ပြုံးရုံပဲပြုံး

thit minSeptember 28, 20111min1349

အိမ်ကနေ
ဆရာဝန်ကဦးဖက်ကိုအကြံပေးသည်။
အန်ကယ်တနေ့ကို ၅ မိုင်ပြေးပါ၊ရက်၃၀ဝ ပြေးပြီးရင် ပေါင်၇ဝကျော်ကျဘို့ကျနော်အာမခံပါတယ်။
သို့နှင့်ဦးဖက်က တရက်လျှင် ၅ မိုင်နှင့်ရက်ပေါင်း ၃ဝ ကြာပြေးပြီးနောက်၊ဆရာဝန်အာမခံသည့်အတိုင်း
၇၂ ပေါင်ကျသွားကြောင်းရီပို့လုပ်သည်။သို့သော်သူတွင်တခြားပြဿနာတခုရှိနေကြောင်းရီပို့တွင်ပါလေရာ၊ဆရာဝန်ကဖုန်းဆက်မေးရလေသည်။
ဘာဖြစ်လို့လဲဗျ? ဟုမေးသောဆရာဝန်ကိုဦးဖက်ဖြေလိုက်တာက ကျနော်ဆရာပြောတဲ့အတိုင်းတနေ့၅ မိုင်
ပြေးခဲ့တာ ခု ကျနော်အိမ်နဲ့မိုင် ၁၅၀ဝ ဝေးတဲ့နေရာရောက်နေလို့ပါဆရာတဲ့။

ထိုသုံးယောက်
တနေ့မှာ လူသုံးယောက်ပန်းခြံတခုရဲ့ခုံရှည်တခုမှာအတူထိုင်နေကြတယ်။
အလယ်ကလူကသတင်းစာဖတ်နေပြီးဘေးကနှစ်ယောက်ကငါးမျှားနေတဲ့ပုံမျိုး၊ငါးမျှားတံကိုလှန်းပစ်လိုက်၊အစာတပ်၊
ငါးမျှားချိတ်ကငါးဖြုတ်လိုက်ပုံစံမျိုးလုပ်နေတယ်တဲ့၊(တကယ်ကလက်ထဲမှာဘာမှမရှိဘူးပေါ့လေ)
အဲဒီအချိန်မှာပန်းခြံစောင့်ရဲတယောက်ကထူးခြားတဲ့အဲဒီ၂ ယောက်ကိုသတိထားမိသွားပြီး၊အလယ်ကသတင်းစာဖတ်နေတဲ့လူကိုသွားမေးတယ်။
“ဟေ့လူ ဘေးကနှစ်ယောက်ကအခြေအနေမကောင်းဘူးနော်၊ခင်ဗျားရှောင်ထွက်သွားရင်ကောင်းမယ်ထင်တယ်”
အလယ်ကလူက “ဟုတ်ကဲ့ပါခင်ဗျာ” ဟုပြောလိုက်ပြီး၊”လှေ”လှော်သကဲ့သိုလက်နှစ်ဘက်ကိုဟန်ပါပါလွှဲရင်းထွက်သွားပါရောတဲ့။

ပထမ မဖြစ်ချင်ပါ
ပျင်းရိနေသောအလုပ်သမားများကိုအလုပ်ရှင်က
အလုပ်ရှင်။  ။ဟေ့ ဒီမှအလုပ်လုပ်လို့သေတဲ့မသာမရှိဘူးကွ၊
အလုပ်သမား။ ။ဟုတ်တော့ဟုတ်ပါတယ်၊ဒါပေမဲ့ကျနော်ကတော့အလုပ်လုပ်ရင်းသေသွားတဲ့ပထမဆုံးလူမဖြစ်ချင်ပါဘူး။

