အဝေးက………..ကြယ်

kyeyounglinSeptember 25, 20111min972

ညတစ်ညရဲ ့အလှတရားကိုပုံဖော်ပေးနေတဲ ့………ဟိုး…….ကောင်းကင်

ပေါ်က
တစ်လက်လက်တောက်ပနေတဲ ့ကြယ်လေးတွေကိုကြည့်ရင်း…ကျွန်တော်ပြုံးခဲ ့မိတယ်……….
ညရဲ ့အလှတရားဆိုတာ ကြယ်စင်လေးတွေရှိမှပြီးပြည့်စုံတာ…ကြယ်စုံတဲ ့ညဆိုရင်အတိုင်းထက်အလွန်ပေါ့…
ကြယ်ကလေးတွေကသူတို ့ရဲ ့ကိုယ်ပိုင်အလင်းရောင် မှုံပြပြလေးတွေနဲ ့ကြည့်သူတွေကိုကြည်နူးမှုတွေပေးတယ်…
အေးချမ်းမှုတွေပေးတယ်…စိတ်ကူးစိတ်သန်းတွေကိုပေးတယ်…တောနက်ထဲလမ်းပျောက်နေသူကိုလမ်းပြပေးတယ်
ပင်လယ်ပြင်ထဲစမ်းတဝါးဝါးမသွားရအောင်မြေပုံအဖြစ်နေပေးတယ်…ကဗျာဆရာအတွက်ကဗျာပေါင်းများစွာကိုပေးတယ်…
သီးချင်းတွေကိုဖြစ်လာစေတယ်…ပန်ချီဆရာအတွက် လှပတဲ ့စုတ်ချက်ပေါင်းများစွာကိုပေးတယ်…
ခံစားတက်သူတိုင်းအတွက်အရာရာကိုပေးနိုင်စွမ်းရှိတယ်…
သိပ္ပံပညာရှင်တွေအတွက်လေ ့လာမှုပေါင်းများစွာကို  ဖြစ်စေတယ်…ဘာလို ့လဲဆိုတော
့မြေပြင်ပေါ်ကနေကောင်းကင်ကိုမော ့ကြည့်မိတဲ ့အခါ…တလက်လက်တောက်ပနေတဲ ့
ကြယ်ပွင့်လေးတွေကိုအားလုံးစိတ်ဝင်စားကြလို ့ပဲ…
နေရောင်လောက်မတောက်ပပေမဲ ့(အလင်းမရပေမဲ ့)လရောင်လောက်မကျယ်ပြန် ့ပေမဲ ့..
.စိတ်ခံစားမှုပေါင်းစုံကိုတော ့
ပေးစွမ်းနိုင်စွမ်းရှိတယ်လို ့ကျွန်တော်ထင်တယ်…အထီကျန်ဆန်တဲ ့အခါ
ကြယ်လေးများကသင့်ကိုအဖော်ပြုပေးပါလိမ် ့မယ်…သူတို ့ကိုသင်စကားပြောကြည့်ခဲ ့ဖူးပါသလား???
ပြောဖူးသူတိုင်းသိမှာပါ…လူတွေသိသွားရင်တော ့သင့်ကိုရူးတယ်လို ့ပြောချင်ပြောလိမ့်မယ်…
ဒါပေမဲ ့သူကလူတွေထက်နှုတ်လုံတယ်ဗျ……………………
အဲလိုရူးတယ်လို ့ပြောတဲ ့သူတွေကထွက်ပေါက်မရှိပဲပိတ်လှောင်နေတဲ ့သူတွေ…
ကြယ်တွေနဲ ့စကားမပြောနိုင်လောက်အောင် စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ ့သူတွေအများစုဖြစ်နေနိုင်တယ်…
ကြယ်ကလေးတွေကိုပုံဖော်ကြည့်ပါ…သူသတို ့ဟာမပြောင်းလဲပဲအမြဲတမ်းကြယ်စုတစ်စုအဖြစ်ရှိနေလိမ့်မယ်…
ကြယ်လေးတိုင်းမှာနာမည်ရှိတယ်ဗျ…လူတွေလိုပဲပေါ့…ပြီးတော ့သမိုင်းကြောင်းလဲရှိနေတယ်…
နတ်ဒေဝါတွေကလူတွေရဲ ့ရာသီခွင်တွေကိုကောင်းကင်မှာကြယ်စုလေးတွေနဲ ့ပုံဖော်ပေးခဲ ့ကြတယ်…
ကွှန်တော်တို ့နေထိုင်တဲ ့စကြာဝဠာကြီးထဲမှာကြယ်စင်ပေါင်း(2000000)နှစ်သန်းကျော်လောက်ရှိတယ်တဲ ့…
မထူးဆန်းလွန်းဘူးလား…ဒါတောင်နဂါးငွေ ့တန်းလို ့ခေါ်တဲ ့ကြယ်စုတစ်စုထဲမှာပဲရှိနေတာနော်….
စကြာဝဠာကြီးတစ်ခုလုံးသာဆိုဘယ်သူမှမရေမတွက်နိုင်ဘူး…
ဓူဝံကြယ်၊ကြယ်တံခွန်၊ခုနှစ်စဉ်ကြယ်တို ့ကိုလူတိုင်းသိကြမှာပါ…ခွန်စံလောနဲ ့နန်းဦးပြင်ကတော ့ကွှန်တော်တို ့ရဲ ့အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ပေါ့…အခုထိရှမ်းပြည်နယ်ဘက်မှာသူတို ့ရဲ ့အုပ်ဂူတွေရှိနေသေးတယ်လို ့ကျွန်တော်ကြားသိခဲ ့ရတယ်…
ဘယ်လောက်အံဩစရာကောင်းလိုက်လဲလို ့…ဒီလိုပဲအချစ်နတ်သမီးလို ့
