ဦးလန်ဘား ၏ စွန် ့စားခန်းများ

မောင် ပေSeptember 27, 20111min978

ရွာသာယာ ၏  ရွာလယ်ခေါင် လမ်းမ ကြီးပေါ် တွင် လူတစ်ယောက် အသည်းအသန် ပြေးလာသည် ။

သူ ့ပုံစံ မှာ ၊ ဆိုင်ကယ်သုံးယောက်စီးသဖြင့် ၊ မော်တော်ပီကယ် လိုက်ဖမ်းလို ့ အသည်းအသန်ပြေးလာတဲ့ ဆိုင်ကယ် တက်ကဆီ လိုမျိုး ။

ထိုသူကား ရွာသာယာ ၏ ဆယ်အိမ်ခေါင်း မောင်နက်ခေါင် ။

ခနော်နီ ခနော်နဲ  ့၊ ပျဉ်ထောင်အိမ်လေး တစ်လုံး ရှေ  ့သို ့အရောက်…

“ စုံထောက်ကြီး ၊ ဗျို  ့စုံထောက်ကြီး ”

ဆယ်အိမ်မှူး မောင်နက်ခေါင် တစ်ယောက် ၊  ရွာသာယာ ၏ တစ်ဦးတည်းသော ၊ တစ်ယောက်ထဲသော စုံထောက်ကြီး ဦးလန်ဘား ၏ အိမ်ပေါ် မောပန်းတကြီး တက်လိုက်သည် ။

စုံထောက်ကြီး ဦးလန်ဘား တစ်ယောက် ကို တီဗီ ရှေ  ့တွင်  လမုကွန်ထရိုးကြီး ကိုင်လျှက် ၊ ငုတ်တုတ်ကြီး ထိုင်နေသည် ကို တွေ ့လိုက်ရသည် ။

တွီတွီ ..ရွှီရွှီ ….ရွှီး

“ ဟ…ဘာတွေ ကြည့်နေတာတုန်း ဗျ ”

“ ဒါ နောက်ဆုံးထွက်တဲ့ ပါဝါရိမ်းဂျား ကား လေ ကွာ…။ အခုတလော အမှုကလဲ ပါး ၊ ဘယ်သူမှ လည်း မလာကြတာနဲ ့၊ ပျင်းပျင်းရှိ ၊ ဒီဗီဒီခွေတွေ ထိုင်ကြည့်နေတာ ၊ ဇါတ်ကားတွေ မှ အများကြီးပဲ.. မင်းလည်းကြည့်ချင် ယူသွားဦး ၊ ၄ ခွေ မှ တစ်ထောင်ပဲ ပေးရလို ့ ၊ ပျင်းတိုင်း ခွေပဲ ဝယ်ကြည့်နေရတာ ဟ ”

“ စကားမစပ် ၊ ဟိုကား တွေ ကော မရှိဘူး လား ”

“ ဟမ်..ဘာကားတွေ ကို မေးတာတုန်းဟ ၊ မင်းဟာက ”

“ ဪ… ” ဘကြီးနဲ ့မြေး ( ဘကြီးနဲ ့မြီး ဟု အသံထွက်ပါ ) အချစ်ကြီး ” တို  ့၊  ” ၅တန်းမောင်မောင် နဲ ့ ရ တန်းမမ ” တို ့ကားမျိုးတွေ လေ ”

“ ဟ..ဒီကောင်တော့ ၊ ငါ ထကန်လိုက်ရလို ့၊ ရွာထိပ်ထိ ဒလိန် ့ကောက်ကွေး ရောက်သွားမယ် ၊ နင် ့မေကြီးတော်ကြီး ၊ ဘယ်လို လုပ် တို ့နိုင်ငံ မှာ ၊ ဒီလို ဇါတ်လမ်းမျိုး ရှိမှာတုန်း ၊ တော်တော်…မင်းစကားသံ နဲ ့တင် ကို ငါကြောက်လာပြီ ”

“ ဟိတ်လူ..ခင်ဗျား မလဲ ၊ အိမ်ထဲမှာတင် ပါဝါရိမ်းဂျား မနေနဲ ့ဦး ၊ စာလေးဘာလေး လဲ ဖတ်ဦး ၊ ကျုပ်တို ့ဆီမှာ ၊ လိင်ကိစ္စ တွေ ကို မူလတန်း ကတည်း က သင်ပေးတော့မှာတဲ့ ဗျ ၊  အဲဒါကြောင့် တင်ကြို ဇါတ်လမ်းတွေ ဘာတွေ များ ရိုက်နေပြီလား လို ့ ၊ မေးကြည့်တာပါ ဗျာ ၊ အခု မရှိလဲ နောက်တော့ ခင်ဗျား ကြည့်လာရပါလိမ့်မယ် …ဟဲဟဲ…”

