လိင်ကိစ္စ ပညာပေးကိုမြန်မာပြည် မူလတန်းကျောင်းတွေမှာ သင်ကြားသင့်ပြီလား

လင်းဝေSeptember 26, 20111min76173

သေချာတဲ့သတင်းရင်းမြစ်က ကြားရတာပါ။ လိင်ကိစ္စပညာပေး သင်ခန်းစာတွေကို မြန်မာပြည်မှာ မူလတန်းက စပြီး သင်ပေးတော့မယ်လို့ ဆိုပါတယ်။
ယူနီဆက်ဖ် အစီအစဉ်နဲ့ ပညာရေးဝန်ကြီးဌာန ပညာရေးစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန တို့ သဘောတူလိုက်ပြီလို့ ဆိုပါတယ်။

တကယ်တော့ မြန်မာကလေးတွေကို မြန်မာမိဘတွေ ထိမ်းသိမ်းပုံနဲ့ မြန်မာမိသားစု ပုံစံတွေနဲ့မှာတော့ လိင်ကိစ္စကိုသင်မပေးသင့်သေးပါဘူး။
အနောက်နိုင်ငံတွေမှာတော့ ထိမ်းလို့မရတော့ဘူး၊ သူတို့ဆီမှာ ၆ဝခုနှစ်များက Sex Revolution ကြောင့် လိင်ကိစ္စက လူငယ်တွေကြားမှာ ပေါက်ကွဲပြီးသွားလို့
အလယ်တန်းလောက်ရောက်ရင် လက်တည့်စမ်းနေကြတာများလာလို့ သင်ပေးသင့်တာ သင်ပေးတာ မဆန်းပါဘူး။

မြန်မာပြည်မှာ ဒီလို အခြေအနေမဖြစ်သေးပဲနဲ့ ဘာလို့များ သင်ပေးဖို့လုပ်နေကြသလဲ။

ကျနော့်ကိုယ်ပိုင်အမြင်ကတော့…. ယူနီဆက်ဖ်ကလည်း အလုပ်မရှိ လျှောက်လုပ်တာလား။ ပညာရေးဌာနကလည်း ယူနီဆက်ဖ် ပိုက်ဆံလေးတွေ အစည်းအဝေးတက်ရင်
နေ့တွက်လေးတွေ ရတာနဲ့ပဲ မလွန်ဆန်ပဲ အင်းလိုက်တာထင်ပါရဲ့။
မြန်မာပြည် ယူနီဆက်ဖ် ရုံးမှာ ပညာရေးနဲ့ဆိုင်တာကို လုပ်ပေးနေတာက ဆေးဆရာဝန်ပါ။ ဒေါက်တာတင်မာအောင် ပေါ့။ သူက ကျန်းမာရေးဘက်နယ်ပယ်ကဆိုတော့
ကျောင်းတွေဖြန့်တဲ့ ယူနီဆက်ဖ် စာအုပ်တွေဆိုရင် တကိုယ်ရေသန့်ရှင်းရေးဘက် အကြောင်းအရာတွေများပါတယ်။ တကယ် ယူနီဆက်ဖ်မှာက ကလေးတွေ တွေးခေါ်မှု၊ သင်ကြားမှု ဖွံ့ဖြိုးရေးကိစ္စတွေအတွက်လည်း အစီအစဉ်တွေ လမ်းကြောင်းပေးတာတွေရှိပေမယ့် မြန်မာပြည်မှာ အကောင်အထည်ဖော်တာမတွေ့ရပါဘူး။ အခုလည်း အလုပ်မရှိ တွေ့ကရာထလုပ်နေတာ မြန်မာလူ့အဖွဲ့အစည်းရဲ့ ဟန်ချက်ကို ပျက်အောင် ဖျက်တော့မယ်လို့ထင်ပါတယ်။ တရုပ်ပြည်မှာတော့ ကန့်ကွက်လိုက်လို့ ဒီအစီအစဉ် ပျက်သွားပါတယ်တဲ့။

ပညာရေးဌာနဘက်မှာ ယူနီဆက်နဲ့ ဆက်သွယ်ဖို့ ဒုညွှန်တစ်ယောက်ခန့်ထားပါတယ်။ ဒေါ်တင်တင်ရှု တဲ့။ နာမည်ကြည့်ရင် ဘာလူမျိုးလဲ သိမှာပါ။ သူကလည်း ယူနီဆက် နဲ့ ဒေါ်လာ အလဲအလှယ် ကိစ္စ အခြား ရပေါက်ရလမ်းတွေလုပ်နေတာနဲ့ပဲ တကယ်လုပ်ရမယ့်အလုပ်ကို အာရုံမစိုက်နိုင်တော့ဘူးဖြစ်နေတယ်ထင်ပါရဲ့။

(ဘာဖြစ်လို့ နာမည်တွေထည့်ရေးသလဲဆိုတော့ အဲဒီလူတွေ အလုပ်လုပ်တာက ကိုယ်ကျိုးလောက်ပဲ ကြည့်ပြီး ကိုယ်လုပ်ချင်ရာ လျှောက်လုပ်နေသလိုဖြစ်နေလို့။ နောက်ပြီး တိတိကျကျ ပြောချင်လို့ပါ။)

အခု သင်ခန်းစားတွေမှာ လိင်စိတ်ဘယ်လို ဖြစ်လာပုံ၊ ဥပမာ လက်ကိုင်တာကနေ ဘယ်လိုဘယ်သို့ဖြစ်လာတာတွေကအစ၊ ပုံတွေပါ ပယ်ပယ်နယ်နယ် ပါတယ်ဆိုပဲ။ အစွပ်ဘယ်လိုစွပ်တာလည်းပါသတဲ့။
တစ်ခုပြောချင်တာကတော့ အစွပ်ဘယ်လိုစွပ်ရမယ် ဆိုတာ ဒီခေတ်မှာ သင်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ ကျောင်းတွေမှာ သင်ခန်းစာအနေနဲ့ Life Skills ဆိုပြီး မသင်ပေးကြပါနဲ့။

ရွာထဲကသူများလည်း ဝိုင်းဝန်းဆွေးနွေးပြီး မြန်မာ ကလေးတွေကို ဒီလို သင်ပေးခြင်းဖြင့် အကျိုးထက် အပြစ်ဖြစ်နိုင်သလား။ တကယ်ပဲအကျိုးရှိနိုင်သလားဆိုတာကို အမြင်တွေ ဖလှယ်ကြပါဦး။
အခု မသင်ပေးပဲထားလို့ ဆယ်ကျော်သက် ပျက်စီးမှုက ပိုနေတာလား။ သင်ပေးလိုက်ရင် ဆယ်ကျော်သက် လက်တည့်စမ်းမှု ပိုများလာနိုင်မလား။

မှတ်ချက်။   ။ အက်ဒ်မင်မှ Poll ထည့်ထားပါသည်။ အတန်းကန့်သတ်ချက်မထားပဲ ကျောင်းတွင် ပညာပေး လုပ်သင့်မလုပ်သင့်ကိုသာရည်ရွယ်ပါသည်။

[polldaddy poll=5535130]

73 comments

  • maung hninkharr

    September 26, 2011 at 5:11 pm

    မူလတန်းမှာတော့ သင်ကြားမပေးတာ အကောင်းဆုံးပါဘဲ။ မူလတန်းကနေ အဲ့ဒီကိစ္စတွေကို စတင်ပြီးရင်းနှီးသွားရင် ရှေ့လျှောက်ပိုပိုပြီးဆိုးကုန်လီမ့်မယ်။

  • Foreign Resident

    September 26, 2011 at 5:18 pm

    မူလတန်းက စမယ် ?????
    Too young, NO !!!

    • Foreign Resident

      September 27, 2011 at 2:47 am

      I agree, sex education is absolute necessity for our children.
      But, မူလတန်းဆိုတော့ငယ်လွန်းတယ်ဗျာ
      အလယ်တန်းလောက်ကစပြီးတော့ ပညာပေးသင့်တယ်ထင်ပါတယ်
      Let say, 5th Standard, 10 years old.

  • TTCG

    September 26, 2011 at 5:20 pm

    IMO, it is the good move.

    The writer mentioned only Primary Students but not which age. I am sure they will not teach these things to the “KG” students. And I don’t think the detail will be taught in the Primary standards. But the overview should be told to the young students as early as possible.

  • TTCG

    September 26, 2011 at 5:27 pm

    “အခု မသင်ပေးပဲထားလို့ ဆယ်ကျော်သက် ပျက်စီးမှုက ပိုနေတာလား။ သင်ပေးလိုက်ရင် ဆယ်ကျော်သက် လက်တည့်စမ်းမှု ပိုများလာနိုင်မလား။”

    It depends on how u measure the term “spoiled kids”? IMO, I don’t think the kids these days are not as bad as our times. Drugs, Tablets, Smoking, Gangs, Fights are already popular in our school since I was in the 5th Standard.

