ဇာတ်လမ်းရဲ့အစ
ကောင်မလေးရဲ့ နာမည်က ကြယ်ဖြူ အသက်က (20) စွန်းစွန်း ပုံစံလေးက အခုခေတ် ကောင်မလေး တွေရဲ့ ပုံစံအပြည့် ၊
သွက်သွက်လက်လက် စကားပြောဟန်လေး နဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်လေးနဲ့ ဝတ်တက်စားတက်ဆိုတော့ ကောင်လေးတွေကြားမှာ ပေါ်ပြူလာဖြစ်နေသူတစ်ယောက်ပေါ့ ။
နောက်တစ်ခု ကြယ်ဖြူရဲ့ ထူးခြားချက်က ရည်းစားတွေ ထည်လဲတွဲတက်တာပေါ့ ။ ကြယ်ဖြူက
ရည်းစားများသလောက် အပြောလဲကောင်းတဲ့အတွက် သူ့ရဲ့ရည်းစားတွေအများကြီးက သူမပွေရှုပ်တဲ့
အကြောင်းကို ဘယ်သူမှမသိကြဘူး ။ ဒီအထဲ့မှ ကြယ်ဖြူ သံယောဇဉ်အ၇ှိဆုံးတစ်ယောက်က လင်းနေ ။
ဒီကောင်လေးကလဲ ခေသူတော့ မဟုတ်ဘူး ကောင်မလေးတွေ ကြွေလောက်တဲ့ ရုပ်ရည်အပြောအဆိုနဲ့ ငွေကြေးကလည်း ပြည့်စုံဆိုတော့ ပေါ်ပြူလာဖြစ်သူ ကောင်လေးတစ်ယောက်ပေါ့ ။
ကြယ်ဖြူက သူမရဲ့ရည်းစားတွေ အများကြီးထဲကမှ လင်းနေကို ဘာကြောင့်သံယောဇဉ်ရှိရသလဲဆိုတော့
လင်းနေက ကြယ်ဖြူအပေါ်အနစ်နာခံတယ် ကြယ်ဖြူ ဘယ်လောက်ဆိုးဆိုး သည်းခံတယ် ကြယ်ဖြူလိုအပ်သမျှကိုလည်း လိုက်ပြီးဖြည့်ဆည်းပေးတယ် နောက်ဘာပြောပြော ကြယ်ဖြူ စကားပဲ အဓိကအကျဆုံးတစ်ချက်ကတော့
ကြယ်ဖြူကို တကယ်ချစ်တဲ့ သူတစ်ယောက်ဆိုတာပေါ့ ။

