မဆုံးတဲ့….သီချင်း—၃၂

naywoon niSeptember 27, 20111min1015

မဆုံးတဲ့….သီချင်း—၃၂
“ ကျောင်းအပ်မှာဆို မနက်မှလာတော့ လာ လ္ဘက်ရည်သောက်ရအောင်”
လို့ပြောပြီး ကောင်မလေးသုံးယောက်ကို လမ်းတစ်ဘက်က စမ်းသီတာ လ္ဘက်ရည်ဆိုင်ကို ခေါ်လာခဲ့တယ်..။ စောစောက စတဲ့ ကောင်မလေးက သဲသဲတဲ့ လေ…။ လ္ဘက်ရည်ဆိုင်ရောက်တော့ မိမာက တစ်စခန်းထပါတော့တယ်..။
“ ဟဲ့ …။ သဲသဲ ရဲ့ နေဝန်းက ငါ့ရဲ့ သူငယ်ချင်းပဲ..။ ဒီထက်မပိုဘူး..။ နင်ကြိုက်ရင်ကြိုက်လိုက်”
တဲ့…။ ကောင်မလေးက ရယ်ကျဲကျဲ ပဲ..။ အပြုံးမပျက်ဘူး..။ နေဝန်းနီ ဘက်ကိုလှည့်ပြီး…။
“ ဟုတ်သားပဲ.. ကိုနေဝန်းကြီးက လာရင်း မူးမူးလာတာကိုးဗျ …။ ဟိုက စိတ်ညစ်မှာပေါ့…။”
ဆက်စနေသေးတယ်..။ မိမာက
“ ဟာ….. ဒီ သဲ စုတ်ပလုပ်မလေးကတော့……။ သူကငါ့ သူငယ်ချင်း..။ သူ့ဖာသာ အရက်သောက်ပြီးလာတာ ငါက ဘာဆိုင်လို့ စိတ်ညစ်ရမှာလဲ..။ စိတ်ညစ်ရအောင် ငါ့မောင်လည်းမဟုတ် …။ ငါ့အကိုလည်းမဟုတ်…။ ရည်စားလည်းမဟုတ်ဘူး…။ သူငယ်ချင်း ဟဲ့…။ မသိရင်မှတ်ထား..။ သူငယ်ချင်းဆိုတာ ဆွေမျိုးလည်း မဟုတ်ဘူး..။ သူငယ်ချင်း ဆိုတာ ဒီတစ်သက်လုံး သူငယ်ချင်းအဖြစ် တွဲပါ့မယ်လို့ စာချုပ်ရှိတာမဟုတ်ဘူး..။ အဲဒိတော့ အသွင်တူရင် သူငယ်ချင်းအဖြစ် တစ်သက်လုံး ပေါင်းလို့ ရသလို ဒီနေ့ အသွင်မတူရင် နောက်နေ့ သူငယ်ချင်း မဟုတ်တော့ဘူး…။ သူငယ်ချင်းမှာ စိတ်ကာက်ရတာတွေ စိတ်ညစ်ရတာတွေ မရှိဘူး သိလား”
တဲ့လေ…။ ကိုအောင်ဂျမ်းတောင် မျက်လုံးပြူးသွားတယ်..။ ခေါင်းငြိမ့်ပြီး ……
“ မှတ်သားရပါတယ်..။ ဆရာမရယ်”
မှတ်ချက်ပေးတယ်…။ နောက်နေဝန်းနီ ဘက်လှည့်ပြီးတော့လည်း အမှာတမ်းချွေလိုက်သေးရဲ့…။
“ ဒီလိုနေဝန်းရဲ့…။ နင်နဲ့ငါက သူငယ်ချင်းတွေပဲ..။ ဟိုးအရင် ကျောင်းဖွင့်ရက်တွေ ကတည်းက နင့်ကို ငါသိနေတာ..။ နင်ကသာ သတိမထားမိလို့..။ ငါနင့်ကို ဘယ်လောက်ခင်တယ်ဆိုတာ ပြောစရာမလိုဘူး…။ နင်လည်း ငါ့ကိုလာမပြောနဲ့ …။ ပြောချင်ရင် တစ်ခြားသူတွေကို သွားပြောချည့်…။ နင်ခင်တာ ငါသိသလို ….ငါခင်တာနင်သိပြီးသား..။ အပိုတွေလာလုပ်မနေနဲ့…။ နင့်ဖာသာနင် အရက်သောက်တာ မသောက်တာ ငါနဲ့မဆိုင်ဘူး…။ အရက်မသောက်တဲ့သူတွေလည်း ငါခင်ချင်မှခင်မှာ…..။ နင့်ကို ငါခင်လိုက်တာ တစ်ခုထဲ…။ ဘာလဲသိလား …။ နင်က ကောင်မလေးတွေနဲ့ ရောထွေးရောထွေး မနေဘူး…..။ အီစီကလီ မရိုက်ဖူး…။ နင့်ဖာသာနင် လွတ်လွတ်လပ်လပ် တစ်ယောက်ထဲနေတာ….။ အဲဒါ ငါခင်သွားတာ ဒါပဲ…။”
မှတ်သားလောက်ပါပေရဲ့…။ နေဝန်းနီရဲ့ အရည်အချင်းကို နေဝန်းနီ ကိုယ်တိုင်တောင် သတိထား ခဲ့မိတာ မဟုတ်ဘူး…..။”
နောက်တော့လည်း ငါးယောက်သား ကျောင်းအကြောင်း အိမ် အကြောင်း စကားလမ်းကြောင်းတွေ ပြောင်းသွားလေရဲ့…။ နောက်တစ်နေ့ မနက် ဒီနေရာကပဲ စောင့်မယ်ဆိုပြီး ကိုအောင်ဂျမ်းနဲ့ လမ်း30 က ဘုံဆိုင်လေးဘက်ထွက်လာခဲ့တယ်…။ ပြီးခဲ့တဲ့ စာမေးပွဲပြီး နောက်ဆုံးနှုတ်ဆက်ပွဲလုပ်လိုက်တာက ကိုအောင်ဂျမ်းကို အရက်နဲ့ မိတ်ဆက်ပေးပြီးပြီလေ…။ နောက်ပိုင်းလဲ သူ့သူငယ်ချင်းတွေနဲ့ မော့တယ်ပြောတာပဲ..။ ကောင်းမှန်းသိတော့လည်း သာအိ တစ်စိုစိုပေါ့လေ……….. ။ ဟုတ်တယ်လေ…။ အရက်က ကောင်းတာကိုးးး……..။ နော့….. ။ ကိုအောင်ဂျမ်းနဲ့ အရက်တော့ ကောင်မလေးတွေ အကြောင်း ဆက်ပြောရင်းနဲ့…။ ကောင်မလေးတွေနဲ့ လှချင်တိုင်းလှနေတဲ့ လမ်းမကြီးပေါ်က နေဝန်းနီ ဆိုတဲ့ အကောင်ကို ဆွဲထုတ်လိုက်စမ်း ဆိုတဲ့ ကဗျာ ရေးဖြစ်တယ်…။ မူးမူးနဲ့ ချရေးလိုက်တာ…။ အဲဒိမှာ ကိုအောင်ဂျမ်းက ကိုမြင့်ဇော်တို့နဲ့ ကွာတာက …. အရက်သောက်တာ တစ်အားများသွားမှာကြောက်တာပဲ…။ သူက မိသားစုနဲ့ နေရတာဆိုတော့ နဲနဲ ပဲသောက်တယ်….။ နေဝန်းနီလို အဝ သောက်တာမဟုတ်တော့ သောက်ရတာ ဆတ်တစ်ငံ့ငံ့ နိုင်တာပေါ့…..။ နောက်တော့ အရက်သောက်မဲ့နေ့ဆိုရင် ကိုအောင်ဂျမ်းက အိမ်ပြန်မအိပ်တော့ဘူး..။ သူငယ်ချင်းတွေ ဆီလိုက်အိပ်တယ်..။ ဒီတော့မှ လွတ်လွတ်လပ်လပ်သောက်လို့ရအောင်လို့လေ…။ အဲဒိလိုချစ်တာပြောပါတယ်…။ အဲဒါနဲ့ ကိုအောင်ဂျမ်းကိုအားနာပြီး ကိုမြင့်ဇော်ရှိရာ မိန်းထဲကိုရောက်ရောက်သွားတာ….။ သူက တတိယနှစ်ယောက်သွားပြီလေ…

