ခရီးသွားရင် အချိန်မေးလို့ မရဘူးတဲ့လား

black chawSeptember 27, 20111min22922

ရန်ကုန်မှ နေပြည်တော်အသွား Express ကားကြီးပေါ်တွင်ဖြစ်သည်။ နေပြည်တော်ရောက်လျှင်လာကြိုမည့် သူငယ်ချင်း ကဖုန်းဆက်ပြီးမေးသည်။

” မင်းတို့ကား ဘယ်အချိန် နေပြည်တော်ကိုရောက်မလဲ “

တစ်ခါမှ မသွားဘူးသေးသဖြင့် အနားရှိ စပယ်ယာကို လှမ်းမေးလိုက်ဖြစ်သည်။

“ ညီလေး နေပြည်တော်ကို ဘယ်အချိန် ရောက်မလဲကွ “

ကျွန်တော့်မေးခွန်းကို စပယ်ယာပြန်မဖြေပါ။ မကြားလို့များလားထင်ပြီး နောက်တစ်ခွန်းထပ်မေးလိုက်သည်။

“ ဟေ့ ညီလေး နေပြည်တော်ကို ဘယ်အချိန် ရောက်မလဲကွ “

စပယ်ယာပြန်ပြောလိုက်သည်မှာ “ ခင်ဗျား ကားနဲ့ ခရီးမသွားဘူးဘူးထင်တယ် “ ဟူ၍ ဖြစ်ပါသည်။ မျက်နာကလည်း သိတ်ကြည်ပုံမရပါ။ ကျွန်တော် နားလည်လိုက်ပါသည်။ ခရီးသွားလျှင် အချိန်မမေးကောင်းဘူး ဆိုသည့် မြန်မာတို့ဧ၊၊် အရိုးစွဲနေသော အယူအဆဟောင်းကြီးကိုလည်း သတိရလိုက်ပါသည်။ ထို့ကြောင့် သူငယ်ချင်းလုပ်သူအား နေပြည်တော် ဝင်ရင်ဖုန်းဆက်လိုက်မယ် ဟုပြောပြီး စကားဖြတ်လိုက်ပါသည်။

ကျွန်တော်စဉ်းစားမိပါသည်။ အန္တရာယ်ပိုများသော လေယဉ်ခရီးများတွင်တောင်မှ ပျံသန်းချိန် တစ်နာရီခန့် ကြာမြင့် မည်ဖြစ်ပါသည် ဟု ကြိုပြောရဲသေးလျှင် မြေပြင်ပေါ်တွင် မောင်းနှင်သော ကားများပေါ်တွင် ကားမောင်းချိန် ဘယ်နှစ်နာရီ

ခန့်ကြာမြင့်မည် ဆိုသည့်အကြောင်းအား ပြောသင့်သည်ထင်ပါသည်။

နေပြည်တော်ရောက်၍ သူငယ်ချင်းကို ထိုအကြောင်းပြောပြသောအခါ သူငယ်ချင်းက ဒေါသထွက်သည့်အသံဖြင့် ကျွန်တော့်ကိုပြန်ပြောပါသည်။

“ မြန်မာတွေ Change လုပ်ရမယ့် သောက်တလွဲကိစ္စတွေထဲမှာ အဲဒီ ယဉ်မောင်းချိန်မမေးရတာက ထိပ်ဆုံးကပါမယ်ကွ “

မန်းဂဇက် ရွာသူရွာသားတွေကော ဘယ်လိုတွေးသလဲ သိချင်မိပါသည်။

 

22 comments

  • nozomi

    September 27, 2011 at 11:00 am

    ရှေးလူကြီးတွေက ဘာကြောင့်ပြောမှန်း ဘာရည်ရွယ်ချက်နဲ့ ပြောခဲ့မှန်း မသိဘဲ မျက်စေ့မှိတ် လက်ခံ လက်ဆင့်ကမ်းလာခဲ့တဲ့ အစဉ်အလာတွေထဲက တစ်ခုပါ

    ပို့စ်ထဲပါသလို လေယာဉ်က ကြာမြင့်ချိန် ၁ နာရီပါ ပြောလို့ လေယာဉ်ကြီးနောက်ကျမှာလား
    လေယာဉ်မယ်လေးတွေ အသက်ကယ် ဝတ်စုံ ဝတ်နည်းအကြောင်းတွေ ရှင်းပြလို့ လေယာဉ်က ပျက်ကျမှာလား

