အချစ်ဧ။်…..ခွန်အား…

kyeyounglinSeptember 26, 20111min1095

အချစ်ဧ။်…..ခွန်အား…

အစားကောင်းစားရရင် ကိုယ်ချစ်တဲ ့ခင်တဲ ့သူတွေကိုသတိရတယ်တဲ ့…ကိုယ်စားခဲ ့ရတဲ ့အစားကောင်းကိုချစ်တဲ ့သူတွေကိုလဲစားစေချင်ကြတယ်…ဒါကြောင့်ဒီစကားပုံပေါ်ခဲ ့တာပေါ့…
ဒါဆိုရင်…ကိုယ်ပျော်နေတဲ ့အချိန်မှာကိုယ့်ချစ်သူကိုပျော်စေချင်မှာပေါ့…ကိုယ်ချစ်တဲ့သူကို
ကိုယ့်ခံစားမှုတွေမျှဝေပေးချင်ကြတယ်…ဟုတ်ပြီ…ကိုယ်အောင်မြင်တဲ ့အခါချစ်သူရဲ ့ဂုဏ်ပြုစကား
ကိုကြားချင်ကြတယ်…ကိုယ်ရှုံးတဲ ့အခါချစ်သူရဲ ့အားပေးနှစ်သိမ့်မှုကိုလိုလားတောင်းတကြတယ်..
ကိုယ့်ကို သဝန်တိုဖို ့ကိုယ့်ကိုဂရုစိုက်ဖို ့လူတိုင်းမျှော်လင့်မိတတ်ကြတယ်…ဒါဆိုရင်…
ကိုယ်နာကျင်ခံစားနေရတာကိုကော…သူ ့ကိုမျှဝေပေးမလား…ဟင့်အင်း………………..
အဲဒါကျွန်တော့်အတွက်တော့ပြောင်းပြန်အချိုးကျတယ်……………………
ကျွန်တော့်မှာကင်ဆာရောဂါဖြစ်နေပြီဆိုတာသိလိုက်ရတဲ ့အချိန်…ကျွန်တော်စဉ်းစားတယ်…
ဘယ်သူ ့ကိုပြောရမလဲပေါ့…ကျွန်တော်သိပ်ချစ်တဲ ့ကျွန်တော့်ကိုသိပ်ချစ်တဲ ့ကျွန်တော်တို ့
သားသမီးတွေကောင်းစားဖို ့ရေခြားမြေခြားမှာစီးပွားရှာနေတဲ ့မေမေ…ကျွန်တော်ငယ်စဉ်ကတည်းက မိသားစုတစ်ခုလုံးရဲ ့ဖိအားတွေကိုဖြေရှင်းဖို ့တစ်ယောက်ထဲရပ်တည်ခဲ ့ရတဲ ့မေမေ…ကျွန်တော့်အပေါ်မှာမျှော်လင့်ချက်တွေအများကြီးထားခဲ ့တာမေမေ

