ့..သူကရမှာကို ချိန်ထိုးတွေးကြည့်ကြစေချင်ပါတယ်..။
    ကိုယ်က.အခုလက်ငင်းဖြစ်ဖြစ်.. နောင်ဘဝဆိုတာကြီးမှာဖြစ်ဖြစ်.. အကျိုးများစေလိုတဲ့ရည်ရွယ်ချက်က.. ကိုယ်လှူမဲ့သူ.. ရစေလိုတာထက်..သိသိသာသာကြီးပိုနေရင် မကောင်းဘူးလို့.. ဝေဖန်ချင်ပါတယ်..။
    “ငါ့လက်ကလွတ်..ဗြွတ်”အလှူမျိုးက..အင်မတန်သေးသိမ်တဲ့ အလှူလို့.ထင်မိတာပါပဲ..။

    ဆိုတော့…
    “ငါ”ဆိုတဲ့အတ္တကိုဖယ်ပြီး.. “သူ”.. ဘယ်လောက်အကျိုးရှိမလည်း..။ အဲဒီကနေ.. “သူ..သူ..သူ..လူတွေ..” ဘယ်လောက်အကျိုးများကြမလည်း တွေး..တွက်ပြီးလှူစေချင်တာပါပဲ..။

  • True Answer

    September 26, 2011 at 8:15 am

    ဒါနပဲဖြစ်ဖြစ်-သီလပဲဖြစ်ဖြစ်-ဘာဝနာပဲဖြစ်ဖြ စ် -ကျွန်တော်တို့ ကုသိုလ်ကောင်းမှုရမှာ ရှိတတ်-ထားတတ်တဲ့ သဘောထားသုံးမျိုးရှိပါတယ်။
    ဘယ်စိတ်အခြေအနေမျိုးက အကောင်းဆုံးဖြစ်တယ် လုပ်သင့်တယ် ဆိုတာကိုတော့ မိမိဖာသာဆုံးဖြတ်ကြပါကုန်။

    ၁) ငါကုသိုလ်ရဖို့ – ငါနောက်ဘဝကောင်းစားဖို့ – ငါ အပယ်မကျဖို့
    ၂) သူတပါး၏ အခက်အခဲကို ဖြေရှင်းပေးဖို့
    ၃) သံသရာတစ်ခု လုံး စွဲယူလာခဲ့သော ငါကောင်းစားဖို့ ၊ ငါပစ္စည်း၊ ငါ့ဖို့၊ ငါဟာ့ ဟူသော ဒိဌိ အစွဲ (ငြိတွယ်မှုလောဘ) ကို ဆန့်ကျင်ဖယ်ရှားပစ်ကာ စွန့်လွှတ် ပေးကမ်းလိုက်မှု။

    မိမိနှစ်သက်သောသဘောထားထားကို ရွေးကြပါကုန်

Leave a Reply