ကျွန်တော့ရဲ့အသိတစ်ယောက်က မကြာသေးပါဘူး အန်တီကြီးတစ်ယောက်အသက်ကလည်း ၆၀ကျော်နေပါပြီ နယ်ကပြောင်းလာတာရန်ကုန်ကို။သန်းခေါင်စာရင်းကလည်းရန်ကုန်ကိုပြောင်းပြီးသားပါ။သူက ဗုဒ္ဓဂါယာ သွားဘို့အတွက် ပတ်စပို့လုပ်ဘို့ စမ်းချောင်းမြို့နယ်က လ၀က ရုံးကို
ပုံစံ ၁၇ သွားလုပ်တော့ ဟိုဟာမရှိဘူး ဒီဟာမရှိဘူးပေါင်းများစွာနဲ့ မျိုးစုံအောင် ရစ်ပြီး ပုံစံ ၁၇ကိုလုံးဝမလုပ်ပေးပါဘူး။နောက်တော့ ဦးစီးမှူးကိုယ်တိုင်ကိုက အလှူငွေ ၅ထောင်
ရှေ့မှာလုပ်ပေးတဲ့ မိန်ုးမကို ၅ထောင် စုစုပေါင်း ၁သောင်းပေးမှလုပ်ပေးမယ်ဆိုမှ ဘဲ ပုံစံ ၁၇ ကို ၁သောင်းပေးပြီးလုပ်လာရပါတယ်။ခုလိုပေါ်ပေါ်ထင်ထင် အခကြေးငွေတောင်းပြီး
လပ်စားတော့ အင်မတန်မှစိတ်ပျက်မိပါတယ်။မသိနားမလည်တဲ့ နယ်ကရိုးသားတဲ့လူတွေအပေါ် ကုသိုလ်ကောင်းမှူ့လုပ်ဘို့ ပုံစံ ၁၇လုပ်တဲ့ လူတွေအပေါ်ကို ပေါ်ပေါ်ထင်ထင်ဘဲ
လပ်စားတာကို အများသူငှာသိစေရင်ဖေါ်ပြလိုက်ပါတယ်။

About chityimhtoo

has written 77 post in this Website..