    စဉ်းစာတွေးခေါ်တတ်သူတွေက ပတ်ဝန်းကျင်မှာ မီဒီယာမှာ များများရှင်းပြရင်းနဲ့ မရှိသင့်တဲ့ အစွဲတွေ ချွတ်သင့်၊ကျွတ်သင့်ပါပြီ

    နေပြည်တော်အသွား JJ စီးတုန်းကတော့ ပါတဲ့ ယာဉ်မယ်လေး ကို ဘယ်အချိန် ရောက်မလဲ မေးကြည့်တာတော့ မျက်နှာ မပျက်ပဲ ကောင်းကောင်း ပြန်ဖြေပါတယ် (ကျွတ်တဲ့ သူတွေလဲ ကျွတ်နေပါပြီ 🙂 )

    • sorrow

      January 31, 2014 at 11:58 am

      ကိုကြီးနို ..လေယဉ်ပျက်ကျတာမပါကြေး…အဟီးဟီး

  • Tony

    September 27, 2011 at 1:37 pm

    အချိန်မေးလို့ ပြန်မဖြေတာများ ၊ အရေးကြီးခွင်ကျယ်လုပ်ပြီး post တင်ရတယ်လို့။

  • htoosan

    September 27, 2011 at 1:47 pm

    ဟုတ်တယ် မေးလို့မရဘူး.. ခင်ဗျားမသိဘူးလား ..

    ဟိုတလောက ဟိုဟာနားမှာ ဟိုတစ်ယောက်က ဟိုမြိုု့ သွားတဲ့ ဟိုကားလိုင်းမှာ မေးလို့ ကား ဟိုဟာဖြစ်လို့ဆိုပြီး ဟိုလိုလိုဒီလိုလိုနဲ့ ဟိုနှစ်ယောက် ဟိုလိုဖြစ်ဆိုဘဲ .

    လူကြီးတွေပြောတာဘဲဗျ . ဒါကြောင့်မမေးနဲ့။

  • swezin99

    September 27, 2011 at 1:58 pm

    ဒါကတော့မြန်မာတွေရဲ့ရှေးရိုးအစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ….
    လိုက်နာလို့လည်းဘာမှမဖြစ်သလို…
    မလိုက်နာလို့လည်းဘာမှမဖြစ်ပါဘူး…ကိုယ့်အယူအဆနဲ့ကိုယ်ပေါ့..
    မေးတာမကြိုက်ရင်မမေးနဲ့ပေါ့….ဒါပဲရှိတာပဲ..
    လိုက်နာလိုက်လို့လည်းဘာမှမဖြစ်သလို…မလိုက်နာလည်း
    ဘာမှမဖြစ်နိုင်ဘူးလို့ထင်ပါတယ်….
    မြန်မာတွေအတွက်အရေးကြီးတာအဲဒါမမဟုတ်ပါဘူး….

  • blackchaw

    September 27, 2011 at 3:00 pm

    Tony ခင်ဗျား။
    “အချိန်မေးလို့ ပြန်မဖြေတာများ ၊ အရေးကြီးခွင်ကျယ်လုပ်ပြီး post တင်ရတယ်လို့။”
    ဆိုလို့ ပြန်ဖြေရှင်းတာပါ။ ကျွန်တော်စာရေးညံ့တာပဲဖြစ်မှာပါ။ ကျွန်တော်အဓိက ပြောချင်တဲ့ အကြောင်းက
    “ မြန်မာတွေ Change လုပ်ရမယ့် သောက်တလွဲကိစ္စတွေထဲမှာ အဲဒီ ယဉ်မောင်းချိန်မမေးရတာက ထိပ်ဆုံးကပါမယ်ကွ “ ဆိုတာပါပဲ။ ခင်ဗျားနားလည်အောင် မရေးနိုင်တာ ကျွန်တော့် အားနည်းချက်ပါ။

