Eleven ဂျာနယ်များတွင်ဖော်ပြခဲ့သော တစ်လအတွင်း စိတ်ဝင်စားဖွယ်သတင်းများ

POLSeptember 28, 20111min790

1 နှစ်ပေါင်း ၁၀ဝ ကျော်အတွင်း မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်မှု အဖြစ်များဆုံးဒေသမှာ ကချင်ပြည်နယ် ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရ။
2 ဧရာဝတီမြစ် အပါအဝင် ဆက်စပ်စီးဝင်နေသော မြစ်ကြောင်းများ၏ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လေ့လာမည်။
3 အမျိုးသား ပြန်လည်စည်းလုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် နည်းလမ်းသုံးခုနှင့် ဆောင်ရွက်နေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းပဲ တွေ့ဆုံဆွေးနွေးပြီး
ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆောင်ရွက်လျက်ရှိ ဟု ဦးကျော်ဆန်း ပြောကြား။
4 အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ။
5 နိုင်ငံရေးနှင့် ဆက်နွှယ်သည့် ဘာသာရပ်များ လေ့လာရန် လူငယ်များပိုမို စိတ်ဝင်စား။
6 နိုင်ငံတော် သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (Pardon) ပေးပိုင်ခွင့်ရှိသော်လည်း လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ပေးနိုင်ရန်မူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်လိုကြောင်း သိရ။
7 ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့သော သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲကျင်းပ။
8 နယ်စပ်ဒေသအချို့၌ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လျှပ်စစ်ဓာတ်အားကို ဝယ်ယူသုံးစွဲနေရ။
9 နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်ပြီး ညွှန်ကြားသည့်အတိုင်း မလိုက်နာပါက တာဝန်မှရပ်စဲရမည်ဟု သိရ။
10 ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွင် ရေအားလျှပ်စစ် စီမံကိန်းရှစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော်မှု ၁ဝ ရာခိုင်နှုန်းပြီးစီး၊ ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်း ၉ရ ရာခိုင်နှုန်းကျော် ပြီးစီးနေ။
11 ဖော်ထုတ်ပြောဆိုခြင်း မပြုရန် လက်မှတ်ထိုးထားရ၍ BANCA အနေဖြင့် ဖော်ထုတ်ပြောဆိုနိုင်ရန် အခွင့်အရေး မရှိကြောင်းနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် CPI အနေဖြင့် EIA Reporting အား ပြည်သူများသို့ ချပြရန် BANCA ဥက္ကဋ္ဌပြောကြား။
12 ဧရာဝတီမြစ် အပါအဝင် မြစ်ကြီး၊ မြစ်ငယ်အချို့၌ မြစ်ကမ်းပြိုမှုများ မြင့်တက်လာပြီး လူနေအိမ်ခြေနှင့် စိုက်ခင်းများ ဆုံးရှုံးမှုပိုမိုလာ။
13 မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တတ်ကျွမ်းနားလည်သည့် ပညာရှင်များ စုဆွေးနွေးပြီး ပြောကြမည် ဆိုပါက ပိုပြီးသင့်တော်မည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ပြောကြား။
14 မြန်မာနိုင်ငံတွင် အပြောင်းအလဲဖြစ်နိုင်သော အခြေအနေ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား။
15 ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့်သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ။
16 မြစ်ဆုံစီမံကိန်းအပေါ် ဂျာနယ်များ၏ရေးသားမှုကို နိုင်ငံရေးအရ သွေးရိုးသားရိုးမဟုတ်ကြောင်း လျှပ်စစ်ညွှန်ကြားရေးမှူးက မဇ္ဈိမသတင်းဌာနသို့ ပြောကြား ဌာနသို့ လာရောက်လေ့လာသင့်ပြီး ပညာရှင်ကို ပညာရှင်ချင်း၊ ဓားကို ဓားချင်း၊ တုတ်ကို တုတ်ချင်း ဖြေရှင်းသင့်ကြောင်း ပြောကြား။
17 မြစ်ဆုံကိစ္စသည် အရေးကြီးသည့်ကိစ္စ ဖြစ်ကြောင်းနှင့် နောင်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမည့် အနေအထားရှိကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြား။
18 မည်သည့် ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား။
19 ဧရာဝတီမြစ်ရှိ အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း မြစ်ဆုံကို ဆက်လက်လုပ်ဆောင်နေ။
20 ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ဧရာဝတီလင်းပိုင် ကောင်ရေ ၇၅ ကောင်ခန့်သာ ကျန်ရှိတော့။
21 သဘာဝပတ်ဝန်းကျင်အပေါ် များစွာ သက်ရောက်စေမည့် စီမံကိန်းကြီးများတွင် အကျိုးအမြတ်ကို မည်သူ ရရှိမည်၊ လူမှုစီးပွားရေးကို မည်သို့ ပြန်လည် နေရာချထားမည် ဆိုသည်မှာ အဓိကအချက် ဖြစ်နေ။