နိဂုံးမဲ့ အလွမ်း …… (2)

နွယ်ပင်September 26, 20111min825
305-w

ဇာတ်လမ်းရဲ့အလယ်

တစ်နေ့ကြယ်ဖြူတစ်ယောက် သူ့သူငယ်ချင်း မျိုးမျိုးတို့အိမ်က အလှူကိုသွားခဲ့တယ် လင်းနေကိုပါဖိတ်ပင်မဲ့ လင်းနေက
သူ့အိမ်ကိစ္စတစ်ခုနဲ့ အလုပ်များနေတာနဲ့ အလှူကို ကြယ်ဖြူနဲ့ အတူတူလိုက်မသွားနိုင်ရှာဘူး ။ အဲဒီအချိန်မှာ
မျိုးမျိုးမောင်လေး စိုးမိုးရဲ့ သူငယ်ချင်းအုပ်စုကလည်း ရောက်နေတယ် ။ အဲဒီကောင်လေးအုပ်စုထဲမှာ
ကြယ်ဖြူသတိထားမိသွားတာက အရပ်ရှည်ရှည် အသားဖြူဖြူ မျက်ခုံးနက်နက်ကလေးနဲ့ စကားပြောရင်
ပြုံးပြီးပြောတက်တဲ့ ခပ်ချောချောကောင်လေး တစ်ယောက် ။ ကောင်လေးရဲ့နာမည်က မင်းငယ် ၊သူကအေးဆေးတယ် တည်ငြိမ်တယ် ၊ လူကြီးဆန်တဲ့ပုံစံလေးနဲ့ နောက်ကောင်လေးက ပြင်ဦးလွင်က ပြောင်းလာတာမကြာ သေးဘူး ။
ကောင်လေးကလည်း ကြယ်ဖြူကို သတိထားမိတယ် ၊ ဒီအစ်မကြီး မိုက်တယ်ပေါ့ ချစ်စရာကောင်းတယ်ဆိုပြီး
ကြည့်နေတယ် နောက်တော့ စိုးမိုးကို အကူအညီတောင်းပြီး ကြယ်ဖြူနဲ့ မိတ်ဆက်ခိုင်းတယ် ဒီလိုနဲ့
နှစ်ယောက်သားခင်သွားကြတယ် ။ ကောင်လေးက အခုမှ (16) နှစ်ပြည့်တယ်ဆိုယုံလေးပဲ ရှိသေးတယ် ။
ဆယ်တန်းအောင်ပြီးလို့ သင်တန်းတွေတက်ဖို့ အတွက် အဒေါ်တွေရှိတဲ့ ရန်ကုန်ကို ဆင်းလာတာ ဒီရောက်တော့
စပီကင်သင်တန်းတက်ရင်း စိုးမိုးတို့နဲ့ ခင်ရင်းအခုတော့ အဖွဲ့ကျနေပြီ ။ ကောင်လေးက စကားပြောနည်းတယ်
ဒါပေမယ့် ပြောပြန်ရင်လည်း တစ်ခွန်းဆို ဆိုသလောက်တစ်ဖက်လူကို အငိုက်မိသွားစေလောက်အောင်ကို ပြောတက်တယ် ။

ကြယ်ဖြူက လင်းနေနဲ့ စာချုပ်ပေါ်မှာသာ လက်မှတ်ထိုးထားပင်မယ့် သူ့ကိုယ်သူ အပျိုလိုပဲတွေးတယ် အပျိုလိုပဲနေတယ်
နောက်အရင်ကတည်းက ရှိပြီးသားဗီဇကိုလည်းဖျောက်လို့မရသေးဘူး အဲတာကရည်းစားအများကြီးထားတာပဲ ။
နောက်ပိုင်း ကြယ်ဖြူနဲ့ ကောင်းလေး ခဏခဏတွေ့ဖြစ်ကြတယ် ကောင်လေး သင်တန်းရှိရာကို ကြယ်ဖြူက
သွားတယ်သလို ကြယ်ဖြူရှိတဲ့ အရပ်ကိုလည်း ကောင်လေးက လာတက်တယ် တစ်ခါတစ်လေ လူချင်းမတွေ့ဖြစ်ကြရင်
ညဘက်ဖုန်းထဲမှာ ဆုံကြတယ် ။ ကောင်လေးနဲ့ တွေ့ရင် ကြယ်ဖြူပျော်နေတက်တယ် ကောင်လေးနဲ့ ရောက်တက်ရာရာ
ပြောနေရတာကိုလည်း သဘောကျနေတက်ပြီ အဆိုးဆုံးကတော့ ကောင်လေးက ကြယ်ဖြူကို တစ်ချက်ချက် စူးစူးနင့်နင့် အကြည့်လေးနဲ့များကြည့်လိုက်ရင် ကြယ်ဖြူရင်တွေခုန်နေပြီပေါ့ ။ အဲတော့ ကြယ်ဖြူက ကောင်လေးနဲ့တွေ့လို့ စကားပြောရင်
ကောင်လေးကို အကြည့်တွေနဲ့ ဖျားယောင်းတယ် နောက် အထာလေးတွေပေးတယ် ကောင်လေးကလည်း အခုခေတ်လူငယ်တစ်ယောက်ဆိုတော့ မသိဘဲ ဘယ်နေမလဲ ။ ဒီလိုနဲ့ ကောင်လေးနဲ့ တွေ့တဲ့ရက်တွေများလာတော့ ဘာလိုလိုလေးတွေဖြစ်လာတယ်
နောက်တော့ ကောင်လေးက ကြယ်ဖြူရဲ့ ရည်းစားတွေထဲက တစ်ယောက်ဖြစ်လာတာပေါ့ ။

