မိုးပြာဆိုသည်မှာ ဒီလိုပါ။

ashinariyaSeptember 25, 20117min51636

            လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀ဝ – ကျော်က ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့သည့် တရားဓမ္မအပေါ် ကာလ၊ ဒေသ၊ အခြေအနေများအလိုက် သဘောပေါက်သိမြင်မှုများ ကွဲပြားလာခဲ့ရာ ယနေ့အခါ ဗုဒ္ဓဘာ သာလောကတွင် မဟာယာနဗုဒ္ဓဘာသာ၊ ထေရဝါဒဗုဒ္ဓ ဘာသာ၊ ဇင်ဗုဒ္ဓဘာသာ၊ တိဗက်လားမား ဗုဒ္ဓဘာ သာနှင့် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ စသော ဗုဒ္ဓဘာသာအယူဝါဒကွဲများစွာ နိုင်ငံ အလိုက်၊ လူမျိုးအလိုက် အသီးသီး ဖြစ်ပေါ်လာကြပါသည်။
အားလုံးသော ဗုဒ္ဓဘာသာဝါဒကွဲတို့သည် ဗုဒ္ဓဘုရားနှင့် ဗုဒ္ဓဟော ကြားတော်မူခဲ့သည့် တရားဓမ္မ များကို မိမိတို့ သဘောပေါက် သိမြင် မှုများအလိုက် ကျင့်သုံး၊ ဟောပြော၊ ပြသနေလျက် ရှိနေကြ ပါသည်။

             ဗုဒ္ဓ၏တပည့်ရဟန်းသံဃာများသည် ဗုဒ္ဓသတ်မှတ်ခဲ့သော အဆင်းဖျက် သင်္ကန်းအရောင်များကို လည်း ကာလ၊ ဒေသအလိုက်  အဝါ၊ နီညို၊ အပြာ၊ အနက် စသည်ဖြင့် ဆိုးခြယ်၍ 

 

 

 

 

 

         မြန်မာ၊ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမော္ဘဒီယားစသော ထေရဝါဒရဟန်းတော်များနှင့်  

 

            တိဗက် ရဟန်းတော်တို့သည် အဝါ၊ နီညို စသည့်အရောင် သင်္ကန်းများဝတ်ဆင်ပြီး၊ 

 

 

        တရုတ်မဟာယာန ရဟန်းတော်တို့သည် အဝါရောင်၊ အပြာရောင်သင်္ကန်းတို့ကို ဝတ်ဆင်ကြ ပါသည်။ 

 

          ဂျပန် နိုင်ငံ ဇင်ဗုဒ္ဓ ဘာသာ ရဟန်းတော်တို့သည် အပြာရောင်နှင့် အနက်ရောင် သင်္ကန်းတို့ကို ဝတ်ဆင်ကြပြီး  

 

ကိုးရီးယားမဟာယာန ရဟန်းတော်တို့က အပြာရောင်သင်္ကန်းကို ဝတ်ဆင်ကြပါသည်

 

                  ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာ ကံအမြင်ကို ပြန်လည်ဖော်ထုတ်ဟောကြားကြသော မြန်မာနိုင်ငံရှိ ပစ္စုပ္ပန် ကမ္မဝါဒဗုဒ္ဓဘာသာရဟန်း တော်တို့သည်လည်း အပြာရောင် သင်္ကန်းကို ဝတ်ဆင်ခဲ့ကြပါသည်။

 

                    ယခုအခါ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာ မဟာယာနဗုဒ္ဓဘာသာနှင့် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ စသော ဗုဒ္ဓဘာသာဝါဒကွဲများဖြင့် ဗုဒ္ဓသာသနာ ထွန်းလင်းလျက်ရှိနေပါသည်။  ၎င်းဗုဒ္ဓဘာသာ ဝါဒကွဲများထဲမှ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာက ဝတ်ဆင်သော အပြာရောင်သင်္ကန်းဝတ်ဆင်မှုကို ရည်ညွှန်းပြီး မိုးပြာဟု ဝါဒကွဲများမှ ခေါ်ဆို သမုတ်ကြခြင်းဖြစ်သည်။

အဆိုပါ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ (မိုးပြာ) ၏ တရားများကို လေ့လာလိုပါက

(ဗုဒ္ဓဘာသာဝါဒကွဲများနှိုင်းယှဉ်လေ့လာမှုစာတမ်းမှ)

 

36 comments

  • “ဘီလူးကြီး”ogre

    September 26, 2011 at 7:50 am

    အယူလွဲရင်တော့….ဒိဠိ ပဲ
    ဆရာတော် ဦးကောသလ္လ ဟောကြားတော်မူသော
    အနာဂါတ်သာသနာဘေး တရားတော် ကြီးတွင်
    ညိုမှောင်းနေသော သင်္ကန်များ ဆွတ်ဆွတ်ဖြူသောအရောင်ရှိ သင်္ကန်းများနှင့်
    တောက်ပြောင် သည်သင်္ကန်း များ ရဟန်းတို့ဝတ်ဆင်ချင်းသည် အနာဂါတ် သာသနာ
    ကွယ်ပ ရာ သသနာပျက်ကြောင်းတရား၏ အစပင်ဖြစ်ကြောင်းနာယူရပါသည်…။။။
    ယခုခေတ် ယောဂီအရောင်းနှင့် ဥပသကာများဝတ်ဆင်ကြသည့် အပေါ်အဖြူအောက်အဖြူ
    ဝမ်းဆက်များကိုဆိုလိုကြောင်း ဟောကြားထားသည့်အပြင် စိတ်ပုတီးသည်လဲ ထေရာဝါဒအသုံးဆောင်
    မဟုတ်ကြောင်းမှတ်သားရပါသည် ..။။။
    အယူလွဲရင်ဖြင့် …ငရဲသာရှိပါတော့သည်။။။။။

    • Ordinary Man

      September 26, 2011 at 10:31 am

      အဝတ်ကလူကို အသိပေးမှာမဟုတ်ဘူး အပြောကသာလူကို အသိပေးမှာ ဘယ်သူတွေဘာတွေဝတ်နေတာကို ကျွန်တော်တို့ ပြောနေဖို့လိုမယ်မထင်ဘူး သာသနာကွယ်ပတာ မကွယ်ပတာကိုရော ဘာနဲ့နှိုင်းယှဉ်ကြမလဲ အဲဒီသာသနာဘယ်လောက်အသက်ဝင်လှုပ်ရှားနေလဲ အဲဒီလှုပ်ရှားချက်ကြောင့် လူတွေမှာ ဘယ်လောက်ထိအကျိုးကျေးဇူးတွေဖြစ်ထွန်းနေစေသလဲ ဒါကို ကြည့်ရမှာ သာသနာဝင်တွေဘယ်လောက်များများ သာသနာအဆောက်အဦးတွေ ဘယ်လောက်ကောင်း လူအတွက်ကောင်းကျိုးတစ်စုံတစ်ရာ မပြုနိုင်ဘူးဆိုရင် အဲဒီသာသနာဟာ အသက်ဝင်နေတယ် ရှင်သန်နေတယ်လို့ ပြောဖို့တော်တော်ခက်တယ်။ ဝတ်ဖြူစင်ကြယ်ပဲဝတ်နေနေ လူဝတ်ကြောင်နဲ့ပဲနေနေ ဖန်ဆွတ်ရေသင်္ကန်းပဲဝတ်နေနေ လူအတွက် အကျိုးရှိရာရှိကြောင်းတွေကို လုပ်နေတယ်ဆိုရင်တော့ ဒီလိုလူကိုကျွန်တော်တို့အသိတိုးဖို့အတွက်လေ့လာသင့်တယ်။ အဲဒီလူကဘယ်ဘာသာဝင်ဘဲဖြစ်နေနေပါ ခရစ်ယာန်ပဲဖြစ်ဖြစ် မွတ်ဆလင်ပဲဖြစ် ဟိန္ဒူပဲဖြစ်ဖြစ် ထေရဝါဒပဲဖြစ်ဖြစ် မဟာယာနပဲဖြစ်ဖြစ် ပစ္စုပ္ပန်ကမ္မဝါဒပဲဖြစ်ဖြစ် ဘာသာမဲ့ပဲဖြစ်ဖြစ်ပေါ့

