ရုံးလာခဲ့ပါ..

MaySeptember 26, 20111min12914

ရုံးလာခဲ့ပါ..

ကိုယ်တိုင်ကြုံတွေ့တာလေးပြောပြချင်ပါတယ်။။။ ရပ်ကွက်ထဲမှာ မှတ်ပုံတင်လာလုပ်ပေးမယ်ဆိုလို့ သမီးကြီးကို မှတ်ပုံတင်လုပ်ပေးဖို့ သူ့အဖေနဲ့ သွားခိုင်းခဲ့ပါတယ်. ဟိုရောက်တော့ form ဝယ်ပြီး ထုံးစံအတိုင်း ဖြည့်ရတာပေါ့..  ဖြည့်ပြီးလို့ ထပ်ပြီး ကိုယ့်အလှည့်ကြတော့ form ကိုစစ်ပေးတဲ့ လ.၀.က မှ အရာရှိက “ဒီမှာမပြီးဘူး ရုံးလာခဲ့လို့” ပြောပါတယ်.. ဒါကြောင့်ကျမ အမျိုးသားက လာအတွက်လဲလို့မေးတော့… အမျိုးသမီးရဲ့ မှတ်ပုံတင်က လှိုင်မြို့နယ်ကဖြစ်နေလို့တဲ့လေ.. ဒီတော့ လှိုင်မြို့နယ်မှာ ဖိုပ်တွဲ သွားရှာရမယ်တဲ့…  ကျမအမျိုးသားကလဲ ခပ်ရွတ်ရွတ်ဆိုတော့ ဒီမှာ ခင်များတို့ တရားဝန် ထုတ်ပေးထားတဲ့ မှတ်ပုံတင်မူရင်း copy  နဲ့ သန်းခေါင်စာရင်းတွေ ပါပေးတာတောင်မရဘူးလား… ဘာလဲ တာမွေကလူက တာမွေက မိန်းမကိုဘဲ ယူရမဲ့သဘောလား.. ကျနော်က ချင်းပြည်က မိန်းမကိုယူမိရင် ချင်ူပြည်ထိ ဖိုပ်တွဲ သွားရှာပေးရမှာလားဆိုပြီး စိတ်ဆိုးပြီး ပြန်လာခဲ့တယ်… ရှာဖို့လိုတယ်ဆိုလဲ သူတို့ရုံအချင်းချင်း ရှာတာပိုမမြန်ပေဘူးလား…. ခုထပ်ထိ သွားခိုင်းလို့ကိုမရတော့ဘူး…  သူတို့ပြောပြော နေတဲ့ သတင်းထဲမတော့ နေ့ချင်းပြီးလုပ်ပေးနေတယ်ဆိုဘဲ…  အင်း ကိုယ်တိုင်ကြုံရမှသိတာပါ….

14 comments

  • etone

    September 26, 2011 at 4:14 pm

    ဆင်ခြေဆင်လက် ဆင်နားရွက်တွေကတော့ ရိုးနေပါပြီ …. သူတို့နဲ့ မဖြစ်လို့သာ ပတ်သတ်ရတာ .. တကယ်ပတ်သတ်ရမှာ ကြောက်နေမိတယ် 🙁

  • blackchaw

    September 26, 2011 at 4:20 pm

    May ရေ။
    ဒီလိုမျိုးတော့ မကြုံဘူးသေးဘူး။
    ကျွန်တော်တို့ရွာက အရင်က လှည်းကူးမြို့နယ်ထဲမှာပါတော့ မှတ်ပုံတင်လည်းလှည်းကူးမှာ လုပ်ရတာပေါ့ဗျာ။ ရှေ့က အက္ခရာ က (လကန) ပေါ့ဗျာ။
    ပြီးခဲ့တဲ့တစ်နှစ်လောက်က မှတ်ပုံတင်ပျောက်သွားလို့ ပြန်လုပ်တော့ ကျွန်တော်တို့ရွာက ဒဂုံမြို့သစ်တောင်ပိုင်း ထဲရောက်သွားလို့ ဒဂုံတောင်ကို သွားရပါတယ်။ ဒါပေမယ့် အမှုတွဲက လှည်းကူး လဝကရုံးမှာ ရှိနေတဲ့အတွက် လှည်းကူးကို တစ်ခေါက်သွားရပါတယ်။ အဲဒီအမှုတွဲရတော့မှ ဒဂုံတောင် လဝကရုံးက မှတ်ပုံတင်အသစ် ထုတ်ပေးလို့ရတာပါ။ နေ့ချင်းပြီးလုပ်ပေးတယ်ဆိုပေမယ့် လိုအပ်တဲ့စာရွက်စာတမ်းအစုံအလင်ပါဘို့ကတော့
    ကျွန်တော်တို့ ခင်ဗျားတို့မှာ တာဝန်ရှိတယ်လို့ထင်ပါတယ်။