    Honestly, I don’t know what are popular and what youths are doing these days. Could someone tell me what’s happening with Myanmar youths these days?

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 26, 2011 at 5:32 pm

    တရုတ် မူလတန်းကျောင်းတွေမှာ လိင်ပညာရေးကိုစတင်
    Monday, 12 September 2011 11:05 သုခသခင် .
    တရုတ်နိုင်ငံလို ရှေးရိုးစွဲလို့ ယူဆလို့ရတဲ့ နိုင်ငံတစ်ခုမှာ လိင်ကိစ္စဆိုတာ မပြောအပ် မဆိုအပ်ဆိုပြီး ယုံကြည်ထားကြပါတယ်။ အထူးသဖြင့် ကလေးလေးတွေကို လိင်ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုလေ့မရှိပါဘူး။ အခုတော့ အခြေအနေတွေက စပြီးတော့ ဖြည်းဖြည်းချင်း ပြောင်းလဲစပြုနေပါပြီ။
    အခြေခံပညာ မူလတန်းကျောင်းတွေမှာ လိင်ပညာရေးနဲ့ ပတ်သက်တဲ့ သင်ခန်းစာအုပ်ကို ထည့်သွင်းဖို့နဲ့ ပတ်သက်ပြီး၊ ဘေဂျင်းရှိသတင်းစာ တစ်စောင်က ထုတ်ပြန်လိုက်ပြီးနောက်မှာတော့ ဒါနဲ့ ပတ်သက်ပြီး ဆိုင်ဘာ အင်တာနက်ပေါ်မှာသာမက အပြင်မှာပါ အကျေအလည် ငြင်းခုန်ဆွေးနွေးလာကြပါတယ်။
    ဘေဂျင်းတိုင်းမ် သတင်းစာကြီးကနေပြီး ဒီသင်ခန်းစာအုပ်အကြောင်းကို “ကြီးထွားဖြစ်ထွန်းမှုအဆင့်များ” လို့ ဖော်ပြခဲ့တာပါ ။ ဒီစာအုပ်မှာ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ အယူအဆတွေကို ဓါတ်ပုံတွေ ၊ ရုပ်ပုံတွေ ရှင်းပြထားပါတယ်။
    “ဒါတွေက မူလတန်းအရွယ် ကျောင်းသားတွေအတွက်လား ။ ဒါတွေဟာ သူတို့အရွယ်အတွက်ဆို သိဖို့ သိပ်စောလွန်းပါသေးတယ်။ လက်မခံနိုင်စရာပါပဲ ” လို့ အင်တာနက် သုံးစွဲသူတစ်ဦးက တွစ်တာလို့ ဆိုဒ်တစ်ခုဖြစ်တဲ့ Sina Weibo မှာ ရေးသားခဲ့ပါတယ်။
    အချို့ ပညာရှင်တွေကြားမှာလည်း လိင်သင်ခန်းစာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြ ငြင်းခုန်ကြ ဖြစ်နေဆဲပါ။
    “ဒီစာအုပ်မှာ ပါဝင်တဲ့ အကြောင်းအရာတွေဟာ ကလေးတွေအတွက် အလိုအလျောက် သဘောပေါက် နားလည်ဖို့ ဆိုတာ မသေချာပါဘူး” လို့ လိင်ပညာရေးကျွမ်းကျင်သူ Hu Ping ကဆိုပါတယ်။
    Hu Ping ဟာ လူငယ်တွေကို လိင်နှင့် ကျန်းမာရေးဆိုင်ရာ သင်ခန်းစာတွေကို တရုတ်တောင်ပိုင်းရှိ Shenzhen မှာ ပို့ချနေသူ တစ်ဦးပါ ။ သူမက “ဒီစာအုပ်မှာ ပါရှိတဲ့ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေက ကလေးတွေကို ငယ်ရွယ်စဉ်မှာပဲ လိင်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေအား အာရုံစိုက်လာအောင် မီးမောင်းထိုးပြရာ ရောက်တယ်” လို့ထပ်လောင်းပြောကြားလိုက်ပါတယ်။
    အခြားတစ်ဖက်မှာတော့ ဒီစာအုပ်ကို တစ်ချို့သောမိဘတွေက ကျေနပ်လက်ခံကြပါတယ်။ “ကလေးတွေကို ဒီလိုငယ်ငယ်ကတည်းက သင်ပေးထားတာပိုကောင်းပါတယ်။ ဒီနေ့ခေတ် ကလေးတွေက တနည်းမဟုတ် တနည်း ဒါတွေကို သိကြတာပါပဲ” လို့ ရ နှစ်အရွယ် သားတစ်ယောက် ဖခင်ဖြစ်သူ Li Yan က ဆိုပါတယ်။
    တရုတ်ရှိ ပညာရေးအာဏာပိုင်အဖွဲ့တွေကတော့ ဒီစာအုပ်ကို မူလတန်းကျောင်းတွေ အားလုံးမှာ တရားဝင် သင်ကြားဖို့ကို လက်မခံသေးပါဘူး။ သူတို့အဆိုအရ တစ်ချို့ကျောင်းတွေမှာတော့ စမ်းသပ်လေ့လာတဲ့ အနေနဲ့ သင်ခွင့် ပြုထားပါတယ်။
    ဘယ်လိုဖြစ်ဖြစ် လိင်ပညာရေး အပါအဝင် ကျန်းမာရေးဆိုင်ရာပညာရေးဟာ မူလတန်း အလယ်တန်းတွေမှာ အရမ်းကိုအရေးကြီးသလို ဒါတွေကို အကောင်အထည်ဖော်ဖို့လိုပါတယ်လို့ သူတို့က ပြောဆိုသွားပါသေးတယ်။
    ၁၉၇ဝ ခုနှစ်များဆီကဆိုရင် လိင်ပညာရေးနဲ့ ပတ်သက်တဲ့အခန်းကို ဆရာတွေမသင်ဘဲ ချန်ထားခဲ့လေ့ရှိတယ် လို့ Yan Li က ဆက်လက်ပြောဆိုပါတယ်။
    Hu ရဲ့အမြင်ကတော့ လိင်ပညာရေးနဲ့ ပတ်သက်ပြီး အဓိကပြသနာက အရည်အသွေးပြည့်မီတဲ့ ဆရာ နဲ့ သင်ခန်းစာအုပ်တွေ မရှိတာပါပဲလို့ ဆိုပါတယ်။
    “ဒီစာအုပ်တွေကို ရေးဆွဲပြုစုသူတွေက ကျောင်းတွေမှာသင်တဲ့ ဆရာတွေမဟုတ်ပါဘူး။ နောက်ပြီး ကျောင်းတွေကလည်း ဒီလိင်ပညာရေးကို စနစ်တစ်ခုကို ကြီးထွားပေါက်ဖွားလာအောင် မလုပ်ချင်ကြပါဘူး” လို့ သူမက ဆိုပါတယ်။
    ဘယ်လိုပဲဖြစ်ဖြစ် မြင့်မားလာတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေ၊ လက်မထပ်ခင် ကိုယ်ဝန်ရရှိမှုနှုန်းတိုးပွားလာမှုတွေ ကြောင့် ကျွမ်းကျင်သူတွေ ပြောသလို လူငယ်တွေအတွက် လိင်ပညာရေးဟာ ပိုမိုပြီး မရှိမဖြစ်ဖြစ်လာနေပါပြီ။
    China’s National Working Committee on Children and Women ရဲ့ အဆိုအရ ၂၀၁ဝ မှာ ၁၅နှစ်မှ ၂၄ နှစ်အတွင်း တရုတ်လူငယ် ၆ဝ ရာခိုင်နှုန်းဟာ လက်မထပ်ခင်လိင်ဆက်ဆံမှုကို လက်ခံပြောဆိုနေကြပြီး၊ ၂၂.၄ ရာခိုင်းနှုန်းဟာ ဒီအတွေ့အကြုံတွေကို ခံစားသိရှိပြီး ဖြစ်ပါတယ်။
    လက်မထပ်ခင်ကိုယ်ဝတ်ရရှိသူတွေထဲက ၉၁ ရာခိုင်နှုန်းက ကလေးဖျက်ချကြပါတယ်။ လက်မထပ်ရသေးတဲ့ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်တွေရဲ့ ၄.၄ ရာခိုင်နှုန်းသာ မျိုးပွားတာနဲ့ ပတ်သက်ပြီး မှန်ကန် တိကျတဲ့ အသိပညာ ရှိကြပါတယ်။ ဒီလူတွေထဲက ၁၄.၄ ရာခိုင်နှုန်းသာ HIV ရဲ့ကူးစက်ပုံနဲ့ ဆိုးပြစ်တွေကို သေသေချာချာ နားလည်ကြပါတယ်။
    မူလတန်းကျောင်းတွေမှာ လိင်ပညာရေးကို စတင်စမ်းသပ်နေတာ ဘေဂျင်းတစ်မြို့တည်းတော့ မဟုတ်ပါဘူး။ ရှန်ဟိုင်းမှာလည်း အလားတူစမ်းသပ်မှုတွေကို ဆောင်ရွက်နေပါတယ်။ အစိုးရပိုင် China Daily သတင်းစာအရ လိင်ပညာရေးနဲ့ သက်ဆိုင်တဲ့ ပထမဆုံးကျောင်းသုံးစာအုပ်ကို မူလတန်းကျောင်း ၁၈ ကျောင်းမှာ နောက်လာမယ့် နှစ်ဝက်မှာ အသုံးပြုလိမ့်မယ်လို့ ဆိုပါတယ်။
    ဒါပေမဲ့ ဘယ်အရွယ်မှာ ကလေးတွေကို လိင်ပညာရေးနဲ့ ပတ်သက်ပြီး သင်ကြားသင့်သလဲဆိုတာကတော့ အချေအတင် ဆွေးနွေးငြင်းခုန်နေဆဲပါ။ တရုတ်တွင် လိင်နဲ့ပတ်သက်ပြီး အထူးပြုလေ့လာနေသူ Li Yinhe ကတော့ “ကလေးတွေကို ငယ်ငယ်လေးကတည်းက လိင်ပညာရေးကိုသင်ပေးဖို့လိုပါတယ် ။” လို့သူ့ အမြင်ကိုပြောကြားသွားပါတယ်။
    “သူတို့ဟာ လိင်ကွဲပြားမှုစတဲ့ အခြေခံအသိပညာတွေကို သိရှိဖို့လိုအပ်ပါတယ် ။ လိင်နဲ့ပတ်သက်ပြီး ဘာတွေက မှားတယ် ဘာတွေကမှန်တယ်ဆိုတာကို ဆရာတွေက ကလေးတွေကိုပြောပြသင့်ပါတယ် ။ ပြီးရင် ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကနေ ကာကွယ်တတ်အောင် သင်ပေးဖို့လည်းလိုပါတယ်”
    ဘေဂျင်းရှိစာသင်ခန်းတိုင်းမှာတော့ ဒီလိင်ပညာရေးကို အကောင်အထည်မဖော်နိုင်သေးပါဘူး။ ဒါပေမဲ့ အချို့ပညာရှင်တွေကတော့ ဒီလို အမြန်ဆုံးဖြစ်လာဖို့ ဆန္ဒပြင်းပြနေပါတယ် ။ “ပွင့်လင်းပြီး သင့်တင့်လျောက်ပတ်တဲ့ လိင်ပညာရေးဟာ ကလေးတွေကို ကူညီဖို့နဲ့ ကာကွယ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းပါ” လို့ Li က စီအင်န်အင်န်ကို ပြောကြားလိုက်ပါတယ်။
    သုခသခင်
    http://www.maukkha.org/index.php?option=com_content&view=article&id=1812:2011-09-13-11-20-04&catid=120:2010-10-11-07-37-22&Itemid=374