      • “ဘီလူးကြီး”ogre

        September 26, 2011 at 4:08 pm

        မြတ်စွာဘုရားရှင်၏ သံသရာလွတ်ကြောင်းတရားများတွင် ပစ္စုပ္ပန် အကျိုးအတွက်
        ရည်မျှော်ဟောကြားသော အရာများ မရှိသလောက်ရှားမည်ဟု ထင်ပါတယ် ……။။
        ဒေရာဝါဒ ဗုဒ္ဓဘာသာဝင် ဘုရားရှင်၏ သားတော်များ ကတော့ ဘုရားရှင် ဟောကြားရာ ဝိနည်းစည်းကမ်းအတိုင်း မကျိုး မပေါက်မပြောက် မကြားရအောင် လိုက်နာစောင့်
        ထိမ်းရမှာ ဖြစ်သလို ဘုရားရှင်၏ သံသရာမှလွတ်မြောက်ရာ တရားတော် များကို
        ဆွေးနွေးချင်း သင်းကြားပြသချင်း ဟောပြောချင်းများဖြင့် သာသနာ အဓွန်ရှည်ရာ
        ရှည်ကြောင်း ဆက်လက် ထိမ်းသိမ်းရမှာဖြစ်တယ်လို့ သိမှတ်ထားပါတယ် …..။။။။
        ပစ္စုပ္ပုန် အကျိုး ရှိရာရှိကြောင်း လူတွေကိုဘယ်လောက်အကျိုးပြုသလဲဆိုတာကို
        တွေ့မြင်ချင်တယ်ဆိုရင်ဖြင့် လူမှုရေးအကျိုးပြုလုပ်ငန်းတွေ မိဘမဲ့စောက်ရှောက်ရေး
        ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုသာ ကြည့်ပြီး“သာဓု” ခေါ်ရန်ရှိပြီး
        ဘုရားရှင် လိုလားသော သာသနာ တော်ကို တွေ့မြင်လိုတယ်ဆိုရင်ဖြင့်
        ကိုယ့်သဏ္ဍာန် မှာရော လူအများ၏ သဏ္ဍာန် မှာပါ “သီလ ..သမာဓိ..ပညာ”တည်အောင်ပြုနိုင်မှသာ သာသနာပြုရာရောက်မှာဖြစ်ပါတယ်
        ရုပ်ဝတ္ထုဖြစ်သော ဘုရား/ကျောင်း/သိမ်း/ဇရပ် များကတော့ ဖြင် ဖူးမြင်ရင် ဖူးမြင်ရ
        သူအဖို့ စိတ်ချမ်းမြေ့ ကုသိုလ် ရရုံသာရှိပြီး သာသနာတည်တံအောင် တစ်မိနစ် တစ်နာရီမျှ စွမ်းဆောင်နိုင်မှာမဟုတ်ပါကြောင်း နှင့် ဘုရားရှင်၏ သုတ်
        ဝိနည်း အဘိဓမ္မာ များကို လိုက်နာကျင်ကြံ ပွားများမှသာ ထေရာဝါဒ ဗုဒ္ဓဘာသာ
        စစ်စစ်များဖြစ်နိုင်ပါကြောင်း ……အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သူတိုင်း
        ဗုဒ္ဓဘာသာမဟုတ်နိုင်သလို…ဗုဒ္ဓဘာသာတိုင်းလည်းလူတွေအကျိုးပြုလုပ်ငန်းလုပ်
        ခြင်မှလုပ်ကြမှာပါ………ဘုရားရှင်ကတော့ သံသရာလွတ်ကြောင်း တရားသာလျှင်
        ဟောကြားခဲ့သည်မှာ ဧဝကန်အမှန်ဖြစ်ကြောင်း ပါပဲ ခင်ဗျား။။။။။

    • မောင်မိုးပြာ

      September 27, 2011 at 9:51 pm

      မိမိကိုယ်တိုင် ငရဲခံနေရသည့်အဖြစ်များကိုသတိရပါ။ မြန်မာပြည်မှာ အမှန်တရားကို မပြောရဲမဆို
      ရဲဖြစ်နေသည်များကို မျက်စေ့စုံမိတ်ပြီး မမြင်ချင်ယောင်ဆောင်မနေပါနဲ့။ ဒိဋ္ဌိဆိုတာ အမြင်ကိုပြော
      တာ အမြင်လွဲရင်တော့ ကိုယ်တိုင်ငရဲခံနေတောင် တခြားကိုလက်ညိုးထိုးနေအုံးပေတော့။

  • ကြောင်ကြီး

    September 26, 2011 at 8:12 am

    မိုးပြာကို
    အဖိုးမှာတယ်
    ဆိုးမလာနဲ့
    ကျိုးမှာကွဲ့..။

    မိုးပြာဆရာတော် ဦးညာဏ၏ ရဲဝံ့ပြတ်သားမှုကို လေးစားပါသည်။ မိုးပြာဂိုဏ်းအမည်ခံ ရေးသားချက်များသည် ဆရာတော်ဦးညာဏ၏ ကိုယ်ပိုင်မူများလော၊ အခြားသူများ၏ ထင်မြင်ချက်များလော ပိုမိုရှင်းလင်းစွာ သိလိုပါသည်။ အများသောအားဖြင့် ဘာသာရေးနှင့် ပတ်သက်လျင် ကြက်တူရွေးကတော်တော် မယ်တော်က ကဲကဲဖြစ်တတ်လွန်းလို့ပါ။

  • Nan Shin

    September 26, 2011 at 8:21 am

    မိုးပြာအကြောင်းကိုတော့ အထူးမငြင်းခုန်လိုတော့ဘူး။သူတို့ဟောတဲ့ အဓိက ဟောပြောချက်တွေကို
    ဖတ်ပြီးကတည်းက သဘောပေါက်သွားပြီ။ကိုဘီလူးကြီးက ဆရာတော်ဦးကောသလ္လကို ကိုးကားပြီးပြော
    ထားတယ်။ဦးကောသလ္လက မိုးပြားဂိုဏ်းဝင်တစ်ဦးရဲ့တပည့်ဖြစ်တယ်လို့ဖတ်ဖူးတယ်။(ဓမ္မစေတီ ဦးကောသလ္လကိုဆိုလိုပါတယ်။)ဦးဉာဏလိုလူမျိုးရဲ့သတ္တိက မရှိသင့်တဲ့သတ္တိမျိုးပါဗျာ။သူတစ်ပါးရော မိမိပါ
    ဘယ်သူ့အတွက်မှကောင်းကြိုးကိုမဖြစ်စေလို့ပါ။

