ဦးတေဇကcapt:မောင်မောင်သန်အားဘာပေးခဲ.လဲ

presenterkaungkinSeptember 26, 20111min8923

ယနေ.ြ ပည်တွင်းသတင်းစာများ ၏ဖော်ပြချက်အရ ဦးတေဇနှင် .အတူဒုက္ခရောက်ခဲ.သော capt: မောင်မောင်သန်းပြန်ရောက်လာပြီဟုသိရသည်။ ကချင်ပြည်နယ်တွင် hotel ဖွင်.ရန်သွားရင်း ပူတာအိုဒေသရှိအမြင်.ပေ၁၅၅၁၁ဝရှိသော မဒွယ်တောင် နတ်ရေကန်အနီး အမြင်.ပေ၁၃၅၀ဝတွင်  htoo group of companies ပိုင် EC130(B4) လေယဉ်ပျက်ကျခဲ.ရာ ဦးတေဇပါ ပါသွားခဲ.သည်။ ထိုခရီးစဉ်တွင်ပါဝင်သူတစ်ဦးဖြစ်ခဲ.သည်. capt: မောင်မောင်သန်းစင်ကာပူနိုင်ငံ raffles hospital တွင်ဆေးကုသမှု ခံယူခဲ.ပြီး စက်တင်ဘာ၂၅ ရက်နေ.ကပြန်လာခဲ.သည်။ capt: မောင်မောင်သန်းသည်နှင်းကိုက်ရောဂါကြောင်.ဘယ်ဘက်ဒူးအောက်မု၎င်း ၊ ညာဘက်ခြေချင်းဝတ်ရှေ.အား ၎င်း ဖြတ်တောက်ခဲ. ရသည်။           capt: မောင်မောင်သန်းအား ဦးတေဇ မှထောက်ပံ.ပေးမှုအဖြစ် တစ်လလျင်အမေရီကန်ဒေါ်လာ၁၀၀ဝ ၊သားသမီးမျာ အတွက်ပညာသင်စရိတ်၊ ကားတစ်စီး နှင်. မြေညီထပ်တိုက်ခန်းတစ်ခန်း သို.မဟုတ် ဓာတ်လှေကားပါသော တိုက်ခန်းတစ်ခန်းပေးခဲ. သည်ဟုသိရသည်။ ထိုအရာဟာ capt: မောင်မောင်သန်းအတွက် လုံလောက်မည် ဟုထင်ပါသလား။

23 comments

  • koyinmaung

    September 26, 2011 at 12:36 pm

    အို…….နှစ်ဖက်စလုံးဖြတ်လိုက်ရတာလား
    စိတ်မကောင်းစရာပါဘဲ…..
    လုံလောက်တယ်မလုံလောက်ဘူးဆိုတာ
    မောင်မောင်သန်းနဲ့ဘဲဆိုင်ပါတယ်….
    ဒို့ကဘာပြောလို့ရမှာလဲ……

  • lone

    September 26, 2011 at 1:24 pm

    ဘာပဲပြောပြော ဦးမောင်မောင်သန်းအတွက်တော့ စိတ်မကောင်းစရာပါပဲ….. ခြေထောက်အတု လုပ်ခိုင်းပေါ့….. လုံလောက်တာမလုံလောက်တာကတော့ အရင်ကဦးမောင်မောင်သန်း လုပ်အားခ ရသလောက် ထောက်ပံ့ပေးနိုင်ရင်တော့…ဦးမောင်မောင်သန်းအတွက် လုံလောက်နိုင်မှာပေါ့နော်…ဒါကတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိမှာပေါ့နော်… အဲဒါပေါ့နော်…….. 🙂

  • Foreign Resident

    September 26, 2011 at 1:38 pm

    capt: မောင်မောင်သန်းအား ဦးတေဇ မှထောက်ပံ.ပေးမှုအဖြစ်
    – တစ်လလျင်အမေရီကန်ဒေါ်လာ၁၀၀ဝ ၊
    – သားသမီးမျာ အတွက်ပညာသင်စရိတ်၊
    – ကားတစ်စီး နှင်.
    – မြေညီထပ်တိုက်ခန်းတစ်ခန်း သို.မဟုတ် ဓာတ်လှေကားပါသော တိုက်ခန်းတစ်ခန်းပေးခဲ. သည်

    I don’t know, it is sufficient or not.
    My own opinion,
    “ဦးတေဇ” is a very good boss for his staff (capt: မောင်မောင်သန်း)

    Have you ever seen any boss paid like it ???