  • windtalker

    September 26, 2011 at 6:37 pm

    ယိုးဒယား မှာလို
    ကလေး -ာသည် လေးတွေ ကို
    မြင်ချင်လို ့နေမှာပေါ့

  • japoe

    September 26, 2011 at 6:52 pm

    ဘာပဲဖြစ်ဖြစ်ပေါ.နော်
    မူလတန်းမှာ သင်မယ်ဆိုတာကတော.————-
    အင်းးးးးးးးးးးးးးးး လုပ်ကြပါအုန်း
    အပြင်မှာ အထက်တန်းလောက်ဆို တည်းခိုခန်းရောက်နေပြီ
    အရွယ်မတိုင်ခင် ပညာစခန်းကနေ
    အရွယ်မတိုင်ခင် ??????????
    ဘယ်တွေရောက်ကုန်မတုန်း

  • yetazar

    September 26, 2011 at 7:44 pm

    လိင်ကိစ္စကို နိုင်ငံခြားတွေမှာကလေးတွေအရွယ်ကစပြီးသင်ကြားမှု ၊ ဆွေးနွေးမှုလုပ်နေတာတွေရှိပါတယ် ။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့သင့်တော်ပါ့မလား ။ ကျွန်တော်လဲမြန်မာတစ်ယောက်ပါ မြန်မာစိတ်ဓါတ်ကိုကောင်းကောင်းသိပါတယ် ။ မြန်မာက အရမ်းအတုခိုးမှားတတ်ကြတယ်ဗျ ။ ကလေးတွေက ဆေးပညာသဘောတရားတစ်ခုလိုမမြင်ပဲ အတုခိုးစရာ စမ်းကြည့်စရာတစ်ခုလိုမြင်သွားမလား စိုးရိမ်းရတယ်ဗျ ။ လိင်ပညာပေးကိုဆွေးနွေးတယ်ဆိုတာ တစ်ကယ်တော့အရမ်းကောင်းပါတယ် ။ စောင့်ကြည့်ရမှာပေါ့ဗျာ ။

  • ရဲအောင်

    September 26, 2011 at 8:55 pm

    ဘာသာတရား၊ ယဉ်ကျေးမှု ဒါတွေထွန်းကားတဲ့ ဒို့မြန်မာနိုင်ငံ မှာ ပညာပေး လိင်ကိစ္စတွေ မဖြစ်နိုင်သေးဘူး လားလို့ပါ။
    japoe ပြောသလို မူလတန်း လိင်ပညာသင် ပီးတော့ အလယ်တန်း တည်းခိုခန်းဝင် ၊ ဟုတ်ပါတယ် ။
    ရီစရာလို့ထင်ရပေမဲ့ ပြဿနာတွေ ရှိလာမယ် ထင်မိတယ်ဗျာ ။

  • a

    September 26, 2011 at 9:04 pm

    မှန်တယ်ဗျ အထက်တန်းလောက်နဲ့တည်းခိုခန်းရောက်နေတယ်ဆိုတာ
    ခေတ်ကပြောင်းလဲနေပြီ ဒီကိစ္စကို ယဉ်ကျေးမှုနဲ့ မသင့်လျော်ဘူးဆိုပြီးတော့ ချန်ထားလို့တော့ မရပေဘူး
    ဒါပေမယ့်လည်း မူလတန်းဆိုတော့ငယ်လွန်းတယ်ဗျာ အလယ်တန်းလောက်ကစပြီးတော့ ပညာပေးသင့်တယ်ထင်ပါတယ်
    မိဘတွေကလည်း တက္ကသိုလ်တက်နေသည့်အရွယ်တိုင်းအောင် လိင်ကိစ္စ တွေကိုပညာပေးအနေနဲ့ ဘာတစ်ခုမှပြောဆိုဆုံးမမှုမရှိပါဘူး ဒီတော့သမီးမိန်းခလေး မွေးထားတဲ့မိဘတွေ မလိုလားအပ်တဲ့ပြသနာေ တွဖြေရှင်းနေကြရတာ ပတ်ဝန်းကျင်မှာ အမြဲလိုလို တွေ့မြင်နေရတယ်။ မိဘကိုယ်တိုင်းမဆုံးမသင့်တဲ့ အကြောင်းအရာကို ကျောင်းမှာဆရာဆရာမတွေနဲ့သင်ကြားပေးမယ် ပညာပေးတွေလုပ်မယ်ဆိုရင် ပိုပြီးတော့ကောင်းလာမယ်လို့ ကျွန်တော်တော့ထင်တာပဲလေ၊ ဘယ်ကိစ္စမဆိုေ ကာင်းကျိုးဆိုးကျိုးဆိုတာရှိတာပဲလေ၊ခေတ်ကေြ ပာင်းလဲနေတော့အရင်အတိုင်းနေလို့တော့ မရဘူးလို့ထင်တာပါပဲ