…ဒါတွေကိုစဉ်းစားမိပြီး…ဘယ်သူ ့ကိုမှမပြောဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်…
တစ်ယောက်ထဲဘယ်သူမှမသိအောင်ကြိတ်မှိတ်ခံစားရင်းဆရာဝန်နဲ ့တိုင်ပင်ပြီး ကြိတ်ပြီးဆေးကုသမှုခံယူခဲ ့တယ်…ကျွန်တော်ရတဲ ့မုန် ့ဖိုးနဲ့ဆိုတော့အခက်အခဲတော့ရှိတာပေါ့…
ကံကောင်းထောက်မစွာနဲ ့ကျွန်တော့်ရောဂါကတစ်ခြားကင်ဆာတွေလိုဆိုးဆိုးရွားရွားနာကျင်မှု
မရှိပဲ…သက်တမ်းလဲပိုကြာကြာနေနိုင်တဲ ့အတွက်ကျွန်တော့်ရောဂါကိုကျေးဇူးတောင်တင်မိသေးတယ်
ဆေးဖိုးအခက်အခဲဖြစ်တဲ ့အခါ…အရမ်းနာကျင်လာတဲ့အခါ….အိမ်နဲ့အဆင်မပြေတဲ ့အခါ
ကျွန်တော်စိတ်ဓါတ်ကျမိတဲ့အချိန်လဲရှိခဲ ့တယ်…တစ်ယောက်ယောက်ကိုအရမ်းရင်ဖွင့်ချင်လာခဲ့
တယ်…ကျွန်တော့်သူငယ်ချင်းတွေကိုပြောပြရင်ကော…အမှန်အတိုင်းပြောရရင်ကျွန်တော်ဘယ်သူ ့ကိုမှမယုံခဲ ့ဘူး…ဘာလို ့လဲဆိုတော ့
ကျွန်တော့်ကိုကျွန်တော်တောင်မယုံကြည်တော့လို့ပဲ…
ဒါနဲ ့ကျွန်တော့်ကိုလဲမမြင်ဘူးတဲ ့အွန်လိုင်းမှာအယုံကြည့်ရဆုံးနဲ ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ ့
ကောင်မလေးတစ်ယောက်ကိုရင်ဖွင့်ဖြစ်ခဲ ့တယ်…သူကလဲနားထောင်ပေးပြီးကျွန်တော့်ကို
နားလည်ပေးခဲ ့တယ်…နောက်ပိုင်းအခက်အခဲနဲ့ကြုံလာတိုင်းသူ ့ကိုအမြဲပြောပြတတ်လာတယ်…
သူနဲ ့ကျွန်တော်ကအွန်လိုင်းမှာသိပ်မတွေ ့ဖြစ်ခဲ ့ပါဘူး…message နဲ ့ပဲဆက်သွယ်ဖြစ်တာများ
တယ်…ကျွန်တော်စောင့်နေရင်သူရောက်မလာတတ်သလို…သူရှိနေပြန်ရင်လဲကျွန်တော်နေမကောင်းလို့မသွားနိုင်ခဲ ့ဘူး…
ဒီလိုနဲ ့တစ်ယောက်နဲ ့တစ်ယောက်သံယောဇဉ်တွေကြီးထွားရင်း………
ကျွန်တော်တို့ကြားကတားထားတဲ ့အဖြူရောင်စည်းကိုကျွန်တော်ဘောင်ကျော်နေမိတယ်ဆိုတာ…
သိလိုက်ရတဲ ့အချိန်ကျွန်တော့်စိတ်ကိုထိန်းချုပ်ဖို ့ဘယ်လိုမှမတတ်နိုင်လောက်အောင်
နောက်ကျသွားခဲ့ပြီ….ဘာလိ်ု ့လဲဆိုတော ့ကျွန်တော်နှလုံးသားကိုသူအပိုင်သိမ်းသွားခဲ ့လို ့လေ…
ကျွန်တော်ချစ်သူကိုနာကျင်မှုတွေဝေမျှမပေးချင်ခဲ ့ပါဘူး…ဒါကြောင့်ကျွန်တော်သူ့ ့ကိုဘယ်တော ့မှဖွင့်မပြောတော ့ဘူးလို ့ဆုံးဖြတ်ခဲ ့တယ်…ကျွန်တော်ကချစ်ဖို့မထိုက်တန်တော့တဲ့လူ
တစ်ယောက်…ချစ်ဖို ့မဖြစ်သင့်တော့တဲ့လူတစ်ယောက်…ကျွန်တော်အသက်ရှင်ဖို ့အစွမ်းကုန်ကြိုး
စားရင်တောင်နှစ်ပိုင်းပဲအသက်ရှင်နိုင်တော့တဲ့လူတစ်ယောက်ဒီလိုလူတစ်ယောက်က………………
တစ်စုံတစ်ယောက်ကိုချစ်တယ်လို့ဖွင့်ပြောပြီးသူ ့အချစ်ကိုတောင်းခံဖို ့သင့်ရဲ ့လား???
