မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့် ပြာ (၂)

 

 

 

ဆက်ကပ်ရန်

ဥက္ကဋ္ဌ

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဌာနချုပ်

ဇမ္ဗူဒီပကျောင်းဆောင်၊ ကမာ္ဘအေးကုန်းမြေ

ရန်ကုန်မြို့

နေ့စွဲ        –      – ၁၉၈၃

 

အကြောင်းအရာ။      ။သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာပါ

ဘုရား။

မြန်မာနိုင်ငံ သံဃာ့အဖွဲ့အစည်း ဝိနည်းဓမ္မကံမှုခင်းဆုံးဖြတ်ရေး လုပ်ထုံးအပိုဒ်(၆၀)အရ သာသနာတော်၏ ဓမ္မကံအညစ်အကြေးများကို ဖယ်ရှားသုပ်သင်ပေးရန် လေ       ျှာက်ထားတောင်းဆိုအပ်ပါသည် ဘုရား။

ဤသာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာ မိတ္တူများကို တပည့်တော်တို့နေရာ ရပ်ကွက်/ကျေးရွာအုပ်စု သံဃာ့မဟာနာယက အဖွဲ့၊ မြို့နယ်သံဃာ့မဟာနာယကအဖွဲ့၊ တိုင်းသံဃာ့မဟာနာယကအဖွဲ့၊ပြည်ပမှ လက်လှမ်းမှီသမျှ ထေရဝါဒသံဃာ့အဖွဲ့များနှင့် နိုင်ငံတော် အာဏာပိုင်အဖွဲ့ အစည်းများသို့ ပေးပို့ပါသည်ဘုရား။

 

တပည့်တော်တို့၏ သာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာကို မလျှောက်ထားမှီ နိဒါန်းအဖြစ် လျှောက်ထားရခြင်း၏အကြောင်းနှင့် လျှောက် ထားသူ တပည့်တော်တို့၏ဘဝကို ရှေးဦးစွာ တင်လျှောက်ပါရစေဘုရား။ သာသနာတော်ရေးလျှောက်ထားတောင်းဆိုလွှာ လျှောက်ထားရခြင်း၏အ ကြောင်းမှာ ယနေ့ ဗုဒ္ဓဘာသာဝင်များ အကျင့်အကြံပျက်ပြား အသိဉာဏ် ခေါင်းပါးနေသည်ကို ဖယ်ရှားနိုင်ရန်ဖြစ်ပါသည်။ ဤစကားကို ပေါ်လွင်ရန် ချဲ့ ထွင်ပါမည်ဘုရား။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် အကျင့်အကြံ လည်း ပျက်ပြားနေကြပါသည်။ အသိဉာဏ်လည်း ခေါင်းပါးနေကြပါသည်။

တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ခိုးစရာ၊ ဆိုးစရာ၊ လိမ်လည်ပြောဆို စရာ အစရှိသော အကျင့်အကြံ ပျက်ပြားစရာကြုံလျှင် ငါတို့ ဗုဒ္ဓဘာသာပဲဟူ ၍ မရှောင်မရှားပဲ ပျက်ပြားနေကြပြီဖြစ်ပါသည်။ ဤလျှောက်ထားချက်၏ အ ထောက်အထားအဖြစ် ထောင်များတန်းများ၊ အချုပ်ခန်းများ၌ တပည့်တော် တို့ ဗုဒ္ဓဘာသာဝင်များ၏ ပမာဏကိုကြည့်လျှင် သိသာပေါ်လွင်မည်ဖြစ်ပါ သည်။

တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် အခြားသော မိစာ္ဆဒိဋ္ဌိဘာသာ များအောက် ရာခိုင်းနှုံးမလျှော့အောင် မကောင်းမှုဒုစရိုက်များဖြင့် ပျက်ပြား ကျင့်ကြံနေကြပါသည်။ ကောင်းကျိုး၊ မကောင်းကျိုး၏ ထုထည်ပမာဏကို ကောင်းမှု မကောင်းမှု၏ ထုထည်ပမာဏဖြင့် ဆုံးဖြတ်ရမည်ဖြစ်၍ ဗုဒ္ဓဘာ သာဝင်တို့၏ အနာဂတ်ကောင်းကျိုး မကောင်းကျိုးကို သူတို့၏ ကောင်းမှု မ ကောင်းမှုဖြင့် မျက်ဝါးထင်ထင်ကဲ့သို့ တွေ့မြင်ခွင့်ရှိပါသည်။ တပည့်တော်တို့ ၏ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြသော်လည်း မိစာ္ဆဒိဋ္ဌိဘာ သာဝင်များနှင့်မခြား အကျိုးမများသူများသာဖြစ်ကြပါသည်။ ဤနေရာ၌ ရှင်း လင်းလျှောက်ထားရန်လိုပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် အခြားမိစာ္ဆဒိဋ္ဌိဘာသာဝင်များထက် မြတ်သည်ဟု ထင်တတ်ကြမြဲဖြစ်ပါသည် ဘယ်သို့ မြတ်သနည်းဟုမေးလျှင် အခြားဘာသာများ၌ ဘုရား၊ တရား၊ သံဃာ မရှိ မိမိတို့မှာသာရှိသည်ဟု ဖြေတတ်ကြပါသည်။