    Good Job ( “ဦးတေဇ” ).

  • ပေစုတ်စုတ်

    September 26, 2011 at 1:47 pm

    တစ်ရက်ဝင်ငွေ တစ်ထောင်နှစ်ထောင်နဲ ့ တစ်မိသားစုလုံးပြေလည်အောင် ဝမ်းရေးဖြေရှင်းနေရတဲ့… မိသားစုတွေ မြန်မာတစ်နိုင်ငံလုံးပုံလို ့ဗျ… ဒုက္ခရောက်တဲ့လူအတွက်မစာနာလို ့တော့မဟုတ်ပါဘူး.. ဒါပေမဲ့ ဝင်ငွေကိုဒေါ်လာနဲ့ပြောပြီး.. တိုက်ခန်းနဲ့ ကားနဲ့ဆိုရင် အခြေအနေက စာဖွဲ ့လောက်စရာမဟုတ်ဘူးထင်ပါတယ်….
    (လုံလောက်မည်ဟု ထင်ပါသလား.. ဆိုတဲ့မေးခွန်းနောက်မှာတွေးစရာတွေပါလာလို့ပါ..)

  • chityimhtoo

    September 26, 2011 at 3:08 pm

    လုံလောက်လောက်၊မလုံလောက်လောက် ကိုယ်နဲ့ဘာဆိုင်တာမှတ်လို့။လိုင်းမကောင်းတဲ့ကြားထဲကသတင်းထူးလားလို့ဖတ်လိုက်ပါတယ်…ဟွင့်ဟွင့်

  • etone

    September 26, 2011 at 3:25 pm

    တန်မတန်ဆိုတာက ပေးတဲ့ လူနဲ့ လက်ခံရရှိတဲ့ လူပေါ်ပဲ မူတည်ပါတယ် … သူတို့ အချင်းချင်းကြားနားလည်မှူရှိလျှင် ပိုကောင်းပါတယ် … ။
    ပေါ်တင် မပေါ်ပဲ … နည်းနည်းပါးပါးသတင်းလွှင့်ပြီး နောက်ကွယ်က ပေးလျှင်ရော ဘယ်သူသိမှာ မို့လဲနော် .. ။

  • လင်းဝေကျော်

    September 26, 2011 at 4:05 pm

    တေဇ တောင် ဦး တပ်ပြီးခေါ်နေကြပါပေါ့လား

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 26, 2011 at 4:31 pm

    သူတို့တွေ ဘယ်လို စာဗိုက်ဖြစ်ခဲ့တယ်ဆိုတာ သိခြင်ဇမ်းဘာဘိဒေါ့
    မိန်းကလေးတစ်ယောက်လည်းပါတယ်ဆိုလား
    ဆိုးဝါးတဲ့ရာသီဥတုမှာ
    အစာရယ်
    အထူးသဖြင့် အအေးဒဏ်ကို ဘယ်လို ကာကွယ်ခဲ့ကြတယ်

  • ရွှေဘိုသား

    September 26, 2011 at 4:34 pm

    ဘာပဲပြောပြော ပေးတာကိုပဲ ကျေးဇူးတင်ရအုံးမှာဗျ
    ဒီမှာက အလုပ်သမား ဥပဒေမှ မကျင်.သုံးတာ