    • Ordinary Man

      September 26, 2011 at 4:38 pm

      Nan Shin ကိုတစ်ခုလောက်အကြံပြုပါရစေ။
      ခင်များဖတ်ရတယ်ဆိုတဲ့ အဓိကဟောချက်ဆိုတာဘာလဲ။
      စာဆိုတာ ကိုယ်လိုချင်တာတစ်ခုတည်းကိုဘဲ ကွက်ပြီးဖော်ပြထားရင် စာရဲ့ဆိုလိုချက်ကမပေါ်ဘူး။ ကျွန်တော်က မိုးပြာစာအုပ်တွေကို အတော်အတန်ဖတ်ဖူးပါတယ်။
      စာကိုဖတ်တဲ့အခါ အဲဒီစာရဲ့ရှေနောက်စာတွေနဲ့ နှိုင်းယှဉ်ပြီးဖတ်မှသာ စာရဲ့ဆိုလိုရင်းကပေါ်လွင်မှာပါ
      ဥပမာဗျာ မောင်လှ ရေကူးနေသည်။ ရေကန်ထဲတွင် ကြာပန်းများရှိသည်။ ဆိုကြပါစို့။ အဲဒီစာမှာပါတဲ့ ရေကန်ဆိုတာ မောင်လှ ရေကူးနေတဲ့ရေကန်ဆိုတာ ရှေ့စာကြောင်းဖတ်ပြီးမှ ပေါ်လွင်တာ။
      ဘယ့်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတာ ဘာနဲ့နှိုင်းယှဉ်ပြီး ပြောတာလဲဗျာ။ မင်းစိုးရာဇာကလက်မခံလို့လား။ သူ ကြွယ်ကလက်မခံလို့လား။ တကယ်တော့ ဘယ်သူလက်ခံတာလက်မခံတာက အရေးမကြီးပါဘူး။ လက်ခံသူတွေက ဘယ်လိုတွေကျင့်သုံးနေကြတာလဲ။ သူတို့ကြောင့် လောကမှာ ဆိုးဆိုးဆာဆာတွေဖြစ် သွားစေသလား။ ပိုမိုလှပစေသလား။ စိစစ်သင့်တယ်လို့ထင်ပါတယ်။
      ကျွန်တော်တို့ တတွေ အတွေးတွေကို ပိတ်လှောင်မထားကြပါစို့နဲ့။ ကျဉ်းကျပ်သွားမှာစိုးလို့ပါ။ အတွေးကျဉ်းရင် အသိတွေပါ ကျဉ်းသွားလိမ့်မယ်။

  • True Answer

    September 26, 2011 at 9:14 am

    နောက်ပိတ်ဆုံးပုံ (ဝါဒ) မှ လွဲပြီး အားလုံးသော ဗုဒ္ဓဘာသာအားလုံး
    ရှေ့ဘဝနောက်ဘဝအယူကို လက်ခံကြပါသည်။

    နောက်ပိတ်ဆုံးပုံမှာ အားလုံးသော ဗုဒ္ဓဘာသာအားလုံး ၏
    ရှေ့ဘဝနောက်ဘဝရှိသည်ဟူသော အယူနှင့် ဆန့်ကျင်ဘက်ဖြစ်နေသဖြင့် ဗုဒ္ဓဘာသာအဝန်းအဝိုင်းထဲ သို့ ဝင်ရောက်ခြင်း ၊ နှိုင်းယှဉ်ခြင်းမပြုသင့်ပါ။

    မိမိအယူအဆကို လွတ်လပ်စွာမတင်ပြဘဲ-

    ထေရဝါဒ စာပေများတွင် ဟိန္ဒူဝါဒများပါသည်ဆိုလျှက် မယုံကြည်သောစကားကိုဆိုသည်ကတဖက်
    ထေရဝါဒစာပေများကို စွဲယူလျှက် မိမိတို့ဝါဒအတွက် အကိုးအကား အထောက်အထားလုပ်နေခြင်းသည်ကားလည်းတဖက်…လုပ်နေသောကြောင့် မရိုးမသား ထင်ရောင်ထင်မှားလုပ်သော အယူဝါဒ အဖြစ် ယူဆပါသည်။

    အသေးစိတ်ရှင်းလင်းချက် http://myanmargazette.net/64548/creative-writing

  • Moe Z

    September 26, 2011 at 9:23 am

    ဗုဒ္ဓဘာသာတွေက ရုပ်တု (Idol) ကိုကိုးကွယ်တာမဟုတ်ပါဘူး
    ဂုဏ်တော် (Ideal) ကိုကိုးကွယ်တာပါ..
    သင်္ကန်းနဲ့ပတ်သက်လို့ကတော့ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကတော့
    ပိတ်စတွေကိုစပ်ပြီး သစ်ခေါက်တွေနဲ့ ဆိုးထားတဲ့အရောင်မျိုးဝတ်ခဲ့တယ်လို့သိရပါတယ်
    အချိန်ကာလကြာမြင့်လာတာနဲ့အမျှ နေရာဒေသကွဲပြားမှုအပေါ်မူတည်ပြီး
    အရောင်နဲ့ပုံသဏ္ဌာန်ပြောင်းလဲတာမထူးဆန်းပါဘူး
    နိုင်ငံခြားမှာအနေကြာတဲ့မြန်မာတွေတောင် ရုတ်တရက်ကြည့်ရင် မြန်မာနဲ့မတူသလိုထင်ရတာပဲ
    ဒါပေမယ့် သူတို့မြန်မာမဟုတ်ဘူးလို့ငြင်းလို့မရပါဘူး

  • True Answer

    September 26, 2011 at 10:21 am

    ဗုဒ္ဓဟောကြားသော တရားတော်များကို international pali ဖြစ်စေ၊ Sanskrit ဘာသာနှင့်ဖြစ်စေ လေ့လာသူတိုင်း ရှေ့ဘဝ နောက်ဘဝကို သမုတိသစ္စာအားဖြင့် ဗုဒ္ဓဟောကြားကြောင်း လက်ခံကြောင်း သိရှိနားလည်လက်ခံကြပါသည်။

    http://www.dhammawheel.com/
    ဒါကအင်တာနေရှင်အဆင့် အင်္ဂလိပ်လို ထေရဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ ဖိုရမ်တစ်ခုပါ။ ခင်ဗျားတို့အမြင်ကို တင်ပြဆွေးနွေးနိုင်ပါသည်။

    ှုnternational တခြား မဟာယန ဗုဒ္ဓဘာသာ ဖိုရမ်တွေလည်းရှိပါသည်။ ခင်ဗျားတို့အမြင်ကို လက်ခံမခံ စမ်းသပ်တင်ပြကြည့်ပါဦး။

    ဓါတ်ပုံထဲကလို တကယ်ဖြစ်ချင်ရင် ဒီလိုဖိုရမ်မျိုးတွေထိ ပါဝင် ဆွေးနွေး ဆွဲဆောင်နိုင်မှသာ ဖြစ်နိုင်ချေရှိပါသည်။ တကယ့်က ခင်ဗျားတို့ဝါဒဟာ ဖြစ်တည်မှုသာ ပဓာန ဝါဒ (ရုပ်ဝါဒ) ပြင်သစ်ပညာရှင်တစ်ဦးတင်ပြပြီးသာဝါဒပါ။ ဒီဝါဒကို ခင်ဗျားတို့က ငါ (သူတပါး) ၊ ယောက်ျားမိန်းမ ၊ ပုဂ္ဂိုလ် သတ္တဝါအစွဲဖြုတ်တဲ့ ၊ ဗုဒ္ဓစကားလုံးတစ်ချို့ကို ယူသုံးပြီး အများကို ထင်ယောင်ထင်မှား ဖြစ်အောင် လှည့်ဖြားနေသည်ဟု ယူဆပါသည်။

    ဗုဒ္ဓဘာသာဂုဏ်းကွဲများသည် ဝိနည်းပိုင်းဆိုင်ရာကြောင့် ကွဲပြားကြသောလည်း ရှေ့ဘဝနောက်ဘဝအယူ၊ ဘုရားအလောင်းအဖြစ် ဘဝပေါင်းများစွာ ပါရမီဖြည့်ကျင့်ရသောအယူ၊ လူ့ဘဝ အပြင် ပရလောက ရှိသေးသည်ဟူသောအယူ၊ ပဋိစ္စသမုပ္ပါဒ်၊ ဓမ္မစကြာ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး အားလုံး အတူတူပင်ဖြစ်လေသည်။ ထိုသဘောထား အခြေခံမျှ မတူညီနိုင်ပဲ ဗုဒ္ဓဘာသာအဖြစ် အမည်ယူ ခံယူလိုနေခြင်းသည် – ……………..