    • killer

      September 26, 2011 at 11:53 pm

      မကြုံဖူးသေးလို့ထင်ပါတယ်
      အပြည့်အစုံပါလဲ မရသေးဘူးဗျာ
      ပိုက်ပိုက်လဲ ပြည့်စုံပေမှ
      ဒါလဲ လှေကြီးထိုး ရိုးရိုးပါပဲ
      ပါတ်သက်မိလို့ကတော့ ဂျွမ်းထိုးမှောက်ခုံ မလွဲ ဧကန်ပါ။

  • လင်းဝေကျော်

    September 26, 2011 at 4:20 pm

    ဟုတ်တယ်။ သူတို့ရဲ့ လုပ်ငန်းမကျွမ်းကျင်မှု၊စည်းမျဉ်းတွေက ပိုလွန်းတာ၊ အကျိုးအကြောင်းမဲ့စွာ စီစစ်လွန်းတာ အဲဒါတွေကို အခွင့်အရေးယူပြီး ကိုယ်ကျိုးရှာနေကြတာကြောင့် လူတွေကို အစိုးရဌာနတွေနဲ့ မပတ်သက်ချင်လာအောင် လုပ်နေတာပဲ။

  • May

    September 26, 2011 at 4:25 pm

    blackchaw ရေ..
    ခုဟာကပျောက်တာမဟုတ်ဘူးလေ..
    စာရွက်စာတမ်းကလဲ သူတို့တော်းတဲ့ အတိုင်း အဖေ အမေ မှတ်ပုံတင်.. သန်းခေါင်စာရင်း ပါပြီးသားလေ…

  • blackchaw

    September 26, 2011 at 4:36 pm

    မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတဲ့ စကားလိုပေါ့ဗျာ။ ဝန်ထမ်းတွေက တော်ရုံတန်ရုံကိစ္စကို ပြုတ်မှာကြောက်နေတာနဲ့
    လွဲမှာကြောက်ပြီး လွယ်လွယ်နဲ့ မလုပ်ပေးတော့ ကြာကုန်တာပေါ့။ သူတို့ကို သေသေချာချာမေးပါ။ မလိုအပ်ပဲရစ်နေတာဆိုရင် တိုင်လို့ရပါတယ်။

  • fatty

    September 26, 2011 at 5:06 pm

    လိုအပ်မယ်ထင်ရင်ပေါ့ …. လှိုင်မြို့နယ်မှုး လဝက က နိုင်အောင်ထွန်းတဲ့ ကိုတိုးလို့လဲခေါ်တယ်။
    တပြားမှပေးစရာမလိုပါ။ ကျနော့နာမည်ပြောလိုက်ပေါ့အဟဲ … ဖက်တီးလို့တော့သွားမပြောနဲ့နော်သိမှာမဟုတ်ဘူး … နာမည်ရင်းကိုပြော ..။
    ကူညီပါရစေ။

  • cobra

    September 26, 2011 at 5:44 pm

    ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်း၃၀၀၀ဝကုန်သွားပါတယ်။
    မော်လမြိုင်မှာမွေးလို့ဆိုလား၊အဖေကမော်မြိုင်ကဆိုလားတော့မသိတော့ဘူး။
    မော်လမြိုင်ကနေထောက်ခံစာယူလာခဲ့ရမယ်တဲ့၊
    သွားလို့မှမဖြစ်နိုင်ရင်
    ပိုင်ရာဆိုင်ရာလူကြီး၅ယောက်ရဲ ့လက်မှတ်နဲ ့ရတယ်တဲ့
    ၃၀၀၀ဝတော့ပေးရမယ်တဲ့…….
    ကောင်းရော….။