  • htoosan

    September 26, 2011 at 9:19 pm

    မူလတန်းဆိုတာထက် ဘယ်အတန်း ဆို ပြီးတိတိကျကျဆို ပိုကောင်းပါမယ်..
    သူငယ်တန်း ၊၁၊၂၊ ကတော့ ငယ်ပါမယ် ၊ ဒါပေမဲ့ ဒီအရွယ်မှာလည်း ကျား မ ရှက်ရှက် မတူကြဘူး ဆိုပြီး သိသလို အဖေ အမေ ဆိုတဲ့ စုံတွဲဆိုတာ သိကြပါတယ်၊ ၃၊၄ တန်းလောက်မှာတော့ ဘာမှန်းမသိဘဲ လင်မယား လုပ်တန်း ကစား ကော င်း ကစား တတ်နေပါပြီ။
    င်္တစ်ခါ အသက်နဲ့ ပြန်စဉ်းစားရင် ၆။၇။၈။၉။၁ဝ ဆိုတော့ ၉၊၁ဝ နှစ် အတော်သိကြပါပြီ။ ကလေးဆိုပြီး အထင်မသေးကြပါနဲ့။
    မိဘတွေဆိုတာ ကိုယ့်သားသမီးတွေကို ဘယ်အရွယ်ဘဲရောက်ရောက် ကလေးဆိုပြီး ဘာမှမသိသေးမတတ်သေးထင်ပြီး အစိုးရိမ်လွန်ကြပါတယ်။ ကိုယ်အဲ့ဒီ အရွယ်က ဘာလုပ်ခဲ့လဲ ဘာဖြစ်ချင်ခဲ့ လည်း ပြန်စဉ်းစားပါ။
    ွွှှသင်ပေးတယ်ဆိုတာ လုပ်ကြပါဆို ပြီး လုပ်ခိုင်းတာမှမဟုတ်တာ ။ ဘာဖြစ်နိုင်တယ် ဘယ်လိုမဖြစ်သင့်ဘူး ဘယ်လိုကာကွယ်ကြမယ် ဆိုတာရယ် ။
    နောက် ကျွန်တော်တို့ ပြောတဲ့ ကျွန်တော်တို့ မြန်မာ့ ယဉ်ကျေးမူ့ အသိုင်းအဝိုင်း …
    မိဘကနေ သားသမီးကို သင်ပြ ပြောပြ ဆွေးနွေး တာ ဘယ်နှစ်ဦး ရှိပါသလဲ..၉၉% ဒီကိစ္စနဲ့ ပါတ်သက်ရင် မပြောကြဘူးလို့ထင်ပါတယ်..
    ဘယ်အရွယ်မှာ ဘယ်လောက် သိသင့်ပြီဆိုတာ unisco က သုသေတန လုပ်ပြီးဖြစ်မှာပါ။
    ကျွန်တော်ကတော့ လုပ်သင့်တယ်လိုထင်မြင်ယူဆပါတယ်။

  • mgmglusoe

    September 26, 2011 at 9:25 pm

    အေးဗျာ ဘယ်သူကဘယ်လိုပဲတားတား ကလေးပေါက်စနတွေ နက်ဆိုင်တွေမှာ တွေ့နေကြရပီဗျ ။
    ၄ တန်းအရွယ် ကို ပြောတာပါ ၊
    ဒီတော့ မိတ်ဆွေတို့ စဉ်းစားကြည့်ကြပါတော့၊ လိင်ကိစ္စ ပညာ ပေးသင့်ပီ ထင်တာပဲဗျာ ။ 🙄

  • မောင်တုတ် ကြီး

    September 26, 2011 at 9:37 pm

    အဓိက ကတော့ကျနော်ထင်ပါတယ် မိဘတွေပေါ်မှာမူတည်တာပေါ့။ကောင်းပါတယ်။ကြိုဆိုပါတယ်။

  • Dakara

    September 26, 2011 at 10:29 pm

    မသင်ကြားသင့်ပါ၊မြန်မာယဉ်ကျေးမှုမှာမောင်နှင့်နှစ်မသားနဲ့အမိပြောလို့မသင့်သောကိတ်စများကို
    သင်ကြားရန်မသင့်ပါ။ကလေးကအိမ်မှာပြန်ရှင်းပြခိုင်းလျှင်ဘယ်လိုလုပ်ကြမည်နည်း?

  • blaze

    September 26, 2011 at 10:30 pm

    အခုခေတ် ကလေးတွေက ဘာသင်သင် တတ်မြန်တာ ကိုတော့လက်ခံရမယ်ဗျ……………..
    ကျွန်တော်ကတော့ ပညာပေးသင့်တယ်လို့ ထင်ပါတယ်………….
    တခြားနိုင်ငံတွေမှာလဲ ဒီအတိုင်းပါပဲ။ ၅ တန်းကလေး တစ်ယောက်ကတောင် proxy site ဆိုတာ ဘာလဲဆိုတာသိနေပါပြီ။ ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးပဲလို့ထင်ပါတယ်………….

  • unclegyi1974

    September 26, 2011 at 10:43 pm

    မူလတန်းကစမယ်ဆိုရင်ကလေးတွေငယ်သေးမှတ်ပါတယ်
    ကိုယ်ကသာငယ်သူတို့ကမငယ်ဖူးဆိုလည်းမတတ်နိုင်ဖူးလေ
    အလယ်တန်းကစမယ်ဆိုအကောင်းဆုံးလို့ယူဆပါကြောင်း
    မြန်မာကကိုယ့်သမီးအပျိုဖြစ်လာရင်ကိုယ်တိုင်ကွန်ဒွန်ကို
    ပိုက်ဆံအိတ်ထံထည့်ပေးမယ်ဆိုတဲ့ဖခင်မျိုးကလည်းရှိနေတာဆိုတော့ပြောရခက်ပါတယ်
    လူသိရှင်ကြားစာအုပ်ထုတ်ပြီးရေးထားတာနော်
    အကြားမဟုတ် အမြင်

  • Ko Ko Aung

    September 27, 2011 at 12:00 am

    မြန်မာပြည်မှာ အပျိုဖေါ်ဝင်တာ ၁၂ နှစ်ကျော်မှသာ အများဆုံးဖြစ်ပါတယ်။ ယောက်ျားလေးက ဒါထက်တောင် နောက်ကျဦးမယ်။
    ၁၂ နှစ်ပဲ ထား- အဲဒါ ၆တန်း ရတန်း လောက်မှပါ။
    ဒါကြောင့် မိန်းကလေး ယောက်ျားလေး အပျိုဖေါ် လူပျိုဖေါ်မဝင်ခင် လိင်ပညာပေးမယ်ဆိုရင် အစောဆုံး ၅-တန်းလောက်ဆိုရင် လုံလောက်နေပါပြီ။
    ဒါမျိုးက အလွန်စိတ်ဝင်စားစရာကောင်းပြီး အတတ်မြန်ပါတယ်နော…

  • kai

    September 27, 2011 at 12:36 am

    မြန်မာကလေးတွေဟာ.. တခြားတိုးတက်တဲ့နိုင်ငံတွေရဲ့..ကလေးတွေထက်တမူထူးပြီး.. ဂျိုပေါက်..မျက်လုံးသုံးလုံးပါ.. မျိုးပွားလိင်အင်္ဂါ ၂ခုရှိနေသူတွေမဟုတ်ကြတာမို့..

    တိုးတက်တဲ့နိုင်ငံတွေအတိုင်း.. အထပ်ထပ်စိစစ်လေ့လာထားတဲ့.. လုပ်ထုံးစံနစ်တွေကို.. ဝါရင့်ဆရာဆရာမကြီးများ..ကျောင်းအုပ်များ.. ပါမောက္ခများနဲ့တိုင်ပင်ပြီး. ..လိင်ကိစ္စ ပညာပေးကိုမြန်မာပြည် ကျောင်းတွေမှာ သင်ကြားသင့်ပြီလို့ထင်ပါတယ်..။
    ယူနီဆက်ဖ်ကြီးကြပ်အဆင့်မျိုုးမှာ.. မူလတန်းကလေးကို..ကွန်ဒုံးစွပ်နည်းသင်ပေးနေမယ်တော့ မထင်ပါဘူး..။
    သူ့အသက်တန်းနဲ့သူ.. စံနစ်တကျလုပ်သွားပေးမယ်ထင်မိပါတယ်..။

    တော်တော်တောင် နောက်ကျနေပြီ..ထင်မိရဲ့..။ 🙂

    မြန်မာပြည်အတွက်.. အောက်ကဆာဗေးမျိုးလုပ်ကြည့်ချင်သား…။
    http://www.npr.org/programs/morning/features/2004/jan/kaiserpoll/publicfinal.pdf

    ကမ္ဘာက ဘာလုပ်နေသလည်း.. ဖတ်ကြဖို့ပါ.။
    http://en.wikipedia.org/wiki/Sex_education