    • lionking

      September 27, 2011 at 8:03 pm

      လောကမှာ ဒဿနတခုရဲ့ အတိမ်အနက်သိချင်ရင် ဒဿနပညာရှင်ရဲ့ ကာလ ဒေသ သမိုင်းနောက်ခံ အကြောင်းအရာတွေကို ကိုယ့်အသိနဲ့ နေရာတကာလိုက်ပြီးမတိုင်းပဲ ကျကျနနလေ့လာသုံးသပ်ပြီးမှသာ ဘာဝါဒဖြစ်တယ်။ ညာဝါဒဖြစ်တယ် ပြောဖို့ သင့်ပါလိမ့်မယ်။ ရမ်းကြိတ်ရင်တော့ ရမ်းကြိတ်သူကို သေချာကျနစွာ လေ့လာထားသူက ဒီကောင်ဘာကောင် လဲလို့ သိသွားပြီ။ ရှင်ဉာဏရဲ့ ပစ္စုပ္ပန် ကံဒဿနကို မပြောနဲ့ ရှင်ဥက္ကဋ္ဌ(တောင်တွင်းကြီး)ရဲ့ ဒဿန တောင် မြန်မာပြည်ရဲ့ အထက်မြက်ဆုံးသော ရဟန်းပညာရှိ လူပညာရှိတွေဟာ ကျကျနန မသုံးသပ်ပဲ ဝိုင်းကြဉ်လိုက် ကြတယ်။ ဒါပေမယ့် ရှင်ဥက္ကဋ္ဌကအပြုံးမပျက်ဘူး။ အေးဆေးပဲ။ သူကပညာရှိဆန်တယ်။ ငါရေးတဲ့စာဟာ လူတွေအတွက်အသုံးမတဲ့တော့ရင် အလိုလိုပျက်သွားလိမ့်မယ် လို့ရေးခဲ့ပြောခဲ့တာပဲ။ ဒါကို မသုံးသပ်ကြပဲ အနိုင်ကျင့် ပြီးဖြေရှင်းကြတယ်။ ဘယ်လောက်အနိုင်ကျင့်ကျင့် လူကို(ရှင်ဥက္ကဋ္ဌ)ပဲ အနိုင်ကျင့်လို့ရမယ်။ သူ့ရဲ့ ဒဿကို အနိုင်ကျင့် လို့ မရဘူးဆိုတာ မြဲမြဲမှတ်သားထားဖို့လိုတယ်။ လောကမှာ အပြစ်တင်မခံရပဲနဲ့ အောင်မြင်ပေါက်မြောက်တယ်ဆိုတာ မရှိဘူး။ သိဒ္ဓတ္ထဂေါတမရဲ့ တရားဟာ လောကငြိမ်းချမ်းရေးလို့ပြောကြတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်ဆိုတဲ့သူတွေ အခုထိငြင်း ခုံကြတုန်းပဲ။ ဒါဘာပြောတာလဲဆိုရင် ဘုရားနဲ့ အခုခေတ်အလှမ်းဝေးလွန်းတာကြောင့် သမိုင်းအမှားအမှန်ခွဲခြားဖို့ ခက်လွန်းတာကြောင့် ယနေ့ဗုဒ္ဓဘာသာဝင်တွေ ထွေပြားဝေဝါးနေကြတာပဲ။ အမှားအမှန်ကိုကိုယ့်ဘာသာချင့်ချိန်။ အရွယ်ရောက်လို့မှ ချင့်ချိန်ပြီး မခွဲခြားတတ်ရင် ဘာမှသိလာမှာမဟုတ်ဘူး။ အားကြီးလို့ အနိုင်ကျင့်တတ်ရုံကလွဲပြီး ဘာမှ မလုပ်တတ်တဲ့ ဘာသာဝင်တွေ မဖြစ်ဖို့လိုတယ်။ ရှင်ဉာဏဒဿနဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မနဲ့ အဆက်အစပ်ရှိတယ်ပြောပြော ဒါကပဲ ဘုရားတရားဖြစ်တယ်ပြောပြော ပြောသူကအရေးမကြီးဘူး လေ့လာသူက အရင် အသူဟာ ပြောသူအောက်ရောက်သွားမှာပဲ။ ဒါနားလည်ဖို့ပဲ။ ကုန်ကုန်ပြောရရင် ဘုရားလဲလူပဲ လူထဲမှာဆိုရင် သူ့ခေတ်သူ့အခါက တော်သူတတ်သူ ထက်မြက်သူတစ်ယောက်ဖြစ်မှာပဲ။ ဒါပဲ။ ဘုရားဆိုတာ ရေးကြီးခွင်ကျယ်ကြီး မဟုတ် ဘူး။ လူ့လောကမှာ ဟောဒီနည်းအတိုင်းသာ နေကြ ထိုင်ကြ ပြောကြ ဆိုကြ လုပ်ကြ ကိုင်ကြရင် သာယာနိုင်တယ်လို့ ပြောသွားသူပဲ။

  • parlayar46

    September 26, 2011 at 11:33 am

    ဗုဒ္ဓအမည်ကို ခေါင်းစဉ်တပ် ယူသုံးရုံမျှဖြင့် ဗုဒ္ဓသာသာမဖြစ်ပါဘူး။

    ဗုဒ္ဓလမ်းစဉ်ကို လက်ခံမှ ဗုဒ္ဓဘာသာအမည်ခံထိုက်ပါတယ်။

    ကိုယ့်ဘာသာ အတွေးပေါက်လာတဲ့လမ်းစဉ်ကို ဘုရားအမည်ငှားသုံးခေါင်းတပ်ပြီး ကိုယ်ပြောတဲ့တရားမှ ဘုရားတရားလို့ ပြောနေတာမျိုးထက်-

    ကိုယ့်ကိုယ်ကိုသာ ယုံကြည်မှု့တကယ်ရှိရင် ရိုးရိုးသားသားနဲ့ ကိုယ်တိုင်ဘုရားလုပ် ၊ ကိုယ့်အမည်နဲ့ ဝါဒထူထောင်တာက ပိုသင့်တော်တယ်။

    • Nyan Phyo Myint

      November 19, 2011 at 10:20 pm

      လောက်ဟာ အိမ်သာထဲမှာရှိတာ အပြစ်တင်စရာမဟုတ်ပေမယ့်
      အသားထဲက လောက်ထွက်တာ မကောင်းပါ။

  • ashinariya

    September 26, 2011 at 2:57 pm

    ယခုတင်ထားတဲ့ post တွင် အပေါ် နိဒါန်းစာတစ်ပိုဒ် ကျန်ရှိနေပါ၍ comment တင်ပြလိုပါက ၎င်း post နှင့်ကပ်လျှက် ဒုတိယအကြိမ်ဖြည့်စွက်တင်ထားသည့် post တွင် ဆွေးနွေးပေးကြဖို့ မေတ္တာရပ်ပါသည်။

    • kai

      September 26, 2011 at 3:21 pm

      ခေါင်းစဉ်တူ ၂ခုဖြစ်နေလို့.. တပည့်တော် တခုကို ကော်မန့်ပိတ်ထားလိုက်ပါတယ်..။ မကြာခင်ဖျက်ဖို့ ဖြစ်ပါတယ်..။
      အခုအရှင်ဘုရားပြောတော့မှ သေချာကြည့်တော့.. နိဒါန်းစာလိုနေတာတွေ့မိတယ်..။

      အဲဒါကို..အခုပို့စ်မှာကူးတင်ပေးလိုက်ပါတယ်..။
      ဒီမှာပဲ တစုတစည်းထဲ.. ဆက်ဆွေးနွေးကြစေလိုကြောင်းပါ..။

