ပတ်မကြီးထိုးဖောက်မှ..မင်းသားဖြစ်မှာလား။။။

ကျုပ်တို့တစ်တွေ မင်းသားကြီးဖြစ်ချင်ပါသလား
ပတ်မကြီးထိုးဖေါက်ပစ်မည် ခြိမ်းခြောက်တိုင်း မင်းသားဖြစ် မည်လော
မင်းသားဖြစ်ရန် သင့်တွင်မင်းသားဖြစ်နိူင်လောက်သည့် အရည်အချင်း အချို့ရှိမှ မင်းသားဖြစ်နိုင်ပါသည်
မင်းသားဖြစ်ရန်အတွက် သင့်တွင် ရုပ်ရည်အတန်အသင့်လည်းရှိ  အဆိုအငိုအပြော လေ့လာထားမှုအားကောင်း
ဇဝနညာဏ် လည်းရွှင်  မရှက်မကြောက်ရှိပြီး  စကားကြွယ်တတ်ရမည် အမှုအရာကောင်းရမည်  စာပေ ဗဟု သုတ
လည်းအတန်အသင့်ရှိပေမှ  မင်းသားဖြစ်မည် အဓိက ကတော့ အနုပညာ ဝါသနာဗီဇ ပိုး ရှိ ရမည် ဘယ်လောက်ပင်
ဝါသနာရှိ ပါစေ အထက်ပါအချက်တွေ အပြင် ရှေး အစဉ် အဆက် မင်းသားကြီး၏နည်းနာကိုလည်းမှတ်သား နာယူနိုင်မှသာ
မင်းသားဖြစ်နိုင်သည် ။။။
ကျွန်နုပ်တိုလူတွင်လည်းဘယ်လောက်ပင် အောင်မြင်ချင်သည်ဖြစ်စေ အောင်မြင်လိုစိတ် ရှိမှသာအောင်မြင်နိုင်ပေမည်
အောင်မြင်ချင်စိတ်အား ထပ်မံအားကူ တွန်းထိုးပေးနိုင်သည် အောင်မြင်အောင်လုပ် မည်ဟူသော“ ပိုး” တစ်မျိုးကိုတော့
မိမိစိတ်အခံ တွင်မွေးမြူ ထားနိုင်မှသာ အောင်မြင်ကြောင်း လမ်းပေါ်သို့ တက်ရောက်နိုင်ကြပါသည်။
မည်မျှပင် သိန်းထောင်ဆုကြီး ပေါက်ရန်အတိတ်ကံရှိပါစေ ထီမထိုးလျှင်မည်သို့မျှမပေါက်နိုင်  ထီပေါက်လိုလျှင် အရင်
ထီထိုးဖို့လိုသည် ထီမပေါက်တိုင်းကံကိုပုံချ၍ မရကောင်း “ ကံ” အတိုင်းရရန် ဉာဏ်ဖြင့်ကူညီမှသာဖြစ်နိုင်သည် မိမိလုပ်သမျှ
ကံကိုချည်းသာ ပုံချရန်မဖြစ်စကောင်းသလို အခြားသူကိုလည်း အတုခိုးရန်မဖြစ်စကောင်း …။။။
ငါမင်းသားမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်မည်ဆိုသော ခြိမ်းခြောက် စကားသည် အောက်တန်းကျလှပေသည် မိမိဉာဏ်ဖြင့်
သာ မင်းသားကြီးဖြစ်ရန် ကျိုစားရန်သင့်ပေသည်…ပတ်မကြီးထိုးဖေါက်ပြီးမှ မင်းသားဖြစ်လာလျှင်ရော သင်လည်းပတ်မကြီး