ကြည့်မယ်လေ
အလုပ်သမားများ၏အကျင့်စာရိတ္တနှင့်ပတ်သက်၍အလုပ်ရှင်ကစစ်ဆေးနေသည်။
အလုပ်သမားတယောက်ကိုအလုပ်ရှင်ကမေးလိုက်သည်။
“မင်းငါမရှိတုံးငါအိမ်ရောက်သွားတယ်ဆိုပါစို့ကွာ၊ငါ့မိန်းမကမင်းကိုပြောမယ်၊အိမ်ထဲဝင်ထိုင်ပါအုန်း၊
မင်းတို့အလုပ်ရှင်ငါ့ယောက်ျားလဲနောက်၂နာရီကျော်လောက်မှပြန်ရောက်မှာလို့ပြောမယ်ကွာ၊မင်းဘာလုပ်မလဲ”
အလုပ်သမားရဲ့အဖြေက”ဆရာမိန်းမဓာတ်ပုံကြည့်ပြီးမှဖြေပါရစေခင်ဗျာ”

ရှက်စရာလား
တရားသူကြီး။     ။မောင်မင်းဒီရုံးတော်ကိုရောက်တာ ၃ကြိမ်ရှိပြီ၊မရှက်ဘူးလား?
တရားခံ      ။     ။ကျနော်က ၃ ကြိမ်ပဲရောက်တာပါ၊တရားသူကြီးမင်းကနေတိုင်းရောက်နေတာလေ။

မိန်းမတို့ရဲ့မျက်စိ
ကိုလှ။   ။ငါ့မိန်းမတနေ့ကမျက်စိထဲအမှိုက်လေးတခုဝင်သွားလို့ဆေးခန်းသွားပြတာ၊တသောင်းလောက်ကုန်သွားတယ်ကွာ၊နှမြောလိုက်တာ။
ကိုမြ ။   ။မင်းကတော်ပါသေးတယ်၊ငါ့မိန်းမ မနေ့ကဈေးသွားတာလေ၊သူ့မျက်စိထဲဝတ်စုံတစုံဝင်သွားလို့တသိန်းခွဲကုန်ပါရောလား။

လှေနံဓားထစ်(သူတုံး၊ကိုယ်ညံ့)
ငါးသွားမျှားသောသူငယ်ချင်း ၂ယောက်၏လှေကမ်းသို့ပြန်ကပ်လာသည်။
တယောက်ကပြောသည် “ဟေ့ ကောင်ဒီနေ့ငါးကောင်းကောင်းမိတဲ့နေရာကိုမင်းဘယ်လိုမှတ်ထားလဲ”
သူ့သူငယ်ချင်းကဖြေသည်။ “ငါလှေဘေးမှာ ဓားနဲ့ကြက်ချေခတ်ပြီးမှတ်ထားပါတယ်ကွ၊မပူပါနဲ့”
ထိုအခါမေးသူက “ဟာ ငတုံးရ၊မင်းအဲဒီလိုမှတ်လို့ရမလား၊ဒို့ကောင်တွေမနက်ဖန်ဒီလှေငှါးလို့မရရင်ဘယ်လိုလုပ်မလဲ”
မရလို့ပါ
အရှိန်ပြင်းစွာမောင်းလာသောကားတစင်းကိုမူးယစ်ယာဉ်မောင်းစစ်ဆေးရေးရဲအဖွဲ့ကတားလိုက်သည်။
ရဲ ။     ။ကျေးဇူးပြုပြီးဒီကရိယာလေးထဲကိုအသက်ရှူထုတ်ပေးပါ။
ကားသမား။  ။မဖြစ်နိုင်ပါဘူးခင်ဗျာ၊ကျနော်မှာရင်ကြပ်ရောဂါရှိလို့၊အသက်ပြင်းရှူသွင်း၊ရှူထုတ်လုပ်လို့မရလို့ပါ။
ရဲ ။     ။ဒါဆိုရုံးခန်းခဏလေးလိုက်ခဲ့ပေးပါ၊သွေးနဲနဲဖောက်စစ်ပါရစေ။
ကားသမား။  ။ဟာ မရဘူးခင်ဗျ၊ကျနော်ကသွေးထွက်ရင်မတိတ်တဲ့သွေးထွက်လွန်ရောဂါရှိပါတယ်။
ရဲ ။     ။ဒါဆိုရင်ခင်ဗျားဆီးကိုစစ်ဆေးဖို့ယူမယ်ဗျာ။
ကားသမား။  ။အဲဒါလဲမဖြစ်နိုင်လို့ပါ၊ကျနော်ကဆီးချိုရောဂါရှိလို့ပါခင်ဗျာ။
ရဲ ။     ။ဒါဆိုရင်တော့ ခင်ဗျားကားပေါ်ကဆင်း၊ လမ်းရဲ့အလယ်ကမျဉ်းဖြူပေါ်ကိုလျှောက်ပြ။
ကားသမား။  ။အဲဒါမဖြစ်နိုင်ဆုံးပါပဲခင်ဗျ၊ ဘာလိုလဲဆိုတော့ကျနော်အရက်အရမ်းမူးနေလို့ပါခင်ဗျာ။

