မိန်းမတို့သည်ကား – (ဗုဒ္ဓဖြေ)

koyin sithuSeptember 28, 20111min15811

ဇာတုေဿာဏီမေး –
အရှင်ဂေါတမ – မိန်းမတို့မည်သည် အဘယ်ကို အလိုရှိပါကုန်သနည်း။ အဘယ်အလို့ငှာ လေ့လာကြပါသနည်း။ အဘယ်ကို နှလုံးသွင်းကြပါကုန်နည်း။ မိန်းမတို့၏ လိုအပ်ချက်မှာ အဘယ်မှာလျှင် အဆုံးရှိပါသနည်း။

ဗုဒ္ဓဖြေ –
မိန်းမတို့သည်ကား ယောင်္ကျားကို အလိုရှိကြကုန်၏။ တန်ဆာဆင်ယင်အလှပြင်ခြင်းကိစ္စ၌ လေ့လာကုန်၏။ သူတို့၏ ဆောက်တည်ရာကား သားပေတည်း။ သူတို့၏နှလုံးသွင်းမှုကား လင်တူမယားမရှိမှုကိုပင် ဖြစ်ကုန်၏။ ဆန္ဒကား မိမိအိမ်၌ အစိုးရခြင်းလျှင် အဆုံးရှိကုန်၏။

11 comments

  • lone

    September 28, 2011 at 2:29 pm

    ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူစဉ်ကတော့ အခုခေတ်လိုမျိုးဖွံ့ဖြိုးတိုးတက်မှုတွေမရှိသေးတော့ … ဒီလောက်နဲ့
    ဟုတ်လိမ့်မယ်ထင်တယ်…အခုခေတ်အခြေအနေနဲ့ဆို တစ်မျိုးဟောချင်ဟောနိုင်သည်။……….
    Lone မေး – ယောက်ျားတို့သည်အဘယ်ကိုအလိုရှိပါကုန်သနည်း။အဘယ်အလို့ငှာလေ့လာကြကုန်ပါသနည်း။
    အဘယ်ကိုနှလုံးသွင်းကြပါကုန်သနည်း။ယောက်ျားတို့၏လိုအပ်ချက်မှာအဘယ်လျှင်အဆုံးရှိပါသနည်း။
    Lone ဖြေ
    -ယောက်ျားတို့သည် ရသမျှအကုန်လိုချင်ပါသည်။မလုပ်ဖူးသည်မရှိရအောင် ရှိသမျှတတ်သမျှအကုန်
    လေ့လာကြပါသည်။စိတ်အားသန်ရာနှလုံးသွင်းကြပါသည်။ယောက်ျားတို့လိုအပ်ချက်က အဆုံးမရှိပေ….
    ရလေလိုလေအိုတစ္ဆေ……………………… 😛

  • GreeNSheeP

    September 28, 2011 at 2:39 pm

    ကျွန်တော် လူပျို တစ်ယောက်ပါ
    အလိုရှိသော မိန်းမပျိုတို ့အတွက်
    သတင်းကောင်းလေး ဝင်ပြောပေးတာပါ

    • lone

      September 28, 2011 at 2:56 pm

      ကျွန်တော် ဆရာဝန်တစ်ယောက်ပါ။ မိတ်ဆွေcomment ရေးတာကြည့်ရတာ ရင်ထဲမှာ မိန်းကလေးလိုချင်စိတ်သိပ်များနေသလိုပဲ…ဒါဆို ရွာပြင်မှာပဲထွက်ရှာပါ…ရွာထဲက ဂျမ်းပုံတို့အုပ်စုနဲ့တွေ့ရင်… ဆရာလည်းမကယ်နိုင်တော့ပါဘူး…အခုလောလောဆယ်တော့
      ဆရာဆီမှာနှာဘူးပါတယ်… ဪနှာရူဘူးပြောပါတယ်…ခေါင်းမကြည်ရင်ရူလို့ရတယ်လေ…. 😛

      • GreeNSheeP

        September 28, 2011 at 3:01 pm

        ရွာထဲက ဂျမ်းပုံ ဆိုတာ
        ဘယ်သူ လဲ ဗျို ့
        lone က ဆရာဝန် တစ်ယောက် ဆိုတော့
        အကူအညီ လို ရင်
        တောင်းလို ့ရမလား

      • pan pan

        September 28, 2011 at 3:22 pm

        loneရေ…
        ဂျမ်းပုံ ဆိုတာက ကိုပေရဲ့ ရွာသာယာက ဂျမ်းပုံလား
        ဆရာဆိုတာကရော ကိုပေ့ကို တိုက်ရိုက်ပြောတာလား
        သူ့မှာဆေးစွမ်းကောင်း ရှိတယ်ဆိုတော့…. 😛

      • Koyin Sithu

        September 28, 2011 at 3:24 pm

        ko lone >> သိုးစိမ်းက လမ်းဆုံက ဂျမ်းပုံတို့နဲ့ တွေ့ချင်နေတယ်ထင်ပ… ကူညီလိုက်ပါအုန်းဗျာ…
        သူလည်း နောက်ဆို ယောက်ျားတို့သည်ကား… ကိုယ့်တွေ အမေးအဖြေ ရေးနိုင်တာပေါ့… ဟီးး 😛 (ကျွန်တော်တို့ မြတ်စွာဘုရားက မိန်းမတွေနဲ့ ပတ်သက်ပြီး သူ့သား ရဟန်းတွေကို တဏှာရမက် ရှောင်နိုင်သမျှ ရှောင်နိုင်အောင် မိန်းမတွေရဲ့ စိတ်ကို အသားပေး ဟောကြားသွားတယ်လို့ပဲ မြင်ပါတယ်…) မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် နှာကြီးသူက နှာကြီးတာပါပဲ… ရမက်ကြီးတဲ့သူဟာ ကြီးတာပါပဲ… ဒါဟာ လောကအမှန်တရား (Universal Truth) တစ်ခုပါ… ကျေးဇူးတင်ပါတယ်..

