“ဒီနေ့တော့ ဒုက္ခရောက်တာပဲဗျာ”
“ဘာလိုလဲဗျ”
…………………….
“ဟာ….အကိုကလဲ ဒီနေ့ မနက်ထဲက  မိုးကလဲရွာ တာမွေ ဝေဇယန္တာ ဘက်မှာရေတွေကြီးလိုက်တာလဲမပြောပါနဲ့ …အော်ဒါလေး
ရလို့လိုက်သွားပါတယ် ရတာက သုံးထောင်ရယ် (၃)နာရီလောက်ကြာသွားတယ် ကားရေမြုပ်ပြီး စက်ထိုးရပ်သွားတာ တော်တော်
နဲ့ ပြန်နှိုးလို့မရ စိတ်ပျက်ဘို့ကောင်းတာပဲဗျာ”
““ ရေးကြီးတာက မိုးရွာတဲ့အချိန်လေးပါပဲဗျာ …လမ်းပျက်တာကတော့ တစ်မြို့လုံး နေရာအနှံပဲလေ..တစ်နေရာမှအကောင်းမရှိ
တောဘူး””
“ဟုတ်ပါ့ အကိုရယ်….ဒီလောက်ချိုင့်တွေကျင်းတွေသာများတာဗျာ ပျက်နေတာကိုမပြင်ပဲ ပလက်ဖောင်းတုံးတွေချည်ပဲ ပြင်လိုက်
ဆေးသုတ်လိုက် လိုက်လုပ်နေတာများ နေရာအနှံပဲ သူတို့ပလက်ဖောင်းများ လူမပြောနဲ့ ခွေးတောင်တက်မလျှောက်ဘူး”
“ဒါလဲ ဟုတ်တာပဲ ဗျ သူတို့ဟာကတစ်ကယ်ပျက်တဲ့ဟာမပြင်ပဲ ခဏထားလို့ ရတဲ့ဟာတွေလိုက်ပြင်ပြီး ဆေးသုတ်နေတာတော့ ဖင်သနပ်ခါးလူးသလို  ဖြစ်နေပြီလေ”..။။။။။
………………………
“ဒါကြောင့် ပြောတာပေါ့ စကားမစပ် တစ်နေ့ ကျွန်တော့်ကားငှားစီးတဲ့ အင်ဂျင်နီယာတွေလားမသိပါဘူး ..သူတို့နှစ်ယောက်
ပြောနေတာများ….စိတ်ပျက်စရာဗျာ””
““ဘာလို့လဲဗျ””
““ ဘာဖြစ်ရမှာလဲအကိုရာ တစ်ယောက်ကပြောတာတော့ မင်းတို့ဌာနက မပြင်တော့ဘူးလားဆိုတော့ ..တစ်ယောက်ကပြင်ဘို့ အထက်ကိုတင်ထားတယ်တဲ့  ..ဒါပေမယ့် တစ်ကယ်ကုန်မှာက သိန်း(၇၅၀)ဆို ရင် ငါတိုက သိန်း(၁၀၀၀)လောက်ပိုတင်ထားရ
တယ်ကွတဲ့ဗျာ…””
““ဘာလို့ပိုတင်ထားရတာတဲ့လဲဗျ””
““ဒီလူပြောတာတော့  သိန်း(၁၀၀၀)တင်ရင် အထက်က ဘတ်ဂျက်ကျလို့ ချပေးရင် စာရွက်မှာ(၁၀၀၀)ပေမယ့် တစ်ကယ်ထုတ်ပေးတာ
(၈၀၀) ထဲတဲ့ (၂၀၀)က အထက်ကဖြတ်ယူထားလိုက်တာ သူကစာရွက်မှာ(၁၀၀၀)ရကြောင်း လက်မှတ်ထိုးရပေမယ် အမှန်က(ဂ၀၀)ပဲ
ရတာတဲ့လေ..””