  • minmahar

    September 27, 2011 at 1:10 am

    လောကမှာ အားကြီးတဲ့သူက အားနဲတဲ့သူကို အနိုင်ယူတာ ဖြစ်စဉ် အများစုပါ ။
    လိင်ကိစ္စမှာလဲ အတွေ့အကြုံရှိသူ (အကြံသမား ) က အတွေ့အကြုံ နဲသူကို
    အနိုင်ယူတတ်ကြတာ ဓမ္မတာပါ ။
    ဘယ်အရာမဆို သိထားသင့်ပါတယ် ။ လုပ်ဖို့မဆိုလိုပါ ။
    ဒါမှ အကြံသမားတွေရဲ့ ရန်ကို သိထားတဲ့အသိနဲ့ ရှောင်ရှားနိုင်မှာပါ ။
    ကျား+မ ဟူသည် ( အများစု )တချိန်ကြုံတွေ့လာရမဲ့ ဖြစ်စဉ်တွေမို့ သိထားသင့်တာပါ ။
    လိင်ပညာပေး အစီအစဉ်မှာလဲ ခန္ဓာဗေဒ တည်ဆောက်ပုံ ၊ အကျိုးအပြစ် ၊ တွေ့ကြုံစေမဲ့
    အန ္တရာယ် များ ( တွေ့ကြုံပုံ ၊ ရှောင်ရှားပုံ )တို့ကို အခြေခံ သင်ကြားပြီးမှ တဆင့်တက်
    လိင်ပညာပေး တားဆီးပုံ ၊ ကာကွယ်ပုံ ၊ နေထိုင်ပုံ ၊ ဆေးပညာ ပိုင်းဆိုင်ရာတို့ကို သင်ကြား
    သင့်ပါတယ် ။
    ၆- ၇- ၈ အတန်းနဲ့ အိ်မ်ထောင်ကျမှု ဟာ မပြောပလောက်အောင် အနဲငယ်သာ ရှိတာပါ ။
    ၉- ၁ဝ အတန်းမှာသာ ပိုများတာပါ ။ TV , VCD , EVD , MP4 စတဲ့ အသုံးအဆောင်မှတဆင့်
    လိင်ဖျော်ဖြေမှုတွေ ၊ အင်တာနက်ဆိုင်ရာ လိင်ဖျော်ဖြေမှုတွေဟာ ခေတ်နဲ့ အပြိုင် လူငယ်တွေ
    အဖို့ သုံးတတ်လာကြပါပြီ ။
    ဒါကြောင့် မြန်မာပြည် အဖို့ လိင်ပညာပေးအစီအစဉ်ကို လုပ်ဆောင်သင့်ပေမဲ့ မူလတန်းအဆင့်
    ဟာ ငယ်လွန်း ၊ စောလွန်းပါတယ် ။
    အလယ်တန်းအဆင့်မှသာပညာပေး လုပ်ဆောင်သင့်ပါတယ် .. ။

  • koyinmaung

    September 27, 2011 at 2:51 am

    တရုတ်နိုင်ငံကအနောက်နိုင်ငံယဉ်ကျေးမှုလွှမ်းမိုးသွားပါပြီ
    သူတို့ဆီမှာအလုပ်အကိုင်ပေါးတော့ ဆယ်ငါးဆယ့်ခြောက်နှစ်ဆို
    တချို့မိဘတွေကကျောင်းမထားတော့ဘဲအလုပ်လုပ်ခိုင်းတာတွေရှိကြတယ်…
    လုပ်ငန်းခွင်ထဲမှာဒီအရွယ်လေးတွေမိန်းခလေးယောကျာ်းလေးအတူနေတာတွေ
    တွေ့နေရတာပါ ယူကြတာနည်းပါတယ်…ကိုယ်ဝန်ရှိလဲဖျက်ချဘို့တရားဝင်ဆေးခန်း
    တွေဈေးသက်သက်သာသာနဲ့ပါ……
    ဒီလိုနိုင်ငံမှာတောင်မူလတန်းကိုစမ်းသပ်နေတုန်းပါ
    မြန်မာနိုင်ငံမှာတော့မူလတန်းအရွယ်လိင်ပညာပေးသင်လိုက်ယင်
    ကစားစရာတခုတိုးလာတယ်လို့ခလေးတွေကယူဆပြီး
    လင်မယားလုပ်တမ်းကစားကြတာမြင်ရောင်မိပါရဲ့………

  • တိုင်းပြည်ရဲ့အသက်သွေးကြော ပညာရေးကိစ္စမှာတောင် မယောင်ရာဆီလူးနေတယ်။ အဓိကကျတဲ့ ပညာရေးကို မြှင့်တင်ဖို့ မစဉ်းစားဘဲ သူများယောင်တိုင်း လိုက်ယောင်ချင်နေတယ်။ တော်တော်ကြာ ဝိဇ္ဖာနဲ့ သိပ္ပံပေါင်းလိုက်၊ တော်တော်ကြာခွာလိုက်နဲ့ လူတွေဆို ရူးလောက်တယ်။ ပညာရေးလောက ဒီလောက် ချကိုက်နေတာကိုတော့ ဘာမှမလုပ်ဘဲ၊ တကယ့်သောက်ရူးတွေ။ လက်ရှိပညာရေးမြှင့်တင်ဖို့ ဆိုတာ လိင်ကိစ္စပညာပေးဟုတ်ဘူး။ လိင်ကိစ္စပညာပေးဖို့နေနေသာသာ နယ်တွေက (ရန်ကုန်တော့မသိ) ကျောင်းတွေမှာ ကလေးတွေကို တန်းစီပြီးရပ်ခိုင်းကြည့်ပါဦး။ အာဟာရပြည့်ဝတဲ့လူ ဘယ်နှစ်ယောက်ရှိသလဲဆိုတာ။ ကလေး ၁ဝ ယောက်မှာ ၁ယောက်ရှိရင် ပါးလာရိုက်ဗျာ။ မြန်မာပြည်ပညာရေးဟာ ဘာနဲ့တူသလဲဆိုတော့ သေတော့မယ့်လူနာကို ဆေးမကုဘဲ မာရသွန်ပြေးခိုင်းနေတယ်။
    မူလတန်းမှ မဟုတ်ပါဘူး၊ ကျောင်းတွေမှာ အဲဒီ လိင်ကိစ္စပညာပေးဆိုတာ ခုချက်ချင်းထလုပ်ကြည့်လိုက်စမ်းပါ။ ဘယ်လောက်တောင် ပွက်လောရိုက်ကုန်မယ် ထင်သလဲ။

  • small cat

    September 27, 2011 at 7:50 am

    မူလတန်းကတော့ ငယ်လွန်းတယ်လို့ထင်ပါတယ်။ အလယ်တန်းမှာတော့မဖြစ်မနေသင်သင့်ပါပြီ။
    ဒီကိစ္စ ကျန်ခဲ့တဲ့ငါးနှစ်လောက်ကကြားမိပါတယ်၊မူလတန်းကစမယ်လို့တော့ကြားတာမဟုတ်ပါ။
    ဘာကြောင့်ပျောက်သွားသလဲမသိပါ။
    မြန်မာ့ယဉ်ကျေးမှုအရ ဒီကိစ္စတွေကို အမေနဲ့သမီး ၊အမနဲ့ ညီမတောင် သေသေချာချာသင်ပေး
    တာမျိုးမရှိပါဘူး၊ ဒါကြောင့်ကျောင်းကသင်ပေးလိုက်ရင်အဆင်ပြေပါတယ်။ဒီကိစ္စဖြစ်သင့်တာကြာပါပြီ။
    မူလတန်းကစမယ်ဆိုတာကိုတော့ လက်ခံဖို့ခက်ခဲပါတယ်။

  • akswe

    September 27, 2011 at 7:54 am

    မြန်မာပြည်က မူလတန်းကလေးတွေ အတွက် ဆို သိပ်စောနေမလားပဲ ထင်မိတယ်..
    ငယ်ငယ်တုန်းက မသိခင်မကြားဘူးခင်က အမှောင်ထည်း လည်းသွားရဲတယ် တစ်ယောက်တည်းလည်း ညဘက်မှာ နေရဲခဲ့တယ်..အိမ်မှာရှိတဲ့ အိမ်ဖော်တွေ ရဲ့ လံကြုတ် သရဲ တစ္ဆေ ဇာတ်လမ်းတွေ နားထောင်ဘူး ကြားဘူးသွားတော့ တစ်ကယ်မမြင်ဘူး မတွေ့ဘူးပေမယ့် စိတ်ကူးနဲ့ ကိုယ့်ဘာသာ ပုံဖော်ပြီးသရဲကြောက်တတ် သွားခဲ့ရတယ်….အဲဒီတုန်းကနားမထောင်ခဲ့မသိခဲ့ရရင် ဖြစ်မှာမဟုတ်ဘူး။

  • etone

    September 27, 2011 at 8:48 am

    ပညာပေး လုပ်ငန်းတွေ လူငယ်တွေကြားမှာ သင်ကြားသင့်ပါတယ် ..သို့မှသာ ရှောင်ကြဉ် နိုင်ပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်ရစရာ ကိစ္စတွေ ကာကွယ်ပြီးဖြစ်မှာပါ …. ။ ဒါပေမဲ့ .. မူလတန်း အရွယ်မှ စမသင်ပဲ … အပျို ၊ လူပျို စဖြစ်တဲ့ ပျမ်းမျှ အရွယ် အလယ်တန်းလောက်မှသာ စပြီး သင်ကြားပေးသင့်ပါတယ် … ။
    သင်ကြားပေးရာမှာလည်း … လက်ကိုင်လို့ ဘယ်လို စိတ်ဖြစ်လာတယ်ဆိုတာမျိုး ( စိတ်ခံစားမှူမျိုး) ထက် … ဘာလုပ်လျှင် ဘာဖြစ်မလဲ … အဲ့လို မဖြစ်အောင် ဘယ်အချက်တွေနဲ့ ကာကွယ်မလဲ .. ရောဂါဘယ်လို ကူးလဲ စတာတွေ အဓိက မီးမောင်းထိုးပြသင့်တယ် … ။
    သိလို့ မှားတာထက် … မသိလို့ မှားနေတာတွေ များပါတယ် … ။ 🙂