    • Tony

      September 27, 2011 at 5:08 pm

      ကျွန်တော် အစကတဲက အကိုဘာကို ဆိုလိုလဲဆိုတာသိပါတယ်။ လမ်းဘေးမှာ မဆင်မကျင် ကွမ်းတံတွေး ထွေးတာနဲ့ ၊ အခုအကိုပြောတဲ့ Change ရမယ်ဆိုတဲ့ ကိစ္စနဲ့ ဘယ်ဟာ အရေးကြီးလဲ။ ကို swezin99 ပြောသလိုပါပဲ။
      “ဒါကတော့မြန်မာတွေရဲ့ရှေးရိုးအစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ….
      လိုက်နာလို့လည်းဘာမှမဖြစ်သလို…
      မလိုက်နာလို့လည်းဘာမှမဖြစ်ပါဘူး…ကိုယ့်အယူအဆနဲ့ကိုယ်ပေါ့..
      မေးတာမကြိုက်ရင်မမေးနဲ့ပေါ့….ဒါပဲရှိတာပဲ..
      လိုက်နာလိုက်လို့လည်းဘာမှမဖြစ်သလို…မလိုက်နာလည်း
      ဘာမှမဖြစ်နိုင်ဘူးလို့ထင်ပါတယ်….
      မြန်မာတွေအတွက်အရေးကြီးတာအဲဒါမမဟုတ်ပါဘူး….”

      • Foreign Resident

        September 27, 2011 at 7:02 pm

        Dear Tony,

        I don’t agree with your idea,
        ” မေးတာမကြိုက်ရင်မမေးနဲ့ပေါ့ ”
        ခရီးသည် is a customer &
        Customer is always right & Customer is God.

        ခရီးသည် have their “right” to be informed.
        In reality, ခရီးသည် don’t even need to ask.
        Drivers & Spares should inform or explain to ခရီးသည် in advance/before trip.

        Superstitious is one reason which barred our country’s development.

  • thit min

    September 27, 2011 at 5:49 pm

    Ko Blackchaw and Ko Tony
    ခင်ဗျားတို့၂ယောက်ရဲ့ ယဉ်ကျေးစွာသဘောထားထုတ်ဖော်မှုလေးကအဖြေတခုရလိုက်သလိုပဲဗျ။
    အိုကေ…ဒါဆိုရင်ဘယ်ကိတ်စကဦးစားပေးအရေးကြီးဆုံးပြုပြင်သင့်တာလဲ၊ဘယ်လိုပုံစံနဲ့ပြုပြင်သင့်လဲ။
    ဘယ်တော့စလုပ်ကြမလဲ အထိတောင်ရောက်သွားနိုင်တယ်။
    အရမ်းကောင်းပါတယ်။
    ဆက်လက်ပြီးခု Ko Blackchaw တင်ပြတဲ့ကိတ်စမျိုးကလဲအလိုလိုပျောက်သွားအောင်လုပ်နိုင်တဲ့နည်းလမ်းရှိခြင်ရှိမှာ။
    အရေးမကြီးဘူးဆိုပေမဲ့(ကိုကျော်သူပြောခဲ့တဲ့အယူသည်းမှုတွေအထိစွဲဆန့်သွားရင်)လုပ်သင့်တယ်လို့ဖြစ်ကောင်းဖြစ်နိုင်တယ်။
    အစရှိသဖြင့်ကောင်းတာလေးတွေစဉ်းစားနိုင်ပြီဗျာ။

    ပြည်တွင်းလဲပြည်တွင်းမလို့၊ပြည်ပမှာလဲပြည်ပမလို့ကွဲကြတာအားရပါးရ၊ညီညွတ်စေချင်၊ကောင်းစေချင်လိုက်တာဗျာ။

    လေးစားပါတယ်မိတ်ဆွေတို့ရယ်။

  • windtalker

    September 27, 2011 at 5:55 pm

    ဘလက်ချော ရေ
    အခြေအနေ လေး ကြည့်မေးပေါ့ကွာ
    မကြိုက်တတ်တဲ့သူ
    ဘော်ဒီခပ်တောင့်တောင့်နဲ ့
    လူမိုက် ပုံပေါက်နေတဲ့
    စပါယ်ယာ ၊ ဒရိုက်ဘာ များတို ့
    သွားမမေးမိစေနဲ ့ပေါ့