  • windtalker

    September 26, 2011 at 6:40 pm

    ကျုပ် က တော့ တစ်ပြားမှ မကုန်ခဲ့ဘူး
    ကျုပ် တုန်းက
    ရန်ပုံငွေ ထည့်မှ ကဒ်ထုတ်ပေးမယ် လုပ်တာ
    ဘယ် နှယ့် ၊ မထည့်နိုင်ပါဘူး ဆိုလဲ မရ
    ဒါနဲ ့ဘယ်ရမလဲ
    ကဒ် မပေးမချင်း
    ရုံးထဲ သွားထိုင်ပစ်တာပေါ့
    ရိုးရိုးတော့ မဟုတ်ဘူး
    လဝက ရုံးထဲ က
    အချောဆုံး အတောင့်ဆုံး
    ဝန်ထမ်းမမ ခုံရှေ ့မှာ နေ ့တိုင်းသွားထိုင်
    မျက်လုံး၂လုံး ကို
    တစ်ပါတ်လောက် အားရပါးရ
    အဆာကျွေးပစ်လိုက်တော့
    တစ်ပါတ်တောင် မကြာခဲ့ဘူးထင်တယ်
    ဝန်ထမ်းမမ ကိုယ်တိုင်
    ထုတ်ယူပေးရှာတယ်

    • Koyin Sithu

      September 26, 2011 at 11:17 pm

      အဲ့နည်း ကောင်းတယ်.. မှတ်ထားရမယ်… နောက် အစိုးရရုံးတွေသွားရင် အကို့နည်း သုံးရတော့မယ်… ကျေးဇူးပဲဗျာ… လေးစားပါတယ်… ရောင်းရင်း

  • unclegyi1974

    September 26, 2011 at 11:49 pm

    မောင်လေ လေးရဲ့အဟုတ်လား ဆာမိလား
    ဟုတ်တယ်ဆိုဒီနည်းကအတော်ကောင်းတာမှတ်ထားအုန်းမှ

  • အဲလိုဆို ကျွန်တော့်အကြောင်းက ပိုတောင်ဆိုးနေသေးတယ်
    အမေက ပြည်မပုတင်၊ အဖေက မန္တလေးမပုတင်၊ ကျွန်တော်က တောင်ပိုင်းသျှမ်းပြည် လင်းခေးသားဆိုတော့ ၁၈ နှစ်ကို အတော်လေးကျော်မှ မပုတင်လဲဖို့ သွားလိုက်ရတဲ့ခရီး

    ကွယ်… ပြော မပြောချင်တော့ဘူး

  • manawphyulay

    September 27, 2011 at 1:38 pm

    မနောတုန်းကတော့ မှတ်ပုံတင်လာတာမဟုတ်ပါဘူး။ အသက်ပြည့်လဲတာတောင် ဟိုစားပွဲသွားဦး
    ီဒီစားပွဲသွားဦးနဲ့ အလုပ်တွေကိုရှုပ်နေတာပဲ နောက်ဆုံးတော့ မရတဲ့အဆုံးတော့ ဦးစီးမှူးအခန်းဘယ်မှာလဲဆိုပြီး ဦးစီးမှူးနဲ့တိုက်ရိုက်ဝင်တွေ့လိုက်တော့ ဦးစီးမှူးက ဘာပြောလဲဆိုတော့ ဒီကဒ်နဲ့လည်း ရပါတယ်တဲ့ ဘာလို့လာလဲနေတာလဲတဲ့လေ…

  • chitsu

    September 27, 2011 at 1:57 pm

    ဟုတ်ပါ့
    ချစ်ဆုမှတ်ပုံတင်လုပ်တုန်းကလည်းအဲ့လိုပဲ
    တော်တော်နဲ့မရဘူးဆယ်နှစ်ပြည့်ကိုတောင်တော်တော်ကြာတယ်

Leave a Reply