“ အေးပါကွာ..၊ အဲဒါတွေ ရှိလာမှ ၊ ငါ ကိုယ်တိုင် တစ်ကားလောက် ဝင်သရုပ်ဆောင်ဦးမယ် …၊ ဟီးဟီး ”

“ အရေးထဲ…ကြေငြာ က ဝင်နေပြန်ပြီ ၊ ဒါနဲ ့..စကားကောင်းနေတာနဲ ့လာရင်းကိစ္စတောင် ပြောဖို ့မေ့နေတယ် ”

“ အေးဟုတ်သားပဲ…. ၊ ပြောစမ်းပါဦး…အပြေးအလွှားနဲ ့မင်းငါ့ဆီ ရောက်လာတာ ၊ ဘာကိစ္စ လဲ ”

“ ဪ…ခင်ဗျား လိုချင်နေတဲ့ အမှု အခု ပေါ်လာပါပြီတဲ့ ဗျာ ”

စုံထောက်ကြီး ဦးလန်ဘား လည်း ၊ မြီးကောင်ပေါက်မ လေး ကို မြင်တွေ ့လိုက်ရသော လူပျိုသိုးကြီးလို လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် ။

“ ဟေ..ဘာတွေ ဖြစ်ကုန်တာတုန်း ၊ ဘယ်မှာ တဲ့ တုန်း ၊ ဘယ်သူတွေ က ဘယ်သူ တွေ ကို ဘာတွေ ၊ ဘယ်လိုတွေ လုပ်လိုက်တာတုန်း ”

“ တယ်ရှော်တဲ့လူပါကလား ၊ အဲဒါတွေ သိနေမှတော့ ၊ ခင်ဗျားဆီ အပင်ပန်းခံ ပြီး လာပြောနေမလား …ဟင် ”

“ ဪ..ဟီးဟီး..အဲဒါလဲ ဟုတ်တာပဲနော် ၊ ကဲကဲ….သူကြီး အိမ် ကို လိုက်ခဲ့ရမှာ မလား ၊ မင်းပြန်နှင့်လိုက် ၊ ငါ ပြင်ဆင် စရာ ရှိတာလေး တွေ ပြင်ဆင် ပြီးရင် ၊ လိုက်ခဲ့လိုက်မယ် ”

“ အောင်မာ..လာသေးတယ် ၊ မသိတဲ့လူတွေ ကို သွားပြောစမ်းပါဗျာ ၊ အကြောင်းသိ အချင်းချင်း ဟိတ်ဟန် မထုတ်ချင်စမ်းပါနဲ ့ ၊ လာလာ..ကျုပ် နဲ ့အခုချက်ချင်း လိုက်ခဲ့ ”

“ အေးပါကွာ…မင်းကလဲ ၊ ငါ က ဒီရွာရဲ  ့တစ်ဦးတည်းသော စုံထောက်ကျော်ကြီးနော် ၊ နဲနဲပါးပါး လေးစားသမှု တော့ ရှိပါဦး ဟ ၊ နဲနဲတော့ ဖိန် ့ပါရစေ ဟ ”

“ ဘာမှ လာလုပ်မနေနဲ ့၊ ကိုယ့်လူ ၊ ခင်ဗျား က သောက်တလွဲ အကျိုးနဲ ရှော်တဲ့ စုံထောက် ၊ အခုကိစ္စ လည်း အချိန်တန် ရင် ၊ သူ ့ဟာနဲ ့သူ အမှုမှန်ကပေါ်လာမှာပဲ ၊ သူကြီး က မကောင်းတတ်လို ့၊ ခင်ဗျား ကို သွားခေါ် ချေ…  ဆိုလို ့သာ လာခေါ် ရတာ ”

ဟုတ်တော့လည်း ဟုတ်သည် ။ စုံထောက်ကြီး ဦးလန်ဘား လိုက်ခဲ့သော အမှု များ အကြောင်း ကို နဲနဲ လောက် ပြောပြရဦးမည် ။

ဟိုတလော က  ၊ ဟိုဘက်ရွာ က ပန်းခြံ ထဲ မှ ပန်းတွေ ပျောက်တုန်းက ၊ ဦးလန်ဘား ကို စုံစမ်းခိုင်းသည် ။