““ဟုတ်လား””
““ အဲဒီ(၈၀၀)ကို တိုင်းအဆင့်ဆိုလားသူ့ကို(၂၀၀)ပေးလိုက်ရတာတဲ့ မပေးရင်ပြဿနာရှာတာတဲ့..အဲဒီတော့ သူလက်ထဲမှာ(၆၀၀)ပဲ
ကျန်တော့ တစ်ကယ်ကုန်ကျမယ့် ဟာထက်တောင်လျှော့သွားပြီလေ…ဒါပေမယ့် သူကလဲ ရှေ့လူတွေ ယူသလို(၂၀၀)ထပ်ယူရမှာတဲ့
ဒါမှအလုပ်ဖြစ်မှာဆိုပဲ”””
““ဟာဒါဆိုဘယ်ကျန်တော့မှာလဲဗျ..သူကဘာလို့ယူတာတဲ့လဲ..””
““လက်ကျန်ငွေနဲ့ မလောက်မယ်အတူတူ ပျက်တဲ့လမ်းကို အထက်ကလူကြီးလာမယ့်အချိန်လောက် ကျမှထပြင်ပြီး  ပြင်နေပါပြီပေါ့
အပြသက်သက်လုပ်ရတာတဲ့ အဲဒီလာစစ်တဲ့လူကြီးအပြန်ကျရင် ခြင်းတွေ ပုလင်းတွေ ပေးလိုက်ရသေးတာတဲ့ဗျ …အဲဒါကြောင့်
သူ(၂၀၀)ယူထားမှတဲ့ မယူထားရင်အိတ်စိုက်ပဲဗျ လို့ပြောတာပဲ..””
““ကျုပ်တို့ မြန်မာပြည်မှာ ဘယ်ဌာနဖြစ်ဖြစ် လာစစ်တဲ့လူကြီးအပြန် ကားနောက်ခန်းထဲ ခြင်းတွေပုလင်းတွေ ထည့်ပေးရတဲ့ ဓလေ့က
အခုထိမပျောက်သေးဘဲကိုဗျ..””
““ဟုတ်ပအကိုရာ..ကျွန်တော်ဆို ဘယ်ဌာနလူကြီးလဲမသိပါဘူး အိမ်သွားပြီး ဆီပုံးကြီးနှစ်ပုံးနဲ့ဆန်နှစ်အိတ် သွားပေးဘို့ ကားငှားလို့
တစ်ခါလိုက်တောင်ပို့ဘူးသေးတယ်””
““ဒါကျတော့ အိမ်နောက်ပေါက် က လူမသိသူမသိ ရတဲ့ ၀င်ငွေခေါ်မှာပေါ့နော်””
……………………………
“ယာဉ်ထိမ်းရဲတွေလဲ ..ဒီတိုင်းပဲဗျ…””
““ဘာလို့လဲဗျ””
““ မီးပွိုင်များ မီးမပျက်ပဲကောင်းနေလို့ကတော့ ဘယ်နားပုန်းနေကြတယ်မသိပါဘူး မီးနီများမဖြတ်လိုက်နဲ လှစ်ကနဲထွက်လာလိုက်
တာများ..မြန်မှမြန်ပဲ ဆီးဖမ်းတော့တာပဲ””
““ကျွမ်းကျင်ရာ လိမ္မာ ဆိုသလိုနေမှာပေါ့ဗျာ..မီးပွိုင်ပျက်သွားရင်ရောဗျ..””
““အာ..အကိုကလဲ မီးပျက်သွားလဲပုန်းနေကြတာပဲဗျ မီးပျက်ပြီးလမ်းပိတ်လို့ လမ်းပြောင်းပြန်မောင်းရင်ထွက်လာပြီးဖမ်းပြန်ရော..””
““အော်ဒီလိုလား””
““ နောက်တစ်ခုရှိသေးတယ် ဗျ ဟိုစတေကာကပ်တဲ့ကားတွေဆိုမဖမ်းဘူးဗျ …ကျွန်တော်တို့ တက္ကစီမောင်းတဲ့သူတွေ ဘတ်စ်ကား
မောင်းတဲ့သူတွေက စီးပွားရေးအတွက် ၀မ်းရေးအတွက် လုမောင်းပြိုင်မောင်းရတာ  သူတို့ကျတော့ အကျမ်းပတမ်းလဲမောင်းသေး
မီနီလဲဖြတ်မောင်းသေးတယ်  ဖမ်းမယ်ဆိုဖမ်းမယ်ဆိုသူတို့ဖမ်းရမှာဗျ..””