        • lone

          September 28, 2011 at 3:35 pm

          တစ်ရာနဲ့ဖြေပါ ကိုရင်… … လမ်းဆုံက ဂျမ်းပုံ ကတော့ ချမ်းပုံ ကို မန်းတုံအောင် ဟစ်ချင်တာမို့
          ဒီကနေ့ပဲ..မန်းကို ကိုယ်ပိုင်ထော်လာဂျီနဲ့ပြန်သွားလေရဲ့… တွေ့ချင်ရင်တော့ ဂျမ်းပုံမှာ laptop ပါသွားတာမို့… သူ့ထော်လာဂျီမှာလည်း Wi-Max တပ်ထားလေရဲ့…ဆက်သွယ်နိုင်ပါတယ်….

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 29, 2011 at 12:31 am

    ကိုရင်လေးရေ
    ( ဇာတုေဿာဏီမေး –
    အရှင်ဂေါတမ – မိန်းမတို့မည်သည် အဘယ်ကို အလိုရှိပါကုန်သနည်း။ အဘယ်အလို့ငှာ လေ့လာကြပါသနည်း။ အဘယ်ကို နှလုံးသွင်းကြပါကုန်နည်း။ မိန်းမတို့၏ လိုအပ်ချက်မှာ အဘယ်မှာလျှင် အဆုံးရှိပါသနည်း။
    ဗုဒ္ဓဖြေ –
    မိန်းမတို့သည်ကား ယောင်္ကျားကို အလိုရှိကြကုန်၏။ တန်ဆာဆင်ယင်အလှပြင်ခြင်းကိစ္စ၌ လေ့လာကုန်၏။ သူတို့၏ ဆောက်တည်ရာကား သားပေတည်း။ သူတို့၏နှလုံးသွင်းမှုကား လင်တူမယားမရှိမှုကိုပင် ဖြစ်ကုန်၏။ ဆန္ဒကား မိမိအိမ်၌ အစိုးရခြင်းလျှင် အဆုံးရှိကုန်၏။)
    ဆိုတဲ့ အကြောင်းအရာပါ ကျမ်းကို ကျေးဇူးပြုပြီးညွှန်းပေးစေလိုပါတယ်။

  • kai

    September 29, 2011 at 12:46 am

    ဒီစကားကို ဂေါတမဗုဒ္ဓပြောခဲ့တယ်လို့.. ဘယ်လိုမှမယုံကြည်ပါဘူး..။
    ကျမ်းကိုးရှိရင်လည်း.. ဂေါတမဗုဒ္ဓနာမယ်ကောက်တပ်ပြီး.. ရေးထားတဲ့.. ကျမ်းဖြစ်ဖို့များတယ်…။

  • ကြောင်ကြီး

    September 29, 2011 at 7:24 am

    မမှန်တာရယ်လို့ မတွေ့မိသေးပါဗျာ။ မိန်းမတွေ ယောက်ကျားလိုချင်တယ်၊ အလှပြင်တယ်၊ လင်တူမယား မရှိချင်ဘူး၊ ကိုယ်လင်ကိုယ့်သားကို ပိုင်နိုင်ချင်တယ်။ မှားတာတွေ့လို့လား၊ ထပ်ပြောလိုက်မယ်..အတင်းပြောတယ်၊ မနာလိုစိတ်ကြီးတယ်။ 😛
    ကျနော်တို့ ယောက်ျားတွေကြတော့ရော… အပျော်အပါးမက်တယ်၊ လက်နက် ခွန်အားသုံးတယ် (မုဒိမ်းမှု အကုန်းနီးပါးမှာ ကျူးလွန်သူသည်ယောက်ျား)၊ လင်ပိုင်မယားအများကြီး ရှိချင်တယ်၊ အိမ်ထောင်ထိန်းချုပ်မှု နည်းနိုင်သမျှနည်းချင်တယ်။ မမှန်ဘူးငြင်းမလား။ မျှသွားအောင် ထပ်ဖြည့်မယ်ဗျာ… အတ္တကြီးတယ်၊ ကြမ်းကြုတ်တယ်။ အဲဒါဘာဖြစ်သလဲ၊ သူ့သဘာဝနဲ့သူလာတာ…ယုန်လေးသေမှာကြောက်လို့ တုန်နေတာ အပြစ်သွားမပြောနဲ့၊ သူ့အသည်းကိုကငယ်တယ်။ ကျားကြီးရက်စက်တာ အပြစ်မတင်နဲ့ သူများကို စားဖို့မွေးလာတာ။
    ကျုပ်တို့ရွာသဂျီးလို ဘုရားဟော မှန်သမျှကို မျက်မှန်စိမ်း တပ်ကြည့်ရင်တော့ ဂိုးတူဟဲလ်ပဲ။ ထပ်ပြောမယ် ငရဲပြည်သွားရမယ်။ 👿

  • taungpawthar

    October 5, 2011 at 3:10 pm

    မိန်းမတ ယောက် က ယောကျာ်း တယောက် ဆီက ရ သမျှ အကုန်လို ချင်တယ် တဲ့
    ငွေ ၊မေတ္တာ ၊ အချစ် ၊ အချိန် ၊ စာနာမှု အသိအမှတ်ပြု မှု …………

Leave a Reply