    • မှော်ဆရာ

      September 27, 2011 at 10:48 pm

      ဟားဟား ဒီအဖြေ အကြိုက်ဆုံးပဲ

  • “ဘီလူးကြီး”ogre

    September 27, 2011 at 7:26 pm

    ဘာမှအဓိပါယ်မရှိတဲ့ … လက်ဆင့်ကမ်းစကားပါ
    အချိန်မေးလို့ တစ်ခုခုနှောင့်နှေးမယ် စက်ပျက်မယ် ပြဿနာတက်ရမယ်ဆိုရင်
    လေယာဉ်ခရီးစဉ်တွေတော့ ခဏခဏ ပျက်ကျကုန်တော့မှာပဲ
    ထွက်ချိန် ရောက်ချိန်အတိအကျပြောပါတယ် ဘာမှမဖြစ်ကြပါ
    နောက်နောင်များ အချိန်မေးလို့ပြန်မပြောရင် ဘာကြောင့်ပြန်မပြောတာလဲကို
    ပြတ်ပြတ်သားသား ထရှင်းလိုက်တာကောင်းတယ်
    ဘယ်သူပြောတဲ့စကားလဲ ဗေဒင်ဆရာလား/ဘိုးတော်လား /ရှေ့ဖြစ်ဟောတဲ့ဆရာလား
    အဲလိုမမေးကောင်းဘူး ဆိုတာ……
    ဒီခေတ်မှာ အချိန်နဲ့တစ်ပြေညီ အလုပ်လုပ်နေကြရတာ နောင်တိုင်းပြည်တိုးတက်လာခဲ့ရင်
    အချိန်ဟာတန်ဘိုးရှိပြီး ပိုတိကျစွာလုပ်ကိုင်ကြဘို့လိုလာပြီလေ
    အချိန်မေးမခံတဲ့ ယာဉ်လိုင်းနာမည်ပါထည့်ရေးသင့်တယ်
    ကျုပ်စီးနေကျကားကတော့ “ နေကြယ်မင်း”ယာဉ်လိုင်းပဲ မေးသမျှအကုန်ဖြေတယ်
    သကြားလုံးကြွေးတယ်….ကိုးဘွဲရဆရာတော် တရာခွေလှူတယ်…မှတ်စုစာအုပ်လက်ဆောင်ပေးတယ်
    ချမ်းရင် စောင်လဲပေးတယ်…မကျေနပ်တာရှိရင် ကားပေါ်ကမထ ဖုန်းဆက်တိုင်လို့ရတယ်..

  • Foreign Resident

    September 28, 2011 at 4:20 am

    ” အချိန်မေးမခံတဲ့ ယာဉ်လိုင်းနာမည်ပါထည့်ရေးသင့်တယ် ”
    Yes, I will not ride this Bus Company.

  • nature

    September 28, 2011 at 5:47 am

    ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ဖြစ်နေတဲ့ ရှေးရိုးစွဲတခုလို့မြင်ပါတယ်။ အယုံအကြည်မရှိတဲ့သူတွေကတော့ မဖြစ်တတ်ပါဘူး။ အယုံအကြည်ရှိတဲ့သူတွေက ဖြစ်နိုင်တယ်ဆိုပြီး စိတ်စွဲနေတဲ့သူတွေ တော့ တခါတရံ တိုက်ဆိုင်တတ်ပါတယ်။

  • padonmar

    September 28, 2011 at 6:57 am

    မကောင်းတဲ့ ရှေးရိုးအစွဲတွေကို မမှန်မှန်းသိရင်ဖျောက်ကြဖို့လိုပါတယ်၊
    ပြုပြင်တဲ့ဖက်က အားကောင်းရင်ပျောက်ရမှာပါ၊
    ဥပမာ လူသေတဲ့အကြောင်းပြောရင်မင်္ဂလာမရှိလို့ ပ်ိတ်ပင်တာ ၊လူသေအလောင်းမကိုင်ရဲတာတွေဟာ
    ကိုကျော်သူနဲံ နာရေးကူညီမှုအသင်းကြောင့် ပျောက်စပြုလာပါပြီ၊

