မိုးပြာဆိုသည်မှာ ဒီလိုပါ။

ashinariyaSeptember 25, 20118min152

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀ဝ – ကျော်က ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့သည့် တရားဓမ္မအပေါ် ကာလ၊ ဒေသ၊ အခြေအနေများအလိုက် သဘောပေါက်သိမြင်မှုများ ကွဲပြားလာခဲ့ရာ ယနေ့အခါ ဗုဒ္ဓဘာ သာလောကတွင် မဟာယာနဗုဒ္ဓဘာသာ၊ ထေရဝါဒဗုဒ္ဓ ဘာသာ၊ ဇင်ဗုဒ္ဓဘာသာ၊ တိဗက်လားမား ဗုဒ္ဓဘာ သာနှင့် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ စသော ဗုဒ္ဓဘာသာအယူဝါဒကွဲများစွာ နိုင်ငံ အလိုက်၊ လူမျိုးအလိုက် အသီးသီး ဖြစ်ပေါ်လာကြပါသည်။
အားလုံးသော ဗုဒ္ဓဘာသာဝါဒကွဲတို့သည် ဗုဒ္ဓဘုရားနှင့် ဗုဒ္ဓဟော ကြားတော်မူခဲ့သည့် တရားဓမ္မ များကို မိမိတို့ သဘောပေါက် သိမြင် မှုများအလိုက် ကျင့်သုံး၊ ဟောပြော၊ ပြသနေလျက် ရှိနေကြ ပါသည်။

                      ဗုဒ္ဓ၏တပည့်ရဟန်းသံဃာများသည် ဗုဒ္ဓသတ်မှတ်ခဲ့သော အဆင်းဖျက် သင်္ကန်းအရောင်များကို လည်း ကာလ၊ ဒေသအလိုက်  အဝါ၊ နီညို၊ အပြာ၊ အနက် စသည်ဖြင့် ဆိုးခြယ်၍ 

 

 

 

 

 

 

 

         မြန်မာ၊ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမော္ဘဒီယားစသော ထေရဝါဒရဟန်းတော်များနှင့်  

 

            တိဗက် ရဟန်းတော်တို့သည် အဝါ၊ နီညို စသည့်အရောင် သင်္ကန်းများဝတ်ဆင်ပြီး၊ 

 

 

        တရုတ်မဟာယာန ရဟန်းတော်တို့သည် အဝါရောင်၊ အပြာရောင်သင်္ကန်းတို့ကို ဝတ်ဆင်ကြ ပါသည်။ 

 

 

          ဂျပန် နိုင်ငံ ဇင်ဗုဒ္ဓ ဘာသာ ရဟန်းတော်တို့သည် အပြာရောင်နှင့် အနက်ရောင် သင်္ကန်းတို့ကို ဝတ်ဆင်ကြပြီး  

 

ကိုးရီးယားမဟာယာန ရဟန်းတော်တို့က အပြာရောင်သင်္ကန်းကို ဝတ်ဆင်ကြပါသည်

 

               ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာကံအမြင်ကို ပြန်လည်ဖော်ထုတ်ဟောကြားကြသော မြန်မာနိုင်ငံရှိ ပစ္စုပ္ပန် ကမ္မဝါဒဗုဒ္ဓဘာသာရဟန်း တော်တို့သည်လည်း အပြာရောင်သင်္ကန်းကို ဝတ်ဆင်ခဲ့ကြပါသည်။

              ယခုအခါ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာ မဟာယာနဗုဒ္ဓဘာသာနှင့် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ စသော ဗုဒ္ဓဘာသာဝါဒကွဲများဖြင့် ဗုဒ္ဓသာသနာထွန်းလင်းလျက်ရှိနေပါသည်။ ၎င်းဗုဒ္ဓဘာသာ ဝါဒကွဲများထဲမှ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာက ဝတ်ဆင်သောအပြာရောင်သင်္ကန်းဝတ်ဆင်မှုကို ရည်ညွှန်းပြီး မိုးပြာဟု ဝါဒကွဲများမှ ခေါ်ဆို သမုတ်ကြခြင်းဖြစ်သည်။

 

အဆိုပါ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ (မိုးပြာ) ၏ တရားများကို လေ့လာလိုပါက

(ဗုဒ္ဓဘာသာဝါဒကွဲများနှိုင်းယှဉ်လေ့လာမှုစာတမ်းမှ)



