သူကြီးဖတ်စမ်းပါ

The Angry ManSeptember 27, 20111min24229

အော် သူကြီး….သူကြီး

သူကြီးဆိုတာ ကျုပ်ပြောတဲ့သူကြီးက နှစ်လုံးပြူးလဲမရှိ၊ခြောက်လုံးပြူးလဲမပိုင်။တော်တော်ကို သီးခံနိုင်တဲ့လူ။ဘဝပါရမီ အထုံကောင်းသူဘဲပြောရမလား။ဒီလိုမဟုတ်ရင် မသိချင်ရောင်ဆောင်၊အူတူတူ အတတနဲ့။ခပ်ပိန်းပိန်းထူထူလူပါ။သူပြောတော့ လော့အင်ဂျလိစ်ဆိုလား လော့ကျနေတဲ့ အိမ်ထဲကလိပ်ဆိုတာလား မသိပါဘူး။နေတော့နေလေရဲ ့။သူကြီးရေ နင်က ရေမြေခြားနေလေတော့ ဒီကလူတွေရဲ့အကြောင်းဘယ်သိတော့မှာလဲ။ကျုပ်ပြောပြမယ် နင့်ကိုမပြောခဲ့လား။သံတွဲသားတွေ ဘယ်လောက်အောက်တန်းကျသလဲဆိုတာ။ကျော်မကောင်းကြားမကောင်း
အရပ်ထဲက အော့နှလုံးနာဖွယ်တွေ ထပ်ပြော၊ပြုသူကိုပြောတာကွာ။မဆိုင်သူမပါဘူး။
ယိုသူမရှက်၊မြင်သူရှက် နေရပါလား။နင်လဲသူကြီး လုပ်နေပီး ထိုင်ကြည့်ဖို့ဘဲတတ်သလား။
ကျုပ်တော့ရှက်သဗျို့။နင်မရှက်လား။ကိုယ်မွေးထားတဲ့သားသမီးလို ကိုယ့်ဝက်ဘ်ဆိုဒ်ကို ချစ်မှာဘဲ မဟုတ်လား။အဲဒေါ့ကွာ နင်လဲ တခုခုလုပ်ပေးပါတော့။ကျုပ်တော့ရှက်တယ်ကွာ။
ကျုပ်တို့မြို့သားတွေ အေးအေးဆေးဆေးနေနေကြတာ။ခုတော့ ပေါက်ကျော်မဖြစ်နေတော့ ကျုပ်တို ့မြို့နေလူတွေ စိတ်ညစ်ရသဗျာ။
နင်တို့ သံတွဲသားတွေ လိမ်မာကြလော့။ငါမပြောချင်တော့ဘူး။ကျုပ်တော့ရှက်သဗျို့။နင်တို့ရှက်မရှိတာတော့ ငါမပြောတတ်တော့ဘူး။

29 comments

  • ပေါက်ကျော်

    September 27, 2011 at 2:36 pm

    သဂျီးခညာ ရေအိုင်ထဲက လိပ် ဖြစ်တွားပါပကောလား..ကိုကိုမုန်းရဲ့
    သံတွဲမှာ..ဘာတွေဖြစ်နေပြန်ပြီတုန်းဗျ
    မိုးပြာက တစ်မျိုး..
    စီလုတ်က တစ်ဖုံ..
    ကြားထဲက..
    သံတွဲက ဘီလိုဖစ်ပြန်ဘီတုန်း..
    🙄

    • pan pan

      September 27, 2011 at 2:46 pm

      အယ်…..ကိုပေါက်ဖော်ကြီးမလား
      ပေါက်ကျော်ဖြစ်သွားတာလား
      ပြီးတော့ အပေါ်မှာလည်း “ကျုပ်တို့မြို့သားတွေ အေးအေးဆေးဆေးနေနေကြတာ။ခုတော့ ပေါက်ကျော်မဖြစ်နေတော့ ကျုပ်တို ့မြို့နေလူတွေ စိတ်ညစ်ရသဗျာ။” ဆိုပြီး ပေါက်ကျော်မ ကပါလာသေးတယ်
      ဘာတွေလဲ…ဘာတွေလဲ
      အိုး……တကယ်မသိတော့ပါဘူးကွယ် 🙄