အသံ မပါသော တီးမှုတ်သည့်ဆိုင်းသံကြားဝယ် အဆင်ပြေစွာ ရပ်တည် ကပြနိုင်မည်မဟုတ်  ။။။။
မုန်ရောင်းသည် ဆိုပါစို့  ဥပမာ မုန်ဟင်းခါး ဆိုကြပါဆို့…..
အိုးနှစ်လုံးထဲသို့ ဟင်းရေချက်သူ တစ်ဦးတည်းမှ  ရေဆတူ  အခြားအဆာပလာဆတူ အချိန်အဆအတူတူ တစ်ပြိုင်တည်းချက်ပါ
ရရှိလာသောမုန့်ဟင်းရေဖြင့်  တစ်ချိန်တည်းတစ်နေရာတည်းတွင် လူနှစ်ဦးအား ဆိုင်ချင်းကပ် ရောင်းခိုင်းသည်
ဆိုပါစို့ ရောင်ချရပုံ ရငွေခြင်းနှင့် စားသုံးသူ ကြိုက်ပုံခြင်းတူမည်မဟုတ်နိုင် မည်မျှပင် အချိုးအစားဆတူ ပြုလုပ်ထားပါစေ
ထိုရောင်းချသူနှစ်ဦး၏ ရောင်ချပုံ ဉာဏ်ကသာလျှင်  တစ်ဦးနှင့်တစ်ဦး သာလွန်အောင်မြင်အောင် လုပ်နိုင်စွမ်းကြောင့် ကွဲပြား
သွားခြင်းဖြစ်သည်။ မိမိစားသကဲ့သို့ စားသုံသူ အကြိုက် ပြေပြစ်လိုက်ရော၍ ဆက်ဆံရောင်းချသူ၏ မုန့်ဟင်းခါးက သာ၍စား
ကောင်းကြောင်း ကြားသိရမည်သာ ဖြစ်သည် ။ မည်မျှ အကျိုးပေးခြင်းတူသည်ဖြစ်စေ ဉာဏ်ဖြင့်သာလျှင် အောင်မြင်နိုင်၏…။။
ရှေးယခင်ကကြားဖူးသောပုံပြင် တစ်ခုဖြင့်တင်ပြရသော် ….
မြို့တစ်မျို့တွင် သူဌေးနှစ်ဦးရှိလေသည် နှစ်ဦးစလုံး ကံအကျိုးပေးကောင်းကြသည် သိုသော် ချမ်းသာပုံချင်းမတူ သူဌေးတစ်ဦးမှ
တစ်ဖက်သူဌေးအား အပြိုင်အဆိုင်စိတ်ဖြင့်  သူ့ထက်ငါချမ်းသာအောင်လိုက်လံကျိုးစားပါသော်လည်း လိုက်မမှီ တစ်ဖက်သူဌေး
မှာသာ အစဉ် အကြံဦး၍ သူ့ထက်သာအောင် စွမ်းနိုင်ခဲသည်သာဖြစ်နေလေသည် တစ်နေ့ ဖက်ပြိုင်သူဌေးမှ  တစ်ယောက်သော
သူ၏ အကြံပေးမှုဖြင့် တစ်ဖက်သူဌေးထံ ပက်လက်ကုလားထိုင်တစ်လုံးလက်ဆောင်ပေးလေသည် ထိုသူဌေးလည်း လက်ဆောင်
ရသော ကုလားထိုင်ပေါ်မှာ ထိုင်မိရာက အပျင်းရောဂါ ရလေတော့သည် ကုလားထိုင်မှာ ထိုင်မိရုံဖြင့် အနီးအနားမှဆေးလိပ်မီးညှိ
ရန် မီးချစ်သော်မှ ထမယူချင် ပူအိုက်၍ ခပ်စရာ ယပ်တောင်သော်မှထမယူနိုင် ကုလားထိုင် မှာထိုင်၍ အနားယူခြင်းအားစွဲလမ်း