တင်စားခေါ်ဝေါတဲ ့venus(သောကြာ)ကြယ်ပေါ့ဒီကြယ်လေးမှာလဲဝမ်းနည်းစရာဇတ်လမ်းလေးတွေရှိနေပြန်ပါသေးတယ်…
ဘယ်သူတွေဘယ်လိုပြောပြောကျွန်တော်အတွက်တော ့ကြယ်လေးတွေဟာစိတ်ခံစားမှုပေါင်းစုံပေးနေတော ့တာပါပဲ………..
ညဆိုရင်ကြယ်လေးတွေနေရာယူတာကိုစောင့်ကြည့်သည်…ပထမဆုံးထွက်သည့်ကြယ်လေးကိုဆုတောင်းသည်..
ကြယ်တွေကြွေကျရင်
စိတ်မကောင်းဖြစ်သည်………….သူတို ့ရွေ ့လျားသွားလာတာကိုကြည့်သည်…….သူတို ့ကိုရင်ဖွင့်သည်……
သူတို ့ကကျွန်တော်ပြောသမျှကိုတစ်လက်လက်နဲ ့စိတ်ဝင်တစားနားထောင်တယ်လေ……..
ပြီးတော ့အတွေးတွေဖြန် ့ကျက်ပြီးကဗျာရေးသည်…သီချင်းရေး
သည်…ဂီတာတီရျွ်သီချင်းဆိုသည်…….အရမ်းကြည်နူးဖို ့ကောင်းလိုက်တာဗျာ………
ကျွန်တော်ကြယ်လေးတွေလိုဖြစ်အောင်ကြိုးစားနေမိတယ်…
ကြယ်ကလေးတွေကသူတို ့ကြွေကျခဲ ့တာတောင်နောက်နေ့ကောင်းကင်မှာပြန်ပြီးနေရာယူနိုင်တယ်လေ………
ကွှန်တော်လဲသူတို ့ကိုကြည့်ပြီး လဲရင်ပြန်ထနိုင်ခဲ ့သည်…………ကျွန်တော့်နာမည်အတိုင်းကြယ်ရောင်လိုလင်းနိုင်ဖို ့………
သူတို ့ကိုအတုယူခဲ ့တယ်………ကျွန်တော့်ပတ်ဝန်းကျင်မှာရှိသမျှလူတွေအတွက်…အကျိုးရှိဖို ့…ပျော်ရွှင်ဖို ့….
သူတို ့ကိုပြုံးပြဖို ့ကျွန်တော်ကြိုးစားနေတယ်……ဒါပေမဲ ့………..ကြယ်ဆိုတာက…….
လူတွေအတွက်နေရာအမျိုးမျိုးကအကျိုးပေးနေပေမဲ ့….
သူကိုယ်တိုင်ကတော ့မီးဝင်းဝင်းတောင်လောက်နေခဲ ့တာမဟုတ်လား……..
သူရဲ ့မှုံပြပြအလင်းရောင်လေးကိုလူသားတွေမြင်နိုင်ဖို ့
ခံစားနိုင်ဖို ့အတွက်…သူကိုယ်တိုင်အလောင်ကျွမ်းခံရင်းစတေးနေခဲ ့တာ………………………………….
တကယ်ပါ………ကျွန်တော်ကြိုးစားနေမိဦးမှာပါ……………….
ကျွန်တော်ကိုယ်တိုင်အလောင်ကျွမ်းခံပြီးလူတစ်ယောက် ကျွန်တော့်ကြောင့်ပြုံးနိုင်ရင်ပဲ……………………………..
ကြယ်တစ်ပွင် ့ရဲ ့နှလုံးသားလို………………………………..
ကျွန်တော်ပျော်ရွှင်နေမိမယ်ဆိုတာကတော ့……………..သိပ်ကိုသေချာပါတယ်
                                                                                              8း05 PM
                                                                                              20.9.11(Tue)
                                                                                              ကြယ်ရောင်လင်း

2 comments

  • mandalarthu

    September 25, 2011 at 9:16 pm

    ”ကျွန်တော်ကြယ်လေးတွေလိုဖြစ်အောင်ကြိုးစားနေမိတယ်…
    ကြယ်ကလေးတွေကသူတို ့ကြွေကျခဲ ့တာတောင်နောက်နေ့ကောင်းကင်မှာပြန်ပြီးနေရာယူနိုင်တယ်လေ…
    ကွှန်တော်လဲသူတို ့ကိုကြည့်ပြီး လဲရင်ပြန်ထနိုင်ခဲ ့သည်”
    သိပ်ကောင်းတဲ. idea လေး ပါဘဲ။
    ကြယ်ကလေးတွေကို အတုယူပြီး ဘဝမှာ အမြဲ ထွန်းလင်းတောက်ပနိူင်ပါစေ။

  • kyeyounglin

    September 25, 2011 at 9:39 pm

    ကျေးဇူးတင်ပါတယ်ခင်ဗျ……………သူငယ်ချင်းလဲဘဝမှာပျော်ရွှင်မှုတွေသာပိုင်ဆိုင်နိုင်ပါစေဗျာ

Leave a Reply