အမှု သွားစုံစမ်းရင် ၊ ပန်းခြံပိုင်ရှင် ရှမ်းရှမ်း ကို မြင်မိသွားရာမှ ၊ အမှု မလိုက်တော့ပဲ ရှမ်းရှမ်း နားတွင်သာ အားရှိ အရေမရ အဖတ်မရ ထိုင်ပြောရင်း ၊ ငမ်းရင်း ကြူနေတော့သည် ။

နောက်ပိုင်း ရှမ်းရှမ်း တစ်ယောက် မနေနိုင်တော့ပဲ ၊ ကိုယ့်ဘာသာ လိုက်လံ စုံစမ်းတော့ မှ ၊ ရွာသာယာ ထဲ မှ ဂျမ်းဘုံ ခိုးထားသည် ကို လက်ပူးလက်ကြပ် မိသွားသည် ။

ဂျမ်းဘုံ အကြောင်း သိချင်ရင် ဒီမှာဖတ် ( https://myanmargazette.net/66534/creative-writing )

တစ်ခါကလည်း ၊ ရွာသာယာ သို ့ခပ်ငယ်ငယ် ကောင်မလေး တစ်ယောက် ပြောင်းလာသည် ။ ဖြစ်ချင်တော့…ကောင်မလေး အရင်ဇာတိ က ဇါတ်လမ်းတွေ က ပါ ပါလာသည် ။

သို ့နှင့် စုံထောက်ကြီး ဦးလန်ဘား ကို သက်တော်စောင့် ငှားရမ်းမိရာ ၊ ဦးလန်ဘား ၏ ခေါ်တောတစ်ထောင်အား တဏှာအားကြောင့်….

ကောင်မလေး ခဗျာ…နိုင်ငံခြားပြေး ၊  ဖောက်တပ်ချုပ် သွားလုပ်ပြီး ၊ ကိုယ့်အားကိုယ် ကိုး သွားရှာသည် ဟူသတတ် ။

ထိုကဲ့သို ့အရည်အချင်း များ နှင့် ပြည့်စုံလွန်းသော ဦးလန်ဘား မှာ အမှု ပါးတာ ၊ မထူးဆန်း ။

ယခုလည်း သူကြီး ခဗျာ ၊ အခြားလူ ခိုင်းစရာ မရှိလို ့ရွေးလိုက်ရသည့် သဘော ။

ဆယ်အိမ်မှူး မောင်နက်ခေါင် နှင့် စုံထောက်ကြီး ဦးလန်ဘား တို ့ သူကြီး ဆီ သို ့ထွက်လာခဲ့ကြသည် ။

သူကြီး အိမ်တွင် ၊ အပူသည် များ ၊ အမှုသည် များ ကို တွေ ့လိုက်ရတော့လေသည် ။

“ လာ…လန်ဘား ရေ ၊ ဒီက ဦးသာဝ တို ့ ဒေါ်မြ တို ့ မှာ အဖြစ်ဆန်း လေး တွေ ကြုံနေရလို ့၊ ငါ့ဆီ လာတိုင်ပင်ကြတယ် ၊ ငါလဲ မစဉ်းစားတတ်တော့ လို ့၊ တို ့ရွာရဲ  ့တစ်ယောက်ထဲသော စုံထောက်ကြီး.. မင်းကို ခေါ်လိုက်ရတာပဲ ”

“ ဟုတ်ကဲ့…ကျွန်တော် အတတ်နိုင်ဆုံး ၊ အစွမ်းရှိသမျှ အသားကုန် ကြိုးစားအားထုတ်ဆောင်ရွက်ပေးပါမယ် ၊ ကျွန်တော် လန်ဘားဟာ ဆိုရင်… ”

ဦးလန်ဘား ၏ တစ်ထောင့်တစ်ည ကိုယ်ရည်သွေး ဇါတ်လမ်းများ ကို ကြိုမြင်သူ သူကြီး က …

“ အဟမ်း..အဟမ်း…၊ လန်ဘားရေ ၊ အကြောင်းသိတွေ အချင်းချင်း ပဲကွာ ၊ ဒီက ဦးသာဝ တို ့ဒေါ်မြ တို ့ဖြစ်ပုံလေး ကို သာ မင်းနားထောင် စဉ်းစားပါကွာ ”

ဦးလန်ဘား လည်း ၊ ဟိုက်ဝေး လမ်းမကြီးပေါ် တစ်နာရီ ကီလို ၈ဝ လောက် မောင်းနေသည့် အိပ်ပက်လက် ကားကြီး ဒက်စတော့ ဘရိတ်အုပ်လိုက်သလို ၊ တွန် ့သွားသည် ။