အချိန်တွေကြာလာတာနဲ့ အမျှ ကြယ်ဖြူတစ်ယောက် ကောင်လေးအပေါ် စွဲလန်းမူတွေက တစ်ရစ်ပြီး တစ်ရစ်တိုးလို့လာခဲ့တယ် ။
ကောင်လေးရဲပ အပြုအမူတွေ အပြောအဆိုတွေကို သာယာပြီး ကောင်လေးကို တစ်ဖြည်းဖြည်း
ချစ်ခင်တွယ်တာလာတယ်လို့ ပြောရင်ပိုမှန်နေမလားပဲ လင်းနေနဲ့တွေ့တဲ့ အချိန်တွေမှာတောင်
လင်းနေအပေါ်စိတ်ကရှိမနေတော့ဘဲ ကောင်လေးကိုပဲ သတိရနေတယ် ။ လင်းနေရဲ့ အပြုအမူတွေနဲ့ ကောင်လေးရဲ့အပြုအမူတွေကို နှိုင်းယှဉ်နေတက်တယ် ကောင်လေးစကားပြောတာက
စွဲဆောင်မူရှိသလောက် လင်းနေစကားပြောတာကတော့ ဆွဲဆောင်မူမရှိဘူးတို့ မြင်လာတယ် ။
တစ်ခါတစ်လေများ ကောင်လေးဘက်ကို အမှတ်ပိုပိုသာသာ ပေးလို့နေတက်ပြန်တယ် ။ လင်းနေကတော့
အဲလိုမဟုတ်ဘဲ ကြယ်ဖြူကို အရင်ကထက်ပိုပြီး ဂရုစိုက်လာတယ် ပိုပြီးသည်းခံတက်လာတယ် ပိုပြီးချစ်တက်လာတယ် ။
ကြယ်ဖြူမျက်နှာကို မှန်တစ်ချပ်လို ဂရုစိုက်ပြီး ကြည့်နေတက်တယ် ။ လင်းနေနဲ့ တွေ့တဲ့ အချိန်တိုင်း
ကြယ်ဖြူတစ်ယောက် ကောင်လေးဆီစိတ်တွေကို ပျံလွင့်နေမိတယ် ကြာတော့ လင်းနေတစ်ယောက်
ကြယ်ဖြူသူ့အပေါ်မှာ စိတ်တွေမရှိဘူးဆိုတာကို ရိပ်မိလာတယ် ၊ဒါပေမယ့် ကြယ်ဖြူက အစတည်းက
ရည်းစားများတက်တာကလွဲလို့ သူ့ကို အချစ်ဆုံးပါ ဒါကြောင့် သူနဲ့ လက်မှတ်ထိုးထားတာပါလို့ ကြယ်ဖြူဘက်ကလိုက်ပြီး သာသာထိုးထိုးလေး တွေးပေးနေမိတယ် ။ ဒါပေမယ့် ကြယ်ဖြူကိုတော့ ခဏခဏမေးတက်တာကတော့
“နင့်ငါ့ကိုု တကယ်ချစ်တာပါနော် “ဆိုတဲ့ စကားလေးပဲ အဲတော့လဲ ဟန်ဆောင်ကောင်းလွန်းတဲ့
ကြယ်ဖြူက ရွှန်းရွှန်းဝေအောင် စကားလုံးလှလှလေးတွေသုံးလို့ လင်းနေ ယုံအောင်ပြောတက်ပြန်ရော ။

ဒါပေမယ့် ဘယ်အရာမှ ကြာကြာဖုံးကွယ်လို့ မရတဲ့ လောကသဘာဝအရာ လင်းနေတစ်ယောက်
ကြယ်ဖြူကောင်လေးနဲ့ တွဲနေကြတာကို သိသွားခဲ့တယ် ။

ဆက်ရန် …………..

5 comments

  • etone

    September 26, 2011 at 3:28 pm

    အဲ့ဒါပြောလေ နွယ်ပင်ရဲ့ ကံကြမ္မာကို မယုံရဘူးဆိုတာ … ကြိုလက်မှတ်ထိုးထားတာ .. တကယ်တမ်းတော့ အန္တရာယ်များတယ် … ။

  • Shwe Ei

    September 26, 2011 at 5:09 pm

    ဟာ၊ နွယ်ပင်ကတော့ ကောင်းခန်းရောက်မှလုပ်ပီ။ မြန်မြန်ဆက်ပါအုံး။ ဒီပို့စ်ထဲက ကြယ်ဖြူ နဲ့ လင်းနေ အတွဲလုပ်ပုံတွေက စိတ်ကူးယဉ်ဆန်တယ်နော်။ ပြသနာတက်လာရင် ဖြေရှင်းဖို့ လွယ်မှာမဟုတ်ဘူး။

  • ပေါက်ဖော်

    September 26, 2011 at 8:22 pm

    ကောင်းခန်း ရောက်ပြီဆို..လုပ်ဘီ
    ဆက်ရန်ကတော့ နောက်နေ ့မှ ဖတ်ရမယ်နဲ ့တူတယ်

  • တညင်သား

    September 26, 2011 at 10:13 pm

    အပြင်လောကမှာ တကယ့်အဖြစ်အပျက် တစ်ခုလို့ထင်မိတာပဲ…..

  • ကြောင်ကြီး

    September 27, 2011 at 11:30 am

    နွားကြီးနွားလေး
    ပြိုင်အားမွေး
    ကားဈေးစွတ်တက်
    သိန်းချီမြတ်
    မဆီမဆိုင်
    သဂျီခိုင်
    ဝင်ရောက်ဆွေးနွေး
    ပစ္စုပ္ပန်အရေး..။

Leave a Reply