      • ပေါက်ကျော်

        September 27, 2011 at 2:56 pm

        နာမည်ပြောင်းလိုက်တာလေ..
        ပေါက်ဖော်လဲ မလွတ်…ပေါက်ကျော်လဲ မလွတ်ရင်တော့..
        ပေါက်စီပဲ လုပ်တော့မယ်..
        ဟွင့်

        • windtalker

          September 27, 2011 at 6:32 pm

          ပေါက်ဆီ ဆိုရင်တော့
          ဟိုဗျာ
          အရင်တုန်းက
          တီဗီ မှာတောင်
          ကြေငြာဖူးတဲ့
          နာမည်ကျော် ပေါက်ဆီ ၂ မျိုးရှိတယ်လေ
          ကြီးတဲ့ဟာသာ ကိုင်ဗျာ
          ကိုပေါက်ကျော် ရေ

  • chitsu

    September 27, 2011 at 3:22 pm

    ရန်မဖြစ်ကြပါနဲ့………..သူကြီးစိတ်ညစ်နေဦးမယ်

  • we R one

    September 27, 2011 at 3:41 pm

    ဘာတွေ ဖြစ်ကုန်ပြီလဲ.. ငါတို့ရဲ့ ရွာကြီး.. အရောင်တွေ ညစ်ကုန်ပြီလားး.. ငါတို့ရဲ့ ရွာသူကြီး.. ဟိဟီး…. စိုင်းစိုင်း သီချင် နဲမှားတွားလို့.. ဆောတီးနော်..
    😛 😀

  • Davit

    September 27, 2011 at 4:15 pm

    ဘာတွေလဲဗျာ…………..ပလိန်းချည်းကို တီးနေပါ့လား……

  • AKKO

    September 27, 2011 at 4:32 pm

    နာမည်ကိုက သူကြီးဆိုကတည်းက လွဲနေတာပါဗျာ ။ ရွာထဲက လော့ကျနေတဲ့ အိမ်ထဲမှာနေတဲ့ ဟိုလူကြီးနာမည်ကိုက သဂျီး 😛
    နာမည်ပေး ကင်မွန်းတပ်လုပ်ထားတာ ဘွားတော်ဆူးပါ ။ 🙂

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 27, 2011 at 6:23 pm

    ပြောသာပြောလိုက်ရတာ သူကြီးကိုအားနာလိုက်တာဗျို ့။နာမည်တူတွေရော ဘဲကိုယ်ထိကိုယ်ခံကျုပ်မသိပါဘူး။ကျုပ်တို့မြို့ကလူတွေ
    လုပ်ချက်ကတော့ ပြောရမယ်ဆိုရင်. ရွာထိပ်မှာသူကြီးခလုတ်တိုက်တာရွာလယ်ရောက်တော့ ဖားပြုတ်ကိုက်။ရွာဟိုဘက်အစွန်ရောက်တော့
    လူရိုက်ခံရတယ်ဖြစ်ရော။အဲအဖြစ်ဖြစ်နေပီလေ။အဓိပ္ပာယ်ရှိကြပါ။

  • mgmglusoe

    September 27, 2011 at 6:42 pm

    ko လုမုန်း is rihgt. Please come in. Welcome to our new house. I think that’s enough. 🙄

  • chityimhtoo

    September 27, 2011 at 7:33 pm

    တဂျီး ကာရာအိုကေ တွားနေဒယ် အားဝူး……ဒါဗြဲ

  • “ဘီလူးကြီး”ogre

    September 27, 2011 at 7:44 pm

    သူကြီးမဖတ်ခင် ..ကျုပ်ဖတ်ကြည့်တာတော့ ဘာမှ နားမလည်ဘူးးဗျို့
    ရှင်းရှင်းပြောပါဗျ ရှင်းရှင်း မပြောရင် အယ်ဆိုင်းဇီ ကိုပြောခိုင်းလိုက်မှ ခက်မယ်…။။။

  • winer

    September 27, 2011 at 8:36 pm

    ♪♪♪ ♥ ရှင်းရှင်းပြောပါလား ♥ ရှင်းရှင်းပြောပါလား ♥ ရှင်းရှင်းပြောပါလား ♥ အို စိတ် သိပ်ညစ်တယ် ♥ ♪♪♪