အမြန်ဆုံးလမ်း
လွင်ပြင်ကျယ်တခုတွင်လမ်းပျောက်နေသော ကားသမား မောင်းလာသောကား ကဓာတ်ဆီဆိုင်ဟောင်းတခုနားရောက်လာသည်။
ဇီးကွက်တကောင်တွေ့ရသည်နှင့်မေးလိုက်သည်။
“ဦးဇီးကွက်ရေ၊ဒီနေရာကနေမြို့တမြို့ကိုအမြန်ရောက်နိုင်တဲ့လမ်းကိုသိရင်ပြောပြပေးပါ”
ပညာရှိဦးဇီးကွက်က “ခင်ဗျားက လမ်းလျှောက်သွားမှာလား? ကားမောင်းသွားမှာလား?”
ကားသမားက “ကားမောင်းသွားမှာပါ”
ဦးဇီးကွက်က “ကောင်းတာပေါ့၊အဲဒါအမြန်ဆုံးလမ်းပဲလေ”

သနားတယ်
ခွေးပိုင်ရှင် ၂ ယောက်သူ့ခွေး ကိုယ့်ခွေးလိမ်မာကြောင်းကြွားကြသည်။
ပထမခွေးပိုင်ရှင်က “ကျုပ်ခွေးကသိပ်လိမ်မာတာနော်၊သတင်းစာပို့တဲ့ကောင်လေးကိုစောင့်ပြီး၊
သတင်းစာယူတယ်၊သတင်းစာပို့တဲ့ကောင်လေးကို တစ်မန်းနီးပေးတယ်၊ကော်ဖီသောက်နေတဲ့ကျုပ်ရှိရာကိုသတင်းစာလာပေးတတ်တယ်”
နောက်ပိုင်ရှင်တယောက်က “အဲဒါတွေကျုပ်သိပါတယ်”
ပထမပိုင်ရှင်က “ဟင် ခင်ဗျားဘယ်လိုလုပ်သိတာလဲ”
နောက်ပိုင်ရှင်က “အဲဒါတွေအကုန် ကျုပ်ခွေးကကျုပ်ကိုအကုန်ပြောပြတယ်လေ”

Source: Reader Digest (Nov,2010~Sept,2011)

 
 

9 comments

  • etone

    September 29, 2011 at 10:46 am

    မပြုံးရုံတင်မကဘူး ရယ်ပါ ရယ်မိပါရဲ့ … တရား သူကြီး ဟာသလေးကိုတော့ သဘောကျတယ် … တိုတိုလေးနဲ့ ရယ်ရလို့လေ 🙄

  • yinnwemin

    September 30, 2011 at 10:06 am

    အဲလို ဟာသလေးတွေ များများတင်ပေးပါနော်..ကျေးဇူးအများကြီး တင်ပါတယ်..