ဒီလိုနဲ ့ကျွန်တော်ခံစားချက်ကိုဖုံးကွယ်ရင်း…တစ်နေ ့မှာအကြောင်းကြောင်းကြောင့်မထင်မှတ်ပဲ
ပွင့်ထွက်သွားခဲ ့မိတယ်…ကျွန်တော်တားဆီးဖို ့ကြိုးစားခဲ ့ပေမဲ ့…အချစ်ရဲ ့တွန်းအားတွေကို
ကျွန်တော်မခံနိုင်ခဲ ့ဘူး…သူလဲကျွန်တော့်ကိုချစ်နေတယ်ဆိုတာသိလိုက်ရတဲ ့အချိန်မှာကျွန်တော့်
ပါးပြင်ပေါ်မိုးရွာသလိုမျက်ရည်မိုးတွေလိမ့်ဆင်းလာခဲ့တယ်…ကျွန်တော့်ဘဝမှာဖေဖေ၊မေမေနဲ ့မမအတွက်ကလွဲလို ့ဘယ်သူ ့ကြောင့်မှမငိုကြွေးခဲ ့ဖူးဘူး..တစ်စိမ်းတစ်ယောက်အတွက်ပထမဆုံး
ကျခဲ့တဲ့မျက်ရည်ပေါ့…ကျွန်တော့်ရောဂါ အဖြေထွက်လာတုန်းကတောင် ကျွန်တော်မငိုမိ အောင် ထိန်း  ထားနိုင်ခဲ့တယ်…အဲဒီကတည်းကကျွန်တော်ငိုကျင့်ရသွားတယ်ထင်ပါတယ် ကျွန်တော်သူ့ လက်ကိုတွဲထားမိချိန်မှာ…ကျွန်တော့်အတွက်ခွန်အားတွေရခဲ ့တယ်…
ကျွန်တော့်ပုခုံးက ိုသူမှီထား   တဲ ့အချိန်မှာ..ကျွန်တော်အသက်ရှင်ဖို ့..ကျွန်တော့်ပုခုံးကိုသူထာဝရမှီနိုင်ဖို့ ကိုးစားချင်စိတ်တွေဖြစ်ခဲ ့တယ်…ဒါပေမဲ ့ကျွန်တော်နာကျင်ခံစားနေရတဲ ့ဝေဒနာတွေကိုတော့
သူ ့ကိုမပြောပြဖြစ်တော ့ဘူး…ကျွန်တော်ဘာမှမဖြစ်သလိုနဲ ့သူနဲ ့တွေ ့တဲ ့အခါတိုင်းကျွန်တော်
သေလောက်အောင်နာကျင်နေရင်တောင်..ကြိတ်မှိတ်ဟန်ဆောင်ခဲ ့တယ်…အားယူပြုံးပြတတ်ခဲ ့တယ်…ဘာလို ့လဲဆိုတော ့ကျွန်တော့်ချစ်သူကိုနာကျင်မှုတွေဝေမျှမပေးချင်ခဲ ့လို ့ပါ…ဒါကိုသူက
ဘယ်လိုတွေးသလဲဆိုတာတော့ကျွန်တော်မတွေးမိခဲ ့ဘူး…ဘယ်သူမဆို…ကိုယ်ချစ်တဲ ့သူကို
နာကျင်စရာတွေပေးချင်မှာလဲ…ပျော်ရွှင်မှုတွေနဲ ့ဂရုစိုက်မှုတွေ…ကြင်နာခြင်းတွေကိုသာပေးချင်
မှာပေါ့…ဒါကြောင့်သူနဲ ့လမ်းခွဲဖို ့အကြိမ်ကြိမ်ကြိုးစားခဲ ့တယ်…ကျွန်တော့်ကြောင့်သူခံစားရမှာ
တွေးမိတိုင်း..ကျွန်တော်မျက်ရည်ကျခဲ့မိတယ်…သူ ့လက်ကိုကျွန်တော်ထာဝရဆုပ်ကိုင်ထားချင်
ပေမဲ ့ကျွန်တော့်မှာအခွင့်အရေးမရှိဘူးဆိုတာ ကျွန်တော်သိတယ်… ကျွန်တော်တို ့ချစ်သူတွေဖြစ်
ခဲ ့လို ့ ကျွန်တော်ဘယ်တုန်းကမှနောင်တမရခဲ ့ဖူးဘူး…ဒါပေမဲ ့သူအတွက်တော ့ ကျွန်တော်
နောင်တရမိတယ်… ကျွန်တော့်လိုလူတစ်ယောက်ကိုချစ်ခဲ ့လို ့သူ ့အတွက်နာကျင်စရာတွေသာရ
နိုင်လို ့လေ…ဒါကြောင့်မျက်စိမှိတ်ပြီး ကျွန်တော်သူနဲ ့လမ်းခွဲခဲ ့တယ်…ဒါပေမဲ ့သူ ့မျက်ရည်…
သူခံစားနေရတာကိုကြည့်ပြီးကျွန်တော်ပြိုလဲခဲ ့တာပါပဲ… ကျွန်တော်ခံစားရတဲ ့ဝေဒနာကို ကျွန်တော်ခံစားနိုင်ပေမဲ ့ ကျွန်တော့်လိုသာသူခံစားရရင်သူ ့မှာခံနိုင်ရည်ရှိမှာမဟုတ်ဘူးဆိုတာ
ကျွန်တော်သိနေတယ်…အသည်းကွဲတာကင်ဆာရောဂါထက်ဆိုုးတယ်…ဒါကြောင့်လဲ………………