ဤသို့ဖြေသော်လည်း ဗုဒ္ဓဘာသာဝင်များသည် အခြားဘာသာများ၌ ဘုရား၊ တရား၊ သံဃာ မရှိသည်ကို အကယ်သိသည်မဟုတ်ကြပါ။ ထို့ပြင် လည်း မိမိတို့၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဆည်းကပ်ရခြင်းအ ကြောင်းသည် သီလ၊ သမာဓိ၊ ပညာဝင်ပြီး သန့်စင်သောအမှုများဖြစ်ပွားရန် ဖြစ်၍ မဖြစ်ပွားလျှင် ဘုရား၊ တရား၊ သံဃာသည် မိမိအတွက် အကျိုးသက် ရောက်မည်မဟုတ်သောကြောင့် အခြားဘာသာဝင်များနှင့် ထူးခြားမှုမရှိဖြစ် ပါမည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် နောက်တနည်းအားဖြင့် လည်း မိမိတို့ကသာမြတ်ကြောင်း ထင်မြင်တတ်ကြပါသေးသည်။

တပည့်တော်တို့ ဗုဒ္ဓဘာသာမှာသာ စိတ်သဘာဝ၊ စေတသိက်သဘာဝ နှင့် ရုပ်နာမ်သဘာဝများ စေ့ငှကုံလုံမှုရှိသည်။ ဘယ်စိတ်၌ စေတသိက် ဘယ် လောက်ယှဉ်သည်၊ ဘယ်ရုပ်များသည် ဘယ်စိတ်ကြောင့်ဖြစ်သည်၊ မြင်စိတ် ကြားစိတ်ကလေးများဖြစ်သောအခါ ပထမဘဝင်လှုပ်သည်။ နောက် ဆင်ခြင် သည်၊ နောက် မြင်စိတ်ဖြစ်သည်၊ နောက် ခံလင့်သည်၊ စုံစမ်းသည်၊ ဆုံးဖြတ် သည် အစစ အသေးစိတ်တရားများ သိရသည်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်သော ကြောင့်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဖြစ်ရသည်မှာ မြတ်သည်ဟူ၍ ဖြစ်ပါသည်။ ဤသို့သိရခြင်းကြောင့် မြတ်သည်ဆိုရာ၌ သိရခြင်းသည်ပင် အ မြတ်လော၊ သိရခြင်းကြောင့်ဖြစ်သော အခြားအမြတ်များ ရှိသေးသလော စိစစ်ရပါမည်။

သိရခြင်းသည်ပင် အမြတ်ဆိုလျှင် ပရမတ်များကိုသိသော ပရမတ်ဆရာများနှင့် အဘိဓမ္မာစာပေ ပညာရှင်များသည် မြင့်မြတ်သူများ ဖြစ်ရာပါမည်။ အကယ်၍ ဤသူများသည် လောက၌ ထူးချွန်လွန်မြတ်သော လူမြတ်များ မဖြစ်ကြသည်မှာ အထင်အရှားဖြစ်ပါသည်။ ပရမတ်တရား လူ့ ကတ်ဖဲ့များကို လူတိုင်းတွေ့နိုင်ကြပါသည်။ ထို့ကြောင့် သိရခြင်းသည်ပင် မြတ်သည်ဆိုသော စကား မမှန်ပါ။ သိရခြင်းကြောင့် အခြားအမြတ်လည်း အ ကယ်မရှိပါ။ ရုပ်နာမ်ဓမ္မသိလျှင် ကျင့်သည်၊ ကျင့်လျှင် မြတ်သည်။ ဤသို့ တွက်၍ မဖြစ်ပါ။ လောက၌ သိသူတိုင်း မကျင့်ကြပါ။ ထို့ကြောင့် အကျင့်နှင့် ရုပ်နာမ်ဓမ္မအသိသည် မစပ်ဆိုင်ပါ။ ထို့ကြောင့် သိခြင်းကြောင့် အခြားအမြတ် လည်းမရှိပါ။

ထို့ကြောင့် တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် မိစာ္ဆဒိဋ္ဌိဘာသာ ဝင်များထက် ရုပ်သဘာဝ၊ နာမ်သဘာဝ ပရမတ္ထများကိုသိရခြင်းကြောင့် မြတ်သည်ဟု မဆိုသာပါ။ အကျင့်အကြံမကောင်းလျှင် ဘာသိသိ ယုတ်မာ သည်ပင် ဆိုရမည်ဖြစ်ပါသည်။ တနည်းအားဖြင့်လည်း တပည့်တော်တို့ ဗုဒ္ဓ ဘာသာဝင်များသည် အခြားမိစာ္ဆဒိဋ္ဌိဘာသာဝင်များနှင့် မကျင့်မကြံကြခြင်း တူစေကာမူ အခြားဘာသာဝင်များ၌ မဂ်သံ၊ ဖိုလ်သံ၊ နိဗ္ဗာန်သံမျှ မကြားရ တပည့်တော်တို့က ကြားရသည်။ ထို့ကြောင့် အကျင့်အကြံပျက်ပြားမှုခြင်း တူသော်လည်း တပည့်တော်တို့က မဂ်သံ၊ ဖိုလ်သံ၊ နိဗ္ဗာန်သံကြားရ၍ မြတ် သည်ဆိုချင်ကြပါသည်။ ဤသို့ပင် ကမာ္ဘလည့်ဆရာတော်တစ်ပါး တိုင်းတစ် ပါးမှာ ပြောကြားခဲ့ကြောင်း ဖတ်မှတ်ခဲ့ရသည်ကို ဟိုက မေးလိုက်သည်မှာ အ ခြားဘာသာများ၌လည်း သူ့မဂ်ဖိုလ်နှင့်သူရှိတော့ ဘယ်လိုလုပ်မလဲ ဆိုသော သဘောဖြစ်သည်။ အဲဒါတော့ မသိဘူးဟူ၍ပင် ဖြေခဲ့ရသည့် အခြေဆိုက်ခဲ့ပါ သည်။