3 comments

  • lionking

    September 26, 2011 at 10:25 am

    မြတ်ဗုဒ္ဓ၏ ဓမ္မကို မိမိတို့ ဆင်ခြင်မိကြသည့်အတိုင်း မြင်မိကြသည့်အတိုင်း ဖော်ထုတ်ဆောင်ရွက် နေကြတာ ဟာ ဘာနှင့်အလားတူမလဲဆိုရင် မိဘဟာ ကိုယ့်မှာ သားသမီး ဘယ်နှစ်ယောက်ရှိရှိ ထိုသားသမီးတွေဟာ ကိုယ့်အလုပ်အကိုင်နဲ့ စားနိုင်သောက်နိုင်နဲ့ ဘဝကို ကျော်ဖြတ်နေကြပြီဆိုလျှင် ကျောင်းဆရာ/မ ဖြစ်ဖြစ် ၊ ဆရာဝန်ကြီးဖြစ်ဖြစ် ၊ စစ်ဗိုလ်ကြီးဖြစ်ဖြစ် ၊ တောင်သူယာလုပ်ဖြစ်ဖြစ် မိဘတွေဝမ်းသာကြမှာ အမှန်ပါပဲ။ ထိုနည်းအတူမြတ်ဗုဒ္ဓလည်း ဝမ်းသာနိုင်လိမ့်မည် ထင်ပါတယ်။ ပုထုဇဉ်လူသားဖြစ်တဲ့ အဖေအမေတွေတောင် ဝမ်းသာနိုင်ရင် အရိယာကြီးကြီးဖြစ်နေတဲ့ ဘုရားက ပိုပြီးတောင်ဝမ်းသာလိမ့်ဦးမယ်။ တို့ဝါဒ ကမှ ဘုရားဝါဒ ကျန်တဲ့ဝါဒတွေက အလကားဝါဒဆိုပြီး အပုတ်ချနေကြမယ်ဆိုရင် ဘုရားဝါဒလည်း အလကား ဝါဒ ဖြစ်ရဖို့ရှိတယ်။ အခုလို မိမိဆင်ခြင်မိတဲ့ တရားဟာ လူသားအတွက်လိုအပ်နေတာဖြစ်တဲ့ အတွက် မိမိတို့မြင်သလို ဂိုဏ်းထောင်တယ်ပြောပြော ဘာပြောပြော ကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ ခံယူမိတာပါပဲ။ အရောင်ဆိုတာကတော့ ကိုယ့်ခံယူချက်နဲ့ကိုလို့ ထင်ပါတယ်။ ဘုရားရောခံယူချက်နဲ့လားလို့မေးရင် အတူတူလို့ ပြောရမှာပါ။ ဘာသာရှင်များ ဝမ်းသာနိုင်ကြပါစေ။

  • mggwa

    September 26, 2011 at 10:27 am

    ဒီလိုဆိုတော့လည်း မိုးပြာဆိုတာ မဟာယာနလို ဗုဒ္ဓဘာသာဝါဒကွဲတစ်ခုပဲပေါ့။ အဲဒီလို ကွဲကွဲပြားပြား ဖြစ်အောင် ရှင်းရှင်းလင်းလင်း တင်ပြလိုက်တော့တည်း ရှင်းသွားတာပါပဲ။ ကျုပ်တို့ မြန်မာတွေက ဗုဒ္ဓဘာသာရဟန်းဆို သင်္ကန်းအရောင် အဝါ၊ အနီ ကိ်ုပဲ လှေနံဓားထစ်မှတ်ထားကြတာ။ သူ့ကာလ၊ ဒေသ၊ အခြေအနေအရ သင့်တော်ရာဝတ်မှာပေါ့။ ဘုရားကခွင့်ပြုထားပြီးသားပဲ။ မြန်မာတွေထဲက အစွဲကြီးတဲ့သူတစ်ချို့က တရားမမြင်ပဲ သင်္ကန်းအရောင်မှာ လမ်းဆုံးနေကြတာကိုး။ အပြာရောင်သင်္ကန်းဝတ်လို့ မိုးပြာလို့ ပြောတာကိုး။ ကောင်းတယ်ဗျာ၊ အပြာရောင်ဆိုတာ ငြိမ်းချမ်းရေး သင်္ကေတအရောင်ပဲ။ လူတွေငြိမ်းချမ်းကြဖို့ အတွက်ပဲလို့ ထင်မိပါတယ်။ ငြိမ်းချမ်းကြဖို့အတွက် ဗုဒ္ဓဘာသာကို ထေရဝါဒတစ်ခုတည်းက အပိုင်သိမ်းချင်လို့ မရတော့ဘူးလို့ ခေတ်က တောင်းဆိုနေတာပါပဲ။

  • Ordinary Man

    September 26, 2011 at 10:43 am

    ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ ဗဟုသုတဖြစ်စရာ၊ လေ့လာစရာတစ်ခုတိုးလာတာလို့ မြင်မိတယ် လူဆိုတာကိုယ်သိထားတာတစ်ခုမာှပဲလမ်းဆုံးနေဖို့မဟုတ်တာကိုတော့ ခံယူရင်းစွဲရှိပါတယ် ကျွန်တော်တို့လူတွေက ကိုယ့်အသိကိုဘောင်ခတ်ထားကြတယ်
    ဘောင်ခတ်ထားရင်တော့ ကျဉ်းမှာပဲ အသိကျဉ်းရင် အသိနည်းပြီး လူလောကအလယ်မှာ မျက်နှာငယ်ရပြီပေါ့
    လူတွေအသိနယ်ပယ်ကျယ်ကြပါစေ

Comments are closed.