ကိုဟန်ထူးလွင်(ကျားပေါက်)ကင်ဆာဆိုတဲ ့သီချင်းမှာအသည်းကွဲတာကိုနှလုံးသားမှာကင်ဆာဖြစ်
နေသလိုတင်စားပြီးရေးခဲ ့တာပေါ့…
အံဩလောက်အောင်ပဲဗျာ…အချစ်မှာခွန်အားတွေအပြည့်ရှိနေခဲ ့တယ်…..
ကျွန်တော်ထက်တောင် ကျွန်တော်ချစ်သူမှာ ကျွန်တော်ထင်မထားခဲ ့တဲ ့သတ္တိတွေအပြည့်ရှိနေခဲ ့တယ်….ကျွန်တော့်ကိုချစ်သူရဲ ့ကြယ်လို ့တင်စားပြီးကောင်းကင်ပေါ်ကကြယ်တစ်ပွင့်ကို 
ကျွန်တော်အတွက်သူသတ်မှတ်ပေးခဲ့တယ်… ကျွန်တော်ကိုယ်ကျွန်တော်တောင်ကြယ်တစ်ပွင့်လို ့
မသတ်မှတ်ခဲ ့ဖူးဘူး…ကျွန်တော်အတွက်အမြဲဂရုစိုက်ပေးပြီးသူ ့အချစ်တွေကိုမငြိုမငြင်သူပေးခဲ့
တယ်… ကျွန်တော်တကယ်ပျော်ပါတယ်… ကျွန်တော်မှာဘာမှမရှိတော့ရင်တောင်သူ ့အချစ်တွေ
ရှိနေရင် ကျွန်တော်ရှင်သန်ဖို ့ကြိုးစားနေမိမှာပါ…သူသာရှိမနေခဲ့ဘူးဆိုရင်ဒီအချိန်မှာ ကျွန်တော်ဒီစာကိုရေးနေနိုင်မှာမဟုတ်တော ့ဘူးဆိုတာ ကျွန်တော်သိနေတယ်…
သူကျွန်တော့်ကိုချစ်ဖို ့..ကျွန်တော်နဲ ့လက်တွဲဖို ့သူ ့မှာသတ္တိတွေအပြည့်ရှိနေတဲ ့အတွက်…
ကျွန်တော်သူ ့ကိုချီးကျူးမိတယ်…ကျွန်တော့်သူ ့ကိုပိုပိုပြီးချစ်မိတယ်…လေးစားတယ်…
တန်ဖိုးထားတယ်…သိက္ခာရှိရှိနေတတ်တဲ ့မိန်းကလေးတစ်ယောက်ကအချစ်တစ်ခုထဲကိုကြည့်ပြီး
ဘာကိုမှမကြောက်ပဲရင်ဆိုင်မယ်ဆိုတော ့…ယောက်ျားလေးဖြစ်တဲ့ကျွန်တော်တောင်သိမ်ငယ်စိတ်
ဝင်မိတယ်……….ဘာလို ့လဲဆိုတော့ကျွန်တော့်ချစ်သူကိုတစ်ယောက်ထဲထားခဲ ့ဖို ့ကျွန်တော်…….
သတ္တိမရှိလို ့ပဲ…ကျွန်တော်ကြောင့်သူ ့ဘဝတက်လမ်းကိုကျွန်တော်တားဆီးသလိုဖြစ်မှာ…နစ်မွန်း
မှာကို…ကျွန်တော်ကြောက်နေခဲ့တယ်…ဟုတ်တယ်..ကျွန်တော်ကြောက်တယ်…ကျွန်တော်နဲ ့လက်တွဲလို ့သူအတွက်နစ်နာဆုံးရှုံးမှာကိုတွေးပြီးကြောက်သလို…သူမရှိဘဲနဲ ့ကျွန်တော်အသက်
ရှင်ဖို ့ကိုလဲကြောက်တယ်….ကျွန်တော်သူ ့အနားမှာရှိနေတာ…တရားရဲ ့လားလို ့အမြဲတွေးခဲ ့မိတယ်……….ကျွန်တော်အတ္တကြီးသလိုများဖြစ်နေမလား…………သူကတော့
အဲလိုမတွေးဖို ့အမြဲပြောခဲ ့တယ်…အားမငယ်ဖို ့…နာကျင်ခံစားရသမျှသူ ့ကိုပြောပြဖို ့…
သူနဲ့သတ္တိရှိရှိရင်ဆိုင်ဖို ့ပေါ့……….သူမေ ့နေလို ့ဖြစ်ပါလိမ့်မယ်…ကျွန်တော်နေမကောင်းတဲ ့အခါ
သူရောနေကောင်းရဲ ့လားလို ့တွေးမိပြီး…သူနာကျင်မခံစားရဖို ့ဆုတောင်းရင်းကျွန်တော့်ရောဂါကို
တောင်မေ့မေ့သွားတတ်လို ့……….ဒီအချိန်မှာကျွန်တော်…………………………………………………..
ဝိဉာဉ်အဖြစ်သူ ့အနားမှာအရိပ်တစ်ခုလိုရှိနေခဲ ့တာဆိုတာလေ………………။          ။

