နှောင်ရိုးတိုက်ပွဲလို ဖောင်ဖျတ်စရာမလိုဘူး ဖောင်ဖျတ်ထားရင် တစ်နေရာပဲတိုက်လို့ရမယ်

tunkhannSeptember 26, 20111min1025

ကျနော့ရင်ထဲကို ဝင်ကြည့်ကြစမ်းပါဗျာ ပူပင်သောကတွေ ဘယ်လောက်ထိ ပြည့်ကျပ်နေတယ်ဆိုတာကို ကြည့်ပါဦးဗျာ ဖြေစရာဆိုတာ ဖြေသာမှ ဖြေလို့ရမယ် ဒီတစ်သက်တော့ ဖြေသာစရာရှိမယ်မထင်တော့ဘူး ဘာကြောင့်များ အနှစ်နှစ်အလလ မျက်နှာငယ်နဲ့ နေခဲ့ရတာလည်း။ခုလည်းကြည့်ပါဦး ဧရာဝတီ မြစ်ဆုံစီမံကိန်းတဲ့။တော်ပါတော့ဗျာ။တော်ကြပါတော့။ကျုပ်တို့ရဲ့ နောင်လာနောက်သားတွေအတွက်လည်း ချန်ကြပါဦး။လှေစီးရင် ရေငတ်သလို ကျုပ်တို့ နင်ထားတဲ့ ကျုပ်တို့မြေပေါ် မြေအောက် သယံဇာတတွေ ဘာတစ်ခုမှကို မကျန်တော့ဘူး။စကားပုံကိုက ဘုရားဖူးရင် လိပ်ဥတူးရင်းတဲ့။သူတို့က ဘုရားမဖူးပဲ ဖိနပ်ခိုးရင်းနဲ့ အကုန်လုပ်နေကြတာ။တစ်ယောက်ချင်းစီကို အကုန်ကြောက်နေရတာ။ကျုပ်တပ်ရင်းမှူးတစ်ယောက်နဲ့ တွေ့ဖူးတယ်။သူ့အထက်ကလူကြီးလာလို့ စလောင်းစင်ဖို့လာခေါ်တာ မိုးချုပ်နေပြီဗျာ။တစ်ယောက်ကလည်းဖျားနေတယ်။မလိုက်ရကောင်းလားဆိုပြီ တစ်ဆိုင်လုံးမီးနဲ့ရှို့ခံရတော့မယ်တဲ့။ကျုပ်လည်းပြောလိုက်တယ် လူကြီးဖြစ်နေပြီး ဒီစကားမပြောသင့်ဘူးလို့။သူကမျက်စောင်းထိုးသေးတာ။ရာရာစစ သူ့အရပ်က ငါးပေးထက်မပိုဘူး ကျုပ်ကို မော့ကြည့်နေတာ။ကျုပ်ကလည်း အင်္ကျ ီချွတ်ထားတာ စဉ်းစားကြည့်။သူ့နောက်ကပါလာတဲ့ခွေးပေါက်စလေးတွေကလည်း ဝိုင်ကြည့်နေကြတယ်။ချည်ထားတဲ့ခွေးရော လွှတ်ထားတဲ့ခွေးရော အကုန်မိုက်ရိုင်းတယ်။ဒါသူတို့ခေတ်မဟုတ်ဘူးဗျ။အချုပ်ခြာအာဏာဟာ ပြည်သူတွေရဲ့လက်ဝယ်တွင်ရှိရေးဆိုတာ ဘယ်ကောင်က ဘယ်ပထွေးသွားသိမ်းခိုင်းထားတာလည်း။ကဗျာဆရာတစ်ယောက်ရေးထားသလိုပေါ့ ဘာမှမဟုတ် တငုတ်တုတ်တုတ် ကျုပ်တို့မှာဖြင့် ညောင်းလှပြီတဲ့ သူက ရွာဇာတ်ပွဲအကြောင်းရေးတာပါ ကျုပ်က အဲဒီကဗျာကို ဒီနေရာလေးမှာ လေးလေးနက်နက်ကိုပြောချင်တယ်။ကျုပ်ဘဝမှာ တစ်သက်နဲ့တစ်ကိုယ် ဘယ်သူ့ကိုမှ အတိုက်ခိုက်ဘူး ကိုယ်ကြောင့် သူတစ်ပါးမထိခိုက်စေခဲ့ဘူး။ဒါပေမယ့် ခုဟာက တစ်မျိုးလုံး တစ်တိုင်းပြည်လုံးကို စော်ကားနေတာ။ဘယ်ခွေးမှလူမထင်ဘူးဆိုတဲ့အချိုး။ဘယ်လူထင်လို့ ရမလည်း။သူတို့ကြည့်တာ ပြည်သူတွေ ကျုပ်တို့လို လူတွေကိုကြည့်နေတာမဟုတ်ဘူး။ကျုပ်က ငယ်ငယ်ကအရမ်းစိတ်ထားနုညံ့တဲ့သူပါ။အချိန်မတော်ဆိုရင် ညနေငါးနာရီဆိုရင် အိမ့်ပြင်မထွက်ဘူး။ဒါလူသွားချိန်မဟုတ်ဘူး။သေသေသပ်သပ်နေတယ်။ဒါပေမယ့်မရဘူးဗျာ။အချိန်တန်လာတော့လည်း ငါဟာလူသား ထိုလူသားသည် လူသားစိတ်မွေးရမည်ဆိုတာ ရင်ထဲက အလိုလိုပေါက်ဖွားလာတာ။တစ်ခုတော့ ကျေးဇူးတင်ရမယ်။Democracyအတုယောင်လေးက ကျုပ်တို့ကို အကူညီပေးကောင်းပေးပါလိမ့်မယ်။ကျုပ်တို့ကို အရူးလုပ်တာ များနေပြီ။သူတို့မဲလိမ်တော့ ဒါဟာဒုတိယအကြိမ် အဲဒီအချိန်မှာ ထပ်လိမ်တယ်ဆိုရင် ဘယ်သူကမှ ငြိမ်ခံမှာမဟုတ်ဘူး။ဒါကိုသူတို့သိတယ်။အဲဒီလိုမဖြစ်ရအောင် မေမေစုကို လွှတ်ပေးလိုက်တယ်။ပြည်သူတွေပျော်နေကြတာကို အေးဆေးအိမ်ထဲကနေထိုင်ကြည့်နေတဲ့ ခွေးသူတောင်းစားတွေက ငါတို့နိုင်တယ်ဆိုပြီး ပြည်သူတွေကို လမ်းလွှဲလိုက်တယ်။ကျုပ်ပြောမယ် ခုကိစ္စကို လက်တွေ ဖိအားပေးကြပါ။ဟောပြောပွဲတွေထက် တိုက်ရိုက်ပတ်သက်တာ အကောင်းဆုံးပဲ။88 ကစကားလက်ကျန်လေးပေါ့ဗျာ အုတ်မြစ် အတူချ ကြတာပေါ့။နားလည်ကြပါဗျာ

