ရန်ကုန်မြို့လူထု အများစုဟာ ဘတ်စ်ကားများကို အဓိကအားကိုးပြီး သွားလာကြရသည်။

ဘတ်စ်ကားခများ ၁ကျပ်၊၂ကျပ် မှ စတိုးလာသည်မှာ ယခုအခါ ၂၀၀၊၃၀၀ကျပ် ပင်ရှိနေပေပြီ။

ရွှေပြည်သာ၊အင်းစိန်အောင်ဆန်း၊လှိုင်သာယာစသည့် စသည့်နေရာများမှ မြို့ထဲသို့ နေ့စဉ်လာရသူများအတွက်

၂ဆင့်စီးရလျှင် အသွားအပြန် ကားခ သည် ၈၀၀၊၁၀၀၀ကျပ်ခန့်ရှိသည်၊

(အိမ်နားမှာ အလုပ်ရှာရန်ကလည်း အဆင်မပြေလို့)တလဆိုလျှင် ကားခချည်း မည်မျှကုန်မည်ကိုတွက်ကြည့်နိုင်သည်။

ဘတ်စ်ကားများ CNG ပြောင်းစက ကားခများကိုလျှော့ချပြေးဆွဲမည်ဟုကြားလိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ဓါတ်ဆီ ၃ ဂါလံနှင့်ညီသော CNG ပမာဏ၏ ထုတ်ဈေးမှာ (၇၀၀)ကျပ်သာရှိသည်ဟုသိရသည်။(မှားလျှင ပြင်ပေးကြပါကုန်)

 

ထို့ကြောင့်ဓါတ်ဆီ ၁ ဂါလံနှင့်ညီသောပမာဏသည် ကျပ်၂၀၀သာသာ သာရှိသဖြင့်(၁၀)ဆကျော်သက်သာသည်။

ကားခကို ယခု ၂၀၀၊၃၀၀ကျပ် မှ ၂၀၊၃၀ကျပ် ထိပင်လျှော့ချပေးနိုင်သည်။

အထူးကားဟု အမည်ပေးပြီး ကားခ ပိုယူခဲ့သောကားများသည်လည်း(မထူး) ကားများဖြစ်နေပြီမို့ သာမန်ဘတ်စ် များနှင့်ကားခတူဖြစ်သင့်သည်၊

လူပိုတင်လျှင် ၃ ယောက်တန်း ထိုင်ခုံတပ်ထားသော ထိုကားမျိုးက ပို ကျပ်သည်။

ယခုအခါ လျှော့ချနိုင်နေပြီဖြစ်သောကားခများကို မ-ထ-သ အနေဖြင့် ပြန်လည်ပြင်ဆင် သင့်ကြောင်း ထင်မြင်မိပါသည်။

About three colors

has written 9 post in this Website..