  • mggwa

    September 26, 2011 at 4:26 pm

    ဒီလိုဆိုတော့လည်း မိုးပြာဆိုတာ မဟာယာနလို ဗုဒ္ဓဘာသာဝါဒကွဲတစ်ခုပဲပေါ့။ အဲဒီလို ကွဲကွဲပြားပြား ဖြစ်အောင် ရှင်းရှင်းလင်းလင်း တင်ပြလိုက်တော့တည်း ရှင်းသွားတာပါပဲ။ ကျုပ်တို့ မြန်မာတွေက ဗုဒ္ဓဘာသာရဟန်းဆို သင်္ကန်းအရောင် အဝါ၊ အနီ ကိ်ုပဲ လှေနံဓားထစ်မှတ်ထားကြတာ။ သူ့ကာလ၊ ဒေသ၊ အခြေအနေအရ သင့်တော်ရာဝတ်မှာပေါ့။ ဘုရားကခွင့်ပြုထားပြီးသားပဲ။ မြန်မာတွေထဲက အစွဲကြီးတဲ့သူတစ်ချို့က တရားမမြင်ပဲ သင်္ကန်းအရောင်မှာ လမ်းဆုံးနေကြတာကိုး။ အပြာရောင်သင်္ကန်းဝတ်လို့ မိုးပြာလို့ ပြောတာကိုး။ ကောင်းတယ်ဗျာ၊ အပြာရောင်ဆိုတာ ငြိမ်းချမ်းရေး သင်္ကေတအရောင်ပဲ။ လူတွေငြိမ်းချမ်းကြဖို့ အတွက်ပဲလို့ ထင်မိပါတယ်။ ငြိမ်းချမ်းကြဖို့အတွက် ဗုဒ္ဓဘာသာကို ထေရဝါဒတစ်ခုတည်းက အပိုင်သိမ်းချင်လို့ မရတော့ဘူးလို့ ခေတ်က တောင်းဆိုနေတာပါပဲ။

  • Nan Shin

    September 26, 2011 at 5:43 pm

    မိုးပြာအကြောင်းသိချင်ရင် အောက်ပါလင့်ခ်များမှာ သွားရောက်လေ့လာနိုင်ပါတယ်။ကျနော်အထက်မှာပြော
    ခဲ့တဲ့ မိုးပြားရဲ့သင်ကြားချက်ဆိုတာတွေလဲပါပါတယ်။ဒုတိယသံဂါယနာတင်ခဲ့ရတာနဲ့ မဟာယာနဂိုဏ်းကွဲ
    ထွက်ခဲ့တာတွေဟာမိုးပြာတို့လို အရှက်မရှိအဓမ္မဝါဒီသမားတွေကြောင့်ဆိုတာထင်ရှားပါလိမ့်မယ်။

    http://www.scribd.com/doc/19447119/-

    http://www.lknt11.com/2009/08/blog-post_05.html

    http://www.lknt11.com/2009/08/blog-post_05.html

    http://www.winkyi.net/search/label/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%BB%E1%80%95%E1%80%AC%20%E1%80%82%E1%80%AD%E1%80%AF%E1%80%8F%E1%80%B9%E1%80%B8

    http://www.dhammalaws.org/search/label/%E1%80%A1%E1%80%93%E1%80%99%E1%81%BC%E1%81%80%E1%80%AB%E1%80%92%E1%80%99%E1%80%AF%E1%80%AD%E1%80%B8%E1%80%BB%E1%80%95%E1%80%AC

  • “ဘီလူးကြီး”ogre

    September 26, 2011 at 6:49 pm

    “မြန်မာတွေက ဗုဒ္ဓဘာသာရဟန်းဆို သင်္ကန်းအရောင် အဝါ၊ အနီ ကိ်ုပဲ လှေနံဓားထစ်မှတ်ထားကြတာ။ သူ့ကာလ၊ ဒေသ၊ အခြေအနေအရ သင့်တော်ရာဝတ်မှာပေါ့။ ”
    ဒီစာကြောင်းလေးအရ ခရစ်နှစ် 104 ခုနှစ်ထဲက လူအများ၏ကိုယ်ကွယ်ဆည်းကပ်အားထားရာ ဆရာတစ်ဆူရယ်
    လိုပေါ်ပေါက်လာခဲ့တဲ့ ဘုရားရှင် ဟာ နောင်ပေါ်ပေါက်လာတဲ့ ဝါဒရှင်တွေထက် စောစီးစွာပေါ်ပေါက်ခဲ့တာပါ
    ဘုရားရှင်ဟာ ကျွတ်တန်းဝင်နိုင်တဲ့ သူတစ်ဦးတစ်ယောက်ကိုဟောပြောလေတိုင်း ထိုသူအပြင် အခြားအခြားသော နတ်ဗြဟ္မာ များပါ ကျွတ်တန်းဝင်ကြတာကို အကြိမ်ကြိမ် ကြားနာဘူးပါတယ်
    ဒါကို ကြည့်ခြင်းအားဖြင့် ဘုရားရှင်ရဲ တရားတော်များဟာ လူတွေအတွက်တစ်မျိုး နတ်တွေအတွက် တစ်မျိုး ဗြဟ္မာတွေအတွက်တစ်မျိုး ဟောခဲ့ပြောခဲ့မှာ မဟုတ်ဘူး ဆိုတာသိသာထင်ရှားလှပါတယ် …..။။။
    ဒီလိုပဲ ဘုရားသားတော် ရဟန်းများအတွက်
    ဝိနည်း အဘိဓမ္မာ များဟာလည်း ဟိုနိုင်ငံ ဟိုလူမျိုးအတွက် တစ်မျိုး ဒီနိုင်ငံ ဒီလူမျိုးအတွက်တစ်မျိုး ရှိနိုင်မယ် မထင်ပါဘူး ဘုရားသားတော် ရဟန်းသံဃာ များအတွက်လဲ ဗုဒ္ဓဟာဒီလိုပဲ ဟောကြား စည်းကမ်းတွေ ထုတ်ခဲ့မှာပါ ဘုရားရှင်ဝိနည်းအတိုင်းမနေထိုင်ပဲ ဗုဒ္ဓဘာသာ အမည်ခံထားရင်ဖြင့်
    ဗုဒ္ဓ တရားတော်များကို ကောင်းနိုးရာရာ ထုတ်နုတ်ပြီး လိုက်နာနိုင်တာကိုလိုက်နာ မလိုက်နာနိုင်တာကိုပယ် ထားကြတဲ့ အပယ်သားများသားဖြစ်မည်ထင်ပါကြောင်း နှင့် …..
    ကျွန်တော်တို့ ကမ္ဘာ မြေကြီးရဲ့ ဘယ်နေရာကို ရောက်နေနေ ကျွန်တော် အဖေဟာ ကျွန်တော်အဖေပါပဲ
    ဟိုနိုင်ငံရောက်လို့ အဖေ မဟုတ်တော့ဘူးလို့ ပြောလို့မရသလိုပါပဲ
    ဘယ်ရောက်နေနေ ဘုရားသားတော်ဟာ ဘုရားသားတော် ပါပဲ
    ဒီလို အရောင်တွေ ကွဲပြားလာခြင်းကတော့ ဗုဒ္ဓ ဝါဒကို လူတွေက ကိုယ် နေထိုင်ရာဒေသ ကိုယ့်ကိုယုံကြည်
    တဲ့ လူမျိုးစုတွေရဲ့သဘောအရ ကိုယ်ပိုင်ဝါဒ တွေ ရောယှက်ထည့်သွင်းပေါင်းစပ်လာတဲ့ အတွက်
    ဗုဒ္ဓဝါဒ ပျက်ယွင်းလာခြင်းသာ ဖြစ်၍ သာသနာမစစ်မှန်တော့ဘဲ သာသနာပျက်ရန် ဘက်ကိုဦးတည်
    နေလာကြောင်းပါခင်ဗျား….ကျမ်းကိုကျမ်းကားများနှင့် ပြောရန် အတန် ငယ် အားနည်းနေပါသေးသဖြင့်
    ဝိနည်းနှင့် အညီဝတ်ဆင်တဲ့ သင်္ကန်းနှင့် ရဟန်း မြန်မာနိုင်ငံတွင် ရှိနေသေးသောကြောင့် အတန်ငယ်
    အားတက်မိပါကြောင်း…။။။။။