5 comments

  • ကြောင်ကြီး

    September 27, 2011 at 11:40 am

    စစ်ဗိုလ်ချုပ်များကလည်း တရုတ်စက်ရုံကထွက်တဲ့ အုတ်နဲ့မှ အတူတူ အုတ်မြစ်ချချင်တယ်။ အဲဒါရေလိုနေလို့ မြစ်စုံဆည် စီမံကိန်းလက်စ အရင်သတ်လိုက်ရအောင်လားတဲ့။ 🙁

  • Ba Gyi Taw

    September 27, 2011 at 1:07 pm

    ဟေ ။ တင်ထားတဲ့ post နဲ ့ရေးထားတာ မဆိုင်သလိုဘဲကွ ၊ ငါ့တူရ ။

  • akswe

    September 27, 2011 at 8:24 pm

    ကိုထွန်းခန့် ခေါင်းစဉ် ကြီးမှာ စာ လုံးပေါင်းမှားနေတယ်ကြည့်မကောင်းဘူး ထင်ပါတယ်..
    ”နောင်”ရိုး တိုက်ပွဲပါ ” နှောင် ”ရိုးမဟုတ်ပါ ပြီးတော့ ဖောင်” ဖျက်”ပါ ဖောင်” ဖျတ် ”မဟုတ်ပါ။

  • tunkhann

    September 27, 2011 at 9:39 pm

    ဟုတ်ကဲ့ ကျနော်မှားနေတာတွေတွေ့ပါတယ် ဒီတိုင်းထားလိုက်တာပါ ဘယ်သူကအမှားပြောမလဲလို့လဲ စိတ်ဝင်စားလို့ပါ ခုလိုပြောပြတာကျေးဇူးပါ တော်တော်ကိုမှားသွားတာပါ နောက်တစ်ခုက အကို ခေါင်းစဉ်နဲ့ စာနဲ့လွဲနေတယ်လို့ပြောပါတယ် ကျနော်သိပါတယ် အဲလိုပြောလိမ့်မယ်လို့ မလွဲပါဘူး ကျနော်က အောက်ခြေအစ အကုန်လုံးဒီတိုင်းပဲဆိုတာ ပြောချင်တာပါ သူတို့ပဲ မင်းလို့ထင်နေကြတာ

  • windtalker

    September 28, 2011 at 11:37 am

    အက်ဒစ် ပြန်လုပ်ပေါ့
    ကိုရင်ရယ်
    ကိုယ့်ပို ့စ် ထဲ ဝင်လိုက်ရင်
    အပေါ်မှာ အက်ဒစ်ဆိုတာလေး
    တွေ ့ရပါတယ်

Leave a Reply