နေဝန်းနီ

5 comments

  • ကြောင်ကြီး

    September 28, 2011 at 10:03 am

    တီတီတာတာ
    မိမာ
    မအီမသာ
    နီ့ခင်မျာ
    ဗလီဆရာ
    တပည့်ပါ..။

  • windtalker

    September 28, 2011 at 11:21 am

    ငါ နဲ ့မင်း သူငယ်ချင်း ဘဝ တစ်လျှောက်…
    မင်းမှာရှိတဲ့ ပိုက်ဆံ ချေးပါ နဲနဲလောက်…
    ရိုယို ့..ရို ယို ့
    ခင်မောင်..ခင်မောင်
    မှောင်မိုက်မှာ မှန်မှန်မူးမှာမို ့
    မြန်မြန်ချေးပါ သူငယ်ချင်းလေး

  • manawphyulay

    September 28, 2011 at 2:44 pm

    အင်း..
    ဒါဆို လေးနီက ငယ်ငယ်ထဲက အရက်သောက်လာတာပေါ့ ဟုတ်လား။
    ပြောမယ့်သာ ပြောတာ အရက်သမားတွေမှာ သစ္စာရှိတဲ့ သူငယ်ချင်းကောင်းတွေ တွေ့ရတတ်တာ အမှန်ပဲမလား။

  • GreeNSheeP

    September 28, 2011 at 3:05 pm

    အလဲ့…
    မန်းဂေဇက် မှာ လဲ
    ရှက်ကာ ရှိတယ်ဟ
    နိပ်သဗျ

  • padonmar

    September 28, 2011 at 8:38 pm

    ဦးနီ ရေ ၊Post နဲ့တော့မဆိုင်ပါဘူး၊
    personal တောင်းပန်ချင်တာပါ၊
    ကျွန်မ အရင်က Tag တွေ မဖတ်မိတော့ နေဝန်းနီကိုယ်တွေ့ဆိုတာ ရှိတာ သတိမထားမိဘဲ ပဒုမ္မာကိုယ်တွေ့လို့ သုံးမိထားတယ်၊
    အခုမှ မြင်မိလို့ တောင်းပန်ပါတယ်၊
    အချိန်ရမှ ပြန်ပြင်ပါမယ်၊

Leave a Reply