    • Ordinary Man

      September 26, 2011 at 9:07 pm

      ဝိနည်းနှစ်မျိုးရှိတယ်လို့ကြားဖူးပါတယ်။
      ပါရာဇိကနဲ့ ပါစိတ်ဆိုလား။
      ဝိနည်းငယ်ကို သံဃာကပြင်ခွင့်ရှိတယ်။
      သာသနာကိုဘုရားက လူသားတွေအတွက်ထားခဲ့တာ။
      သာသနာမှာအပိုင်းနှစ်ပိုင်းရှိတယ်။
      ဝိနည်းနဲ့ ဓမ္မ
      ဝိနည်းကလူသားအတွက် အကျိုးရှိစေတာလား။ ဓမ္မလား။
      ဓမ္မမရှိပဲ ဝိနည်းသာရှိနေရင် …
      ဘုရားကဝိနည်းကို သံဃာအတော်ရလာမှ ချက်မှတ်ခဲ့တာ
      ဒါတောင်အားလုံးကို တပြိုက်နက်ချခဲ့တာမဟုတ်ဘူး။
      အကြောင်းတစ်ခုပေါ် တစ်ခါသတ်မှတ်ခဲ့တယ်
      ပဉ္စဝဂ္ဂီတို့ တရားရတော့ ဝိနည်းဘယ်သတ်မှရဦးမှာလဲ
      တွေးကြပါဗျာ တွေးကြပါ။ ရဲရဲတွေး ကျွန်တော်တို့ဗမာတွေ သူများနောက်ကျနေရတာ မတွေးကြလို့ဗျ

      • lionking

        September 27, 2011 at 9:01 pm

        မတွေးတာတော့ မဟုတ်ဘူးကွ။ တွေးတော့တွေးတယ် အချော်တွေး အမျှော်တွေး အရော်တွေးတွေကလွဲရင် မတွေးတတ်လို့ပါ။ ကျကျနနတွေးတတ်အောင်သင်ပေးလိုက်ပါ။ ဒါမှ ဗမာတွေ အနိုင်ကျင့်လိုစိတ်တွေပျောက်ကုန်မှာ။

      • kai

        September 30, 2011 at 3:07 pm

        ဝိနည်းက.. ဂေါတမဗုဒ္ဓက. သူ့ဂိုဏ်းထဲဝင်ရင် ဝင်သူတွေလိုက်နာဖို့ သတ်မှတ်ပေးထားတဲ့.. စည်းကမ်းတွေလို့ထင်မိတယ်..။ သံဃာတွေနဲ့ပဲဆိုင်တယ်ပေါ့..။
        ဓမ္မကတော့.. လူသားအားလုံးနဲ့ဆိုင်တာ..

        ဆိုတော့..
        ဓမ္မ..ဘုရားရဲ့နှုတ်ထွက်တရားတွေက.. နှစ်တွေကြာရင်.. လူတွေ..ဘုရင်တွေ..အာဏာရှိသူတွေ.. စိတ်အလိုနဲ့ လိုက်ညှိနေတာမို့.. ဖြည့်တာတွေ..ပြင်တာတွေ.. နှစ်၂၅၀ဝကျော်ခရီးမှာ.. တင်းကြမ်းရှိမယ်တွက်မိတာပဲ..။
        ကောင်းတာတခုက…
        ဝိနည်းက.. လူတွေနဲ့.. သိပ်မဆိုင်တော့.. တော်တော်လေး. .အမှန်ကျန်နေမယ်သေခြာတယ်.။

        ဓမ္မကို.. ဝိနည်းနဲ့.(.တော်တော်များများအပိုင်းတွေမှာ).. ညှိပြိး.. ဘုရားဟောစစ်မစစ်.. မှန်မမှန်တွက်လို့.. ရနိုင်တယ်..။ 🙂

        ထေရဝါဒဗုဒ္ဓဘာသာရဲ့ ဝိနည်းက.. ရှေးက..ဘုရားလက်ထက်ကအတိုင်း.. အရင်းတာ်တော်များများ ကျန်နေဦးမယ်..
        ဝိနည်းက.. ဒီလိုခေတ်မှာ.. မှတ်ကျောက်တိုင်အနေနဲ့ထားလို့..ရနိုင်တာမို့.. တော်တော်လေးအရေးကြီးတယ်ထင်မိပါတယ်..။

    • mggwa

      September 30, 2011 at 2:51 pm

      (ဝိနည်းနှင့် အညီဝတ်ဆင်တဲ့ သင်္ကန်းနှင့် ရဟန်း မြန်မာနိုင်ငံတွင် ရှိနေသေးသောကြောင့် အတန်ငယ်အားတက်မိပါကြောင်း…။။။။။) ဆိုတော့ ယခုခေတ်မြန်မာထေရဝါဒရဟန်းတွေရဲ့ ဝတ်ဆင်မှုဟာ ဘုရားလက်ထက်က ပုံစံအတိုင်းလို့ “ဘီလူးကြီး” ဘယ်လို အာမခံမလဲ။ အားလုံး အတူတူနဲ့ အနူနူပါပဲကွာ။ ” – – “က တစ်မူး မပိုချင်ပါနဲ့ လို့ပြောတော့ mggwa က ဂွကျတယ်ဖြစ်ဦးမယ်။ ဘုရားလက်ထက်ကအတိုင်း ဟုတ်မဟုတ်စူးစမ်းချင်သေးရင် ဖားအောက်တောရဆရာတော်ရဲ့ သင်္ကန်အကြောင်းဟောပြောချက်တွေ နားထောင်ကြည့်ဦး။ တကယ့်ဝိနည်းနှင့် အညီဝတ်ဆင်တဲ့ သင်္ကန်းနှင့် ရဟန်းတွေ့ချင်ရင်တော့ လွန်ခဲ့တဲ့ နှစ် ၂၅၀ဝ ကျော်က ကုလားပြည်ကိုသာပြန်သွားတော့ “ဘီလူးကြီး”ရေ။ မျှမျှတတတွေးမှပေါ့။

      • “ဘီလူးကြီး”ogre

        September 30, 2011 at 6:02 pm

        mggwa ပြောပုံအရဆိုရင်တော့
        ဝိနည်းတော်နှင့်အညီ ချုပ်လုပ်ပါသည် ဆိုတဲ့သင်္ကန်း ဆိုင်တွေလည်းမယုံရတော့ဘူးပေါ့နော်
        ဒါပေမယ့် သံဃာတွေ မှာ .. ဧကသီ /သင်းပိုင်/ဒုက္ကုုတ်/ခါးပန်းကြိုး ..အခြား ကျုပ်မသိတဲ့ အရာတွေရှိနိုင်ပါသေးတယ် ဒါပေမယ့် သူအခေါ်အဝေါ်အတိုင်း ရှိတဲ့ ဝတ်စရာသင်္ကန်းတွေ ကို
        တစ်မျိုးခြင်းခေါ်ရင် တစ်မျိုးခြင်း ချပြလို့ မြန်မာပြည်မှာခုချိန်ထိ ရသေးတယ်နော်
        ပရိတ်က္ခရာ (၈)ပါး တစ်ခုခြင်းချပြလို့ရ သေးတာဟာ ဘုရားရှင်လက်ထက်က အတိုင်း
        ဝတ်မဝတ်ဆိုတာထက် မောင်ရင်ပြောတဲ့ အခြား အခြားဗုဒ္ဓဘာသာဂိုဏ်းတွေမှာ
        ပြလို့ရနိုင်သေးလားဆိုတာနဲ့ နှိုင်းယှဉ်စဉ်းစားသင့်တယ်လို့ယူဆပါတယ်..။။။။

  • unclegyi1974

    September 26, 2011 at 11:17 pm

    ရဲရဲတွေးတာကောင်းပါတယ်
    ဒေဝဒတ်လိုရဲရဲမတွေးမိစေဖို့လိုမယ်ထင်ပါတယ်

    • Nyan Phyo Myint

      November 19, 2011 at 10:12 pm

      အရှင်ဒေဝဒတ် ထက် သာမယ့် ဦးဉာဏပါ။

  • ရာဇဝင်လူဆိုး

    September 30, 2011 at 7:30 pm

    ခက်ကရော သူကြီးရယ် …ကွန်.မန်.တွေကိုဖျက်တယ်…။ ကျူပ်ကတော. စာမှာပါတဲ.အတိုင်း မတူတဲ.အတွေးနဲ.နဲ. ကိုယ်ပိုင်အမြင်ကိုရေးတာပါ..နောက်ဘဝဆိုတာမတွေးပဲ ဒီဘဝကိုပဲတွေးမယ်ဆိုရင် ကျူပ်ဒီလိုပဲလုပ်မှာ…ဖျက်ဗျာ ဖျက်… ကျူပ်တို. မလုပ်နိုင်တဲ. အလုပ်(ဆိုဒ်တစ်ခုထောင်ပြီး အကျိုးပြုနေတယ်ဆိုပြီး) ………မိုက်မိုက်ရိုင်းရိုင်းကွန်မန်.တွေတောင်မဖျက်ပဲထားရင် ….