  • အာရက္ခ မြေသား

    September 27, 2011 at 9:14 pm

    ဘာကိုရှင်းရှင်းပြောခိုင်းနေတာလဲ။ကျွန်တော်တို ့က မေတ္တာထားချစ်တတ်သူတွေပါ။ရေးသူကတမျိုး နားမလည်ဘဲကွန်မန် ့ရေးသူကြောင့်
    တစ်မှုပိုရှုပ်သွားပီ ကိုယ့်ညီကိုရေ။

  • yokesoe

    September 27, 2011 at 9:23 pm

    ရုပ်ဆိုးလိုက်လေ အော် ငါ့ရုပ်ကို ပြောပါတယ် ငါ့ရုပ်ထက်ဆိုးတဲ့သူတောင်ငါ့လောက်မဆိုးဘူးထင်နေတာ
    တက်တက်စင် အောင် လွဲ ခဲ့ရပီကော ၊
    ဟွင်းဟွင်း 🙄

  • Koyin Sithu

    September 27, 2011 at 9:37 pm

    သဂျီး ဖက်စမ်းပါ……. လော့အင်ဂျလိက.. အင်ဂျလီနာဂျိုလီကို… အဟီးး… 😀 (ကိုယ်ဖက်ချင်တာလဲ ပါတာပေါ့.. ဟိုက ယောက်ျားနဲ့ကွဲထားတာ မကြာသေးဘူးလားဆိုပဲ… :P)

  • မောင်တုတ် ကြီး

    September 27, 2011 at 9:39 pm

    နာမည်နဲ ့တယ်လိုက်ပါလား။ကြည့်ရတာ ကိုပဲကြီးစေ့နဲ ့တူတယ်။ကျနော်တို ့မပါဘူး။ဆိုင်သူတွေကိုဘဲပြောပါ။

  • naywoonni

    September 27, 2011 at 9:48 pm

    ဗလာချည် ကပြ အသုံးတော်ခံနေပါ့လား…။ ဗုံမပါ ဆိုင်းမပါ…။ လင်ကွင်းသံက ဆူလွန်းတယ်ဗျို့……..။

  • မောင်တုတ် ကြီး

    September 27, 2011 at 10:05 pm

    ဟုတ်တယ် လင်ကွင်းတီးသံခပ်ညံညံပါလား။ကျနော်တော့ မသိပါဘူး။သူဘာဆိုလိုပါလိမ့်။

  • kai

    September 28, 2011 at 1:42 am

    ဒီရက်ပိုင်း..ဒို့ရွာသားတွေညှစ်ချပြီး..တွေးရေးနိုင်ရအောင်..
    ဘာသာရေး.လူမျိုးရေး နိုင်ငံရေးနဲ့ ဆိုင်တဲ့..ပို့စ်တွေကို..တွန်းပေးလိုက်ပါတယ်..။
    ကျုပ်ကိုယ်တိုင်ပါ.. ထိမ်းမနိုင်ပဲ… ဂျွမ်းပြန်နေတာမို့.. သံတွဲသားတို့ရေ..

    သည်းခံ..သည်းခံ.. 🙂

    • nature

      September 28, 2011 at 5:56 am

      ရှေ့ဂျွမ်းရော နောက်ဂျွမ်းရော ကျွမ်းကျင်သွားရင် ဆပ်ကပြကြရအောင် သူကြီးရေ။ 🙂

    • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

      September 29, 2011 at 12:22 pm

      ဟဲ့ သူကြီးမောင်ခိုင် ကျုပ်ကသည်းခံနိုင်ပေမယ့်။ခံရတဲ့လူတွေအပေါ်ပြန်ကြည့်အုံးဟ။ကျုပ်ကအနေသားကြီး။မရောင်ရာဆီလူးနေ
      တဲ့ငနာတွေကိုပြောတာ။နင်တခုခုတော့ လုပ်ပေးသင့်။နင်ထိုင်ကြည့်မနေနဲ ့။ဝရုန်းသုန်းကား ရမ်းဖြီးနေတဲ့သူတွေကြောင့်စိတ်ကုန်တယ်ဗျို့။
      နင်ဘယ်လိုလုပ်ပေးမလဲ ပြောပြပါ။ယိုသူမရှက်ပေမယ့်မြင်ရတဲ့ကျုပ်တော့ရှက်သဗျို့။

