ချစ်သူအကြောင်း မြို့ကြီးကိုပြောပြတော့ ဒဏ်ရာအနာတရနေရောင်ခြည်အောက်က အလွမ်းတွေထည့်ခပ်ထားတဲ့ရေတွေတောင် ပွက်ပွက်ဆူကုန်တယ် သတိရစိတ်က မီးလျှံငှက်တစ်ကောင်လေ သူထ, ထပျံလိုက်တိုင်း သောကဖုန်တွေနဲ့ အတော်ကြာအောင် အနည်မထိုင်ဖြစ်နေခဲ့ရတာ ငါပေါ့ ဖုန်းတွေကို အားကိုးမရတဲ့နေ့ အိပ်မက်တွေသာ ဝေးဝေးရောက်သွားတယ် ငါတို့ အသံတွေကတော့ ဆွံ့အခဲ့ရ အလွမ်းစွန် အဆွေးအဖျားမှာ ချစ်သူ့နာမည်ကို တိုးတိုးတမ်းတမိတော့ လိပ်ခွေနေတဲ့ ပက်ကြားအက်လမ်းမတွေက လှောင်ရယ်, ရယ်တယ် ဒေါသနဲ့ တံတွေးတစ်ချက်ထွေးလိုက်မိတော့လည်း ငါပဲ ပူလောင်ခြင်းတွေ ရွှဲရွှဲစိုရပါလေရော ချစ်သူရေ… ချစ်စိတ်တွေ အညောင်းမိနေပုံက နာရီလက်တံတွေလည်း နှေး နားထောင်နေကျ သီချင်းတွေလည်း တစ်မျိုးကြီးဖြစ်နဲ့ ကဗျာတွေပဲ ငေါက်ခနဲထထိုင်တယ် နောက်ဆုံးတော့ ငါလေ ဝေဒနာပြမြို့ရိုးမှာ အစိမ်းဖန့်ဖန့် လွှင့်လို့ အလွမ်းဆိုတဲ့ စာလုံးပေါင်းကို အချစ်နဲ့ ထုစစ်နေလိုက်တော့တယ်။

(ဒါက ကဗျာတပုဒ် ဆောင်းပါး လေးတစ်ခုမဖြစ်ခဲ့ရင် တောင်မှ ချစ်သူ့ အတွက်သက်သေစာတိုလေးတစ်ခုဖြစ်ပါစေ။လွမ်းလိုက်တာချစ်သူရေ။)

About အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး

အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး has written 139 post in this Website..

ကြောက်တတ် ရင် နှစ်ခါ သေတယ်။