    • မိုက်ကယ်ဂျော်နီအောင်ပု

      September 27, 2011 at 9:04 am

      ဟုတ်တယ် ဒေါက်တာအီးတုံးပြောတာထောက်ခံတယ်
      သိပ်တော်တာဘဲ 😀
      ကျုပ်အထင်တော့ မြန်မာပြည်ရဲ့ ဟိုမဟုတ်ဒီမဟုတ်အခြေနေ
      ( ဘာသာရေးယောင်ယောင် ယဉ်ကျေးမှု့ယောင်ယောင်
      ဒီမိုကရေစီယောင်ယောင် )
      တွေ့ကလည်း လွယ်လွယ်ပြောလို့ရနိုင်ဘူး
      ဆိုတော့ကာ လုပ်သင့်တယ်ဆိုရင်တောင် လက်ရှိမဖြစ်သင့်သေးဘူး
      သတ်မှတ်တဲ့အရွယ်တွေရောက်လာမှ
      ထတဲ့ ရွတဲ့ ဒေါက်တာတို့လိုအရွယ်တွေကို
      ပညာပေး ဟောပြောပွဲတွေ လက်ကမ်းစာစောင်တွေ ဒါတွေနဲ့
      အရမ်းရင်းနှီးအောင်သာ
      အရင်လုပ်သင့်တယ်

      • AKKO

        September 27, 2011 at 3:54 pm

        တမြီးပေါက် တယောက်ထွန်းပါလား အောင်ပုရာ မင်းမှာလဲ ပူလောင်လွန်းလိုက်တာ
        ဟိုလိုလို ဒီလိုလို အစောင်းချိတ်တွေနဲ့ လိုက်စနေတာ ဟိုက စိတ်ကောင်း ဝင်နေတုန်းမို့လို့ မဟုတ်လျှင် မင်းဘယ်တော့ အဆဲခံရမလဲ မသိဘူး ။ လူလူချင်း လေးစား ၊ နှမသားချင်း စာနာစမ်းပါကွ ။

        • ချစ်စ/ဆ ရာ

          September 27, 2011 at 8:34 pm

          ဟုတ်တယ်ခင်ဗျ
          အစ်ကိုကြီး AKKO says ကို ထောက်ခံပါတယ် အမှတ်ပေးထားတာ
          ကျနော် ( မမဆူးလေသံဖြင့် ) ပါခင်ဗျ
          မိမဆုံးမ ဖမဆုံးမ
          မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့လူ တော်တော်ရိုင်းတယ်
          မမအိတုံကို ကျနော် ကိုယ်ခြင်းဆာ………………ပါတယ်ခင်ဗျ
          ဦးဦးခိုင်ကိုလည်း ကျနော် တင်ပြပေါင်းများပြီခင်ဗျ
          ဒီ အရိုင်းအစိုင်း မိုက်ကယ်ဂျော်နီလဘု ကို
          မန်ဘာအဖြစ်က ထုပ်ပြစ်ပါခင်ဗျ
          တော်တော်မိုက်ရိုင်းတယ်ခင်ဗျ
          မန္တလေးဂေးဇက်သိက္ခာကျတယ်

        • char too lan

          September 30, 2011 at 3:53 pm

          ဟဟား အဆင်းဘီတပ်ရုံတင်မက ဆီပါထပ်ဖြည့်ပေးနေတယ်
          ဝတ္တရားမပျက်ပါလား ဆြာချစ်ရ !! 🙂

  • blackchaw

    September 27, 2011 at 9:04 am

    ၅ တန်းလောက်ကတည်းက စသင်သင့်တယ်ထင်ပါတယ်။
    ကျွန်တော် သိသလောက် အခုကလေးတွေက မီဒီယာတွေရဲ့ လွှမ်းမိုးမှုကြောင့် ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့
    ရီးဇားထားတတ်နေကြပြီဗျ။ ဆိုးတာက Valentine Day ကို လုပ်စားတဲ့ စီးပွားရေးသမားတွေကြောင့် အဲဒီနေ့ဆိုရင်
    တည်းခိုခန်းတို့၊ ဟော်တယ်တို့မှာ ကျောင်းသားအရွယ်လေးတွေ ပြည့်နေတာပါ။ သူတို့အရွယ်မှာ ချစ်သူကိုချစ်ကြောင်း
    ပြဘို့ အလွယ်ကူဆုံးက လိင်ကိစ္စဖြစ်နေတယ်လေ။ အဲဒီတော့ ငါးတန်း လောက်ကတည်းက လိင် ပညာပေးသင့်ပါတယ်။
    သင်တဲ့နေရာမှာတော့ မိန်းကလေး၊ ယောင်္ကျားလေး ခွဲသင်သင့်တယ်ထင်ပါတယ်။ မိန်းကလေးကို ဆရာမ၊ ယောင်္ကျားလေးကို
    ဆရာက သင်တာ ပိုသင့်လျော်တယ်လို့လည်း ထင်မိပါတယ်။

  • May

    September 27, 2011 at 9:18 am

    I think it should be start from middle school.
    For the primary, it is too young..
    Anyhow, start thinking to teach at school is good idea and just only need to think about the level and IQ of the students.

  • ကြောင်ကြီး

    September 27, 2011 at 9:21 am

    သင်ပေးလိုက်ရင်တော့ ပိုများလာမှာ သေချာပါတယ်။ ထိန်းလို့မရမဲ့အတူတူ မူလတန်းအလွန် ဆဌမတန်း လောက်ကစသင့်တယ် ထင်ပါတယ်။ မူလတန်းအဆင့်မှာ သင်ပေးမယ်ဆိုလည်း အသုံးချ မခံရရေး၊ အန္တရယ်ကို သတိပြုကာကွယ်ရေး၊ မတော်လို့ဖြစ်ခဲ့ရင် မိဘလုပ်သူကို အသိပေးတိုင်ကြားရေး စတာတွေကို သင်ပေးသင့်တယ်။ လိင်အင်္ဂါမျိုးပွားမှုဆိုင်ရာ သင်္ခန်းစာကိုတော့ နောက်တဆင့်မှာသင်ပေါ့။ အနောက်နိုင်ငံတွေမှာလည်း အားလုံးသဘောတူတယ် မထင်ပါဘူး။ သင်ပေးလိုက်လို့ ဖွင့်ပေးသလိုဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ကိစ္စကျူးလွန်ကုန်တယ်လို့ ပြောသူအများကြီးရှိပါတယ်။ ဘာသာရေးနွယ်ပြီး ပညာပေးဖို့ကြတော့လည်း နိုင်ငံတကာအမြင်မှာ အထင်လွဲစရာ ဖြစ်နိုင်တယ်။ ဒါကြောင့် အရွယ်မတိုင်ခင် ကျူးလွန်မှုရဲ့ နောက်ဆက်တွဲ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုးကျိုးတွေကိုပါ အလေးပေး သင်ကြားသင့်တယ်။ ဥပမာ – အရွယ်ရောက်လာတာနဲ့ လိင်အင်္ဂါဖွံ့ဖြိုးမှုနဲ့အတူ စိတ်ကစားလာမှု၊ ဆန့်ကျင်ဖက်လိင် (အထူးသဖြင့်အမျိုးသား) များရဲ့ အခွင့်ရေးယူ အသုံးချမှု။

  • ရွှေဘိုသား

    September 27, 2011 at 10:52 am

    သင်မနေနဲ. တက္ကသိုလ်ရောက်ရင် အကုန်တက်သွားပြီ
    ဘယ်နှယ်.ဗျာ Assignment လေး ဒေးကျောင်းတွေ ဖွင်.နေတုန်းသွားတင်ပါတယ်
    ဖြစ်ပျက်နေလိုက်ကြတာ စားသောက်ဆိုင်ထဲ နှိပ်ပေးတဲ့စုံတွဲတွေများ မသိရင် ကျောင်းပြီးတာနဲ.
    မာဆက်မှာ အလုပ်ဝင်မလား အောက်မေ့ရတယ် ဒါကလူရှေ့မှာနော် လူကွယ်ရာမှာဆို တော.မသိဘူး

  • amatmin

    September 27, 2011 at 11:06 am

    ကိုကြောင်ကြီးပြောတဲ့…
    “မူလတန်းအဆင့်မှာ သင်ပေးမယ်ဆိုလည်း အသုံးချ မခံရရေး၊ အန္တရယ်ကို သတိပြုကာကွယ်ရေး၊ မတော်လို့ဖြစ်ခဲ့ရင် မိဘလုပ်သူကို အသိပေးတိုင်ကြားရေး စတာတွေကို သင်ပေးသင့်တယ်။ ….အရွယ်မတိုင်ခင် ကျူးလွန်မှုရဲ့ နောက်ဆက်တွဲ လူမှုရေး၊ ပညာရေး၊
    ကျန်းမာရေး၊ စီးပွားရေးဆိုးကျိုးတွေကိုပါ အလေးပေး သင်ကြားသင့်တယ်။ ….” လက်ခံပါတယ်..