  • Shwe Ei

    September 30, 2011 at 11:39 am

    ဟာသလေးတွေ ဖတ်ရတာ ခေါင်းကြည်ပါတယ်ဗျို့။

  • MOEPWINTPHYU

    September 30, 2011 at 2:35 pm

    တိုသုံးယောက်ကိုကြိုက်တယ် အတော်ရယ်ရပါတယ် …

  • alinsett

    September 30, 2011 at 6:01 pm

    ပြုုံးရုံ ပဲ..တော့မဖြစ်နိုင်လို ့ အားရပါးရ ရယ်သွားပါတယ်။ကိုသစ်မင်းရေ.။။။

  • windtalker

    September 30, 2011 at 7:38 pm

    ဟားဟားဟားဟား
    အရက်မူးတဲ့ ကားမောင်းသမား ကို ဖတ်ရတော့
    ဟို မော်တော်ပီကယ် ကို သွားသတိရမိတယ် ကိုသစ်မင်းရေ
    ဒီလိုဗျ
    ကားလမ်းဘေး တစ်နေရာတွင် မော်တော်ပီကယ် တစ်ယောက် ၊ ဖြတ်လာသော ကားတစ်စီး ကို တားကာ ယာဉ်မောင်း ကို စစ်ဆေး လိုက်သည် ။
    “ ခင်ဗျား ပုံကြည့်ရတာ အရက်သောက်လာသလို ပဲ ”
    “ မသောက်ခဲ့ပါဘူး ဗျာ ”
    “ ဒါဆို ရင် ၊ အရက်သောက်မသောက် အဖြေထုတ်ပေးတဲ့ ဒီဘောလုံး လေး ကို မှုတ်ကြည့်စမ်း ”
    ဒရိုက်ဘာ လည်း မော်တော်ပီကယ်ပေးတာ ကို မှုတ်ပြတယ် ။
    “ အမ်း…ဒီမှာ အရက်သောက်ကြောင်း ပြတာ ၂ မှတ်တောင် ရှိတယ် ၊ ဒဏ်ငွေ ၅၀ဝ ဆောင်ပါ ”
    နောက်ထပ် တစ်စီး ကို ထပ်တားပြီး ၊ ထုံးစံ အတိုင်း မှုတ်ခိုင်း သည် ။ ထို ့နောက် ဒဏ်ငွေ ၁၀၀ဝ ဆောင်ခိုင်းသည် ။
    တတိယ တစ်စီး ရောက်လာပြန်သည် ။
    “ ခင်ဗျား အရက်သောက်ပြီး မောင်းလာတယ် မလား ”
    “ ဘယ်ကသာ…ထပ်တရီး ”
    “ ဒါဆို ..အရက်သောက်တာ စစ်ဆေးတဲ့ ဒီဘောလုံး ကို မှုတ်ပြစမ်းဗျာ ”
    “ ဟေ့လူ..ခင်ဗျား ရူးနေလား ၊ ကွန်ဒုံးကို ကျုပ် က ဘာကိစ္စ နဲ ့မှုတ်ရမှာ လဲ ”
    “ ဟဲဟဲ..ခင်ဗျား အရက်မသောက်လာတာသေချာသွားပြီ ၊ ကောင်းပါပြီ ၊ လူကြီးမင်း လိုရာခရီးကို ဆက်လက် မောင်းသွားနိုင်ပါပြီ ”

  • thit min

    September 30, 2011 at 9:01 pm

    ခင်ဗျားပြောပုံကြီးက အသဲယားစရာကြီးနော်၊
    မြန်မာရဲများဆိုရင် ဌာနက အသစ်ထုက်ပေးရင်တောင် သူတို့က…………….??????
    ဟာ……… တော်ပီဗျာ။

  • TTNU

    September 30, 2011 at 9:18 pm

    ဆရာသစ်ရေ
    လှေနံဓါးထစ် အပုဒ် ကို ကြိုက်တယ်။

  • koyinmaung

    September 30, 2011 at 9:54 pm

    အကုန်ကောင်းတယ်ဗျာ…..
    အာလုံးကြိုက်တယ်……
    ကျေးဇူးတင်ပါတယ်….

Leave a Reply