  • minmahar

    September 28, 2011 at 1:57 am

    ဟ ဟ – ပေါက်ဖော်ကြီးလဲ သူကြီးလိုပဲ ကြောက်ပီး ပေါက်ကျော် ဖစ်တွားပါပကော ။
    ဟေ့ ဟေ့ – ဝလို့ စီလုပ်တွီက နာမီမာ ပေါက်ပါအောင် မှဲ့သယ်ကွ ။
    ပေါက်ပါယင် စီလုပ်ပဲ ။ မီယဟူး ။ ပေါက်ကျော်လှဲ စီလုပ်ပဲ ။
    “ မြင်မာပြည်သဲမှာပဲ စီလုပ်တွေက မြင်မာတွေကို အနိုင်ကျီ့ကုန်ပီ ” ကိုဖတ်ပီး ကြောက်နေသာ မီလား ။

  • မောင်တုတ် ကြီး

    September 28, 2011 at 9:52 pm

    ဘယ်လိုလဲဗျာ ကျနော်တို ့ဘာမှရေးခွင့်မရတော့ ဘူးလား။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 29, 2011 at 12:25 pm

    တိတ်တိတ်နေထောင်တန် လို ့ငြိမ်နေတာ။ဖတ်ရတာပျင်းလာပီ။သံတွဲက ဆရာတွေရေးတဲ့စာကောင်းလေးတွေဖတ်ချင်သဗျို့။ရေးကြပါအုံး။

    • etone

      September 29, 2011 at 1:17 pm

      (((သံတွဲက ဆရာတွေရေးတဲ့စာကောင်းလေးတွေဖတ်ချင်သဗျို့။ရေးကြပါအုံး။ ))) ဆိုတဲ့ စကားအရ သံတွဲ အကြောင်းတွေချည်း ဒီမှာ အသံကောင်းလာဟစ်နေလည်း အပိုပဲ ဗျို့ … နဂိုကတည်းက ဒီရွာထဲ ရသစုံရှိတယ် … ။

      သံတွဲ အကြောင်းတွေချည်း သီးသန့်ဖတ်ချင်တယ်ဆိုလျှင်တော့ .. သီးသန့် ဝက်ဖ်ဆိုက်ထောင်လိုက်ပါ .. ဒါမှပဲ အလိုဆန္ဒပြည့်ဝပါလိမ့်မယ် … 🙄

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 30, 2011 at 10:44 am

    အဲလို မဟုတ်ရပါဘူးဗျို့။ရသစုံပေးနိုင်တာကို သိပါတယ်။ခုတလော မတွေ ့ရသလောက်ပျောက်နေတယ်။
    ပေါ်လာရင်လဲ အာရက္ခလို ့တမျိုး၊တုတ်ကြီးလို ့တကောင်၊သံတွဲသားလို ့တခါ အမျိုးမျိုးနှောင့်ယှက်နေလို ့။သူကြီးဘာလို ့အရေးမယူရဲသလဲ
    မေးကြည့်တာပါကွာ။

  • rocket

    September 30, 2011 at 11:42 am

    ကိုမုန်းပြောတာလဲ မှန်ပါတယ်
    မမ အိတုံ ပြောတာလဲ မှန်ပါတယ်
    ကြည့်ရတာ ဒေဝဒတ် လိုလူမျိုးတွေ ထင်ပါတယ်
    သဂျီး ပြောသလို သည်းခံ သည်းခံ
    သည်းခံ ခြင်းသည် အောင်နိုင်ခြင်းလို့ ကြားဖူးပါတယ်
    ဟုတ်တယ် မဟုတ်ဘူးတော့ မသိသေးပါ
    ကျနော်တို့ အညာမှာ တော့သည်းခံခြင်းသည် ဘဝမဲ့ခြင်းတစ်မျိုးပါ ။

  • yokesoe

    September 30, 2011 at 11:46 am

    မှန်၏ မှန်ပါ၏
    အဖျက်သမားများ ဆိုသည်ကား နေရာတစ်ကာတွင်ရှိပါ၏
    သည်းခံခြင်းသည် အရာရာတိုင်းအတွက် မဟုတ်နိုင်ပါဟု ထင်၏ ။

Leave a Reply