ကာ အပျင်းရောဂါစွဲလျှက် များမကြာမှီ ဆင်းရဲခြင်းသို့ ရောက်လေရာ လိုက်မမှီနိုင်သောသူဌေးလဲ နိုင်လေတော့သည်..။။။
ဤ ဥပမာပုံပြင်သည်ကား ဉာဏ်ဖြင့်ယှဉ်ပြိုင်ခြင်းမဟုတ် ကောက်ကျစ် စဉ်းလဲခြင်းသာဖြစ်ပေသည်  ဤသည်က ကျွန်တော်၏
အယူအဆသာလျှင်ဖြစ်သည် မည်သို့ပင်ဖြစ်စေ လူခြင်းတူလျှင် အတတ်ပညာခြင်းသာယှဉ်ရာသည် အတတ်ပညာခြင်းတူက
အသိပညာခြင်းသာယှဉ်ရာသည် အသိပညာခြင်းတူက ကံခြင်းယှဉ်ရာ၏ ကံခြင်းတူသော် ဉာဏ်ဖြင့်သာယှဉ်ရာ၏ စီပွားကိုစီးပွာဖြင့်သာယှဉ်ရာသည် ….
ကောက်ကျစ်သော နောက်ကွယ်အကောက် ကြံမှုသည်ကား မင်းသားကြီးမလုပ်ရ၍ ပတ်မကြီး ထိုးဖေါက်သူနှင့်တူလှသည် …။။
မိမိရေးသောစာ ပြောသောစကား လုပ်သောအလုပ် ပြုသောကံ ဆောင်သောအကျင့်တိုင်းသည် လူအများအားချပြ ဂုဏ်ယူရန်
မဟုတ်စကောင်း မိမိ ကိုယ်တိုင်ကျင့်သောတရားသည်သာ  မိမိကိုယ်၏  ကိုယ်ကျင့်တရားသာဖြစ်၏  ကိုယ်မဟန်တိုင်း အခြားသူကိုပျက်ရန်မကြံသင့်လှပေ ကိုယ်မကောင်းတိုင်း အခြားသူများလဲမကောင်းဟု မဆိုအပ်  အကြောင်းတရားဖြင့် သာဓက
ပြသော် လူ့အတွက်မစင်သည်စက်ဆုပ်ဖွယ်ကောင်းသော်လည်း ပိုးလောက်တို့အတွက် နတ်သုဓ္ဒာ သာလျှင် ဖြစ်ကောင်းဖြစ်နေ
နိုင်ပေသေးသည်…ထိုကြောင့်သာလျှင် မိမိအောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ အကျိုးအကြောင်း အဆိုးအကောင်း အမှား
အမှန်ကိုဆင်ခြင်စဉ်းစားသော ဉာဏ်ဖြင့်သာထိမ်းကွပ်တည်ဆောက် ထောက်ပံနိုင်ကြရန် ရည်သန်လေးသည် …။။။။
ကောင်းမကောင်းဝေဖန်သည်ကား ပုရိတ်သတ်အလုပ်တည်း အကောင်းဆုံးတင်ဆက်နိုင်သည်ကား မင်းသားကြီး၏အလုပ်တည်း
မင်းသားကြီးဖြစ်သော်လည်း ပတ်မကြီး ထိုးဖောက်ပြီးမှ ဖြစ်သော မင်းသားကြီးများမဖြစ်ကြစေရန် စိတ်စေတနာမှန်ဖြင့်….
တင်ပြလိုက်ရပါသည် …..ဗျာတို့။။
ကော့မက်လေးတစ်ခုအပေါ် ဖတ်ရှုခံစားရေးဖွဲ့ပါသည်။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