  • ရာဇဝင်လူဆိုး

    September 30, 2011 at 7:52 pm

    ဆောဒီး သူကြီး.. ပို.စ် ခေါင်းစဉ်မှားဖွင်.မိလို. ညနေက ကျူပ်တို.ကွန်.မန်.တွေ ၅ဝ ကျော်ကို ၂ဝ ကျော်အောင်သူကြီးဖျက်လိုက်တာလားလို. ..တောင်းပန်တယ် သူကြိး ကျူပ်မှားလိူ.။ (ကျူပ်မှားလို.တောင်ပန်ရဲတယ် သူကြိး) မှားတဲ. ခေါင်းစဉ်က မောင်မိုးပြာ၏ဆရာ ဘာကြောင်.ပြာ.. ဆိုတာနဲ… မိုးပြာဆိုသည်မှာ ဒီလိုပါ ..မှားသွားတာ….. ကျူပ်တွေးတာတော. မဲနယ်ဆိုးလို. ဖြစ်ပါသည်လို. ကျူပ်ထင်တယ်… လူတွေကို တကယ်အကျိုးပြုချင်တဲ. လူတွေက စကားတွေနဲ. ဖောင်မဖွဲ..ဘူး။ သူတို. လုပ်နိုင်တာ ၊ လုပ်သင်.တာ ၊ လုပ်ပေးနိုင်တာကို လုပ်သွားကြတာ။ ခုတော. မိုးပြာဖြစ်ဖြစ်၊ ဖိုးကြာဖြစ်ဖြစ် အချိန်ကုန်ခံ ဝါဒလိုက်ဖြန်.နေသလို ထင်တယ် …

  • moegyothwar

    September 30, 2011 at 10:17 pm

    အော်… မိုးပြာရောင် ဝတ်စုံကိုး.. ဘုန်းကြီး က တရုတ်သိုင်းကမလို့လားလို့ပါ။ ကြောင်တောင်တောင်အတွေးနဲ့ ဘာသာရေးခုတုံးလုပ် မျောက်ဇာတ်ခင်းကြဖို့ထင်ပါ့။

  • apulay

    October 1, 2011 at 9:56 am

    ငါးပါးသီလကိုတောင်မှ ဇောက်ထိုးမိုးမြှော် ဖြစ်အောင်လုပ်တဲ့ မိုးပြာတွေရေ အတက်ကြူးရင်ဘီလူးဖြစ်တတ်သတဲ့နော် ။ သတိလေးလဲထားပါဦး ။
    ပြီးတော့ လောကကြီးမှာ လူမိုက်တွေထက် လူယုတ်မာက ပိုကြောက်စရာကောင်းတယ် ။ အဲဒီအထဲ ကမှ ပညာတတ်လူယုတ်မာက ပိုလို့တောင်ကြောက်စရာကောင်းပါတယ် ။ လူတွေကို မဟုတ်တဲ့ အတွေးအခေါ်တွေ တွေးအောင်သင်မပေးပါနဲ့လား ။

    • Nyan Phyo Myint

      November 19, 2011 at 10:14 pm

      သံကို သံဖျက် သံချေးတက်တဲ့ မိုးပြာ

  • Ordinary Man

    December 13, 2011 at 8:05 pm

    မိုးပြာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် လူသားအတွက်အကျိုးရှိမယ်ဆိုရင် အဲဒီအယူအဆကို ကျနော်တို့လေ့လာသင့်တယ် လိုက်နာကျင့်သုံးသင့်တယ်
    ခရစ်ယန်ကပဲပြောပြော မွတ်ဆလင်ကပဲပြောပြောပေါ့
    ဒါပေမယ့်လူသားအတွက်အမှန်တယ် အကျိုးရှိမှာမျိုးဖြစ်ဖို့တော့အရေကြီးတယ်

  • KING

    December 13, 2011 at 9:15 pm

    ကျုပ်ကတော့ ခင်ဗျားတို့လို ဘာမှ သိပ်မပြောတတ်ဘူး
    ပြောတတ်တာကိုတော့ ပြောချင်သလို ပြောလိုက်မယ်
    နားလည်သလို နားလည်ပေါ့ … နားမလည်လဲ မတတ်နိုင်ဘူး
    ကဲ ပြောပြီဗျာ အဲ ရေးပြီဗျာ …
    လူသားဘဝအရေးကြီးဆုံးလိုအပ်ချက် (၂)ခုတော့ ရှိတယ် (ဒီထက်မကလည်း ရှိချင်ရှိအုံးမှာပေါ့)
    သိခြင်း (ဝိဇ္ဇာ) ရယ်၊ အသိပညာရယ်ဆိုပြီး … ကျန်တာ ဆက်တွေးပေ့ါ ခင်ဗျားတို့က ပညာရှိတွေပဲ
    ————————————————————————————————————–
    ဗုဒ္ဓဟောကြားတော်မူသော လူအမျိုး (၄)ပါး ရှိတယ်တဲ့
    လူ့ငရဲသား၊ လူ့တိရစ္ဆာန်၊ လူ့ပြိတ္တာရယ် လူစစ်စစ်ရယ်တဲ့
    လူဆိုတာ အဆိုအကောင်း ခွဲခြားသိပြီး မိမိအပါအဝင် လောကအကျိုး သယ်ပိုးတတ်မှလူတဲ့ဗျ …..
    —————————————————————————————————————
    ကျုပ်ကတော့ ဘာမှမပြောချင်ဘူး
    ရှေးခေတ် ဆရာတော်ကြီးတစ်ပါးရဲ့ ဆုတောင်းလေးပဲ ဖော်ပြပေးလိုက်ပါအုံးမယ်
    တရားမကြိုက် အမှားလိုက် မိဘမိုက်နဲ့ လွဲစေသော်
    ဝိနည်းမကြိုက် အမှားလိုက် ဆရာမိုက်နဲ့ လွဲစေသော်တဲ့
    မိဘကတော့ ရွေးချယ်ပိုင်ခွင့်မရှိဘူးပေါ့ဗျာ … ဒါပေမယ့် ဆရာကတော့ …………………….
    တစ်ခုပြောအုံးမယ်ဗျ
    အမှုသည် သည် ရှေ့နေကို အမှုပုံအပ်ရသည်
    ရောဂါသည် သည် သမားတော်ကို အသက်ပုံအပ်ရသည်
    တပည့်သည် ဆရာကို ဘဝပုံအပ်ရသည်တဲ့ (ဘဝပုံအပ်တယ်ဆိုရာမှာ တစ်ဘဝသာမက သံသရာအထိ ပုံအပ်ရတာနော်) ….. ဥပမာတွေ ဘာတွေလည်း ပြောမနေတော့ပါဘူး ….
    ကဲပါဗျာ ခင်ဗျားတို့ကို နောက်ဆုံးတစ်ခုပဲ ပြောခဲ့ အဲ ရေးခဲ့မယ်ဗျာ
    ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဆိုတဲ့ အဂတိ တရား (၄)ပါး ကင်းကင်းနဲ့ စဉ်းစားကြည့်ပေါ့ဗျာ ခင်ဗျားတို့က ဉာဏ်ပညာ ထက်မြတ်ကြတဲ့သူတွေပဲ … ( ကျုပ်ရေးတာတွေကို မကြိုက်လို့ ပြန်ပြောကြရင်လည်း ပြောကြပေါ့ဗျ… )
    ကျုပ်ကတော့ …………………………………………………………………………………………………….