ဦးသာဝ နှင့် ဒေါ်မြ တစ်ယောက် ကို တစ်ယောက် မျက်နှာချင်း ဆိုင် ကြည့်လိုက်ကြသည် ။

သူ စပြောနိုး ၊ ကိုယ် စပြောနိုး ။

သူကြီး က

“ ကဲ…ဒေါ်မြ က အရင် စပြောလိုက်ပေါ့ ”

“ ဟုတ်ကဲ့….ဒီလို ပါရှင် ”

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ရွာသာယာ မှ ဦးသာဝ နှင့် ဒေါ်မြ တို ့၏ အဖြစ်ဆန်း ကို  ၊ စုံထောက်ကျော်ကြီး ဦးလန်ဘား ၏  အထူး စုံစမ်းထောက်လှမ်း ပုံ များ ( ဇါတ်သိမ်းပိုင်း ) ကို ဆက်လက် ရေးတင်ပါမည် ။

——————–  အားလုံးကို ကျေးဇူးတင်ပါသည်  ——————–

8 comments

  • ရွှေဘိုသား

    September 28, 2011 at 11:01 am

    ကိုပေကလည်း ကိုးရီးယား ဒီဇိုင်း လုပ်နေပြန်ပြီ ကောင်းခန်းရောက်ရင်ရပ်ရော
    ထားပါ တရုတ်ဒီဇိုင်းမဟုတ်ရင် ပြီးရော ကောင်းပါတယ် ဆက်လက်မျှော်မည်

  • ကြောင်ကြီး

    September 28, 2011 at 11:39 am

    စုံထောက်လန်ဘား
    ပုဂံသား
    ညဏ်များပြီး
    အငန်စား
    မခံနိုင်လားတော့
    သေရွာ..။ 🙁

    • windtalker

      September 28, 2011 at 1:52 pm

      သေရွာ မှာ
      ငွေမပါလာလို ့
      မေခလာ နဲ ့အတူ
      ပြန်လွင့်
      ကံဆင့်တော့
      ဪဇီ မှာပျော်နေသော
      ကြောင်ပလီ ကို တွေ ့
      ပြောင်ပေ့

  • Shwe Ei

    September 28, 2011 at 2:04 pm

    ဆရာပေကလဲ သဲလွန်စလေးတောင်မချန်ခဲ့ဘူး။ တုံးတိကြီး။

  • pan pan

    September 28, 2011 at 2:06 pm

    ဇာတ်သိမ်းပိုင်းမျှော်လိုက်ဦးမယ်
    ဦးလန်ဘား ဘယ်လောက်ရှော်..အဲ….တော်လဲ ကြည့်ရအောင်
    သူသာတကယ်တော်ရင် အမှုအပ်စရာလေးရှိတယ်
    တစ်နေ့က ကြောင်အိမ်ထဲက ငါးကြော်ပျောက်သွားလို့… 🙁

    • windtalker

      September 28, 2011 at 2:12 pm

      ဦးလန်ဘား အကြောင်းကို ဒီနေ ့ည မှာ အပြီးတင်ပါ့မယ်ခင်ဗျာ
      စကားမစပ်
      ဦးလန်ဘား ကိုယ်စား
      အမှု လိုက်ပေးရရင်
      ပန်းပန်း ရဲ ့ကြောင်အိမ်ထဲ က
      ငါးကြော် ပျောက်သွားတယ် ဆိုတော့
      ငါးကြော်ကြိုက်တဲ့ ကိုကြောင်ကြီး များ
      ဘီယာ နဲ ့ဗျင်းဖို ့
      ယူသွားတာလား ရော ့
      ချက်ချင်းကြီးတော့
      ပြန်သွားမတောင်းလိုက်နဲ ့ဦးနော်
      သူ က လက်သည်းခြေသည်း ရာ မကျန်အောင်
      လှုပ်ရှားတတ်တယ်…..
      ဟီဟိ

  • GreeNSheeP

    September 28, 2011 at 2:46 pm

    ဘကြီးနဲ ့မြေး ( ဘကြီးနဲ ့မြီး ဟု အသံထွက်ပါ ) အချစ်ကြီး ” တို ့၊ ၅တန်းမောင်မောင် နဲ ့ ရ တန်းမမ
    အဲဒါတွေ က
    မြန်မာနိုင်ငံမှာ တစ်ကယ် ရှိနေပြီလား
    ဘုရားဘုရားဘုရား

  • ဆူး

    September 28, 2011 at 8:49 pm

    လန်ဘား က အပြန်စား ရှာထုတ်မှာလား။

Leave a Reply