  • ရာမည

    January 30, 2014 at 7:21 pm

    နောင်တော်ကြီးဘလက်ချောခင်ဗျာ
    ဒီပို့စ်ကို ကူးယူဖေါ်ပြခွင့်ပြုပါခင်ဗျာ

  • myat pearl phyu

    January 31, 2014 at 11:03 am

    ဒို့ မြန်မာ (ဗုဒ္ဓဘာသာဝင်)တွေဟာလေ ..ဒို့ ဗုဒ္ဓဝါဒ ၃၈ ဖြာ မင်္ဂလာတရားတော်တွေက စာထဲမှာပဲ သင်ကြပြီး..လက်တွေ့မကျင့်ကြံကြဘူးလေ။။
    ၁ခုခုဖြစ်ရင် ဗေဒင်ဆရာရဲ ့ အယူတော်မင်္ဂလာတွေနဲ့ လွဲနေတုန်း ခေတ်မှာ
    ရှေးရိုးဆန်အစွဲ နဲ့ ကြောက်နေကြတာ မသိကြတာလည်းပါပါတယ်..
    မသိသူတွေကို သိအောင်၊ မရှိသူတွေကို ရှိအောင် လုပ်ပေးနိုင်ဖို့ကတော့ သားတို့ မီးတို့ တာဝန်ပေါ့နော်…
    အဲ့ဒါကြောင့် မေတ္တာရှင်ဆရာတော်က နယ်ဘက်တရားပွဲတွေဟောရင်
    အခြေခံကိုပဲ လူပြိန်းနားလည်လွယ် သိလွယ် မြင်လွယ်အောင် အရင်ဟောတာပါပဲ …
    လောကကိုလျှင် လှစေချင်က ငြိုငြင်မာန်တင်း ငြူစူကင်းလျှက် ချစ်ခြင်းဖြင့်သာ ရှုမြင်နိုင်ကြပါစေလို့ …
    ကြိုးစားလျှက်
    MPP

  • ခင် ခ

    January 31, 2014 at 11:51 am

    ကိုကြီးဘလက်ချော မေးဖြစ်တဲ့ကားက နောက်ဆုံးပေါ်လေအိတ်ကားကြီး မဟုတ်ဘူးထင်တယ်နော်။
    ခဏခဏ ဝပ်ရှော့အိပ်နေကျမို့ သူ့တို့ကားသူတို့မလုံလေတော့ ကိုကြီးဘလက်ချောက မေးလိုက်တာနဲ့ စိတ်ခုသွားတာနေမှာပါဗျ။
    အဲဒီတော့ ကားသစ်ကားကောင်းတွေဆိုမေးဗျ၊ ကားနည်းနည်း ချူချာပုံပေါက်ရင် မမေးနဲ့ပေါဗျာ။

    မြန်မာတွေ Change ရမယ့်အရာတွေကတော့ ပြောလို့လဲ ကုန်နိုင်အုံးမယ်မထင်သလို အားလုံးခေတ်နဲ့ လျှော်ညီစွာ change ဖြစ်ပြီးသွားတဲ့ တိုင်းနိုင်ငံအဖြစ်ကိုလည်း နောင်ဘဝရဲ့ CCTV ကနေ လှမ်းကြည့်ရမယ်ထင်ပါ၏။

  • အဘရဟူဒီ

    January 31, 2014 at 12:25 pm

    အဲ့ဒိနေ့က သား ကျောင်းမတက်ဖူး …ငိငိ….
    တခါက ကြုံဖူးတဲ့ MRT ကွန်ထရိုး စစ်စတမ်ကတော့ ဒီလေး တိုင်းမ် ကို စက္ကန့် ၂ဝ အတွင်း ထားပါသတဲ့…

    ကောင်းရော …. ခနနေရောက်မယ် တော်ကြာ ရောက်မယ်… ရောက်ချင်မှရောက်မယ် ဆိုတဲ့ ကားဆြာတို့
    ရယ်လေမလားပဲခီညာ….

  • Crystalline

    January 31, 2014 at 3:13 pm

    ပြန်တူးဖော်တာတွေကိုပြန်ဖတ်သွားပါတယ်ဗျို့

  • Paing Lay

    January 31, 2014 at 4:46 pm

    Buddha ဟောကြားတော်မူခဲ့တဲ့ သမ္မဒါ လေးပါး ကို ပြည့်စုံအောင်ကျင့်ကြံ အားထုတ်သူများ နည်းပါးနေသေးသည်ဟု ကျွန်တော် ယူဆမိပါသည်။ 🙂

  • kai

    January 31, 2014 at 5:31 pm

    ပြန်မဖြေတဲ့.. ေ-ာက်ပျင်းစပယ်ယာ.. နရင်းထတီးလိုက်ဖို့ကောင်းတယ်..။
    ကြည့်ရတာ.. လုပ်ချင်တာလုပ်မယ်.. ရောက်ချင်ရောက်မယ်.. မရောက်ချင်မရောက်ဖူးဆိုလိုတာကို… တဖက်လှည့်နဲ့.. လူလည်ကျနေတဲ့ပုံ.. :buu:

Leave a Reply