  • cobra

    September 26, 2011 at 6:06 pm

    ကျွန်တော်ရတာမှမဟုတ်တာ။
    လုံလောက်တာမလုံလောက်တာသူ့အပိုင်းပါလေ။
    ခြေထောက်ဖြတ်လိုက်ရတာတော့စိတ်မကောင်းပါဘူး။

  • windtalker

    September 26, 2011 at 6:18 pm

    ကဲဗျာ
    တန်တာ မတန်တာ အပထားလို ့
    ကိုယ့်အလုပ်ရှင် ရဲ ့
    မျက်နှာလွှဲ ခဲပစ်ခြင်း ကို မခံရပဲ
    ကားရယ် ၊ ကွန်ဒို ဖြစ်မယ် ထင်ရတဲ့ တိုက်ခန်း ရယ်
    ကလေး ကျောင်းစရိတ် ရယ်
    လစဉ်ဒေါ်လာတစ်ထောင်ရယ် ဆိုတော့
    ယေဘုယျ အားဖြင့်
    ကောင်းသော အလုပ်ရှင် တစ်ယောက် လို ့
    မှတ်ချက်ချက်လိုက်ပါတယ် ဗျာ ( ယေဘုယျ အားဖြင့် )

  • three colors

    September 26, 2011 at 7:05 pm

    ဂရုတောင်မစိုက် တတ်တဲ့ ဘော့စ်တွေရှိတာ ဒါ မဆိုး ဘူးလို့ခေါ် ်ရမှာပေါ့။

  • nature

    September 26, 2011 at 8:20 pm

    ခြေထောက်နှစ်ဘက်စလုံးဖြတ်ပစ်လိုက်ရတယ်ဆိုတာကတော့ အင်မတန်ဝမ်းနဲစရာပါ။
    -အဲဒီကိုသွားစဉ်က ကပ္ပတိန် မောင်မောင်သန်းဟာ သူ့ဝန်ထမ်းအနေနဲ့လိုက်သွားတာလား ။ အခကြေးငွေနဲ့ အငှားလိုက်သွားတာလား။ By force နဲ့လိုက်သွားတာလား။
    -ခြေထောက်ကောင်းစဉ် အလုပ်လုပ်စဉ်က လစာဝင်ငွေ ဘယ်လောက်ရပါသလဲ။ သူ့မှာမိသားစုဝင် ဘယ်နှစ်ယောက်ရှိပါလဲ။
    – ဦးတေဇဟာ ထောက်ပံ့မှုတွေကို မသေမချင်းပေးမှာလား။ ဒါမှမဟုတ် ဘယ်နှစ်လ ဘယ်နှစ် နှစ်ပေးမှာလဲ။
    -ဒီနှုန်းက နဲတယ်ဆိုရင် ဘယ်လောက်ဖြစ်သင့်တယ်လို့ယူဆပါသလဲ။
    ကျနော့်အမြင်ပြောရရင် ဒေါ်လာ ၁၀၀ဝပေးတာထက် ဒေါ်လာ ၅၀၀+ မြန်မာငွေ ၅သိန်းပေးတာ ပိုကောင်းမယ်ထင်ပါတယ်။ ဒါမှသာ ငွေကြေးနှုန်းထားတွေ သိပ်ပြောင်းလဲမှုဖြစ်ရင် ခံသာမယ်ထင်တယ်။ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဒီလိုဖြစ်သွားတဲ့ မိသားစု အတွက် လစာအပြင်သိန်း ၂၀-၃ဝ လောက်အပို ထောက်ပံ့နိုင်ရင်ပိုကောင်းမယ်ထင်ပါတယ်။
    ဒီထောက်ပံ့မှုကတော့ သိပ်မဆိုးဘူးတော့ ကျွန်တော်ထင်ပါတယ်။ကပ္ပတိန်ရဲ့ ကလေးတွေ ကို စီးပွားရှာပြီး ကိုယ်ခြေထောက်ပေါ်ကိုရပ်နိုင်တဲ့အထိ ထောက်ပံ့ပေးစေချင်ပါတယ်။