““ဟာခင်ဗျားကလဲ  အဲဒါက လူကြီးတွေစီးတဲ့ကားတွေမဟုတ်လားဗျ သူတို့က တာဝန်နဲ့ အချိန်မှီအစည်းဝေး တွေတက်နေရတော့
ဒီလိုမောင်းမှာပေါ့..””
““ဟာ….အကိုကလဲ တစ်ကယ့် စတေကာကပ်ပြီး လူကြီးကားမောင်းတဲ့သူတွေက ၀န်ထမ်းတွေဗျ စည်းကမ်းရှိတယ်လေ သူတို့က
သူတို့ဖြစ်ရင် သူတို့ခံမှာသိတယ် ဒါကြောင့် ဒီလောက် စည်းကမ်းမပျက်ကြပါဘူး လူကြီးမပါမှသာ မောင်းချင်သလိုမောင်းတာ
ပိုဆိုးတာက လူကြီးသားသမီးတွေဗျ သူတို့ကားတွေလဲ စတေကာကပ်ထားကြတာလေ..””
““အင်းကျုပ်လဲသိပါတယ်ဗျ””
““အာ..အကိုကသိတယ်ဆိုရုံသိတာ ခံလိုက်ရတဲ့ ကျွန်တော့အသိယာဉ်ထိမ်းရဲတွေဆို ခဏခဏ ပြောပြတာဗျ””
““ယာဉ်ထိမ်းရဲက ဘာခံရတာလဲဗျ””
““ အဲဒီ ယာဉ်ထိမ်းရဲတွေက လူကြီးကားရော သူတို့သားသမီးကားရော ဖြတ်သွားရင် အလေးထပြုရတာဗျ  တစ်ခါများဆို ကျွန်တော့်
အသိယာဉ်ထိမ်းရဲက အလေးထပြုတာ လူကြီး သားသမီးစီးတဲ့ကားဆိုပဲ သူအလေးပြုကာမှ စတေကာကပ်ထားတဲ့မှန်ချလိုက်တော့မှ
ကားထဲမှာ လျှာတန်းလန်း ထုတ်ပြီးထိုင်နေတဲ့ ခွေးကြီးပဲပါတယ်တဲ့   ..သူပြောတာတော့ ကားထဲဘယ်သူပါတယ်မသိဘူး ငါတို့ဘ၀ကတော့ ခွေးလဲ အလေးပြုနေရတာပဲတဲ့လေ..””
““အော်…အေးပေါ့မဲမဲမြင်ရင်အလေးပြုနေရတော့ ကားထဲဘာပါတယ်ဘယ်သိရှာမလဲ ဘယ်သူပါပါမပါပါ အလေးပြုလိုက်တာ ကတော့
တာဝန်ကျေတာပေါ့ တော်ကြာအလေးမပြုလို့ဆင်းပြီးပါးရိုက်သွားမှအခက်ဖြစ်မယ်..””
““ဒါတင်ဘယ်ကမလဲ…အဲဒီလို သူတို့ကားကို (၁)နှစ်(၂)နှစ်လောက်စီးပြီးရင် စတေကာကပ်စီးချင်တဲ့သူဌေးတွေကို ဈေးကောင်း
ကောင်းနဲ့ပြန်ေ၇ာင်းတာဆိုပဲ လူကြီးကားဆိုပြီးအမည်ခံပေါ့ တိုက်မိရင်တော့ကိုယ်ဖာသာရှင်းလေ..””
““ဒီလိုလဲ..ရှိသေးတာပဲလားဗျ””
…………………………………….