    လက်ရှိအခှလက်တလောသတင်းတွေမှာကို.အရွယ်မရောက်သေးတဲ့ကလေးတွေကို.လိင်ကိစ္စကျူးလွန်မှုတွေအတော်တွေ့နေရပါတယ်..
    ပြောရရင်တော့.အုပ်ထိန်းသူမိဘတွေကိုယ်တ်ိုင်က.ကလေးတွေကိုဂရုတစိုက်မရှိတာ၊ ဖြစ်နိုင်ခြေတွေကိုတိမ်တိမ်လေးသာသိရှိထား
    တာတွေလဲပါမှာပါ၊ ဒီတော့ကလေးတွေကိုပညာပေးတာတွေလုပ်မယ်ဆို .ငှင်း(ကလေးပညာပေး)ကတဆင့်မိဘအုပ်ထိန်းသူတွေလဲသိရှိအကျိုးများမယ်
    ထင်လို့ ကလေးတွေနားလည်နိုင်မယ့်..လိင်ပညာပေးတော့လိုအပ်မယ်ထင်ပါတယ်။..
    ကလေးတွေအတွက်ဘယ်လောက်လေးဆိုသင့်တော်မယ်ဆိုတာတော့ကိုယ့်ဆရာတွေသိမှာပါ..

  • taungpawthar

    September 27, 2011 at 12:04 pm

    အဲလို သင်ပေးလိုက်ရင်တော့ ပိုပြီး စိတ်ဝင်စားသွားမှာ အသေအချာ ပြောရဲပါတယ်ဗျာ ပညာမပေးလို ့လဲ
    မဖြစ်ပြန်ဘူး ဆိုတော့ အထက်တန်း လောက် ဆိုရင်တော့ သင့်တော် မယ်ထင်ပါတယ်

  • zaymdy

    September 27, 2011 at 12:13 pm

    မူလတန်း အဆင်.မှာ သင်ပေးမယ်ဆိုရင် စောနေသေးတယ်လို.ထင်တယ်ဗျာ.အလယ်တန်း အဆင်.လောက်မှ သင်ပေးသင်.တယ်လို.ထင်ပါတယ်ဗျာ…အဓိကက ကျောင်းတွေ.ကလည်း လို.အပ်ပါတယ် ကျွန်တော်တို.ငယ်၂တုန်းကဆို 8တန်း9တန်းထိ အဒီဘက်ကို စိတ်မရောက်ပါဘူး ဘောလုံးကွင်း ခြင်းခတ် တည်းနေရာမှာ ရောက်နေကြတာပါ ကျောင်းတွေ.အနေနဲ.အားလပ်ချိန်တွေ.မှာပေါ့နော် အားကစားဘက်ကို လူငယ်တွေ.ကိုစိတ်ပါအောင် အားကစားပြိုင်ပွဲများကိုလုပ်ပေးသင်.ပါတယ်ဗျာ…အဒါဆို ငယ်၂လေးနဲ. လိင်ပိုင်းကိုစိတ်ဝင်စားမူ အားနည်းသွားမယ်လို.ထင်ပါတယ်.ဗျာ…. အရင်လို.အမျိုးသားကျောင်းသားအားကစားပွဲတော်ကြီးကိုလည်း ပြန်လည်တမ်းတမိပါတယ်ဗျာ… (လမ်းလွဲသွားလားမသိဘူး) ဟီး

  • search123

    September 27, 2011 at 12:50 pm

    အလယ်တန်းရောက်မှ သင်သင့်သည်ဟု ယူဆပါသည်။

  • pooch

    September 27, 2011 at 1:19 pm

    ကျမ က International school က ကျောင်းသားတွေကို စာသင်ကြားခဲ့ဖူးတော့ သူတို့ ရဲ့ သင်ခန်းစာများကို အတော်အသင့် သိပါတယ်။ အများစုက သူတို့ ဆိုင်ရာ နိုင်ငံခြားတိုင်းပြည်များရဲ့ ပြဋ္ဌာန်းစာအုပ်များကို မှီထားတာပါ။ တူညီတဲ့ အချက်ကတော့ sexual reproduction နဲ့ ဆိုင်တဲ့ သင်ခန်းစာများဟာ အလယ်တန်းမှ စသင်ရတာပါ။
    ကျမ အမြင်မှာလည်း မူလတန်းက ငယ်လွန်းပါတယ်။
    အလယ်တန်းမှ စသင့်ပါတယ်။

    အရာတိုင်းမှာ အကောင်းအဆိုးဒွန်တွဲနေတတ်ပါတယ်။ အခုအခြေအနေကတော့ သင်ကို သင်ရမဲ့ အနေအထားပါ။ မသိချင်ယောင်ဆောင်လို့ မရပါဘူး။ ပထမတော့ ကြီးမားလှ တဲ့ culture shock ရဲ့ ရိုက်ခတ်မှုကို ခံရပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်ကို ကြည့်မယ် ဆိုရင်တော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုမှာ တစိတ်တပိုင်းပါဝင် လာတာကို တွေ့ပါလိမ့်မယ်။

    တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ သုံးချောင်းထောက်ထားတဲ့ ဖိုခနောက်လို ထောက် ၃ ချောင်းလုံးညီမှ တပြေးညီဖွံ့ဖြိုးတိုးတက်လာမှာပါ။

    မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ အခြေခံ အုတ်မြစ်ဆိုတာကို အခိုင်အခံ့ ချသင့်တာကြာပါပြီ။

  • Tony

    September 27, 2011 at 2:02 pm

    ဒီသတင်းက အတည်မှ မဟုတ်သေးတာ။ ဒါကိုများဘာလို့ post တင်ရတာလဲဗျ။ ဘယ်ပညာရေးဝန်ကြီးမှလဲ ကျောင်းတွေကို ဒီသတင်းအတည်မပြုသေးပါဘူး။ အတည်ပြုတယ်ဆိုရင်တော့ တမျိူးပေါ့ဗျာ။