  • a

    September 26, 2011 at 9:06 pm

    ကာယကံရှင်ကျေနပ်ရင်ပြီးတာပါပဲဗျာ

  • အာရက္ခ မြေသား

    September 26, 2011 at 10:36 pm

    ဦးတေဇ လိုလုပ်ငန်းရှင်မျိုးကတော့ရှာမရှားပါလား။တော်လိုက်တာ။

  • unclegyi1974

    September 26, 2011 at 11:08 pm

    သတင်းစဖြစ်တုန်းကရဟတ်ယဉ်ပျက်ကျတာမဟုတ်ပါဖူးတဲ့
    သတင်းမှာဖေါ်ပြတာပါ
    အခုတော့ရဟတ်ယဉ်ပျက်ကျတာပါတဲ့သတင်းမှာဖေါ်ပြတာပါပဲ
    နားကိုမလည်တော့ဖူး
    ပေးလိုက်တဲ့စကေးတွေကမြန်မာစံနဲ့ဆိုမနည်းဖူးလို့ထင်ပါတယ်
    အနောက်နိုင်ငံစံနဲ့မတွက်နဲ့လေ
    မြန်မာမှာအလုပ်သမားဥပဒေပြောနေဥပဒေအတိုင်းဆိုမောင်မောင်သန်း
    ဒီလောက်ဘယ်ရမလဲ

  • ငရဲသား

    September 26, 2011 at 11:19 pm

    အပြီးအစီး အလွန်ဆုံး ဆယ်သိန်းပေါ့ဗျာ ၊ ခုတော့ မဆိုးဘူးထင်တာပါပဲ။

  • a

    September 26, 2011 at 11:19 pm

    ဦးတေဇ ကျမ်းမာချမ်းသာပါစေ ဗျာ

  • ကြောင်ကြီး

    September 27, 2011 at 8:17 am

    သင့်တင်မျှတတယ်လို့ ပြောနိုင်ပါလိမ့်မယ်။ တခုရှိတာ ဘယ်လိုပုံစံနဲ့ပေးမှာလဲ၊ တရားဝင် စာချုပ်စာတမ်း ကတိကဝတ်နဲ့ရပိုင်ခွင့်တခုလို ရေရှည်ဖြစ်ဖို့လိုတယ်။ အကြံပြုချင်တာ ခြေထောက်ပြတ်သွားတဲ့ ကပ္ပတိန်ကို သူဆန္ဒရှိရင် သက်ဆိုင်တဲ့ ရုံးအလုပ်ပေးလုပ်သင့်တယ်။ ကတိပေးထားတဲ့ လျော်ကြေးခံစားခွင့်အပြင် လစာနဲ့ပေးတဲ့ အလုပ်မျိုးကိုပြောတာ။ သူ့အတွက် နေရာတနေရာ ရှိသေးတယ်၊ လောကအတွက် အသုံးကျသေးတယ် ဆိုတဲ့သဘောပါ။ ကွန်ပြူတာနဲ့ အုပ်ချုပ်မှုဆိုင်ရာ ရုံးအလုပ်တွေကို မွမ်းမံသင်တန်းပေး၊ ပြီးတော့ လေကြောင်းလိုင်းရုံးအဖွဲ့မှာ ပြန်သုံး၊ ဝှီးချဲနဲ့ ရုံးလာတက်မယ်ဆိုရင် ဖြစ်နိုင်မယ်ထင်တယ်။ ကာယကံရှင်က နားချင်ပြီဆိုရင် တမျိုးပေါ့။ နာမည်ပျက်နေတဲ့ ဦးတေဇအတွက်လည်း လူထုဆက်ဆံရေး အကျိုးအမြတ်ထွက်မယ်။
    ကိုယ့်အမှုထမ်းတဦး ဒုက္ခရောက်ချိန်မှာ မျက်နှာလွှဲခဲပစ် မလုပ်လို့ သာဓုတကြိမ်ခေါ်ပါတယ်။ လေယာဉ်မှူး ဖြစ်လို့၊ ကိုယ်နဲ့နီးစပ်လို့၊ စစ်တပ်အသိုင်းအဝန်းကလာလို့ မဟုတ်ဘဲ ကုမ္မဏီဝန်ထမ်းများအားလုံးအတွက် အခုလို ထိုက်တန်တဲ့ လျော်ကြေးပေးမှု တာဝန်ခံမှု အစီးအစဉ်ရှိရင် သာဓုသုံးကြိမ် ခေါ်ပါ့မယ်။