တစ်နေ့မှာ မမျှော်လင့်လဲ လင်းနေတစ်ယောက် ကြယ်ဖြူမှာ ရည်းစားတွေအများကြီး ရှိတယ်ဆိုတာကို သိသွားတယ် ။
လင်းနေအတွက် ကြယ်ဖြူက တကယ်ချစ်ရတဲ့ မိန်းကလေး ဆိုတော့ အခုလို ကြယ်ဖြူမှာ ရည်းစားတွေအများကြီးရှိတယ်ဆိုတာ သိသွားခဲ့တော့ တော်တော်လေး စိတ်မကောင်းဖြစ်သွားခဲ့တယ် နောက်ပြီး ကြယ်ဖြူကို လက်လွှတ်ဆုံးရှုံးရမှာ ကြယ်ဖြူက
သူ့ကိုထားသွားမှာကို စိုးရိမ်လာတယ် ။ ဒါကြောင့် ကြယ်ဖြူကို တွေ့ဖို့ချိန်းလိုက်ပြီး ကြယ်ဖြူကို လက်ထပ်ချင်ပါပြီဆိုပြီး
အတင်းပူဆာတော့တယ် ။ ကြယ်ဖြူကတော့ လင်းနေ အပေါ် သံယောဇဉ်ရှိတယ်ဆိုပင်မဲ့ အခုချက်ခြင်းလက်ထပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်သေးဘူးလို့ထင်တယ် ။ နောက်သူမရဲ့ လွတ်လွတ်လပ်လပ် အပျိုစင်ဘဝလေးကိုလဲ လက်မလွှတ်ချင်သေးဘူး ။
နောက်ဆုံးတစ်ခုကတော့ လင်းနေကို သူမအခုချိန်ထိ ချစ်လားမချစ်လားဆိုတာ သေချာမသိသေးဘူးလို့ ကိုယ့်ကိုကိုယ်ထင်နေတယ် ။
ဒါပေမယ့် လင်းနေက သူမအပေါ် အနစ်နာခံတယ် အရာရာလဲ ပြည်စုံနေတယ် နောက်သူမကလဲ ရည်းစားတွေအများကြီးထဲမှာ
လင်းနေကိုပဲ သယောဇဉ်ရှိတဲ့အတွက် တစ်နေ့ သူမလက်ထပ်မယ့် သူဟာ လင်းနေပဲဖြစ်လိမ့်မယ်ဆိုတဲ့ အတွေးကလဲ၇ှိတယ် ။
ကြယ်ဖြူက ဆင်းရဲမှာနဲ့ သူမကို တကယ်မချစ်တဲ့သူကို လက်ထပ်ရမှာ အကြောက်ဆုံးပဲ ။ အခုလို လင်းနေက လက်ထပ်ဖို့ ပြောလာတော့ သူမအနေနဲ့ လင်းနေလို လူတစ်ယောက်ကို လက်လွှတ်လိုက်ရမှာ ငြင်းလိုက်ရမှာကိုလဲ မလိုလားဘူးဖြစ်နေတယ် ။ ဒါကြောင့် ကြယ်ဖြူကတွေးလိုက်တယ် လင်းနေနဲ့ သူမဘယ်သူမှမသိအောင် တိတ်တိတ်လေး လက်ထပ်ထားကြမယ် အခုချိန်ကတော့
လက်ထပ်ဖို့ဆိုတာ ငယ်သေးတဲ့အပြင် သူမအတွက် ကဲလို့တောင်မဝသေးဘူးလို့ တွေးမိတယ် ။ ဒါနဲ့ သူမစဉ်းစားထားတာလေးကို လင်းနေကိုပြောပြလိုက်တယ် အစပိုင်းကတော့ လင်းနေက ဘယ်သူမှမသိအောင်ဆိုတဲ့ စကားကို သိပ်သဘောမကျပင်မယ့်
အချိန်တန်ရင်တော့ သူက ကြယ်ဖြူ့ကို ပိုင်ဆိုင်ရမှာကိုတော့ သဘောကျမိတယ် ။ အဲတာနဲ့ လင်းနေလည်း ကြယ်ဖြူရဲ့ စကားကို သဘောတူနေကျအတိုင်း ခေါင်းညိတ်လိုက်မိတယ် ။နောက် ကြယ်ဖြူက လင်းနေဆီက ကတိတွေအထပ်ထပ်ကိုတောင်းနေတယ်
အဲဒါက သူမတို့ လက်ထပ်တာကို ဘယ်သူ့ကိုမှပြောဖို့နဲ့ သူတို့ အခုလိုရည်းစားအဆင့်ကနေ ဘယ်လိုမှ အဆင့်ထပ်မတပ်ကြဖို့ကိုပေါ့ ။
ကြယ်ဖြူဆီက လက်ထပ်ခွင့်ဆိုတာကို ရသွားပြီ ဖြစ်တဲ့လင်းနေကတော့ ကြယ်ဖြူ ဘာပြောပြော ခေါင်းတညီတ်ညိတ်နဲ့ သဘောတူပြီးရင်းတူလို့
ပျော်ရွှင်မူတွေက အထွတ်ထိပ်ကိုရောက်နေရှာတယ် ။ ဆက်ရန် …………

PS ….. နွယ်ပင် မရေးတက်ရေးတက်နဲ့ ရေးထားတဲ့ ဝတ္တူမကျ ဘာမကျလေးပါ ရွာသူ / ရွာသားတွေဖတ်ပြီး ဝေဖန်ပေးကြပါဦးနော် ……….

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..