ဘယ်လောက်ပင် မဂ်သံ၊ ဖိုလ်သံကြားကြား မိမိတို့ကြားသော မဂ်ဖိုလ်ကို မရလျှင်ကား မကြားသူနှင့် ခြားရန် အကြောင်းနည်းလှပါသည်။ မိမိတို့နာကြား၊ မှတ်သားရသော မဂ်တရား၊ ဖိုလ်တရားများ ကျင့်ကြံကြမှ မိစာ္ဆဒိဋ္ဌိဘာဝင်များနှင့် ခြားနားအောင် မြင့်မြတ်ကြမည်ဖြစ်ပါသည်။ မဂ်တရား ဖိုလ်တရားပွားသူများသည် အကျင့်အကြံမှောက်မှား ပျက်ပြားမှုကို ရှေးဦးပင် ရှောင်ရှားရပါမည်။ မဂ်သံ ဖိုလ်သံပင်ကြားစေကာမူ အကျင့်အကြံ မှောက်မှား ပျက်ပြားနေလျင် မဂ်သံ ဖိ်ုလ်သံမကြားသော မိစ္ဆာဒိဋ္ဌိဘာသာဝင်များနှင့် အခြားမရှိ ဖြစ်ပါမည်။ ဤသို့ဖြစ်လျင် တပည့်တော်တို့ ဗုဒ္ဓဘာသာ ဝင်များသည် မိစ္ဆာဒိဋ္ဌိဘာသာဝင်များထက် အမြတ်များ အခြားမရှိ သောကြောင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ရသည်မှာ အဟောသိကံကဲ့သို့ ဖြစ်ပါသည်။

တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကောင်းကျိုး မကောင်းကျိုး ထုထည်ပမာဏကို မိစ္ဆာဒိဋ္ဌိ ဘာသာဝင်များ၏ ကောင်းကျိုး မကောင်းကျိုး ထုထည်ပမာဏကဲ့သို့ ကောင်းမှုမကောင်းမှုဖြင့် တိုင်းထွာရန်မှတပါး အခြားမရှိနိုင်ပါ။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကောင်းမှု မကောင်းမှုပမာဏသည် မိစ္ဆာဒိဋ္ဌိဘာသာဝင်များ၏ ကောင်းမှု မကောင်းမှု ပမာဏထက် မသာလွန်လျင်တပည့်တော်တို့် ဗုဒ္ဓဘာသာဝင်များသည် မိစ္ဆာ ဒိဋ္ဌိဘာသာဝင်များထက် မသာလွန်သူများသာဖြစ်ပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာတရားတော်၏ အနှစ်သာရသည် လူများအကျင့် အကြံ ကောင်းမွန်ရေးလမ်းညွှန်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ တရားတော် ဗုဒ္ဓဘာသာဝင်များ၏ အကျင့်အကြံ (စာရိတ္တ) ကို တာဝန်ခံသော တရားတော်ဖြစ်ပါသည်။ ထို့သို့ဖြစ်သော်လည်း ယနေ့ဗုဒ္ဓဘာသာ ဝင်များသည် ကိုယ်ကျင့်တရား­­­­အသိ(စာရိတ္တပညာ)ကို သီးခြား ရှာနေရသည့် အဆင့်အထိတိုင် ရောက်ခဲ့ပြီကို မျက်ဝါးထင်ထင် တွေ့မြင်နေရမည် ဖြစ်ပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ဤမျှအထိ ပျက်ပြားနေကြပြီ ဖြစ်ပါသည်။

ဆက်လက်၍ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ အသိဉာဏ်လည်း ခေါင်းပါးနေကြပုံကို လျှောက်ထားပါမည် ဘုရား။……………………

xxxxxxxxxxxxxxxxxx

              မောင်မိုးပြာသည် ဤသို့ အမှန်တကယ်ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်နေ ဆဲ၊ ဖြစ်ပျက်နေဦးမည့် အသိဉာဏ်ပဋိပက္ခတို့၏ အမှန်တကယ် ဖြစ်ပွားနေပုံ တို့ကို စာဖတ်သူတို့ ဖတ်မှတ်သိရှိနိုင်စေဖို့သာရည်ရွယ်ပါသည်။ အခြားမည် သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ဘာသာကိုမျှ ထိခိုက်စေလိုခြင်း အလျှင်းမရှိပါ။ အသိတရားကို ဆာလောင်မွတ်သိပ်စွာ ရှာဖွေဆည်းပူးနေသူ များ အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းကြပါစေဟု မေတ္တာဖြင့် ဖော်ပြပေးနေခြင်း သာဖြစ်ပါသည်။

