Give & Take

ETSeptember 26, 20111min835

Give & Take
ကျွန်တော်တို့ပတ်ဝန်းကျင်တွင် လူမှုရေးအခြေခံပေါင်းသင်းဆက်ဆံမှု အလွန်အမင်းများပြားလာ သည်နှင့်အမျှ မိတ်ဆွေသူငယ်အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ မိသားစုအချင်းချင်း ခင်မင်မှု အတိုင်းအတာအရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးကြပါသည်။ ထိုသို့လက်ဆောင်ပေးကြရာ တွင်လည်း မိသားစု၊ မိတ်ဆွေသူငယ်ချင်းများအချင်းချင်း လက်ဆောင်ပေးခြင်းက အနှောင်အဖွဲ့ကင်းမည် ဟုထင်ရသလို၊တစ်ချို့ကျတော့လည်းပစ္စည်းတန်ဖိုးကြည့်ပြီးပြန်ပေးတက်ကြပြီး၊“သူကဒီပစ္စည်းလေးပေးတာ၊ငါလည်း ဒီတန်ဖိုးလောက်ရှိတဲ့ပစ္စည်းလေး ပြန်ပေးလိုက်ဦးမယ်” ဆိုတဲ့ စိတ်အတွေးလေးများကိုယ်စီရှိကြ ပါတယ်။
ဒီလို ခင်မင်မှုအတိုင်းအတာအရ တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်အပြန်အလှန်ပေးကမ်း ကြရာမှ ဌာနဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံနေရာသော ကုမ္ပဏီဝန်ထမ်းများအဖို့လည်း ထိုသူတို့နှင့် လက်ဆောင်ပေးခြင်းမျိုးတွေရှိလာကြရပြန်တယ်။ မိတ်ဖက်ကုမ္ပဏီအချင်းချင်း လက်ဆောင် အပြန်အလှန် ပေးကြသည့်အပြင်၊ နိုင်ငံခြားကုမ္ပဏီများကလည်း အပြန်အလှန်ပေးပို့ကြပါသည်။ ထိုမှတဆင့် ကုမ္ပဏီ တွေက ဌာနဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်သောလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လုပ်ငန်း မှာ ဘယ်ဌာနက ဘယ်သူက လုပ်ပိုင်ခွင့်ရှိလဲ?? လုပ်ပိုင်ခွင့်ရှိတဲ့သူကို ဝင်ထွက်သွားလာမှုရအောင် နည်းမျိုးစုံသုံးလာကြသလို ရင်းနှီးကျွမ်းဝင်မှုရရန် အခွင့်အရေးတွေများစွာ ကုမ္ပဏီတွေကပေးလာကြသည်။ ပစ္စည်းမျိုးစုံ အမျိုးအစားစုံလင်အောင် ပေးကမ်းကြလာပါသည်။
ကုမ္ပဏီနှင့်သက်ဆိုင်သော လုပ်ငန်းများအဆင်ပြေစေရန် ငွေကြေးအတန်အသင့်သုံးစွဲခဲ့ရသလို၊ လုပ်ငန်းအကြီးအသေးပေါ်မူတည်ပြီး အနည်းအများသာ ကွာခြားလှပါသည်။ ကုမ္ပဏီတွင် လုပ်ကိုင်သော ဝန်ထမ်းများအဖို့လည်း ဌာနဆိုင်ရာလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်ရသည့်အခါ ကုမ္ပဏီအတွက် ဆောင်ရွက်ပေးသောဌာနဆိုင်ရာဝန်ထမ်းအတွက် လက်ဖက်ရည်အတူထိုင်သောက်ရင်း လုပ်ငန်း အကြောင်းဆွေးနွေးပြောရင်း အလုပ်အဆင်ပြေ ချော့မွေ့က ကျေနပ်ဝမ်းသာမိကြသည်။ ၎င်းလိုသော ပစ္စည်းများကိုလည်း ကုမ္ပဏီ မှငွေဖြင့် ဖြည့်တင်းပေးကြသည်။ ထိုသို့ အလုပ်ကိစ္စများကို ဌာနဆိုင်ရာများ နှင့် ဆက်ဆံဆောင်ရွက်လုပ်ကိုင်နေရချိန်မျိုးတွင့် အသေးအဖွဲကိစ္စဖြစ်ပါစေ၊ မိမိဌာနလုပ်ငန်းပိုင်းမှ ဝန်ထမ်းမရှိပါက အခြားဝန်ထမ်းကလည်း ဝင်ရောက်လုပ်ကိုင်နိုင်သည့်တိုင်အောင် အကူအညီမပေးပဲ မသိလိုက်မသိဘာသာ နေတတ်ကြပါသေးသည်။ လုပ်ငန်းအဆင်ပြေစေရန်အတွက် ကုမ္ပဏီနှင့်ဌာနဆိုင်ရာ ဆက်ဆံရေးကို ကျွန်တော့်အနေ ဖြင့် ဒီလိုမြင်ပါသည်။
Relationship & Entertainment