 

6:55(PM)

20.9.11(tue)

       Kyeyounglin

 

 

 

 

 

5 comments

  • နီလေး

    September 26, 2011 at 2:40 pm

    အတုံးလေးတွေပဲပေါ်နေတယ် ဘာမှလဲမမြင်ရဘူး

  • နွယ်ပင်

    September 26, 2011 at 2:48 pm

    ဇာတ်လမ်းလေးက ဖတ်လို့ကောင်းပင်မယ့် စာတွေက ကျော်နေတော့ ဖတ်ရတာ အဆင်မပြေဘူးပဲ
    စာရိုက်ရင် စာစုလေးတစ်ခုပြီးတိုင်း space bar လေးနှိပ်ပြီး ရိုက်ပါလား ……

  • windtalker

    September 26, 2011 at 6:46 pm

    ကျွန်တော့် ကို
    သနားလို ့တဲ့
    ခေါင်းပေါ်ပျံသွားတဲ့
    ကျီးကန်း က
    အီးပါချလိုက်တယ်
    ဒါနဲ ့ဂွတ်လပ် ဆိုပြီး
    ထီသွားထိုးတော့
    ၁၀၀ဝဆုပေါက်
    မော်ဒယ်၃ယောက်ရောက်နဲ ့အတူ
    ဆုငွေလေးတွေ အငွေ ့ပျံ သွား
    အား…..ရာ ရား

  • whitestar

    September 27, 2011 at 9:27 am

    ဟုတ်တယ်နော်
    စာတင်ထားတာ သေချာတင်စေချင်တယ်
    ဖတ်ကတာကမောက်ကမနဲ့
    ဒီကြားထဲကြော်ငြာ ပုံတွေအတွက်
    နေရာက ပေးရသေးတယ် 🙂
    နောက်ဆို သေသေချာချာ လေး
    တင်ပေးပါ

  • kyeyounglin

    September 30, 2011 at 10:28 pm

    ဟုတ်ကဲ ့ပါခင်ဗျာ………ကျွန်တော်လဲ ဖြတ်ချတာပဲ………
    ဒါပေမဲ ့..အဲလိုပဲဖြစ်သွားလို ့ပါ…….ဒီတစ်ပုဒ်တော ့သည်းခံပေးပါခင်ဗျာ
    နောက်မဖြစ်အောင်ဂရုစိုက်ပါ့မယ်…………..
    ကျေးဇူးတင်ပါတယ်ခင်ဗျာ……………….

Leave a Reply