20 comments

  • Nan Shin

    September 27, 2011 at 9:53 pm

    တပိုင်းကြောင် ကျက်စာရရုံနှင့်၊ ခက်ပါလှ သဘောဉာဏ်၊ ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွား။ စောဒကတုဘက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့လူစား။ … ။ ဘုရားဟော မြတ်ဓမ္မက္ခန်ကို၊ တတ်လေဟန် ရောင်ဝါး၊ ပရမတ်ပြန် အကြောင်သမားတွေတို့၊ ထောင်လွှားကြသူ့ထက်ငါ။ အသိဉာဏ် တထွာလောက်ကယ်နှင့်၊ ညှာမထောက် ဟောတတ်လှပါ။ … ။ ပရိသတ် ထောမနာအောင်၊ စောဒနာဉာဏ်အကောက်တွေနှင့်၊ ကန်အကြောက် အတင်း မရှောင်၊ ငြင်းကြလူ့ဘောင်။ ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး … ။ … ။

    လယ်တီဆရာတော်ဘုရားကြီး

    • lionking

      October 1, 2011 at 3:06 pm

      အသိဉာဏ် တလံလောက်ပေမယ့်
      ဉာဏ်မပေါက် ခက်တယ်
      ကံမြောက်တော့ စက်လည်တယ်
      ရှက်စဖွယ်လူသား။
      ပရိတ်သတ် အလယ်ခေါင်မှာ
      ကျယ်လောင်စွာ ငြင်းတဲ့တရား ။
      အဘိဓမ္မာ မြတ်တရားကိုလ
      မြတ်ဘုရား ဟောပြနေဟန်
      ပဋိပတ် လမ်းမမှန်တယ်
      ကျမ်းဂန်ဆို ဆရာထားတာမို့
      သတ္တဝါအများ ဒုက္ခရောက်ရှာ
      လုပ်ကြပေါက်ကရာ
      ခုက္ကာလ ဘုရားရှင်ဆို
      အများငြင်ငြို ခံလောက်စရာ့လေး။ ။ စာပိုဒ်ကျနေတဲ့ပုံရှိတယ်။
      ရှင်အမိတာလင်္ကာရ

  • မှော်ဆရာ

    September 27, 2011 at 10:55 pm

    တယ်ဟုတ်ပါလား နန်းရှင်ရေ…
    ကွက်တိပဲ..

  • True Answer

    September 28, 2011 at 7:51 am

    “သိရခြင်းသည်ပင် အမြတ်ဆိုလျှင် ပရမတ်များကိုသိသော ပရမတ်ဆရာများနှင့် အဘိဓမ္မာစာပေ ပညာရှင်များသည် မြင့်မြတ်သူများ ဖြစ်ရာပါမည်။ အကယ်၍ ဤသူများသည် လောက၌ ထူးချွန်လွန်မြတ်သော လူမြတ်များ မဖြစ်ကြသည်မှာ အထင်အရှားဖြစ်ပါသည်။ ´´

    သိသည်ဆိုရာတွင် –
    ၁) သုတမယဉာဏ်၊
    ၂) စိန္ဏာမယဉာဏ်၊
    ၃) ဘာဝနာမယာဉာဏ်
    ဟူပြီး အဆင့် ၃ ဆင့်ရှိပေသည်။

    သုတမယဉာဏ် ဖြင့် သာ အတိုင်းအတာ အထိ ကျေးဇူးကြီးပါသည် ။
    သုတမယဉာဏ်ဖြင့် အဘိဓမ္မာပဲ သိသိ ပိဋိကတ်သုံးပုံပဲ သိသိ မည်မျှပင်သိသိ ကိလေသာကို အနုသယအထိ အကြွင်းမဲ့ ပယ်သတ် နိုင်ခြင်းမရှိသဖြင့် စိတ်ထား များစွာ ပြောင်းလဲခြင်းမရှိပေ။

    ဘာဝနာမယာဉာဏ်ထိရောက်အောင် (လိုရင်းထိရောက်အောင်) အားထုတ်ထားသူများ ကိလေသာကင်းသူ ပညာဉာဏ်ကြီးသူ မြင့်မြတ်သူများအဖြစ်သို့ရောက်ကုန်၏။
    ကိလေသာကင်းသူ ပညာဉာဏ်ကြီးသူ မြင့်မြတ်သူများ ဖြစ်လာသည် ဆိုရာဝယ် တောင်ပံများပေါက်ကာ ကောင်းကင်ဝေယံတွင် ပျံသန်းနိုင်ခြင်းမဟုတ်။ ချိုများပေါက်လာခြင်းမဟုတ်။
    ဥပမာ။ တက္ကသိုလ်မှ ပါမောက္ခတစ်ဦး၏ ပညာမည်မျှကြီးပုံကို မူကြိုကျောင်းသား နားမလည်နိုင်။
    အနည်းဆုံး တက္ကသိုလ်ကျောင်းသားဖြစ်တော့မှသာ သည်ဆရာမည်မျှ နားလည်နေသည် ပညာကြီးသည်ကို အနည်းစပ်ဆုံးခန့်မှန်းနိုင်ပေသည်။

    မိုးပြာဝါဒနှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန် အသေးစိတ် သိရှိရန်။
    မိုးပြာရဲ့လှည့်စားမှုကို သိရှိရန် http://myanmargazette.net/64548/creative-writing

    • မောင်မိုးပြာ

      October 3, 2011 at 3:57 pm

      အရွယ်ရောက်ပြီဖြစ်တဲ့ ညီအစ်ကို၊ မောင်နှမတွေ သူတို့ချင်းမဖောက်ပြန်ကြတာ ဘာ့ကြောင့်လို့ ထင်ပါသလဲ။ အမှန်အကန်ကိုသိတဲ့ သညာသိ၊ မဖောက်ပြန်တဲ့ သညာသိကြောင့်မဟုတ်ပါလား။ အသိမှာ မူကြိုအဆင့်ပဲရှိသေးရင်တော့ ဖောက်ပြန်နေကြဦးမှာပါ။ မောင်မိုးပြာတို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လည့်စားရန်မကြိုးစားပါ။ မိမိတို့သိနေရသော အသိများကို သိလိုသူတွေ သိနိုင်သူတွေ သိကြစေတော့ဆိုတဲ့ စေတနာနဲ့ ကိုယ့်အသိကို ရိုးရိုးသားသားတင်ပြနေခြင်းသာဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် မအဘူးလို့ ယုံကြည်ပါလျှင် မိုးပြာတို့က အမှန်တကယ်လှည့်စားတယ်ဆိုရင် ဘာလို့ကြောက်နေစရာလိုမှာလဲ။

      • we ren thu

        December 15, 2011 at 8:04 pm

        ကိုမိုးပြာရေ မူကြိုအဆင့်အသိဉာဏ်နဲ ့ ကလေးလေးတွေက ဖောက်ပြန်ဖို ့ဆိုတာဝေလာဝေး
        အဲ့ဒီ ကိစ္စကို စိတ်တောင်ဝင်စားဖို ့မသိသေးတဲ့အရွယ်လေးတွေပါဗျာ( မိုးပြာရဲ့ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ယူဆပုံကိုသာ သူတို ့လေးတွေ မဖတ်ရသေးဘူးဆိုရင်လေ။ ဖတ် ပြီးရင်တော့ ဘာပြောကောင်းလိမ့်မလဲ အမေကောအစ်မကော မရွေး ……..)
        အဲဒီက်ိစ္စကို ကျူးလွန်ရင် မိန်းကလေးကို ချမ်းသာသုရစေတဲ့အတွက်ကုသိုလ်တောင် ရသေးဆိုဗျာ..
        သူတို ့လေးတွေ ကုသိုလ်အများကြီးမရရင်နေပါစေဗျာ..
        နော က်ခဗျားလေးတို ့ရော ကုသိုလ် ဘယ်နှခါယူပြီးကြပြီလဲ…

        • countryboy

          January 15, 2012 at 4:09 pm

          အဲဒါကိုက အသိဉာဏ်သေးသိမ်တယ်လို့ဆိုရမှာပါ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဝင်စားလာတဲ့အချိန် ဆိုရင် ဘယ်လိုထိန်းသိမ်းမလဲ၊ နေထိုင်မလဲပေါ့။ ဒါက ငယ်ကတည်းက သင်ပေးရတာပါ။ လက်ဦးဆရာ မိနှင့်ဘတဲ့၊ လက်ဦးဆရာက မသင်ပြ၊ မသွန်သင် ၊ မဆုံးမရင် မကောင်းတဲ့စိတ် တွေဝင်ပြီး၊ ပြော၊ ပြု၊ နေတွေ လုပ်မှာပါပဲ။ မိနှင့်ဘကလည်း သူ့ရဲ့ကိုးကွယ် အားထားရတဲ့ သူတွေဆီက လမ်းညွန်မပြခံရင် ဘာသိမှာလဲ၊ နောက် ဆရာသမားတွေပေါ့။ အဲဒီ လို အသိဉာဏ်ရှိလို့လည်း ပထမအရွယ်မှာ ပညာရှာ၊ ဒု အရွယ်မှာ စီးပွားရှာ၊ တ အရွယ်မှာ ဘာဝနာပွားတဲ့ ၊ ကိုယ့်ကို ကောင်းအောင်ညွန်ပြတဲ့ တရားကျတော့ နောက်ဆုံးမှတဲ့၊ နောက်ဆုံးဆိုတာ လူမှုရေးရာ၊ ဘာသာရေးရာတွေမှာ နောက်ဆုံး လူတွေဖြစ်နေပြီး အရာမဝင်တော့တာပေါ့။ ဒါကြောင့်လည်း ချောင်ထိုးထားတာခံရကာ စိတ်ဖောက်ပြန်ကျတာလေ။ ဒါကို သူငယ်ပြန်လို့ ခေါ် တာမဟုတ်လား။ ငယ်စဉ်အရွယ်က အသိမပါလာရင် ပညာလည်း မတရားရှာတာပေါ့၊ စီးပွားလည်း မတရားရှာတာပေါ့၊ တရားလည်း မှားရှာတာပေါ့