9 comments

  • windtalker

    September 25, 2011 at 6:08 pm

    ပတ်မကြီးခိုးပြီး မင်းသမီးလုပ်ဖို ့
    ကြိုးစားနေသူနဲ ့တော့ ဆုံခဲ့ဖူးတယ်ဗျ

  • “ဘီလူးကြီး”ogre

    September 26, 2011 at 7:18 am

    “မောင်ပေ” ဒါဆို သူခမျာ..
    ပတ်မခိုး မင်းသမီးဖြစ်နေရှာပေါ့….
    ဒီအကြောင်းလေးဖြင့် ရေးစေချင်လှပါတယ်

  • pan pan

    September 26, 2011 at 10:25 am

    သူဌေးနှစ်ဦးမှာ ဟိုကောက်ကျစ်တယ်ဆိုတဲ့သူဌေးရဲ့ အကောက်ဉာဏ်ကို
    ဆင်းရဲသွားတဲ့သူဌေးက မရိပ်မိဘူးနော်
    တကယ်လို့ သူသာဉာဏ်ကောင်းရင် သိမှာ

  • etone

    September 26, 2011 at 1:31 pm

    ခုံလေးတစ်လုံး ပေးတာနဲ့ .. ငပျင်းဖြစ်သွားတယ်ဆိုတာတော့ .. ဘီလူကြီး နည်းနည်ပိုတာဖြစ်မယ် :mrgreen: ဘယ်သူမဆို .. ကိုယ်ပစ္စည်း ဥစ္စာလျှော့ပါးလာချိန်မှာ .. ပြန်လှန်သုံးသပ်ကြစမြဲလေ … ဒီလူက အဲ့ဒီအချိန်ထိအောင် ပြန်မသုံးသပ်ပဲ ငပျင်းလုပ်နေတာ …. နောက်ဆုံးကျဆုံးရတော့တာပေါ့.. 😛

  • Thantwethar

    September 28, 2011 at 8:40 pm

    ဘီလူးကြီးရေ…..ကောင်းလိုက်တဲ့အရေးအသားဗျာ။သံတွဲကမကောင်းမြင်ဝါဒမြင်သူတွေအတွက်တော့မှတ် သားနာယူတတ်ရင်သင်ခန်းစာပါဘဲ။

    • rocket

      September 28, 2011 at 9:43 pm

      စောင်းတီးတာ မြောင်းတီးတာ မလုပ်စေချင်ပါ အကိုလေးရယ်
      အေးချမ်းမှုကို ရှာဖွေလိုက်ပါ မေတ္တာသမား ဆို
      နေတတ်ရင် ကျေနပ်စရာ ပါ ။

  • yokesoe

    September 28, 2011 at 9:01 pm

    ဖြစ်ရလေ ဖြစ်မှဖြစ်တတ်ပလေ ဆိုးနေပါလား အော် ဆိုးလိုက်တဲ့ဘဝ အင်း…..
    စာအညွှန်းလေးက ကောင်းပါတယ် ယူတတ်ဖို့ အရေးကြီးဆုံး
    မင်းသားကြီး ဖြစ်ချင်လဲ ကြည့်ရတာ ဒီဘဝ အတွက် ဝေး ။

  • အာရက္ခ မြေသား

    September 28, 2011 at 9:34 pm

    လေးစားပါတယ် ခုလိုမျိုးဆုံးမစာလေးရေးပေးထားလို ့ပါ။

  • မောင်သန်းထွဋ် ဦး

    September 28, 2011 at 10:06 pm

    မိမိရေးသောစာ ပြောသောစကား လုပ်သောအလုပ် ပြုသောကံ ဆောင်သောအကျင့်တိုင်းသည် လူအများအားချပြ ဂုဏ်ယူရန်
    မဟုတ်စကောင်း မိမိ ကိုယ်တိုင်ကျင့်သောတရားသည်သာ  မိမိကိုယ်၏  ကိုယ်ကျင့်တရားသာဖြစ်၏  ကိုယ်မဟန်တိုင်း အခြားသူကိုပျက်ရန်မကြံသင့်လှပေ ကိုယ်မကောင်းတိုင်း အခြားသူများလဲမကောင်းဟု မဆိုအပ် ပါ။လေးစားပါတယ်ဗျာ။

Leave a Reply