  • aye.kk

    December 14, 2011 at 7:34 am

    ကျမအဖေကမဟာယာနကိုးကွယ်သူပါ ၊ စူဠာမဏိဘုရားဟာကောင်းကင်မှာသာ ကိန်းဝပ်စံပါယ်လျှက်ရှိနေတာကိုယုံကြည်တဲ့သူပါ ၊ စဠာမဏိဘုရားကိုသာဘဲကိုးကွယ်တဲ့သူပါ ၊ ဗုဒ္ဓဘာသာသာသူတော်စင် အနွယ်ဝင်တွေယုံကြည်မြတ်နိုးမှုနဲ့
    တော့အတော်လေးခြားနားကွဲပြားပါတယ် ၊ မဟာယာနကသဒ္ဓါတရားသက်ဝင်ယုံကြည်မှုအပြည့်အဝ မဟုတ်ပါဘူး ၊ ဘုရားကိုယုံကြည်ပြီးတရားသံဃာ
    နဲ့ကံနှင့်ကံ၏အကျိုးတို ့ကိုမယုံကြည်ပါဘူး၊ ကျမငယ်ငယ်ကရဟန်းသံဃာတွေကိုမြင်လို့ဆွမ်းလောင်းချင်ရင်
    ဘုန်းကြီးဆိုတာ လူလို့ဘဲသတ်မှတ်ထားကာလောင်းလှူမှု မပြုခိုင်းပါဘူး ၊ မဟာယာနကိုးကွယ်တာမှန်ရင်ကောင်းကင်ယံမှာသာ စံပါယ်နေပြီးရှိနေတဲ့စူဠာမဏိဘုရားကလွဲရင်ကျန်
    တွေကိုမယုံကြည်ပါဘူး ၊ ဗုဒ္ဓဘာသာနဲ့သက်ဝင်ယုံကြည်မှုကပြဒါးတစ်လမ်း သံတစ်လမ်းဆိုသလိုကွဲပြားခြားနားသွားပါတယ် ၊ ကျမတို့ကဘုရားကျောင်းထဲကိုဝင်ရောက်သွားလျှင် ဖိနပ်ကိုချွတ်ပေမယ့်၊မဟာယာနယုံကြည်တဲ့အဖေက
    သူတို့တစ်နှစ်တစ်ခါ ဘုရားပင့်ချိန်၊ဘုရားကြွရောက်ခံပူဇော်နေသည့် အချိန်တစ်ခုတည်းသာလျှင်ဖိနပ်ချွတ်တာမြင်ဘူးပါတယ်၊ဘုရားကြွရောက်ချိန် မိန်းမမှန်ကလုံးဝအနားကပ်ခွင့်မရှိရသလို၊ မိန်းမမှန်ကဝါးတစ်ပြန်
    နီးပါးမျှမှာလည်းလာရောက်ခြင်းမရှိစေရပါဘူး၊ သန်းခေါင်ယံတည့်တည့်အချိန်ရောက်မှသာဘုရားကြွရောက်
    အပူဇော်ခံတယ်လို့ယုံကြည်သတ်မှတ်ကြပါတယ်၊ သန်းခေါင်ယံမတိုင်ခင်တစ်နာရီအလိုထဲကဘုရားကြွ
    ရောက်ဖို့ဘုရားပင့်ပါတယ်၊ အဲဒီအချိန်တစ်ခုတည်းသာလျှင်ဖိနပ်ချွတ်ပါတယ်၊အိမ်ပေါ်ထပ်မှာဘုရားခန်း
    ထားရှိပေမယ့်အဖေကဖိနပ်ချွတ်ခြင်း အလျှင်းမရှိလို့ကျမကခဏခဏငိုရပါတယ်၊ ကျမကအမေရဲ့ဗုဒ္ဒဘာ
    သာကိုဘဲယုံကြည်တာမို့ပါ ၊ဘုရားခန်းဖိနပ်စီးလျှင်ဘယ်သူမဆိုအပြစ်ရှိတယ် ခံစားရလို့အဖေဖိနပ်စီးတက်တာတွေ ့ရင်ငိုမိပါတယ်
    အမေကဘုန်းကြီးကျောင်းကို ကျမလူမှန်းသိတတ်စအရွယ်ကတည်းကအမြဲသာလက်ဆွဲလို့ခေါ်ပြီးဗုဒ္ဓ
    ဘာသာကြည်ညိုကိုင်းရှိုင်းသက်ဝင်ယုံကြည်စေခဲ့အောင်ပြုလုပ်ပေးပါတယ် ၊ဖိနပ်မချွတ်တဲ့အဖေကဗုဒ္ဓ
    ဘာသာဘုန်းကြီးေ ကျာင်းတွေကိုဘယ်သောခါမျှသွားရောက်ခြင်းမရှိသလို ၊ အမေချေုာ့မော့ခေါ်လည်း
    မရပါဘူး၊ ကိုးကွယ်မှုတို့မတူညီဘဲကြီးပြင်းလာရတဲ့ ကျမဘဝမှာခံစားချက်တွေမရေးဖွဲ ့နိုင်လောက်ထိ
    အောင်မြောက်များစွာရှိခဲ့ရပါတယ် ၊ အပြာရောင်ကောင်းကင်မှာစံပါယ်ခြင်းရှိနေတဲ့မဟာယာနအယူအဆ
    တွေကို သက်ဝင်ယုံကြည်မှုကိုပြသေ

  • aye.kk

    December 14, 2011 at 8:13 am

    နေတဲ့အပြာရောင်ဝတ်စုံကိုကြည့်ခြင်းအားဖြင့်သိသာလျှက်ရှိပါတယ် ၊အဝါရောင်ဝတ်စုံကမဟာယာနကိုး
    ကွယ်မှုအရသူတို့ရဲ ဘုရားဟာ ပိန္နဲသစ်ခေါက်အရည်ပထမထွက်လာတဲ့ အရောင်ကို ယူကာအဝါရောင်အဖြစ်ဆိုးကာ ဝတ်ဆင်တယ်လို့ယူဆတဲ့အတွက်ကြောင့် သာဖြစ်တယ်လို ့အဖေကပြောပြဘူးပါတယ်..။
    သူကြီးရေ..
    အပေါ်မှာရေးရင်းနဲ့မှားပြီး ကလစ်လိုက်လို ့တစ်ပိုင်းတစ်စဖြစ်သွားတယ် ၊မလုပ်တတ်လို့နောက်တစ်ပိုဒ်ဆက်လိုက်ရတယ်..။

  • ariyathitsa

    April 9, 2012 at 11:02 am

    မဟာယာနဗုဒ္ဓဘာသာ
    ထေရဝါဒဗုဒ္ဓဘာသာ
    တိဗက်လားမားဗုဒ္ဓဘာသာ
    ဇင်ဗုဒ္ဓဘာသာနှင့်
    ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဆိုသည့် ဗုဒ္ဓဘာသာအယူဝါဒကွဲများထဲမှ
    မြတ်စွာဘုရား၏ အရိယသစ္စာကို အဓိကထားဖော်ထုတ်သည့်
    ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ ၏ တရားတော်များကို
    http://www.ariyathitsa.org/ တွင် လေ့လာနိုင်ပါသည်။

  • yan soe

    August 27, 2012 at 8:28 pm

    မိုးပြာက ဘာကြောင့်ပြာသလဲ ဆိုတော့ ငရဲသွား ချင်လို့ ပြာတယ် ပြောရမှာပဲ …

Leave a Reply