        • မှော်ဆရာသိန်း

          January 15, 2012 at 9:34 pm

          အဲဒီက်ိစ္စကို ကျူးလွန်ရင် မိန်းကလေးကို ချမ်းသာသုရစေတဲ့အတွက်ကုသိုလ်တောင် ရသေး
          မိုးပြာဆရာတော်က အဲဒီလို ဟောတယ်လို့ ကျွန်တော်လဲ လေ့လာဖူးတယ် ..
          ဟုတ်မဟုတ် မိုးပြာဘက်တော်သားများ ဖြေပေးစေချင်ပါတယ် …

  • thantmonzaw

    October 1, 2011 at 11:47 am

    ပိုးဖလံမျိုးမီးကိုတိုး
    ကိုယ်ကျိုးနည်းလှပြီ

  • koyo

    October 1, 2011 at 4:03 pm

    လူသားတို့သည် ငြင်းရင်း၊ ခုံရင်း၊ တိုက်ကြ၊ ခိုက်ကြရင်းဖြင့် တိုးတက်ဖြစ်ထွန်းလာကြသည်မှာ လူသားသမိုင်းကို စောင်းငဲ့ကြည်သူတို့ သိမြင်နိုင်ကြပေသည်။ ယနေ့လည်း တိုက်ဆဲ……သို့သော် လူကို ဒဲ့မတုိုက်ကြတော့။ အသိဉာဏ်ဖြင့်တိုက်ကာ ကျွန်ဇတ်သွင်းနေကြလေပြီ……မေ့လျှော့ ပေါ့ဆသူတို့ သတိထားကြပါကုန်လော့။

  • aungnng87

    October 1, 2011 at 4:15 pm

    မန်းဂေဇက်က မိုးပြာတွေအတွက်ကြော်ငြာဖို့နေရာတခုနဲ့တူပါရဲ့။ ဒါပေမဲ့ဗုဒ္ဒဘာသာဝင်တွေကတော့သိပါရဲ့။ ဘယ်ဟာကအဆိုးအကောင်း၊အကုျိုးအကြောင်း ကောင်းလဲဆိုတာ။

  • မောင်မိုးပြာ

    October 3, 2011 at 4:47 pm

    မောင်မိုးပြာတို့ရော မန်းဂေဇက်ကို သုံးခွင့်မရှိရတော့ဘူးလား။ အဆိုးအကောင်း အကျိုးအကြောင်းသိတယ်ဆိုလျှင် ဘာတွေကိုစိုးရွှံ့နေကြပါလိမ့်။ မဖတ်သင့်ဘူးထင်ရင် မိုးပြာဆိုတာနဲ့ အသာကလေး ခလုပ်တစ်ချက်နှိပ်လိုက်ရုံပဲမဟုတ်လား။

  • windtalker

    October 3, 2011 at 6:37 pm

    ကဲကဲ..
    အဖြေလေး ထပ်ဖြေပေးဦးမယ်
    အိုဗျာ
    ဒီလောက် လွယ်နေတဲ့ မေးခွန်းကို
    လွယ်လွယ်လေး ဖြေပေးလိုက်မယ်
    အပြာကား
    အပြာစာအုပ် စသည်ဖြင့် အသုံးအနှုန်းရှိတယ်မလား
    အဲဒါပဲပေါ့
    ရှင်းရှင်းလေးရယ်ဟာ

    • မောင်မိုးပြာ

      October 6, 2011 at 3:59 pm

      windtalker ကို စေတနာနဲ့ သတိပေးလိုက်ပါရစေ၊ အပွေးမြင်ရင် အပင်ကိုသိတယ်ဆိုတဲ့ စကား ကြားဖူးမှာပါ၊ ပြောကြဆိုကြတဲ့ စကားတွေဆိုတာ ကိုယ့်အပင်က အပွေးတွေဆိုတာကိုတော့ သတိရပါ။ လူချင်းမမြင်ရလို့ ကိုယ်ရေးချင်တာရေးတယ်ဆိုပေမယ့် ဒီသူ့ရဲ့စိတ်ဓာတ်ကိုတော့ လူတွေက နားလည်သွားကြလိမ့်မယ်။ ကျွန်တော်တို့ ဘာအတွက် စကားတွေပြောနေကြတာလည်းဗျာ။ အချိန်ကုန်ခံ ငွေကုန်ခံ အပင်ပန်းခံပြီး ပြောနေကြတာဟာ အသိအမြင် တစ်ခုခုရရှိဖို့ မဟုတ်ဘူးလား။ ကိုယ်က ဘာကိုမှလေ့လာစရာမလိုအောင် ပြီးပြည်းစုံ သွားပြီဆိုရင်တောင် တဖက်သူကို စေတနာသန့်သန့်နဲ့ ပြောနိုင်အောင်လောက်တော့ စိတ်ထားတွေ မြင့်မြတ်ဖို့ လိုအပ်မယ်ထင်ပါရဲ့နော်။