သူ့အတိုင်းအတာ သူ့Level နှင့်သူ ကုမ္ပဏီတာဝန်ရှိသူမှ ဝင်ရောက်တွေ့ဆုံဆွေးနွေးညှိနှိုုင်း ကြပါသည်။ တွေ့ဆုံတဲ့အခါ မိန်းကလေးမှပြောဆိုဆက်ဆံမှအဆင်ပြေမယ်ဆိုရင် ကုမ္ပဏီမှ အချောအလှ မိန်းကလေးတွေကိုလွှတ်ပြီး ဝင်ရောက်တွေ့ဆုံခိုင်းကြပါသည်။ (အဲ့ဒါမှ အဆင်ပြေမှာကို…) ဒါမှသာ ကုမ္ပဏီဝန်ထမ်းတွေအနေဖြင့် ဌာနဆိုင်ရာဝင်ထွက်သွားလာရာတွင် ဘယ်ကုမ္ပဏီက ဘယ်သူတွေပါဆိုရင် အဆင်ပြေမှုများစွာရရှိလာကြပါတယ်။ ဌာနဆိုင်ရာ ဝင်ထွက်သွားလာရာတွင်လည်း ဘယ်နေရာမဆို သူ့အထာနှင့်သူ ၊ သူလမ်းကြောင်းနှင့်သူ၊ ပေးကမ်းကြရင်း ဝင်ထွက်သွားနေကြရသလို၊ တစ်ချို့ကျတော့ လည်း ထိုသို့ပေးကမ်းကြရာတွင်လည်း လက်မခံချင်၊ လက်ခံချင်သလို၊ ဒီလိုနှင့် တဖြည်းဖြည်း ကုမ္ပဏီ တွေဆီကလက်ခံလာတက်ကြသလို ဘယ်လိုကြံဖန်ရမှန်းသိလာသည့်နောက်ပိုင်း ပါးစပ်မှတောင်းခံတတ် လာသည့် အထိ ဖြစ်လာတော့သည်။
ဒီလိုတောင်းဆိုတတ်လာသော ကုမ္ပဏီတွေကလည်း Give & Take သဘောဖြင့် ဆောင်ရွက်လာ ကြသည်။ ဒါကိုဆောင်ရွက်ပေးပါ။ ရော့…ဒါကိုယူပါပေါ့။။
ဌာနဆိုင်ရာတစ်ခုထဲမဟုတ်ပါ။ နေရာတိုင်းမှာရှိပါသည်။
Give & Take ကို အပေးရှိလို့အယူရှိတာလား။ အယူရှိလို့အပေးရှိတာလား ကျနော်လည်း မသိတော့ပါ။
လက်ခုပ်သံသည် လက်နှစ်ဖက်တီးမှမြည်နိုင်သလို Give & Take သည်လည်း ပေးသူယူသူ နှစ်ဦးနှစ်ဖက် ရှိမှ ဖြစ်မြောက်နိုင်ပေကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

အလင်္ကာည (ET)

5 comments

  • kai

    September 27, 2011 at 5:59 am

    လာဘ်ပေးလာဘ်ယူကိစ္စတွေကတော့… ရှိနေမှာပါပဲ..။

    မီဒီယာကဏ္ဍတိုးတက်လာရင်တော့.. လာဘ်ပေးလာဘ်ယူကိစ္စတွေ.. ကျလာမယ်လို့ထင်တယ်..။

    သတင်းထောက်က.. ဘယ်သူတွေဘယ်လိုပေးနေတယ်..။ ဘာလုပ်နေတယ်..။ ဘယ်လောက်ပေးရတယ်.. သတင်းလိုက်ပြီး.. သတင်းစာထဲထည့်မှာကိုး..။

    စကားမစပ်..
    အဲဒီလို.. ကုမ္ပဏီက အချောအလှ မိန်းကလေးတွေပါတဲ့.. လာဘ်ပေးလာဘ်ယူ .. ဇတ်လမ်းလေးတခု.. အနံ ့ခံလိုက်ပြီး.. သတင်းတင်ပေးပါလား..။
    ပြည်တွင်းမှာ..ခက်ခဲပေမဲ့.. ဒီရွာထဲမှာတော့..ရတယ်..။
    ဘယ်လောက်.. ထိရောက်မှုရှိသလည်း..သိရအောင်…။ 🙂

  • ကြောင်ကြီး

    September 27, 2011 at 11:35 am

    ပေးကမ်းစွန့်ကြဲခြင်းသည် အောင်မြင်ရ၏တဲ့။ အီးတီက မယုံတဲ့ သဘောလား။

    • ET

      September 27, 2011 at 9:03 pm

      ကျနော်လုပ်ကိုင်နေရတဲ့ပတ်ဝန်းကျင်မှာ လက်ရှိကြုံကြိုက်နေရပါတယ်
      ကျနေ်ာကြိုးစားရေးပေးပါမယ်

      ခင်မင်စွာဖြင့်

      ET

    • ET

      September 27, 2011 at 9:14 pm

      ကိုကိုကြောင်ကြီးေ၇
      ပေးကမ်းစွန့်ကြဲခြင်းသည် အောင်မြင်ရ၏
      တကယ်ယုံလို့ တကယ်ပေးပါ၏

      ခင်မင်စွာဖြင့်

  • windtalker

    September 28, 2011 at 11:41 am

    ဪ..
    ကျုပ်ကတော့
    အပေးအယူ ကိတ်စများ
    ကြုံရရင်ဖြင့်
    သူ ့ခဗျာ လည်း
    ဒီနေရာ ရလာဖို ့
    သူလည်းပဲ
    ပေးကမ်းပြီး နေရာယူထားရတာပဲပေ လို ့
    သဘောထား ပြီး
    သကာလ
    မပေးချင် ပေးချင်
    မပေးစကောင်း ပေးစကောင်း ( ကိုပေါက် အိုင်ဒီယာ ယူသုံးပါသည် )
    နဲ ့
    ပေးလိုက်ရတာပေါ့လေ
    ဟင့်

Leave a Reply