““အခုမောင်းနေတဲ့ကားကလဲ ဖျက်သိမ်းထဲပါတယ်လေ အုံနာကတော့ဘာလုပ်အုံးမယ်မသိပါဘူး””
““ကားသစ်ရတာပေါ့ဗျ ””
““ကားသစ်မလိုချင်ပါဘူးအကိုရာ..တော်ကြာအသစ်ပြန်သွင်းကာမှ ဂက်စ် ပြန်တပ်မပေးရင်ဒုက္ခ…ဒီဂက်စ်အားကိုးနဲ့ မောင်းနေရ
တာလေဗျာ ..ဆီဈေးနဲ့ဆို မကိုက်ဘူးလေ..မနဲပြူးပြဲရှာမှ အုံနာကြေးလေးရတာဗျ..အကိုတို့ တက္ကစီ  စီးတဲလူတွေတော့ နောက်ပိုင်း
ဖျက်သိမ်းတက္ကစီ ဂက်စ်ကားတွေမရှိတော့ ရင်ဈေးတက်လာနိုင်တယ် တက္ကစီက အပြင်မှာနည်းသွားမှာလေ””
““ဟုတ်လားဗျ အဲဒါကျပြဿနာရှိတယ်””
““နောက်ဆို ကားငှားစီးဖို့တောင်တက္ကစီရှာမရဖြစ်သွားနိုင်တယ်””
………………………………………..
““အခုဖုန်းတွေလဲ (၃)သိန်းနဲ့ချပေးမယ်ဆိုပြီး နေ့ေ၇ွှ ညရွှေ့နဲ့ ဘယ်ချိန်မှ လာမယ်မသိဘူးလေး””
““ရောင်းတော့ပေးမှာပါဗျ””
““ အာ ..ဒီဖုန်းရောင်းတဲ့လူတွေက တော်တော်တော့လယ်သားအကိုရ””
““ဘာလို့တုန်းဗျ””
““အကိုကလဲ ပထမ ကျုပ်တို့တွေ မကိုင်ဘူးတဲ့ ဟန်းဖုန်းတွေ ထုတ်ရောင်းလိုက်တာ (၁၅)သိန်းလေဗျာ..ကျွန်တော်လဲမလေးရှား
ရောက်ဖူးတာပဲ ဒီလောက်မပေးရပါဘူးဟိုမှာပေါမှပေါ..ဒီမှာသာမတန်တဆကြီး ပိုက်ဆံရှိတဲ့လူတွေ ၀ယ်ကိုင်ကြတာပေါ့  ..
နောက်ပိုင်းရောင်းစရာကုန်တော့ တစ်ခါ ကမ်းရိုတန်းဆိုပြီး ထပ်ထုတ်ပြန်တယ် ဒီဟာကျတော့ ဘယ်လောက်လဲသာမသိတာ
အကုန်ရောင်းလိုက်ရတာပဲ..အခုလဲစီဒီအမ်အေဆိုပြီ ရောင်ပြန် ဂျီအက်စ်အမ်ဆိုပြီးရောင်းပြန်လုပ်နေတာများ (၅)သိန်းနဲလေ
ကျုပ်တိုတစ်တွေခံပေါ့ ဒါတောင်မြန်မာတွေမျက်စိပွင့်လာလို့ (၁၅)သိန်းနဲ့မရောင်းတာလားမသိဘူး သူများတိုင်းပြည်အဲလောက်
မှမရှိတာ လူတွေသိကုန်လို့နေမယ် အခုလဲ ..(၅)သိန်းတန်လိုင်းတွေ မကုန်သေးလို့ (၃)သိန်းဖုန် မချပေးသေးတာနေမယ်
အကိုမယုံရင်ကြည့် (၅)သိန်းတန်လိုင်းတွေအကုန်ရောင်းပြီးမှ (၃)သိန်းတန်ရောင်းမှာ..””
““အော်ဒီလိုလား…..ဟေ့လူ ရပ်တော့ရောက်ပြီကျုပ်ဆင်းရမဲ့နေရာ…သွားပြီဗျို့””
““အကို..အကို  ကားခပေးအုံးလေ””
“““အော်….မေ့လို့ ..မေ့လို့””
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com