  • moethidasoe

    September 27, 2011 at 2:34 pm

    လင်းဝေကျော်ရဲ့ ရည်ရွယ်ချက်ကိုတော့ မသိပါဘူး
    နီးစပ်တဲ့အသိုင်းအဝိုင်းက သိထားတာကတော့
    ယခုလက်ရှိ ၈ တန်းမှာ ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေး ဆိုတဲ့ ခန္ဓာကိုယ် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို သင်ပေးနေပါတယ်
    သို့သော်လဲ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို ဆန်းစစ်မေးခွန်းတွေနဲ့ အဖြေရှာကြည့်နေကြတဲ့ အခါမှာ ၁၂-၁၃ နှစ်ပတ်ဝန်းကျင်မှာပဲ လိင်ကိစ္စလို့ ပြောနေကြတဲ့ ပြဿနာ အစ တွေ တွေ့ရပါတယ်
    ဒါကြောင့် လိင်ကိစ္စကို ဦးတည်မထားပဲ ကိုယ့်အကြောင်းကိုယ် သိဖို့ ဘာလုပ်ရင် ဘာဖြစ်တတ်တယ် ဆိုတာ သိဖို့ လိုမယ် လို့ တွေးဆချက်များအရ ၁၂-၁၃ ဝန်းကျင် ရောက်လာမယ့် ကျောင်းသားကျောင်းသူတွေ မမှားသင့်တာ မမှားကြစေဖို့ ရည်ရွယ်ချက်နဲ့
    ငါးတန်းက စ သင်ပေးနိုင်ဖို့ လိုမယ် ထင်ပြီး ရှေ့ပြေး စီမံချက် နဲ့ သတ်မှတ် မြို့နယ်တွေမှာ ၂၀၁၁-၂၀၁၂ ပညာရေးနှစ်အတွက် ပြုလုပ်တယ်လို့ သိထားပါတယ် .. မိဘများထံက feedback ပြန်ယူတယ်လို့လဲ သိရပါတယ် ..
    မဖြစ်သင့်တာတွေ မဖြစ်စေချင်တာက မိဘ ဆရာတိုင်းရဲ့ တာဝန်ပါ .. သို့သော် စနစ်တကျ သိသင့်တာတွေ သိအောင် လုပ်ပေးဖို့ လိုပါတယ် .. နို့မဟုတ်ရင် အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်း ဆိုတဲ့ ပြဿနာတွေ အများကြီး ပေါ်လာတော့မှာပါ ..
    အခုလို ပွင့်လင်းလာတဲ့ မီဒီယာတွေကြောင့် ကလေး အတော်များများဟာ လူကြီးတွေ မသိတာတွေ .. မသိသင့်ဘူးထင်လို့ အသိ မပေးထားတာတွေ တောင်မှ သိနေကြပါပြီ .. ဒါကို စား-ဝတ်-နေ ရေးအတွက် လုံးပမ်းနေကြတဲ့ မိဘများရော .. လောဘနောက် လိုက်နေကြတဲ့ မိဘများရော .. ခေတ်ဆန်မှ ကောင်းတယ် ထင်တဲ့ မိဘများရော သိနိုင်ကြမယ် မထင်ပါဘူး ..
    ဒီတော့ ခိုးဝှက်ပြီး မှ သိရတဲ့ အကြောင်းအရာတွေမှာ နည်းမှန်လမ်းမှန် ဆိုတာ နည်းမှာပါ
    ဒါကြောင့် သိကြချင်း အတူတူ နည်းမှန်လမ်းမှန် သိသွားကြရင် ဆောင်ရန် ရှောင်ရန် တွေကို သိသွားရင်
    အရွယ်မတိုင်ခင် မဖြစ်သင့်တာတွေ မဖြစ်တော့ဘူးပေါ့ .
    မူလတန်းဆိုတာ မဖြစ်နိုင်တဲ့ အကြောင်းအရာလို့ ထင်မိပါတယ် (လင်းဝေကျော် ဘက်က ဘယ်လောက် ခိုင်လုံလဲတော့ မသိပါ) အဖြစ်နိုင်ဆုံးက ငါးတန်းနှင့် အထက် ပါ
    ဒါလဲ ဖြစ်နိုင်ဖို့ ဆွေးနွေးတုန်း အကျိုး အပြစ်ကို နှိုင်းယှဉ်တုန်းပါ

  • pURpLeGiRL

    September 27, 2011 at 3:23 pm

    ဒီကိစ္စကို အလယ်တန်းကစပြီး သင်ကြားပေးသင့်တယ်လို့ ထင်ပါတယ်။ pURpLeတို့ ငယ်ငယ်တုန်းကဆိုရင် မြန်မာရုပ်ရှင်တွေကြည့်ပြီး ညဘက်တူတူအိပ်တာနဲ့ ဗိုက်ကြီးသွားတယ်ထင်တာ…… 😀 တက္ကသိုလ်တွေ ဘာတွေတက်မှ သူငယ်ချင်းအချင်းချင်းပြောပြမှ သိရတာတွေပါ။မိဘတွေကလဲ ဘာမှမပြောပြ။ကို်ယ်ကလဲ ဘာမှမသိ။ပြီးတော့ pURpLeရဲ့သူငယ်ချင်းတစ်ယောက်အကြောင်း ပြောပြချင်တယ်။သူက တစ်ဦးတည်းသောသမီးတစ်ယောက်ပါ။အဖေက ပိုက်ဆံရှိတယ်ပေါ့။ ကျောင်းတက်ကျောင်းဆင်းရင်တောင် သူ့အမေက သူဆင်းတဲ့နေရာမှာ လာကြိုရလောက်အောင် စည်းကမ်းတင်းကျပ်တယ်။လူဆိုတာ ချုပ်ချယ်ရင် မနေတတ်တဲ့အမျိုးဆိုတော့ ကောင်လေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားတယ်ပေါ့။ပြီးတော့ အဲ့ဒီကောင်လေးနဲ့ မဖြစ်သင့်တာဖြစ်သွားတယ်လေ။အဲ့ဒါ ကောင်လေးအပြစ်တစ်ခုတည်းလို့ pURpLe မပြောချင်ပါဘူး။ သူငယ်ချင်းအပြစ်လဲပါပါတယ်။တကယ်တော့ သူ့ရဲ့ဘဲက စားဖားကြီးပါ။သူ့အပြင် တခြားကောင်မလေးတွေနဲ့လဲ ဖြစ်ဖူးပါတယ်။pURpLeတို့ မိန်းကလေးသူငယ်ချင်းတွေက နုံအလို့ အဲ့ဒီအကြောင်းတွေကို မရိပ်မိခဲ့ပါဘူး။တကယ်တော့ သူငယ်ချင်းက ဘာမှမသိနားမလည်လို့ ခံလိုက်ရတာပါ။သူ့မိဘတွေက သူ့ကိုချစ်တာတစ်ခုတည်းသိကြတာပါ။ဒါကြောင့် သူငယ်ချင်းလို အဖြစ်မျိုး ဘယ်သူ့ကိုမှမဖြစ်စေချင်ပါဘူး။ဒါကြောင့် မိန်းကလေးတွေ အရွယ်ရောက်ကတည်းက သင်ကြားပေးမယ်ဆိုရင် ပိုပြီးသင့်တော်မယ်လို့ထင်ပါတယ်။

  • chitsu

    September 27, 2011 at 3:46 pm

    အထက်တန်းအရွယ်တွေကိုသင်ကြားပေးမယ်ဆိုရင်တောင်
    သေသေချာချာကြီးလက်တွေ့ပါမြင်အောင်မသင်ပေးသင့်ဘူး…………….
    ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာလောက်ပဲ
    သူတို့နားလည်အောင်ပြောပြသင့်တယ်လို့ထင်မိတယ်………….
    ကောင်လေးတွေကောကောင်မလေးတွေလေးကော………….
    နှစ်ဦးနှစ်ဖက်လုံးအလွန်အကျွံမဖြစ်ရင်အကောင်းဆုံးပေါ့
    မိဘအုပ်ထိန်းမှုအောက်ကမလွတ်သေးသမျှမိဘအရိပ်အောက်မှာပဲနေသင့်တယ်လို့………..
    chitsu think

  • AKKO

    September 27, 2011 at 3:58 pm

    ဗဟုသုတပညာပေး အနေနဲ့ သင်ပေးသင့်ပေမဲ့ .. ပေးတဲ့ နည်းလမ်း ၊ သင်ပြတဲ့ပုံ မူမမှန်လျှင် အညှီဟောက် ဘာသာရပ်ဖြစ်သွားမှာ စိုးရိမ်တယ် ။

  • htoosan

    September 27, 2011 at 3:59 pm

    ပုဇွန်ဆိတ်လေး ဘယ်လိုငယ်ငယ် ပင်လယ်ကူးတတ်တယ်…

  • kolulay

    September 27, 2011 at 4:20 pm

    မူလတန်းဆိုတဲ့ အရွယ်က ငယ်လွန်းသေးတယ်၊ ဖြူစင်သေးတယ်။ အဲ့လိုအရွယ်မှာ လိင်ကိစ္စတွေကို မသင်သင့်သေးပါဘူး။ နောက်ပြီး သူများနိုင်ငံသင်တယ်ဆိုတာ မဖြစ်မနေမို့ (ကြိုတင်ကာကွယ်လို့ မရတော့လို့ ကုသနေတာပါ)။ ကိုယ်တွေ နိုင်ငံ အနေက သူများနိုင်ငံလိုမဖြစ်သေးပါဘူး။ တကယ်တမ်း လုပ်သင့်တာက အထက်တန်းတွေ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူ လို လူပျို၊ အပျို ဝင်စ ဖြစ်နေတဲ့ လူတွေကို သင်ပြဆွေးနွေးသင့်တာပါ။ နောက်ပြီး တော့ သူများနိုင်ငံတွေမှာ လူပျို၊ အပျို စစ်မှသာ ဝတ်လို့ရတဲ့ (ဝတ်လေ့ရှိကြတဲ့ လက်စွပ်လေးတွေ)လည်းရှိကြတယ်။ ဒါကလည်း လူငယ်တွေကို ကိုယ့် ဘဝ ကိုဂုဏ်ယူတတ်အောင် တန်ဖိုး ထားတတ်အောင် လေ့ကျင့်ပေးတယ်လို့သိရတယ်ဗျ။ မူလတန်းတွေမပြောပါနဲ့ အလယ်တန်းတွေတောင် ကိုယ်တုံးလုံးနဲ့ ရေချိုးတဲ့ ကလေးတွေ ကိုယ့်နိုင်ငံမှာ ရှိပါသေးတယ်ဗျာ။ သူတို့လေးတွေကို မသိသင့်တာ မသိစေချင်သေးဘူး။

Leave a Reply