  • moethidasoe

    September 27, 2011 at 2:49 pm

    လစဉ် ဒေါ်လာ ၁၀၀ဝ (လက်ရှိဈေး ၈ သိန်း) + သားသမီး ပညာသင်စရိတ် လစဉ် (ခန့်မှန်း ၄ သိန်း) ပေါင်း ၁၂ သိန်း
    ကားတစီး (လက်ရှိ သိန်း ၁၀၀) + ကွန်ဒို ခန်း (လက်ရှိ သိန်း ၅၀၀) ပေါင်း သိန်း ၆၀၀
    အစိုးရနှုန်းထား အသက် မသေ ဒူးအောက်ဖြတ် တသိန်း အထက် ၂ သိန်း အသက်သေ ၅ သိန်း
    ဒီလို တွက်ရင် တန်ပါတယ် ..
    အဲပုဂံမှာ ကွင်းတွင်း အလုပ်ပြန်ပေးရင် လစာ ထပ်ပေးရင် အသုံးလဲ ကျမယ် .. ပိုပြီးလဲ တင့်တယ်မယ်ပေါ့

  • Thanlwinoo

    September 27, 2011 at 3:28 pm

    မြန်မာနိုင်ငံမှာတော့ သူများတွေ မပေးနိုင်လောက်တဲ့ လျော်ကြေးပါ..။
    ပေးသူကလည်း ပေးပျော်၊ ရသူကလည်း ရပျော်ပေါ့..။
    ဒါပေမယ့် မြန်မာအိမ်တွေမှာ ဧည့်ခန်းဆက်တီတစ်စုံကို ၅သိန်း ၁ဝသိန်းလောက်ပေးပြီး ဝယ်သုံးရမဲ့အခက်အခဲဖြစ်အောင်၊ သစ်သားအိမ်ကောင်းကောင်း မဆောက်နိုင်လောက်အောင်
    သစ်လုံးတွေ အမြောက်အများ နိုင်ငံခြားကိုမပို့ရင် ဦးတေဇကို ချီးကျူးရမှာပါ..။

  • kolulay

    September 27, 2011 at 3:53 pm

    မြန်မာနိုင်ငံမှာ ဒီလိုမျိုး နစ်နာကြေးမျိုးပေးတယ်ဆိုတော့ သာဓုခေါ်ထိုက်ပါတယ်။
    အဲ့လိုမှ မဟုတ်ပဲ နစ်နာကြေးကိုလည်း ပေးပြီး captainမောင်မောင်သန်းကို လည်း သူလုပ်နိုင်မယ့် အလုပ် ကို ပေးလုပ်စေမယ်ဆိုရင်ပိုကောင်းမှာပေါ့ဗျာ။ သူတတ်ထားတဲ့ ပညာလည်း အလကားမဖြစ်တော့ဘူး၊ သူလည်း စိတ်ပြေတာပေါ့ဗျာ။
    ဘာပဲပြောပြော ဦးတေဇ ကိုတော့ ဒီတစ်ခါ ချီးကျူးပါတယ်။

  • Father

    September 28, 2011 at 8:10 am

    သိပ်လောက်တာပေါ့ ဆရာဝန်တွေတောင်အဲလောက်မရဘူး
    အိမ်တို ့ကားတို ့ဆိုတာဝေးစွ

Leave a Reply