      • windtalker

        October 6, 2011 at 8:42 pm

        ကိုယ့်စာကို တာဝန်ယူရဲတယ်
        ကိုယ့်စာကို ဖတ်တဲ့သူဟာ
        ကိုယ့်စာကြောင့် အယူမတိမ်းမှားစေရဘူး
        ကိုယ့်စာကြောင့် ဒုက္ခမရောက်စေရဘူး
        ကျုပ် windtalker ရေးတင်သမျှ ပို ့စ်တိုင်းဟာ
        စာဖတ်သူကို အကျိုးရှိစရာ တစ်ခုခု မပေးနိုင်ခဲ့ရင်တောင်
        အပျင်းပြေသပ်သပ် လောက်တော့ ရအောင် ရေးတင်ခဲ့တယ်
        ကျုပ် ရေးသမျှ စာထဲ မှာ
        ဘယ်ဘာသာ ကောင်းတယ် ၊ မကောင်းဘူး ကျုပ် မရေးခဲ့ဘူး
        ဘယ်ဘာသာ ကို ကိုးကွယ်ရမယ် မကိုးကွယ်ရဘူး ကျုပ် မပြောခဲ့ဘူး
        ထို ့အတူ ဘယ်ဘာသာ ကို မှ မပုတ်ခတ်ဘူး
        မင်းတို ့ဟာတွေ က မျက်စိရှုပ်လွန်းလို ့
        ဝင်ပြောနေရတာ

        • countryboy

          January 15, 2012 at 3:52 pm

          windtalker ရေ မျက်စိစပ်ရင် မှိတ်တာထားလိုက်ပါလို့ အကြံပြုပါရစေ။ စိတ်တော့မဆိုးနှင့်ပေါ့ စာသံတွေက ဒေါသဆီကို ညွန်းနေတယ်နော။ လူ့ယဉ်ကျေးမှုကို ရှေ့တန်းတင်ပါနော် ကိုကိုနော်

      • we ren thu

        January 15, 2012 at 9:03 pm

        ဝင်ပြောရမှာတော့ လန် ့တယ်ဗျ မဟာသူတော်ကောင်းကြိီးတို ့ကို ပုတ်ခတ်မိသလိုဖြစ်မှာလည်း စိုးရသေးတယ်— ခွေးလေးအရိုက်ခံရတာ သနားလိုက်တာဆိုပြီး လျှောက်အာကျယ်နေလို ့မဖြစ်ဘူးလေ -ဒီခွေးက အလကားနေရင်း လူတကာလိုက်ဟောင်နေတာလား—ခွေးရူးလားဆိုတာ အရင်ကြည့်ရဦးမယ် –ဒီမိုးပြာဆိုတဲ့ so-called လူတွေကို တော်တော်မျက်စိနောက်လာပြီ–(မျက်စဉ်းဆေ းဝယ်လိုက်ပါ့မယ်— ကြားထဲက ဝင်ဝင်ရှူတဲ့ အမျိုးတွေက များလွန်းလို ့)

        ကိုကြီး windtalker ရေ သားတို ့ကတော့ ပေါ်တင်ပဲဗျာ –ဒီစာရေးတဲံ့ဘဲကရော အဲ့ဒီကိစ္စ စိတ်မဝင်စားဘူးလားလို ့မေးကြည့်ပါဦး (ဒါမှမဟုတ် အပုန်းကြီးများလား—–)
        “windtalker ကို စေတနာနဲ့ သတိပေးလိုက်ပါရစေ၊ အပွေးမြင်ရင် အပင်ကိုသိတယ်ဆိုတဲ့ စကား ကြားဖူးမှာပါ၊ ပြောကြဆိုကြတဲ့ စကားတွေဆိုတာ ကိုယ့်အပင်က အပွေးတွေဆိုတာကိုတော့ သတိရပါ။ လူချင်းမမြင်ရလို့ ကိုယ်ရေးချင်တာရေးတယ်ဆိုပေမယ့် ဒီသူ့ရဲ့စိတ်ဓာတ်ကိုတော့ လူတွေက နားလည်သွားကြလိမ့်မယ်။ ” ဆို တဲ့စကားကို
        S. ရမ်းကြိုက်သွားတာပဲ—-သူတို ့ရဲ့ ငါးပါးသီလအယူ ကိုလည်း ြကြည့်ကြပါဦး(အဲဒီပါးစပ်ကြီးက ပြောပြောနေတဲ့ ကိုယ်ကျင့်တရားတို ့လူစိတ်တို ့ဆိုတာနဲ ့ သူတို ့ယူထားတဲ ့အယူတွေနဲ ့တူသလားတန်သလားဆိုတာ————) ပြီးမှ လူစိတ်ရှိသေးတယ်ဆိုလည်းသူတို ့တွေ အသိတရား ရသွားတာပေါ့–

        ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။
        ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တဝါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။
        “ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။”

        ကျတော့အထင်နောက်ဆုံးအချက်ကြောင့်ပဲ လူတွေတော်တော် ခိုက်ကုန်တယ်နဲ့တူပါတယ်
        ဒီpost တင်တဲ့ သူတော်ကောင်းအစ်ကိုကြီးရေ ဗြောင်ပေ့ါဗျာ- ” ကျတော့ဆရာ နဲ့တကွ အဖွဲ ့သားအားလုံး ဘာကြောင့်ပြာ— အောက်ဆုံးအချက်ကြောင့်ပြာ” ဟုတ်တယ်ဟုတ်

        ####ပစ္စုပ္ပန်ကမ္မဝါဒီ အဖွဲ့သည် ဗုဒ္ဓဘာသာစာပေနှင့် အသင့်အတင့် ရင်းနှီး ကျွမ်းဝင်သူများ ဖြစ်လျှင်
        ဗုဒ္ဓစာပေ နှင့် မဆန့်ကျင်အောင် ဟောပြော၍ သိမ်းသွင်းကာ
        ဗုဒ္ဓစာပေ ကို လုံးဝ မသိသူဖြစ်လျှင် ဗုဒ္ဓကို လုံးဝ ဆန့်ကျင်သွားအောင်
        ဟောပြော၍ သိ်မ်းသွင်းကြသည်———- —-###စကားကောင်းစကားလှတွေနဲံ ့မစား၇ဝခမန်းပြောနေတာများဗျာ
        ဖောင်ဖောင်ဖောင်ဖောင်နဲ ့ ——-

        • မှော်ဆရာသိန်း

          January 15, 2012 at 9:38 pm

          ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။
          ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တဝါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။
          “ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။”

          အပေါ်မှာရေးပြထားတဲ့ အယူအဆမျိုးကိုလဲ မိုးပြာဝါဒ က ဟောမဟော …
          မိုးပြာဘက်တော်သားများ ဗဟုသုတ အလို့ငှာ ဖြေကြားပေးစေလိုပါသည် ..

  • ရာဇဝင်လူဆိုး

    October 6, 2011 at 9:40 pm

    အဟမ်း…ကိုဖိုးကြာ..အဲ ..မှားလို. ကိုမိုးပြာ…။ ကျုပ်ဗမာစစ်စစ်တစ်ယောက်ပါ။ ဒါဆို ဘာကိုးကွယ်လဲသိ။ မျက်ကန်းတစ်ယောက်လို ကိုးကွယ်တာမဟုတ်ဘူးနော် ..ကျူပ်ကိုယ်တိုင် ဘာသာရေးစာမေးပွဲတွေ အောင်မြင်ပြီးမှ ကိုးကွယ်တာ။ လေ.လာပြီးမှနော်။ သူကြီးကတော.အားလုံး ဗဟုသုတရအောင် ခင်ဗျားတို.ဟာတွေ ရေးခိုင်းပေမယ်. အခု အပိုင်း ၄ မှာ ဘယ်သူမှ ???? ကိုဖိုးကြာတို. ကြိုက်တာရေး…။ ကျူပ်ဘာသာမဲ. မဟုတ်ဘူးနော်။ ကဲ ..ဒါဆို ကျုပ်တို. ဟိုး ..အဘိုး အဘေး..ကစပြီး …လူ့ယဉ်ကျေးမှုမရှိခင်က နတ်ဘုရားတွေ ကိုးကွယ်၊ ယစ်တွေပူဇော်…ဒါက အရင်ခေတ်။နောက် ဘုရားသခင်များစွာပေါ်လာတယ်…. ကိုးကွယ်ကြတယ်။ အခုခေတ်ကတော်. ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်..ဒီမိုကရေစီ ပဲလေ။ ဆင့်ကဲဖြစ်စဉ်အရ ..နတ်ဖုရားကိုးကွယ်..ယစ်တွေပူဇော်တဲ.ခေတ်ကနေ ပြီးတော…ဘုရားသခင်..နောက်… အခုဆို ကမ္ဘာမှာ ဘာသာမဲ.ဆိုတဲ.လူတန်းစားတွေများနေပြီ။ ကဲ..ခင်ဗျား စေတနာမှန်ရင် ဒီစကားတွေပြောနေမဲ. အစား မြတ်စွာဘုရားလို သတ္တဝါတွေကောင်းကျိုး(ဗမာပြည် အကျိုး) တစ်ခုခု (လေတွေလျော.ပြီး သယ်ပိုးလိုက်ပါ)။ သိပ်ကျေးဇူးတင်တဲ.။
    ……လက်တွေ.ကိုပဲ စိတ်ဝင်စားတဲ…..( ရာဇဝင်လူဆိုး)…. မကျေနပ်ရင် yarzwinlu@gmail.com ကို လာခဲ.။

    • countryboy

      January 15, 2012 at 3:56 pm

      အကျိုးသယ်တယ်ဆိုတာ ယူချင်တဲ့လူမှ သယ်ရကျိုးနပ်မှာပေါ့၊ ဘုရားကတော့ ဒေဝဒတ်တို့အတွက် အကျိုးသယ်ခဲ့ပါတယ်။ မယူတော့ မရဘူးမဟုတ်လား။ လူတစ်ယောက်မှာ အသိဉာဏ်ကသာ အရေးကြီးပါတယ်ခင်ဗျ။ အသိအတိုင်း အပြော၊ အပြု တွေ လုပ်တာပါ။ အဲဒါမှာ မှားသိရင် မှားတဲ့ အပြော၊ အပြု၊ အနေတွေ လုပ်မှာပါ။

Leave a Reply